!! #ဒုတိယ #ပင်လုံရဲ့ အောင်ပွဲတစ်ခု”

“ဒုတိယ ပင်လုံရဲ့ အောင်ပွဲတစ်ခု” (ငြိမ်းချမ်းရေးတံခါးမှသည် နိုင်ငံရေးဆွေးနွေးပွဲသို့ )

NATION CEASEFIRENATION CEASEFIRENATION CEASEFIRECEASEFIRE

Draft Nationwide Ceasefire Agreement ေ
Draft Nationwide Ceasefire Agreement ေ
Draft Nationwide Ceasefire Agreement ေ
Draft Nationwide Ceasefire Agreement ေ
Draft Nationwide Ceasefire Agreement ေ
Draft Nationwide Ceasefire Agreement ေ

1901260_678653438947811_8680952952928834331_n

11101831_678654318947723_2619903929698965224_n

644434_10153236221118594_8558689720087835677_n 11091246_10153236369358594_8649957782954696513_n11046446_10153236369178594_514389056902470473_n

11088396_1099463063403408_6399708948701205393_n [၂၀၁၁ ခုနှစ် မတ်လကုန်မှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု တံခါးကို ဆွဲဖွင့်လိုက်ခဲ့ပြီးတဲ့နောက် (၄)နှစ် တင်းတင်းပြည့်မြောက်တဲ့အချိန်မှာ ငြိမ်းချမ်းရေးတံခါးကို ဆွဲဖွင့်လိုက်ကြပြီ ဖြစ်ပါတယ်။ နောက်တစ်ဆင့်ကတော့ နိုင်ငံရေးဆွေးနွေးပွဲပဲ ဖြစ်ပါတယ်။] ၂၀၁၅ ခုနှစ် ၊ မတ်လ ၃၁ ရက်နေ့တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) အချောသတ်မူကြမ်းကို အတည်ပြုလက်မှတ်ရေးထိုးခြင်း အခမ်းအနား၌ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ပြောကြားသော နှုတ်ခွန်းဆက်စကား ကျွန်တော်တို့ ယခုလိုတိုင်းရင်းသားခေါင်းဆောင်များနဲ့ ငြိမ်းချမ်းရေးရရှိရေး အတွက် ၀ိုင်းဝန်းကြိုးပမ်း ခဲ့ကြသောပုဂ္ဂိုလ်အားလုံးနှင့် တွေ့ဆုံရသောကြောင့် ကျွန်တော့်အနေဖြင့်များစွာ ဂုဏ်ယူဝမ်းမြောက် ကြောင်းဦးစွာ ပထမပြောကြားလိုပါတယ်။ ပိုပြီးဝမ်းသာစရာကောင်းတာကတော့ မနေ့ညက TV ထိုင်ကြည့်နေရင်းနဲ့ တိုင်းရင်းသားခေါင်းဆောင်များပြောကြားသော ရင်တွင်းစကားများကြားရ သည့်အတွက် အိမ်မပျော်အောင် ၀မ်းသာရပါတယ်၊ ငြိမ်းချမ်းရေးသည် ခင်ဗျားတို့၊ ကျွန်တော်တို့အားလုံး သိကြပြီး ဖြစ်သည့် ပြည်သူများ၏လိုလားချက်ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးသည်ပြည်သူ တွေရဲ့ဆန္ဒလည်းဖြစ်ပါတယ်၊ပြည်သူတွေရဲ့ မျှော်မှန်းချက်လည်းဖြစ်ပါတယ်။ ပြည်သူတွေမျှော်လင့် စောင့်စားနေတဲ့ ငြိမ်းချမ်းရေးကို ယူဆောင်လာသောသူတွေဟာ ဘယ်သူတွေလဲလို့မေးရင် ခင်ဗျားတို့၊ ကျွန်တော်တို့ပဲ ဖြစ်ပါတယ်၊ အဓိကအကျဆုံးကတော့ ခင်ဗျားတို့ကျွန်တော်တို့ပဲ ဖြစ်ပါတယ်။ NCA စာချုပ်မူကြမ်းကို အကြိမ်ကြိမ်အခါခါဆွေးနွေးပြီး မနေ့ကတော့ ကျွန်တော်တို့ ဒီစာချုပ်မူကြမ်းကို သဘောတူညီချက် ရရှိပြီဖြစ်တဲ့ အတွက်ကြောင့် ဒီစာချုပ်မူကြမ်းနဲ့ ပတ်သက်ပြီးတော့ ဒီကနေ့မှာတော့ လက်မှတ်ထိုးကြမှာ ဖြစ်ပါတယ်။ ဒီသဘောတူညီချက် ဟာ NCA လက်မှတ်ရေးထိုးနိုင်ဖို့ အတွက် အဓိကတွန်းအား တစ်ရပ် ဖြစ်ပါတယ်။ ဒါကြောင့် ဧပြီလ အတွင်းမှာ NCA လက်မှတ်ရေးထိုးဖို့ အတွက် ကျွန်တော်တို့ သေချာပေါက် ဆောင်ရွက် သွားနိုင်တော့မယ် လို့ ပြောလို့ရပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီ NCA လက်မှတ် ရေးထိုးပြီးတာနဲ့ ရှေ့ဆက်သွားမယ့် Political Dialogue အတွက်က တံခါးပေါက် ပွင့်သွားပြီ ဖြစ်ပါတယ်။ Political Dialogue ကတော့ အချိန်များစွာယူပြီး ဆွေးနွေးကြရမှာ ဖြစ်ပါတယ်။ အချိန်ယူကြရမှာ ဖြစ်တဲ့ အတွက်ကြောင့် ကြားကာလမှာ တွေ့ကြုံရမယ့် ပြဿနာတွေ အခက်အခဲတွေ ဒါတွေကိုလည်း ကျွန်တော်တို့ ရင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။ ကြားကာလမှာ တွေ့ဆုံရမယ့် အခက်အခဲတွေ၊ ပြဿနာတွေ၊ Challenges တွေ ဒါတွေကတော့ အခုလိုပဲ မျက်နှာစုံညီ ညှိနိုင်းရင်း၊ ဆွေးနွေးရင်း၊ အဖြေရှာရင်းနဲ့ ကျော်လွှားသွားကြရမှာ ဖြစ်ပါတယ်။ ကျွန်တော် ပြောချင်တာကတော့ ဒီဆောင်ရွက်ချက်တွေဟာ မြန်မာ့ငြိမ်းချမ်းရေးရဲ့ သမိုင်းကို ခင်ဗျားတို့တွေဟာ ဖော်ဆောင်ပေးတဲ့ သူတွေတင် မကပါဘူး။ဒီငြိမ်းချမ်းရေးကို တည်ဆောက်ပေးခဲ့တဲ့ သူတွေ အဖြစ်နဲ့ မြန်မာ့သမိုင်းမှာ ကျန်ရစ်ခဲ့ကြမယ့်သူတွေ ဖြစ်ပါတယ်။ ဒီဆောင်ရွက်ချက်တွေဟာ တိုင်းရင်းသား စည်းလုံးညီညွတ်မှု အတွက် တန်ဖိုး မဖြတ်နိုင်တဲ့ အောင်မြင်မှု တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင်တော့ ဒုတိယ ပင်လုံရဲ့ အောင်ပွဲတစ်ခု ဖြစ်တယ်လို့ ပြောရမှာဖြစ်ပါတယ်။ အားလုံး ကျေးဇူးတင်ပါတယ်။ အားလုံး ကျန်းမာ ပျော်ရွှင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်။ ဘုရားသခင် ကောင်းချီးပေးပါစေလို့လည်း ဆုမွန်ကောင်းတောင်းပါတယ်။

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s