Arakan National Network (ရခိုင်အမျိုးသားကွန်ုရက်)
”မြန်မာတိုင်းရင်းသားတွေက ဖိတ်ခေါ်လာမယ်ဆိုရင် သူ့အနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားဒေသများသို့ ကိုယ်တိုင်သွားရောက်လေ့လာ စစ်ဆေး
လိုကြောင်း ကမ္ဘာ့ကုလသမဂ္ဂလက်အောက်ရှိ တိုးရင်းသားလူမျိုးများအခွင့်အရေး အထူး စုံစမ်း စစ်ဆေးရေး ကိုယ်စားလှယ် Special Rapporteur:
Ms. Victoria Tauli Corpuz “ မှ ပြောကြောင်း သိရှိရသည်။
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ ကမ္ဘာ့ကုလသမဂ္ဂ အဆောက်အဦးတွင် ရခိုင်အရေးတက်ကြွလှုပ်ရှားသူတို့နှင့် ကမ္ဘာ့ကုလသမဂ္ဂလက်အောက်ရှိ တိုင်းရင်းသားလူမျိုးများအခွင့်အရေး အထူးစုံစမ်း စစ်ဆေးရေး Special Rapporteur: Ms. Victoria Tauli Corpuz နှင့် တွေ့ဆုံမှုတရပ်
(၄၊ ၂၈၊ ၂၀၁၅)ရက်က ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။
ထို တွေ့ဆုံမှုတွင် ပါဝင်သူတဦးဖြစ်သည့် ခိုင်ဘခင်မှ ” ကျနော်တို့ အချက် (၄)ချက်ကို အဓိက ထားပြီး တင်ပြခဲ့ပါတယ်။
၁။ အာဏာခွဲဝေမှုနှင့်၊ သယံဇာတခွဲဝေပေးမှုမရှိခြင်း..။
၂။ ရခိုင်တမျိုးသားလုံး ပညာရေးနိမ့်ကျမှု။
၃။ ဆင်းရဲမွဲတည်မှုကြောင့် နေရပ်စွန့်ခွါမှု များပြားလာခြင်း။
၎။ ရခိုင်တမျိုးသားလုံး ဘ၀လုံခြုံမှု မရှိခြင်း..။ အထူးသဖြင့် အမျိုးသမီးနှင့် ခလေးသူငယ်များ ဘ၀လုံခြုံမှုကင်းမဲ့နေခြင်း။
အဲဒီခေါင်းစဉ်လေးခုအောက်မှာ တင်ပြဆွေးနွေးခဲ့ကြကြောင်း ပြောပါသည်။
ရခိုင်အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူမနွယ်နွယ်ဦးမှ ” မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးတွေ နေထိုင်တဲ့ နေရာဒေသတွေမှာ အမျိုးသမီးနှင့် ကလေးသူငယ်များ ဘ၀လုံခြုံမှု ကင်းမဲ့နေရတာကို ရခိုင်ပြည်မှ အဓမ္မပြုကျင့်ပြီး အသတ်ခံခဲ့ရတဲ့ မသီတာထွေး နှင့် ကချင်ပြည်နယ်မှ ကျောင်းဆရာမလေးနှစ်
ဦး အဓမ္မပြုကျင့်ပြီးအသတ်ခံခဲ့ရတာကို ခိုင်းနှိုင်းထောက်ပြခဲ့ကြောင်း…။ သိရှိရပါသည်….။
ရခိုင်ပြည်တွင် သဘာဝ သယံဇာတ ပေါကြွယ်ဝသည့်တိုင် ရခိုင်တမျိုးသားလုံး ဆင်းရဲတွင်းက ရုံးမထွက်နိုင်ခြင်းဟာ တန်းတူအခွင့်ရေး မရှိသည့်အတွက်ဖြစ်
ကြောင်း—
”ရခိုင်ပြည်က ထွက်တဲ့ သယံဇာတတွေဟာ ရခိုင်တိုင်းရင်းသားတွေကသာ ပိုင်ဆိုင်ကြောင်း၊ဒါ့အပြင် ရခိုင်တိုင်းရင်းသားတွေအနေဖြင့် မိမိတို့လူမျိုးတည်တန့်
ရေးအတွက် မိမိတို့ ၏ စာပေ သမိုင်း၊ ယဉ်ကျေးမှုတွေကို ထိမ်းသိန်းကြရန် သူမအနေဖြင့် တိုက်တွန်းလိုကြောင်း“ တိုင်းရင်းသားလူမျိုးများအခွင့်အရေးအ
ထူးစုံစမ်းစစ်ဆေးရေး Special Rapporteur: Ms. Victoria Tauli Corpuz ကပြောကြောင်း သိရှိရပါသည်..။
——–
ကျောက်တော်မြို့နယ် စစ်ဘေးရှောင်ပြည်သူများအရေး နှင့် ပတ်သက်၍ ANP ၏ ထုတ်ပြန်ကြေငြာချက်