#breakingnews #NLD #မနက်ဖန် #၁၀ နာရီ #တနိုင်ငံလုံးက ဒီချုပ်အဖွဲ့ဝင်များအားလုံး #ဆန္ဒပြကြရန် အချက်ပေးပြီ။

NLD မနက်ဖန် ၁၀ နာရီ တနိုင်ငံလုံးက ဒီချုပ်အဖွဲ့ဝင်များအားလုံး ဆန္ဒပြကြရန် အချက်ပေးပြီ။ nld dassk ဒေါ်အောင်ဆန်းစုကြည်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များအားလုံးအနေနဲ့ မနက်ဖန် ၁၀ ရက်နေ့ ၃ လပိုင်းတွင် ကျောင်းသားများနှင့် ပူးပေါင်းတိုက်ပွဲဝင်ပြီး စစ်အာဏာရှင်ကို ဖြုတ်ချရန် အချက်ပေးလိုက်ပြီ ဖြစ်ပါသည်။

10/3/ Students want blockages removed by Mar 10 @ 10am, warning that ‘consequence will be responsible of the govt.’

Daw Aung Sann Suu ‘ house show poster is not to student and NLD member . It is for Government .

20521_10152847370758198_4308165953640208438_n

Newsland Media
ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ရှေ့တွင် ကျောင်းသားသမဂ္ဂဥက္ကဌ ကိုအောင်ဆန်းပုံ ရုတ်တရတ် ပြောင်းလဲချိတ်ဆွဲ
ရန်ကုန်၊ မတ် ၉
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နေထိုင်သည့် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် (၅၄) အရှေ့တွင် ယခင်က နိုင်ငံရေးသမား သခင်အောင်ဆန်းပုံကို ချိတ်ဆွဲထားရမှ မတ်လ ၉ ရက်မှစတင်၍ ကျောင်းသားသမဂ္ဂကိုအောင်ဆန်းပုံကို ပြောင်းလဲချိတ်ဆွဲထား သည်ကိုတွေ့ရသည်။
ယင်းသို့ပြောင်းလဲချိတ်ဆွဲမှုသည် လက်ပံတန်းတွင် တားဆီးခံထားရသည့် ဆန္ဒပြကျောင်းသားများက အစိုးရကို ၁၀ ရက် ၁၀ နာရီနောက်ဆုံးထားပြီး အတားအဆီးများ ဖယ်ရှားရန် ရာဇသံပေးထားချိန်နှင့်လည်း တိုက်ဆိုင်နေသည်။
NLDပါတီဝင်မဟုတ်သည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူအချို့က ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ကျောင်းသားသပိတ်ကို တရားဝင်ထောက်ခံပြောဆိုရန် စစ်ဗိုလ်ချုပ်ဟောင်းကြီးများနှင့် မျက်နှာနာစရာဖြစ်နေသဖြင့် သွယ်ဝိုက်သောနည်းဖြင့် ထောက်ခံပြောဆိုသည်ဟု ဆိုသည်။
၂၀၁၀ ရွေးကောက်ပွဲကာလ နေအိမ်အကျယ်ချုပ် ကျခံနေစဉ်ကလည်း ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုငိိခြင်းမပြုရန် နေအိမ်ရှေ့တွင် ဗူးသီးချိတ်ဆွဲပြီး အမှတ်အသားပြခဲ့ဖူးသည်။
မတ်လ ၂ ရက်မှစ၍ တားဆီးပိတ်ဆို့ခံထားရသည့်သပိတ်မှောက်ကျောင်းသား များသည် မတ်လ ၈ ရက်က အရေးပေါ် သတိပေးချက်တစ်စောင် ထုတ်ပြန်ကြေ ညာခဲ့ပြီး ယင်းအရေးပေါ်ကြေညာချက်တွင် ၁၀ တန်းစာမေးပွဲ များဖြေဆိုရတော့မည်ဖြစ်သဖြင့် သပိတ်ကို အလျင်အမြန်အဆုံးသတ်လိုကြောင်း ထို့ကြောင့် မတ်လ ၁၀ ရက် ၁၀ နာရီ နောက်ဆုံးထား၍ တားဆီးမှုများကို ဖယ်ရှားပေးရန်နှင့် ဖယ်ရှားမပေးပါက နောင်ဖြစ်လာမည့် အကျိုးဆက်များသည် အစိုးရ၏ တာဝန်သာဖြစ်သည်ဟု ဖော်ပြပါရှိသည်။
အများပြည်သူ သဘောဆန္ဒမပါဘဲ အမျိုးသား ပညာရေးဥပဒေကို အတည်ပြု ပြဌာန်းခဲ့သဖြင့် နိုဝင်ဘာလအတွင်း မြန်မာတစ်နိုင်ငံလုံးမှ တက္ကသိုလ်ကျောင်းသားများ အရေးပေါ်အစည်းအဝေးခေါ်ယူ၍ ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီကို ဖွဲ့စည်းခဲ့ပြီး နိုဝင်ဘာလ ၁၄ ရက်မှ ၁၇ ရက်အထိ ရန်ကုန်မြို့တွင် ဆန္ဒပြပွဲများဆင်နွှဲခဲ့သည်။
အစိုးရကို ရက်ပေါင်း ၆၀ ရာဇသံပေးခဲ့ပြီး အစိုးရက တစ်စုံတစ်ရာ ညှိနှိုင်း ဆောင်ရွက်မှုမရှိသဖြင့် ဇန်န၀ါရီ ၂၀ မှစတင်ကာ ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းကို မန္တလေးမှ စတင်ချီတက်ခဲ့သည်။
အခြေခံပညာ ကျောင်းများစာမေးပွဲဖြေဆိုရန်ရှိသဖြင့် သပိတ်စစ်ကြောင်းကို ဖေဖော်ဝါရီ ၁၉ လက်ပံတန်းမြို့သို့ ရောက်ရှိစဉ် တွင် ခေတ္တရပ်နားခဲ့ပြီး သပိတ်စစ်ကြောင်း ပြန်လည်ချီတက်မည်ြ့ပုစဉ် အစိုးရက ရဲအင်အားအလုံးအရင်းသုံးကာ ပိတ်ဆို့ထားခြင်းဖြစ်သည်။

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s