Student News: Updated March 11, 10 : 00 PM ဖမ်းဆီးခံ ကျောင်းသားများအား ဒုတိယအကြိမ် ရုံးထုတ်ပြီးနောက် လက်ပံတန်းမြို့နယ် တရားရုံးမှ သာယာဝတီ အကျဉ်းထောင်သို့ ယနေ့ည ၉ နာရီခန့်တွင် အချုပ်ကားများဖြင့် ပြန်လည်ခေါ်ဆောင်သွားကြောင်း သိရပြီး ကျောင်းသားအချို့မှာ ဒဏ်ရာများရရှိထားကြောင်းလည်း သိရသည်။
MOI Webportal Myanmar ခေါ်ယူစစ်မေးခဲ့သည့် သံဃာ (၁၀) ပါးတို့အား သက်ဆိုင် ရာဒေသ ကျောင်း အသီးသီးသို့ ပြန်ခွင့်ပြု https://democracyforburma.wordpress.com/2015/03/11/moi-ခေ%E1%81%9Aယူစစ်မေးခဲ့သည့်-သံဃ/
ဖမ်းဆီးခံကျောင်းသား ကျောင်းသူ ၆၀ ခန့်ကို ယနေ့ ရုံးထုတ်လာခဲ့ကြောင်းနှင့် လက်ပံတန်းမြို့နယ် တရားရုံးတွင် အမှုကို စစ်ဆေးသည့် တရားသူကြီးမှာ ဒေါ်စန်းစန်းဌေး ဖြစ်ကြောင်း သိရသည်။ ကျန်ရှိနေသည့် ကျောင်းသားများကို ဆက်လက်ရုံးထုတ်လာမည်ဟု သတင်းများ ထွက်ပေါ်နေသောကြောင့် ကျောင်းသားမိဘများ နှင့် ပြည်သူများ စောင့်ဆိုင်းနေကြောင်း သိရသည်။ ဒုတိယရုံးချိန်းမှာ မတ်လ ၂၅ ရက် ၂၀၁၅ ဖြစ်ကြောင်း သိရသည်။
Hmuu Zaw
ခေါ်ယူထိန်းသိမ်းခဲ့သည့် ကျောင်းသား၊ ကျောင်းသူများကို သက်ဆိုင်ရာ မိဘများအား ခေါ်ယူ၍ ပြန်လည် အပ်နှံမည်ဖြစ်
နေပြည်တော်၊ မတ် ၁၁
၂၀၁၅ ခုနှစ်၊ မတ်လ(၁၀)ရက်နေ့ ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့တွင် အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက်ဆန္ဒပြအဖွဲ့သည် တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် တားမြစ် ထား သည့် အတားအဆီးများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဖောက်ထွက်ရန် ကြိုးစားခဲ့ပြီး လုံခြုံရေး အတားအဆီးများအား ဆွဲဖျက်ခြင်း၊ အမိုးအကာ တဲများအား ဖျက်ဆီးခြင်း၊ တုတ်များ၊ ခဲများ၊ ရေသန့်ဘူးများဖြင့် ပစ်ပေါက်ခဲ့ခြင်း စသည်ဖြင့် အကြမ်းဖက်လုပ်ဆောင်လာမှုများကြောင့် ဥပဒေနှင့်အညီ သတိပေးကြေညာပြီးနောက် ဖမ်းဆီး ထိန်းသိမ်း၍ လူစုခွဲခဲ့ရပါသည်။
အဆိုပါဖြစ်စဉ်တွင် ကျား ၁၀၇ ဦး၊ မ ၂၀ ဦး ၊ စုစုပေါင်း ၁၂၇ ဦးအား ခေါ်ယူ ထိန်းသိမ်းပြီး စစ်မေးခဲ့ပါသည်။
အဆိုပါ ခေါ်ယူထိန်းသိမ်းထားသူများနှင့် ပတ်သက်ပြီး လိုအပ်သည့် စစ်ဆေး မှုများ ပြုလုပ်၍ တက္ကသိုလ်၊ ကောလိပ်များ၌ အမှန်တကယ် ပညာ သင်ကြားနေသော ကျောင်းသား/ကျောင်းသူများအား ဆက်လက် ပညာ သင်ကြားနိုင်ရေး စေတနာထားရှိသော အားဖြင့်လည်းကောင်း၊ မိဘများအပေါ် စာနာထောက်ထားသော အားဖြင့်လည်းကောင်း ကျူးလွန်သည့်ပြစ်မှုများအပေါ် သက်ညှာသော အားဖြင့် ဒေသအသီးသီးရှိ သက်ဆိုင်ရာ မိဘများ အားခေါ်ယူ၍ စနစ်တကျ ပြန်လည်အပ်နှံနိုင်ရေး ဆက်သွယ် အကြောင်းကြား လျက် ရှိကြောင်းနှင့် ကျန်ပြစ်မှုကျူးလွန်သူများနှင့် တိုင်းပြည်မငြိမ်မသက်ဖြစ်စေ ရန် နောက်ကွယ်မှကြိုး ကိုင်လှုပ်ရှားသူများ၊ အားပေး အားမြှောက် ပြုလုပ်သူ များ အား တည်ဆဲဥပဒေများနှင့်အညီ အရေးယူသွားမည် ဖြစ်ကြောင်း သတင်း ရရှိပါသည်။
ပြည်ထဲရေးဝန်ကြီးဌာန
Student News: Updated March 11, 4:30 PM ဖမ်းဆီးခံ ကျောင်းသားများကို ၁၀ မိနစ်ခြား တစ်ခါစီ အဖွဲ့ခွဲ၍ တရားခွင်အတွင်းသို့ ခေါ်ဆောင်နေကြောင်းသိရသည်။ ဖမ်းဆီးခံထားရသည့် ကျောင်းသားများကို မိဘများနှင့် သတင်းမီဒီယာများ အနီးကပ်မြင်နိုင်သည့်နေရာများ အားလုံးကို ရဲတပ်ဖွဲ့မှ ပိတ်ဆို့ ကာရံထားကြောင်းသိရသည်။ ယခုအခါ ကျောင်းသားများကို အချုပ်ကားဖြင့် ပြန်လည်ခေါ်ဆောင်သွားပြီး ကားအတွင်း ကျောင်းသားများက “ကျွန်တော်တို့ဟာ လူ့အခွင့်အရေးအများကြီး ချိုးဖေါက် ခံနေရတယ်” ဟုဟစ်အော်ခဲ့ကြောင်း သိရသည်။ ဖမ်းဆိးခံ ကျောင်းသားများကို ပုဒ်မ ၁၄၃၊ ပုဒ်မ ၁၄၅၊ ပုဒ်မ ၁၄၇၊ ပုဒ်မ ၃၃၂၊ ပုဒ်မ ၅၀၅(ခ) စုစုပေါင်း ပုဒ်မ ၅ ခုဖြင့် တရားစွဲဆိုထားကြောင်း ရဲမှူးကြီးဝင်းစိန်က ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့မှ ရိုက်နှက်ဖမ်းဆီးခဲ့သော လက်ပံတန်း ဒီမိုကရေစီပညာရေးသပိတ် ဆန္ဒပြ ကျောင်းသား၊ ကျောင်းသူ နှင့် ၀န်းရံသည့် ပြည်သူ ၁၂၇ ဦးကို သာယာဝတီ အကျဉ်းထောင်တွင် ဖမ်းဆီးထားကြောင်း သိရသည်။ ကျောင်းသား ကျောင်းသူများ၏ မိဘအချို့နှင့် မှားယွင်း ရိုက်နှက်ဖမ်းဆီးခံရသူ လူငယ်အချို့၏ မိသားစုများကလည်း သာယာဝတီ အကျဉ်းထောင်ရှေ့တွင် စိုးရိမ်စွာဖြင့် လာရောက်စောင့်ဆိုင်းနေကြကြောင်း သိရသည်။ သာယာဝတီ အကျဉ်းထောင်ကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ လာရောက်လျက်ရှိကြောင်း သိရှိရပါသည်။
အောင်မြေဗိမာန် ဘုန်းကြီးကျောင်းကို ရဲတပ်ဖွဲ့ ပိတ်ဆို့စီးနင်း

လက်ပံတန်း ကျောင်းသားသပိတ် ဖြိုခွင်းခံရတဲ့နေရာ ကနေ ထွက်ပြေးလာတဲ့ ကျောင်းသားတွေနဲ့ သံဃာတော်တွေ ၀င်ရောက်ပုန်းခိုနေတဲ့ အောင်မြေဗိမာန် ဘုန်းကြီးကျောင်းကို ရဲတပ်ဖွဲ့က ခုမွန်းလွဲပိုင်းမှာ ၀င်ရောက်ပိတ်ဆို့စီးနင်းလိုက်ပါတယ်။ ဘုန်းကြီးကျောင်းတွင်းခိုလှုံနေတဲ့ ကျောင်းသားသပိတ်ဝန်းရံ သံဃာတော် ဦးအာလောက ‘“ အခြေအနေကတော့ အကြမ်းဖက်နှိမ်နင်းတာပဲဗျ ။ သေနတ်တွေနဲ့ ကျောင်းထဲဝင်စီးပြီးတော့ ဖမ်းနေတယ်၊ အကုန်လုံးအကုန်လုံး။ သူတို့အဖမ်းတော့ခံရတော့မှာပေါ့ တအားဝိုင်းထားတာ အထပ်ထပ်ဝိုင်းထားတာ’ လို့မိန့်ပါတယ်။ လက်ပံတန်းမှာ ရန်ကုန်ကို သွားဖို့ကြိုးစားတဲ့ သပိတ်မှာက်ကျောင်းသားတွေ၊ ရဟန်းသံဃာတော်တွေနဲ့ ရဲလုံခြုံရေးတွေအကြား တဖက်နဲ့တဖက် ထိပ်တိုက်တွေ့ပြီးနောက် ကျောင်းသားသပိတ်စစ်ကြောင်း အကြမ်းဖက် ဖြိုးခွင်းခံခဲ့ရတာဖြစ်ပါတယ်။ ပင်မစစ်ကြောင်းကို ခေါင်းဆောင်တဲ့ ကျောင်းသားခေါင်းဆောင်တွေလည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်း ၀န်းရံသံဃာတော် ဦးဥတ္တမက မိန့်ပါတယ်။ ‘ ရိုက်ကုန်ပြီ မင်းသွေးသစ်ရယ် အောင်မှိုင်းဆန်းတို့ဘာတို့ ဖမ်းပြီးခေါ်သွားပြီ တွန်းရင်းတွန်းရင်းနဲ့ ၀ိုင်းရိုက်ကြတာ နံပတ်တုတ်နဲ့ရိုက်တော့ ကလေးတွေကလည်း မခံနိုင်ဘူး တစ်ယောက်နဲ့ တစ်ယောက် ချချဆိုပြီး အတော်အကြမ်းဖက်သွားတယ်။ ပဋိပက္ခ တော်တော်ဆိုးပါတယ်။ တော်တော် ပုံပျက်တာပါ ဒီအစိုးရတော်တော်ပုံပျက်တာ။ ကျောင်းသားတွေ ပြည်သူတွေကို ခုလို အကြမ်းဖက်တာ လုံးဝရှုတ်ချတယ်။ သွားပြီ တပြည်လုံးအတိုင်းအတာနဲ့ ကျောင်းသားတွေ ထက်တဲ့အတွက် ဒီကိစ္စက။ အကုန်ဖမ်းဖမ်းသွားပြီး ကျုပ်လည်းမရေတွက်နိုင်ဘူး။ ခေါင်းထိတဲ့လူနဲ့ခြေထောက်ကွဲတဲ့လူနဲ့ အများကြီးပဲ အဲဒီမှာ။‘ ဒဏ်ရာရ ကျောင်းသား၊ ကျောင်းသူများ များပြားလာပြီး တချို့ကို ဆေးရုံပို့ဆောင်ဖို့အတွက် ရဲတပ်ဖွဲ့က တားဆီးမှုတွေ ပြုလုပ်နေပါတယ်။ ဒါ့အပြင် တချို့သတင်းထောက်တွေကိုလည်း ဖမ်းဆီးလိုက်သလို တချို့သတင်းထောက်တွေကလည်း ရှောင်ပုန်းနေရတယ်လို့ လက်ပံတန်းမှာ သတင်းယူနေတဲ့ ဒီဗွီဘီသတင်းထောက်က ပြောပါတယ်။ ==================
