ကျမအတွက်အန္တရာယ်တွေ ဝိုင်းနေပြီ ဘာဖြစ်ဖြစ် တရားမျှတမှုအတွက် ဆက်လျောက်ရမယ်။ သေမှုသေခင်းအမိန့်အတွက်တော့ ကျိုက်မရောမြို့နယ်တရားရုံး အဆုံအဖြတ်ကို ကျေနပ်တယ်
၎ နာရီခွဲတွင် ကိုပါကြီးသေမှုသေခင်း အမိန့်ချမည်။
တပ်ရင်း ၂၁၀ မှသက်သေ ၁၁ ယောက်ထွက်ပြီးပြီ တရားလို ကျိုက်မရောစခန်းမှုးအား တရားသူကြီးမှစောင့်နေသည် အမိန့်တခါထည်းချမည်ထင်သည်
ဒီနေ့ ကျိုက်မရောတရားရုံးမှာ ကိုပါကြီးရဲ့သေမှုသေခင်း ၉ ချိန်းမြောက်ရုံးချိန်းစစ်ဖြစ်ခဲ့ပါတယ်။တပ်မ ၂၂ လက်အောက်ခံ တပ်ရင်း၂၁၀ ကကိုပါကြီးကို ပစ်ခတ်ခဲ့ပါတယ်ဆိုတဲ့ တပ်သားနိုင်လင်းထွန်း ဒုတပ်ကြပ်ကျော်ကျော်အောင် တပ်စုမှုးဗိုလ်ရဲထွတ် တပ်ခွဲမှုး ဗိုလ်ကြီးလူဇော်တို့ သက်သေအစစ်ခံခဲ့တယ်။ စစ်ချက်တွေ ကွဲလွဲမှု ရှေ့နောက်မညီမျှမှုတွေ အများကြီးသိလာရတယ်။ ကျမကို ရင်မဆိုင်နိုင်အောင် တုန်လှုပ်နေသူတွေကြည့်ပြီး သံဝေဂ တခုရလိုက်တယ် မတရားမှုတွေကို အာဏာနဲ့ဖုံးလို့ရမယ် ဒါပေမယ့် မတရားလုပ်သူတွေ လိပ်ပြာမလုံကြဘူး ဆိုတာ မျက်လုံးကသက်သေဖြစ်နေတယ်။ ကျမကတော့ အမုန်းတရားမရှိ တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်တယ်။ ဦးနိုင်ရေ ဒီအမှု ကျမနိုင်တယ်
ကိုပါကြီး အမှု ကျိုက်မရောက ရားရုံးရောက်ပြီ