#PSLF/TNLA #သတင်းနှင့် ပြန်ကြားရေးဌာန ၂၀၁၅ ခုနှစ် ဇွန်လ ၂၃ ရက်

1897902_384629994994919_2984091955504866127_n

ယခုရက်ပိုင်း၊ တအာင်းဒေသအတွင်း တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော်တို့ နေ့စဉ်တိုက်ပွဲ ဖြစ်ပွား မြန်မာ့တပ်မတော်မှ လူနေအိမ်မီးရှို့ ရွာသားများခြိမ်းခြောက် မှုပြုလုပ်ခဲ့
၂၀၁၅ ခုနှစ် ဇွန်လ ၂၃ ရက်
တအာင်းဒေသ၊ တပ်မဟာ (၂) နယ်မြေ၊ ကျောက်မဲမြို့နယ်၊ ကွင်းစလန်းကျေးရွာအနီးတွင် ဇွန်လ ၂၂ ရက်နေ့ နေ့လည် ၁၁း၃၀ မှ ၁၂း၀၀ နာရီအချိန်ထိ တအာင်းတပ်မတော် တပ်ရင်း(၉၈၇)နှင့် မြန်မာ့တပ်မတော် တပ်မ (၇၇) တို့ နှစ်ဖက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့သည်။
တိုက်ပွဲတွင် နှစ်ဖက်ထိခိုက်ကျဆုံးမှု မသိရှိရသေးပါ။
ယခုရက်ပိုင်း ဇွန်လ ၁၇ ရက်နေ့မှ ဇွန်လ ၂၂ ရက်နေ့အထိ တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော်တို့ နေ့စဉ်တိုက်ပွဲ ဖြစ်ပွားပြန်လည်ဖြစ်ပွားခဲ့သည်။
ဇွန်လ ၁၅ ရက်နေ့ နောက်ပိုင်း တအာင်းဒေသအတွင်း မြန်မာ့တပ်မတော်မှ စစ်အင်အား တစ်ထောင်ကျော် ထပ်မံအင်အားဖြည့်တင်းထားပြီး၊ အမြောက် လက်နက်ကြီးများလည်း တင်ဆောင်လာပြီး ရှေ့တန်းတပ်စခန်းအသီးသီးသို့ ပို့ဆောင်ထားသည်။
ဇွန်လ ၁၉ ရက်နေ့တွင်လည်း၊ ကွတ်ခိုင်မြို့နယ်၊ ကျရမ်းကျေးရွာ(တအာင်းရွာ) အတွင်း ၀င်ရောက်ကာ ရွာသားများအား ရွာအလယ်တွင် ခေါ်စုကာ မိမိကျေးရွာ ဧရိယာအတွင်း တိုက်ပွဲဖြစ်ပွားပါက ကျေးရွာသားအားလုံးသတ်ပစ်မည်၊ ရွာပါမီးရှို့ပစ်မည်ဟု ခြိမ်းခြောက်ကာ ကျေးရွာလူထု အနီးဝန်းကျင်တွင် သေနတ်များ ပစ်ဖောက်ခြိမ်း ခြောက်ကာ ၄င်းနောက်တွင် လူနေအိမ် တစ်လုံးပါ မီးရှို့ ဖျက်ဆီးခဲ့သည်။
သတင်းနှင့် ပြန်ကြားရေးဌာန
PSLF/TNLA

TNLA

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s