#Boat #People #ပြဿနာတွေရဲ့ “အဖြေ” #က ဘာလဲ (မှူးဇော်)

Boat People ပြဿနာတွေရဲ့ “အဖြေ” က ဘာလဲ (မှူးဇော်)

အီးယူရေတပ်ရဲ့ “လှေဖျက်စစ်ဆင်ရေး”

BOAT PEOPLE

၂၀၁၅ ခုနှစ်အတွင်း အနည်းဆုံး လူပေါင်း ၁၈၀၀ သေဆုံးမှုတွေ တွေ့ကြုံခဲ့ရတဲ့ မက်ဒီတာရန်း ပင်လယ်ပြင်က လူမှောင်ခိုကူးသူတွေကို စစ်ရေးအရ တုံ့ပြန်ဆောင်ရွက်ဖို့ အီးယူက မေလ ၁၈ ရက်နေ့ မှာ သဘောတူခဲ့ကြပါတယ်။ အာဖရိကမြောက်ပိုင်းကနေ ဥရောပကမ်းခြေကို ထွက်ခွါလာတဲ့ ပင်လယ် ပြင်က လှေတွေကို အသက်အန္တရာယ် ကြီးကြီးမားမား မရှိသေးချိန် လစ်ဗျားပင်လယ်ပြင်မှာ စစ်သင်္ဘော တွေနဲ့ တိုက်ခိုက်ချေမှုန်းဖို့ သဘောတူညီခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်နိုင်ဖို့ ကုလသမဂ္ဂ လုံခြုံ ရေးကောင်စီ၏ သဘောတူညီချက် ရယူဖို့တော့ လိုအပ်နေပါသေးတယ်။ ဒီတာဝန်ကို ဆောင်ရွက်နိုင်ဖို့ အတွက် လစ်ဗျားနိုင်ငံအနေနဲ့ ပိုင်နက်ရေပြင်မှာ ဥရောပစစ်သင်္ဘောတွေ ၀င်ရောက်လှုပ်ရှားနိုင်ဖို့ ခွင့်ပြု ပေးရမှာပဲ ဖြစ်ပါတယ်။

အီးယူရဲ့နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ တစ်ဦးဖြစ်တဲ့ Federica Mogherini ကတော့ လှေနဲ့ လူ မှောင်ခိုတွေပင်လယ်ပြင်ထွက်မလာခင်အချိန်မှာ ကုလသမဂ္ဂအနေနဲ့ အီးယူရဲ့ဆုံးဖြတ်ချက်ကို အတည်ပြု ပေးနိုင်လိမ့်မယ် လို့ မျှော်လင့်ထားကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အီးယူအနေနဲ့ လူမှောင်ခိုတွေ ကို ကုန်းမြေမှာရော ပင်လယ်ပြင်မှာပါ နှိမ်နင်းနိုင်ဖို့အတွက် လစ်ဗျားနိုင်ငံက တာဝန်ရှိသူတွေရဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ အပြည့်အ၀ ရရှိဖို့လည်း မျှော်လင့်ထားကြောင်း ပြောပါတယ်။ အစပိုင်းမှာ အီးယူဥက္ကဌ က Boat People တွေကို အီးယူနိုင်ငံတွေ ခွဲဝေပြီး တာဝန်ယူဖို့ ပြောကြားခဲ့တဲ့အချိန်မှာ အပြင်းအထန် ကန့်ကွက်ပယ်ချခဲ့တာက ဗြိတိန်နိုင်ငံ ဖြစ်ပါတယ်။
တစ်ကယ်တော့ Boat People လို့ခေါ်တဲ့ ပြဿနာဟာ အီးယူနိုင်ငံအတွက်တော့ ခုမှအသစ်ဖြစ် ပေါ်လာခဲ့တာ မဟုတ်ပါဘူး။ လှေစီးလူသားတွေ ပင်လယ်ပြင်မှာ သေကြေဆုံးရှုံးနေကြတာလည်း အချိန် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ ဆီးရီးယားပြည်တွင်းစစ်ကြောင့် လူဦးရေ (၈)သန်း နေရာရွှေ့ပြောင်းတိမ်းရှောင် မှုတွေ ဖြစ်ခဲ့ရပြီး လူ(၄)သန်းဟာ နိုင်ငံပြင်ပ လွတ်ရာကျွတ်ရာ ထွက်ပြေးခဲ့ရပြီးတဲ့နောက် အိမ်နီးချင်း နိုင်ငံတွေမှာ ရေကြည်ရာ မြက်နုရာ နေထိုင်နေကြရတာ ဖြစ်ပါတယ်။ ဒီထဲကမှ တချို့က လစ်ဗျားကို ရောက်လာကြတယ်။ တချို့ကတော့ ဆာဟာရသဲကန္တာရကို ဖြတ်ကျော်ရတဲ့ လူမှောင်ခိုလမ်းကြောင်းကြီး အတိုင်း အီဂျစ်၊ ဆူဒန်တို့ကို ထွက်ပြေးကြပါတယ်။ ဒီလူတွေဟာ အီရစ်ထရီးယားက ထွက်ပြေးလာတဲ့ လူတွေနဲ့ ရောနှောသွားပြီး ဥရောပကမ်းခြေတွေဆီ ထွက်ခွါလာခဲ့ကြတာ ဖြစ်ပါတယ်။ UNHCR ရဲ့ စာရင်း ဇယားတွေအရ ယခုနှစ်အတွင်း အီတလီနိုင်ငံကို ရောက်ရှိလာခဲ့တဲ့ လှေစီးလူတွေဟာ နှစ်သိန်းခြောက် သောင်းကျော်အထိ ရှိလာခဲ့ပြီ လို့လည်း ဆိုပါတယ်။ ဒီနည်းအတိုင်းပဲ လစ်ဗျား၊ အီရီထရီးယား၊ အာဖဂန် နစ္စတန်၊ မာလီ၊ ဂမ်ဘီယာ၊ နိုင်ဂျီးရီးယား၊ ဆိုမာလီယာ၊ ပါလက်စတိုင်း၊ ဆီနီဂေါနဲ့ အခြားဒေသများက လှေစီးလူသားတွေဟာ ဂျာမဏီ၊ ဆွီဒင်၊ အီတလီ၊ ဆွစ်ဇာလန်၊ ပြင်သစ်၊ နယ်သာလန်၊ ဗြိတိန်၊ ဘယ်လ် ဂျီယန်၊ ဘူလ်ဂေးရီးယား၊ ဒိန်းမတ်စတဲ့ ဥရောပနိုင်ငံတွေဆီကို တအိအိနဲ့ ရောက်ရှိနေခဲ့ကြတာ ဖြစ် ပါတယ်။ အန္တရာယ်များလှတဲ့ လူမှောင်ခို တစ်ယောက် ပင်လယ်ပြင်ခရီးစဉ်တစ်ခေါက်ကို ဒေါ်လာ ငါးရာ ကနေ ဒေါ်လာ တစ်ထောင်အထိ လူမှောင်ခိုဂိုဏ်းတွေကို ပေးရတယ်လို့ Continue reading “#Boat #People #ပြဿနာတွေရဲ့ “အဖြေ” #က ဘာလဲ (မှူးဇော်)”

!! #လူတစ်ဦး #သင်္ချိုင်းအတွင်း #စွန့်ပစ်ခံထားရရာမှ ဆေးရုံ၌ ဆေးကုသရင်း ကွယ်လွန်

(19-5-2015)

13400_1707407419486704_138442177457938771_n11267738_1707407439486702_6327716123568571882_n11007745_1707407622820017_9121503884284329851_n20019_1707407696153343_200403147428533621_n

11143365_1707407559486690_823267746628141044_n10986631_1707407502820029_5602883369668186400_n
သင်္ချိုင်းဆိုတာ
သေပြီးသားလူ
စွန့်ပစ်တဲ့နေရာပါ၊
မသေသေးတဲ့လူကို
အကြင်နာတရား
စာနာမှုတရားကင်းမဲ့စွာ
လာပစ်ထားခဲ့တော့
မဖြစ်သင့်တာကို
ငါနဲ့မဆိုင်ဘူးဆိုပြီး
ကြည့်မနေနိုင်တဲ့
ကျွန်တော်တို့
ရှိသင့်တဲ့နေရာကို
ပို့ပေးခဲ့ပါတယ်။ cr. U Htunn Maesai

လူတစ်ဦး သင်္ချိုင်းအတွင်း စွန့်ပစ်ခံထားရရာမှ ဆေးရုံ၌ ဆေးကုသရင်း ကွယ်လွန်

အမည်မသိ လူတစ်ဦး တာချီလိတ်မြို့မသုသာန်အတွင်း စွန့်ပစ်ခံထားရာမှ တာချီလိတ်မြို့ မဇ္ဈိမလူမှုကူညီရေး အသင်းမှ တွေ့ရှိပြီး မေလ(၁၉)ရက် နေ့လည်ပိုင်းက ဆေးရုံသို့ ပို့ဆောင် ကုသပေးနေစဉ် ကွယ်လွန်သွားကြောင်း သိရှိရသည်။ Continue reading “!! #လူတစ်ဦး #သင်္ချိုင်းအတွင်း #စွန့်ပစ်ခံထားရရာမှ ဆေးရုံ၌ ဆေးကုသရင်း ကွယ်လွန်”

#CRIME #အချိန်တွင် #တာချီလိတ်မြို့၊ #၀ိန်းကျောက်ရပ်ကွက်၊ တော်ကော့(အပြင်)ရွက်ကွက် အတွင်း #DRUGS #TACHILEK #999

10985440_698823706912310_6406444365419340322_n11351244_698823760245638_6889388280675353469_n11258370_698823690245645_4209609816272498000_n၂၀-၅-၂၀၁၅ ရက်နေ့ ၁၅၃၀ အချိန်တွင် တာချီလိတ်မြို့၊ ၀ိန်းကျောက်ရပ်ကွက်၊ တော်ကော့(အပြင်)ရွက်ကွက် အတွင်း ကျပ်သိန်းပေါင်း (၁၆၀)ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

10403477_698823686912312_3581539923355685295_n10410633_698823623578985_7744938897982431023_n
၂၀-၅-၂၀၁၅ ရက်နေ့ ၁၅၃၀ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၁၀၄) နေပြည်တော်မှ တပ်ဖွဲ့ဝင်များ၊ တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ၊ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ တာချီလိတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ တာချီလိတ်မြို့၊ ၀ိန်းကျောက်ရပ်ကွက်၊ တော်ကော့(ပြင်) ၊ အမှတ်(၁၇၆)ရှိ မူးယစ်ဆေးဝါးသတင်းရရှိသော နေအိမ်အား ၀င်ရောက်စီးနင်းရှာဖွေခဲ့ပါသည်။
ထိုသို့ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်း မြန်မာနိုင်ငံသားများဖြစ်သော စိုင်းနော်ခမ်း၊ နန်းရှဲန်ရွက်၊ နန်းဝိုးဟွမ် နှင့် ထိုင်းနိုင်ငံသားများဖြစ်သော အာလေလောမေ၊ မာဖိန်းယားမာ၊ အထိပတိမ် နှင့် ဆူဝိန်ကျန်ထနာ တို့ (၇)ဦးအား တွေ့ရှိရပြီး ဆက်လက်ရှာဖွေရာ စိုင်းနော်ခမ်း ကိုင်ဆောင်ထားသော လက်ဆွဲအိတ်အတွင်းမှ အပြာရောင် ပလပ်စတစ်အိတ်များဖြင့် ထည့်လျက် WY စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား (၇၁၀)ပြားနှင့် အခန်းအတွင်းရှိ ကုတင်အောက်မှ 333 စာတမ်းပါ အ၀ါရောင် puúLဖြင့် ပတ်ထားပြီး အပြာရောင် ပလပ်စတစ် အိတ်ဖြင့် ထည့်လျက် WY စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား (၂၀၀)ပြားပါ (၂၉)ထုပ်၊ ဆေးပြား (၅၈၀၀)ပြား (စုစုပေါင်း စိတ်ကြွဆေးပြား ၆၅၁၀ ပြား၊ အလေးချိန် ၆၅၁ ဂရမ်၊ ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၁၆၂.၇၅ သိန်းအား လည်းကောင်း၊ အိပ်ခန်းအတွင်းရှိ မှန်တင်ခုံပေါ်မှ 999 တံဆိပ်ပါ ရိုက်ပက်(၂)ခု၊ အင်းပတ် (၂)ခု၊ လက်ကိုင်ဖုန်း (၁၉)လုံး၊ နေအိမ်ခြံဝင်းအတွင်းမှ မော်တော်ယာဉ် (၃)စီး၊ ဆိုင်ကယ်(၃)စီး၊ စက်ဘီး (၃)စီး အိပ်ခန်းအတွင်းရှိ မီးခံaowåm အတွင်းမှ ထိုင်းဘတ်ငွေ (၇၀၀၀)ဘတ်တို့အား တွေ့ရှိသဖြင့် စိုင်းနော်ခမ်း ပါ တရားခံ (၇)ဦးအား တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အရေးယူဆောင်ရွက်ထားရှိပါသည်။

!! #လှေစီးသွားသူများထဲတွင် #ရခိုင်ပြည်နယ် #ဒုက္ခသည်စခန်းမှ #မပါဝင်ဟု ရခိုင်ပြည်နယ် အစိုးရဆို

လှေစီးသွားသူများထဲတွင် ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းမှ မပါဝင်ဟု ရခိုင်ပြည်နယ် အစိုးရဆို

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ မေ ၁၉

မလေးရှားနိုင်ငံသို့သွားနေကြသည့်လှေစီးဘင်္ဂါလီများအထဲတွင် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းမှ ပါဝင်ခြင်း မရှိဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေးဆပ်ကော်မတီဥက္ကဋ္ဌ ဦးလှသိန်း က ထုတ်ဖော်ပြောဆိုလိုက်သည်။

မေလ ၁၉ ရက်နေ့၊ ညနေပိုင်းက ရခိုင်ပြည်နယ်ဥပဒေချုပ်ရုံးအစည်းအဝေး ခန်းမတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဦးလှသိန်းက ထိုသို့ ပြောကြားခြင်းဖြစ်သည်။

“အဲဒီလှေစီး ရိုဟင်ဂျာတွေထဲမှာ ရခိုင်ပြည်နယ်ကဘင်္ဂါလီဒုက္ခသည်စခန်းတွေကနေပါတယ်ဆိုပြီး ပြောနေကြတဲ့သူတွေကို ဘာအထောက်အထားနဲ့ စွပ်စွဲနေကြတာလဲလို့ ကျနော်တို့က မေးချင်တယ်။ ကျနော် တို့မှာ ဒီကနေ့အထိ ဘယ်ဒုက္ခ သည်စခန်းက ဘယ်ဘင်္ဂါလီဒုက္ခသည်တွေမှ လူကုန်ကူးပွဲစားတွေနဲ့ လိုက်သွားလို့ ပျောက်နေတာ မရှိသေးဘူး”ဟု ယင်းက ဆိုသည်။

ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီဒုက္ခသည်စခန်း ၁ဝ ခုကျော်ရှိသော်လည်း ယင်းစခန်းရှိဘင်္ဂါလီဒုက္ခသည် များကို မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် နယ်ခြားစောင့်တပ်တို့က လုံခြုံရေးအပြည့်အဝရယူထားသဖြင့် ဘင်္ဂါလီဒုက္ခသည် များအနေဖြင့် အလွယ်တကူဝင်/ထွက်သွားလာမှု မရှိကြောင်းလည်း ဦးလှသိန်းက ဆက်ပြောသည်။

“ရိုဟင်ဂျာဆိုတာနဲ့ မြန်မာနိုင်ငံ၊ အထူးသဖြင့် ရခိုင်ပြည်နယ်ကို တန်းမြင်ကြတော့တာပဲ။ ကျနော်တို့ သိရသလောက်ကတော့ အဲဒီလှေစီးဒုက္ခသည်တွေကို မင်းတို့ တစ်ခုခုဖြစ်လို့ရှိရင် ရိုဟင်ဂျာလို့ပြောဆိုပြီးတော့ လူပွဲစားက သင်ပေးပြီးသား။ ဒါကြောင့် ဘင်္ဂလီတွေအားလုံးက ခုလို ထွက်ဆိုကြတာ”ဟု ယင်းက ဆိုသည်။

ယခု မလေးရှား၊ ထိုင်းနှင့် အင်ဒိုနီးရှားတွင် ကယ်တင်ထားသော လှေစီးဒုက္ခသည်များသည် ဘင်္ဂလာဒေရှ့် ကမ်းခြေမှ တဆင့် ထိုင်းလုပ် ၀ါးလက် ငါးဖမ်းလှေများဖြင့် ထွက်ခွာကြသူများ ဖြစ်ကြကြောင်း သိရသည်။

နိုင်ငံတကာ သတင်းမီဒီယာများကမူ ယခု လှေစီဒုက္ခသည်များမှာ ဖိနှိပ် ခွဲခြား ဆက်ဆံခံရမှုတို့ကြောင့် ရခိုင်ပြည်နယ် ရှိဒုက္ခသည် စခန်းများမှ ထွက်ပြေးလာကြသူများ ဖြစ်ပြီး အချို့မီဒီယာများကမူ ဒုက္ခသည်စခန်းများမှ လူအချို့ကို ငွေဖြင့် ရွေး၍ လူမှောင်ခိုသမားများလက်မှ ပြန်လည် ကယ်တင်ခဲ့ရသည်ဟု သတင်းများတွင် ဖော်ပြနေကြသည်။

ယင်းသို့ ဘင်္ဂါလီကို ရိုဟင်ဂျာဟုအမည်ခံကာ မဟုတ်မမှန်စွပ်စွဲပြောဆိုနေကြခြင်းမှာ မြန်မာနိုင်ငံ ပုံရိပ်ကျဆင်းစေလိုသည့် ရည်ရွယ်ချက်ကြောင့်ဖြစ်ကြောင်းလည်း ဦးလှသိန်းက ယင်းသတင်းစာ ရှင်းလင်းပွဲတွင် သုံးသပ်ပြောကြားသည်။

boat-peole

http://www.narinjara.com/burmese/လေ%E1%80%BDစီးသ%E1%80%BCားသူမ%E1%80%BAားထဲတ%E1%80%BCင်/

လှေစီး ဘင်္ဂလားဒေ့ရှ် ၁၁ ဦး နယ်စပ်တွင် ဖမ်းမိပြီးနောက် ရခိုင်ကမ်းရိုးတန်း လုံခြုံရေး တိုးမြှင့်

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ မေ ၁၉

rakhine

ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပိုင်းတွင် သောင်တင်နေသော ဘင်္ဂလားဒေရှ့် ၁၁ ဦးကို ဖမ်းဆီးမိပြီးနောက် မောင်တောနယ်စပ် အပါအ၀င် ရခိုင်ပြည်နယ် ကမ်းရိုးတန်း တစ်လျှောက်တွင် တပ်မတော်(လေ)၊ တပ်မတော် (ရေ) အပါအ၀င် လုံခြုံရေး တပ်ဖွဲ့အင်အားကို တိုးချဲ့ချထားကြောင်း သတင်း ရရှိသည်။

ဘင်္ဂလာဒေရှ့် နိုင်ငံသား ၁၁ ဦးကို မေလ ၁၇ ရက်နေ့၊ နံနက် ၇ နာရီအချိန်က မောင်တောမြို့နယ်၊ ဥဒေါင်း (အနောက်) ကျေးရွာအနီး ကံပူးချောင်းပုစွန်ကန်ဘောင်ပေါ်တွင် အိပ်ပျော်လျက်ရှိနေစဉ် အဆိုပါကျေးရွာမှ ဆယ်အိမ်မှူးဖြစ်သူ လာလူမျာ(၄၈ နှစ်)ကတွေ့ရှိကာ နယ်ခြားစောင့်တပ်နှင့် ဥဒေါင်းရဲ ကင်းစခန်းသို့ အကြောင်းကြားရာမှ ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

ယခုဖမ်းမိသူ ၁၁ ဦးမှာ မာမတ်ရှော်အီအုလ်(၁၈ နှစ်) ၊ ရှော်လမီဒေါ်လီရွာ၊
ဒါကာမြို့၊ ဘင်္ဂလား ဒေ့ရှ်နိုင်ငံ)၊ ရှာမာဟိန်(၂၈ နှစ်၊ ဂါလံပူရွာ၊
ဒါကာမြို့)၊ လာဒူလ်(၃ဝ နှစ်၊ မိုလာန်ပူရွာ၊ ဒါကာမြို့)၊ မူဟာ မတ်အီစ္စလာမ်
(၃၈ နှစ်၊ ရှော်ကော်ရီဘတ်ရွာ၊ ဂျိုက်ကူဟတ်မြို့)၊
မိုဟာမတ်ဆော်မိုရ်ဒူစ်အီစ္စလာမ်(၂ဝ နှစ်၊ မာတီကော်ရာရွာ၊ ရှာရှာမြို့)၊
မိုဟာမတ်ဖာရုစ်(၂၇ နှစ်၊ အာရော်လီရွာ၊ စစ်တကောင်းမြို့)၊
မိုဟာမတ်မူဆာ(၁၉နှစ်) ၊ ဂေါ်ဂူဒါရာရွာ၊ စစ်တကောင်းမြို့)၊
မိုဟာမတ်အီစ္စမိုင်ဟူဆောင်း(၁၂နှစ်၊ ရှာမီတာနီရွာ၊ ရာရှိတ်မြို့)၊
မိုဟာမတ်ရီဘဲရှော်ဒါ(၁၉ နှစ်၊ ဗယ်ကာလီရွာ၊ ခိုန်လန်မြို့)၊ မိုဟာမတ် ရှော်ရှိန်မော်ရိန်(၁၉ နှစ်၊
ဗယ်ကာလီရွာ၊ ရာရှိန်းမြို့)နှင့် မိုဟာမတ်မော်ဇွန်ဘီရှာ(၁၇ နှစ်၊
နော်ဂေါဟာလီရွာ၊ ခိုန်လန်မြို့) တို့ဖြစ်ကြကြောင်း ပြည်နယ် အစိုးရအဖွဲ့ကထုတ်ပြန်သည့်စာရင်းအရ သိရသည်။ Continue reading “!! #လှေစီးသွားသူများထဲတွင် #ရခိုင်ပြည်နယ် #ဒုက္ခသည်စခန်းမှ #မပါဝင်ဟု ရခိုင်ပြည်နယ် အစိုးရဆို”