၂၀-၅-၂၀၁၅ ရက်နေ့ ၁၅၃၀ အချိန်တွင် တာချီလိတ်မြို့၊ ၀ိန်းကျောက်ရပ်ကွက်၊ တော်ကော့(အပြင်)ရွက်ကွက် အတွင်း ကျပ်သိန်းပေါင်း (၁၆၀)ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
၂၀-၅-၂၀၁၅ ရက်နေ့ ၁၅၃၀ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၁၀၄) နေပြည်တော်မှ တပ်ဖွဲ့ဝင်များ၊ တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ၊ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ တာချီလိတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ တာချီလိတ်မြို့၊ ၀ိန်းကျောက်ရပ်ကွက်၊ တော်ကော့(ပြင်) ၊ အမှတ်(၁၇၆)ရှိ မူးယစ်ဆေးဝါးသတင်းရရှိသော နေအိမ်အား ၀င်ရောက်စီးနင်းရှာဖွေခဲ့ပါသည်။
ထိုသို့ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်း မြန်မာနိုင်ငံသားများဖြစ်သော စိုင်းနော်ခမ်း၊ နန်းရှဲန်ရွက်၊ နန်းဝိုးဟွမ် နှင့် ထိုင်းနိုင်ငံသားများဖြစ်သော အာလေလောမေ၊ မာဖိန်းယားမာ၊ အထိပတိမ် နှင့် ဆူဝိန်ကျန်ထနာ တို့ (၇)ဦးအား တွေ့ရှိရပြီး ဆက်လက်ရှာဖွေရာ စိုင်းနော်ခမ်း ကိုင်ဆောင်ထားသော လက်ဆွဲအိတ်အတွင်းမှ အပြာရောင် ပလပ်စတစ်အိတ်များဖြင့် ထည့်လျက် WY စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား (၇၁၀)ပြားနှင့် အခန်းအတွင်းရှိ ကုတင်အောက်မှ 333 စာတမ်းပါ အ၀ါရောင် puúLဖြင့် ပတ်ထားပြီး အပြာရောင် ပလပ်စတစ် အိတ်ဖြင့် ထည့်လျက် WY စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား (၂၀၀)ပြားပါ (၂၉)ထုပ်၊ ဆေးပြား (၅၈၀၀)ပြား (စုစုပေါင်း စိတ်ကြွဆေးပြား ၆၅၁၀ ပြား၊ အလေးချိန် ၆၅၁ ဂရမ်၊ ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၁၆၂.၇၅ သိန်းအား လည်းကောင်း၊ အိပ်ခန်းအတွင်းရှိ မှန်တင်ခုံပေါ်မှ 999 တံဆိပ်ပါ ရိုက်ပက်(၂)ခု၊ အင်းပတ် (၂)ခု၊ လက်ကိုင်ဖုန်း (၁၉)လုံး၊ နေအိမ်ခြံဝင်းအတွင်းမှ မော်တော်ယာဉ် (၃)စီး၊ ဆိုင်ကယ်(၃)စီး၊ စက်ဘီး (၃)စီး အိပ်ခန်းအတွင်းရှိ မီးခံaowåm အတွင်းမှ ထိုင်းဘတ်ငွေ (၇၀၀၀)ဘတ်တို့အား တွေ့ရှိသဖြင့် စိုင်းနော်ခမ်း ပါ တရားခံ (၇)ဦးအား တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အရေးယူဆောင်ရွက်ထားရှိပါသည်။