ဝန်ချတောင်းပန်တာကိုလည်း
fbမှာ ကျယ်ကျယ်ပြန့်ပြန့် သိသွားအောင်
Share ပေးကြပါအုံးနော်….
*****************************
ရွှေစက်တော်ဘုရားပွဲတွင်
သင်္ကန်း ၀တ်ဖြင့် သရုပ်ဖော်ကပြပုံများအား
fb စာမျက်နှာတွင် အင်တာနက် သုံးစွဲသူ
အများအပြား တွေ့မြင်သိရှိပြီး ဖြစ်ပါသည်…..
ထိုရွာသားသုံးဦးသည်
သာသနာကို ညှိုးနွမ်းအောင် လုပ်ဆောင်ခဲ့မိသည့်အတွက်
ယနေ့ နံနက်တွင်
ရွှေစက်တော်ဘုရား အထက်စက်တော်ရာအနီး
ကိုးခန်းကြီးဘုရားရှိ နားနေဆောင်တွင်
့
မြို့နယ်သံဃာ့နာယကဆရာတော်များ
ရွှေစက်တော်ဘုရား သြ၀ါဒစရိယ ဆရာတော်များ
မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးနှင့် ဒေသအာဏာပိုင်များ
မြို့နယ် သာသနာရေးဦးစီးမှူး နှင့် ဂေါပကအဖွဲ့များ၏
ရှေ့မှောက်တွင် ဆရာတော်များအား
ဝန်ချတောင်းပန်ခြင်းနှင့် ဒေသအာဏာပိုင်များထံတွင်
ခံဝန်ကတိ လက်မှတ်ထိုးခြင်းများ
ပြုလုပ်ခဲ့ကြပါသည်…..
ဆရာတော်ဘုရားများမှ သာသနာညှိုးနွမ်းစေမည့်
မည်သည့် အပြုအမူမျိုးကိုမှ နောက်နောင်
ပြုလုပ်ခြင်း မပြုကြရန်နှင့် ၎င်းတို့ လုပ်ဆောင်မှုများမှာလည်း
အင်တာနက် စာမျက်နှာတွင် ပြန့်နှံ့နေကြောင်း
အမျိုးဘာသာ သာသနာ ချစ်မြတ်နိုးသူများမှာလည်း
သာသနာကို ညှိုးနွမ်းအောင် လုပ်ဆောင်မှုကြောင့်
မကျေမနပ်ဖြစ်နေပါကြောင်း စသဖြင့်
သြ၀ါဒ စကား မိန့်ကြားခဲ့ပါသည်….
ရွာသားသုံးဦးမှလည်း
ရည်ရွယ်ချက် ရှိရှိဖြင့် လုပ်ဆောင်ခဲ့ခြင်း မဟုတ်ကြောင်း
ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် အလှူငွေရရှိစေရန်သာ
စိတ်ထက်သန်မိပြီး ယင်းကဲ့သို့ လုပ်ဆောင်ခဲ့မိပါကြောင်း
၎င်းတို့သည် သာသနာညှိုးနွမ်းစေသည့် အပြုအမူမျိုး
လုပ်ဆောင်မိခဲ့ခြင်းကြောင်း ဆရာတော်ဘုရားများ ၊
ဒေသအာဏာပိုင်များ၊ ဘုရားဂေါပက အဖွဲ့များနဲ့တကွ
ဗုဒ္ဓဘာသာဝင်အပေါင်းနှင့် အမျိုးဘာသာ သာသနာကို
ချစ်မြတ်နိုးကြသောသူများ အားလုံးတို့ကိုလည်း
တောင်းပန်ပါကြောင်း ပြောကြားသွားပါသည်…..
ဆရာတော်ဘုရားများရဲ့ မေတ္တာတရားကြီးမားမှု
ပညာရှိမှုတို့ကြောင့်လည်း ၀န်ချတောင်းပန်ခြင်းကို
လက်ခံခဲ့တာ ဖြစ်ပါတယ်…
လမင်းငယ်
1း07 pm
17.4.2015 CR.လမင်း ငယ်