Western Gate Guard
မောင်တောမြို့နယ် ရေပိုင်နက်အတွင်းသို့ မသင်္ကာဘွယ် ၀င်ရောက်လာခဲ့သော BGB တပ်ဖွဲ့ဝင် တစ်ဦးအား ထိန်းသိမ်းထားရာမှ ပြန်လွှဲပြောင်းပေးအပ်ခဲ့
—-
၂၅ ဇွန် ၂၀၁၅
မောင်တောမြို့နယ်၊ ရေတွင်းကျွန်းချောင်းဝ ကင်းစခန်းအနီးသို့ (၁၇.၆.၁၅)ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ BGBတပ်ဖွဲ့ဝင် အကျီင်္ဝတ်ဆင်ထားသူတစ်ဦး မသင်္ကာဖွယ် ၀င်ရောက်လာမှုအား ဖမ်းဆီးထိန်းသိမ်းထားခဲ့ရာ ယနေ့ တွင် အဆိုပါ ထိန်းသိမ်းခံထားရသူ BGB တပ်ဖွဲ့ဝင် တပ်ကြပ်အဆင့်ရှိသူ Razzak အား ပြန်လည် လွှဲပြောင်းပေးအပ်ပွဲ အခမ်း အနားအား မောင်တောမြို့၊ ဒေ၀ါနဒီခန်းမ ၌ မြန်မာ-ဘင်္ဂလားဒေ့ရှ် တပ်ရင်းမှူးအဆင့် နှစ်နိုင်ငံ အလံတင်အခမ်းအနားပြုလုပ် ၍ လွှဲအပ်ခဲ့ကြောင်းသိရှိရသည်။ ထိုလွှဲပြောင်းပွဲ အခမ်းအနားအား မြန်မာနိုင်ငံ မောင်တောမြို့ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ခွဲမှူး ဒုရဲမှူးသီဟန် အဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ BGB တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အဘူဇာအယ်ဇာဟိအဖွဲ့ တို့မှ နေ့လည် (၂)နာရီ ခန့်တွင် ထိန်းသိမ်းခံထားရသူ BGB တပ်ဖွဲ့ဝင် တပ်ကြပ်ဖြစ်သူ Razzak အား ၄င်းကိုင်ဆောင်သည့် M-22 သေနတ်နှင့် ကျန်အသုံးအဆောင်ပစ္စည်းများနှင့်တကွ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း၊ ဖြစ်စဉ်အတွင်း မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ဒဏ်ရာ ရရှိခဲ့သူ ရဲတပ်သား တင်အောင် ဆေးကုသခံနေသည့် မောင်တောမြို့ ပြည်သူ့ဆေးရုံအား သွားရောက်ကြည့်ရှုခဲ့ကြောင်း၊ ထို့နောက် နှစ်နိုင်ငံ နယ်စပ်ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး အစည်းအဝေးအား ညနေ (၅)နာရီခန့်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရသည်။
Western Gate Guard
သတင်းထုတ်ပြန်ချက်
▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မြန်မာ့ပိုင်နက်အတွင်းသို့ ၂၀၁၅ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့က ကျူးကျော် ဝင်ရောက်လာပြီး၊ ယင်းတို့ဘက်မှ စတင် ပစ်ခတ်သဖြင့် မြန်မာ့နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ဖမ်းဆီးစစ်မေးခဲ့သည့် ဘင်္ဂလားဒေ့ရှ် လုံခြုံရေး တပ်ဖွဲ့ဝင်တစ်ဦးအား နှစ်နိုင်ငံရှိရင်းစွဲ ချစ်ကြည် ရင်းနှီးမှုနှင့် အိမ်နီးချင်းကောင်းပီသမှုအပေါ် အခြေခံ၍ မြန်မာနိုင်ငံဒေသ ဆိုင်ရာ အာဏာပိုင်များမှ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ၂၅-၆-၂၀၁၅ ရက် (၁၁၀၀) နာရီအချိန်တွင် နှစ်နိုင်ငံအလံတင် အစည်းအဝေး ကျင်းပပြုလုပ်၍ ပြန်လည် လွှဲပြောင်း ပေးအပ်ခဲ့သည်။
နှစ်နိုင်ငံအကြား တည်ရှိပြီးသော ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးနှင့် အပြည်ပြည်ဆိုင်ရာ နယ်နိမိတ်တစ်လျှောက် တည်ငြိမ်အေးချမ်းမှု တိုးမြှင့်ရေး အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် လိုအပ်သည့် အရေးယူဆောင်ရွက်မှု များ၊ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ပြုလုပ်သွားမည်ဟု မျှော်လင့်ပါ သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်။
ရက်စွဲ၊ ၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၅ ရက်
You must be logged in to post a comment.