#မလေးရှားနိုင်ငံ၌ ထိန်းသိမ်းရေးစခန်းများတွင် #ကာလကြာရှည်ထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံသား(၁၀၂) ဦး ပြည်တော်ပြန်မည်

မလေးရှားနိုင်ငံ၌ ထိန်းသိမ်းရေးစခန်းများတွင် ကာလကြာရှည်ထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံသား(၁၀၂) ဦး ပြည်တော်ပြန်မည်

၁။ မလေးရှားနိုင်ငံ၊ လန်ကာဝီကျွန်းတွင် ၂၀၁၅ခုနှစ်၊ မတ်လ(၁၇)ရက်နေ့မှ(၂၁)ရက်နေ့အထိ ကျင်းပပြုလုပ်သည့် Langkawi International Maritime and Aerospace Exhibition 2015 (LIMA’ 15) သို့ လာရောက်သည့် မြန်မာတပ်မတော်(ရေ)မှ ဖရီးဂိတ် အမျိုးအစား စစ်ရေယာဉ် မဟာသီဟသူရ၏ (၂၅-၃-၂၀၁၅) ရက်နေ့ အပြန်ခရီးစဉ်တွင် မလေးရှားနိုင်ငံ၌ ထိန်းသိမ်းရေးစခန်းများတွင် ကာလကြာရှည် ထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံသား(၁၀၂) ဦးကို မြန်မာနိုင်ငံသို့ C of I ဖြင့် ပြန်လည်ခေါ်ဆောင်နိုင်ရန် မြန်မာသံရုံးမှ သက်ဆိုင်ရာ မလေးရှားအာဏာပိုင်များနှုင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။

၂။ ထိန်းသိမ်းရေးစခန်းများတွင် ကာလကြာရှည် ထိန်းသိမ်းခံ ထားရပြီး မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်ရန် လေယာဉ်လက်မှတ်ဖိုး အခက်အခဲရှိနေသည့် မြန်မာနိုင်ငံသားများကို သံရုံးမှ ကောင်စစ်အရာရှိများ၊ တာဝန်ရှိသူများက ထိန်းသိမ်းရေးစခန်းများတွင် လူတွေ့သွားရောက် စစ်ဆေးပြီး ယနေ့(၂၄-၃-၂၀၁၅)ရက်နေ့ ညနေ့တွင် စစ်ရေယာဉ် ဆိုက်ကပ်မည့် Lumut ဆိပ်ကမ်းနှင့် အနီးဆုံးထိန်းသိမ်းရေးစခန်း Lang Kap သို့ ပြောင်းရွေ့၍ မနက်ဖြန် (၂၅-၃-၂၀၁၅)ရက်နေ့တွင် စစ်ရေယာဉ်ပေါ်သို့ ပို့ဆောင်မည်ဖြစ်ပြီး အမိနိုင်ငံသို့ အဆင်ပြေချောမွေ့စွာ ထွက်ခွာနိုင်ရန် မြန်မာသံရုံးမှ ဆောင်ရွက်လျက်ရှိကြောင်း အသိပေးဖော်ပြအပ်ပါသည်။

လေးစားစွာဖြင့်
မြန်မာသံရုံး၊ ကွာလာလမ်ပူ

6p approval from HQ ဆိုပြီး albumsနဲ့တင်ထားပါတယ် page မှာ

https://www.facebook.com/media/set/?set=a.1537799776474348.1073741832.1532321607022165&type=1

မြန်မာသံရုံးမှ ကောင်စစ်အရာရှိနှင့် တာဝန်ရှိသူများမှ လူတွေ့စစ်ဆေးစဉ်
မြန်မာသံရုံးမှ ကောင်စစ်အရာရှိနှင့် တာဝန်ရှိသူများမှ လူတွေ့စစ်ဆေးစဉ်
Bukit Jalil နှင့် Ajil ထိန်းသိမ်းရေးစခန်းများ ရှိ မြန်မာနိုင်ငံသားများအား တွေ့ရစဉ်
Bukit Jalil နှင့် Ajil ထိန်းသိမ်းရေးစခန်းများ ရှိ မြန်မာနိုင်ငံသားများအား တွေ့ရစဉ်

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s