Skip to content

!!! ေ#ဖ်ာပြီ #မေး။ ။ #အမည်၊အသက်၊ရွာအမည်ကို ပြောပေးပါ။..

April 30, 2015

ဖော်ပြီ
*******

11008440_438343189664300_7973289772985379652_n11173391_438341409664478_232081925594402802_n10423695_438344129664206_4685336262106214083_n

မေး။ ။ အမည်၊အသက်၊ရွာအမည်ကို ပြောပေးပါ။
ဖြေ။ ။ဦးသန်းစိန်၊၄၂နှစ်၊ဝဲကြီးထောင့်ရွာ ကျောက်တော်မြို့နယ်ပါ။

မေး။ ။ဘယ်နေ့ခေါ်သွားခံရတာပါလဲ။
ဖြေ။ ။ဧပြီ၊၂၁ ရက်၊ အင်္ဂါနေ့ နေ့လည် ၁၁ နာရီ လောက်မှာ ဖမ်းတာပါ။

မေး။ ။ဖမ်းပြီးတော့ ဘယ်ကိုခေါ်သွားပါလဲ။
ဖြေ။ ။ဝဲကြီးထောင့် စာသင်ကျောင်းကိုခေါ်သွားပါတယ်။

မေး။ ။တခြား အဖမ်းခံထားရတဲ့ လူရှိပါသလား။
ဖြေ။ ။မရှိသေးပါ။ညနေ လောက်မှ လင့်ဇင်သစ်ကျေးရွာမှ ဦးအောင်သန်းစိန်ကို ဖမ်းခေါ်လာတော့ ၂ယောက်တည်းပါ။

မေး။ ။ဘာတွေမေးပါသလဲ။
ဖြေ။ ။AA နဲ့ပတ်သက် မှုရှိလားမေးပါတယ်။

မေး။ ။ဘယ်နေရာကိုများ ခေါ်သွားတာရှိပါသလား။
ဖြေ။ ။ တပ်မကိုခေါ်သွားပါတယ်။

မေး။ ။ဟိုရောက်တော့ ဘာတွေ မေးသေးလဲ။
ဖြေ။ ။AA နဲ့ ပတ်သက်မှု ရှိမရှိမေးပါတယ်။

မေး။ ။လက်ကဒဏ်ရာတွေက ဘယ်လိုရတာပါလဲ။
ဖြေ။ ။မီးရှို့ခံရတာပါ။

မေး။ ။ ဘယ်လိုရှို့ခံရတာများပါလဲ။
ဖြေ။ ။ မမြင်လိုက်ပါဘူး။

မေး။ ။ကိုယ့်ရဲ့လက်နှစ်ဖက်မီးရှို့တာကို မမြင်တာက ဘာကြောင့်ပါလဲ။
ဖြေ။ ။မျက်နှာကို လုံချည်နဲ့ အချုပ်ခံထားရလို့ပါ။

မေး။ ။ရိုက်နှက်တာမျိုးရော ရှိပါသေးလား။
ဖြေ။ ။ရှိပါတယ်။နည်းနည်းလောက်နားခိုင်းပြီး ထပ်ရိုက်ပါတယ်။

မေး။ ။ဘယ်နေရာများနာနေသေးလဲ။
ဖြေ။ ။ လက်နှစ်ဘက်ကလွဲရင် ခုတော့
သက်သာနေပါပြီ။

မေး။ ။ အရိုက်ခံရတဲ့နေရာတွေက။
ဖြေ။ ။ ရင်ဘတ်၊ကျော၊ခြေ၊လက် ပါ။

မေး။ ။အခမ်းခံရတုန်းက ထမင်းစားခဲ့ရပါသလား။
ဖြေ။ ။အင်္ဂါနေ့ညနေစာနဲ့ဗုဒ္ဓဟူးနေ့
တရက်လုံးဘာမှမစားခဲ့ရပါ။ကြာသပဒေးနေ့နံနက် ၇ နာရီလောက်မှထမင်း စားရပါတယ်။စားပြီးတာနဲ့် ကျောက်တော်မြို့ရဲစခန်းကိုခေါ်လာတယ်။
သောကြာနေ့မှလွှတ်လိုက်တာပါ။

မေး။ ။လင့်ဇင်ကျေးရွာကရွာသား
တွေကိုတွေ့ခဲပါသလား။
ဖြေ။ ။ ကျနော်နဲ့ လင်ဇင့်ရွာက အောင်သန်းစိန်နှစ်ယောက်တည်းပါ။အတူတူလွတ်လာပါတယ်။နောက်မှ လင့်ဇင်ရွာသားတွေကိုဖမ်းတာနေမှာပါ။

မေး။ ။အကိုတို့လွတ်လာတဲ့နေ့က။
ဖြေ။ ။၂၁ရက် သောကြာနေ့ပါ။

ကဲ လင့်ဇင်ရွာက ကိုအောင်သန်းစိန်နဲ့ နောက်ပိုင်း အဖမ်းခံရတဲ့ ရွာသားတွေအကြောင်းသိချင်ပါသလား။ကျနော်တို့က ဘာတွေလုပ်ပေးနိုင်လို့ ထင်ပါသလဲ။ဖြေခဲ့ပါအုံး မိတ်ဆွေ ။ွ
cr. Zaw Worn

No comments yet

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: