!! #88 #MPC #ABFSU #ဒီမိုကရေစီ ပညာရေး သပိတ်စစ်ကြောင်း #ပင်မ #STATEMENT #DEADLINE #blockages

988945_10206103600377091_5599637905847456992_n https://democracyforburma.wordpress.com/2015/03/10/အောင်ေ%E1%80%BBမဗိမာန်-ဘုန်း%E1%82%80က/ နိုင်ငံတကာနှင့် ပြည်တွင်းရှိ ဥပဒေများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က မလေးမစားပြုသည့်သဘောရောက်ကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) ထုတ်ပြန် 11044543_810843998953225_2924433043422762560_n ဒီမိုကရေစီပညာရေး ပင်မကျောင်းသားသပိတ်စစ်ကြောင်းတွင် သတင်းရယူနေသည့် သတင်းထောက်များကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက ရိုက်နှက်ဖမ်းဆီးမှုများ လုပ်ဆောင်နေခြင်းနှင့် စပ်လျဉ်း၍ ယခုလုပ်ဆောင်မှုသည် နိုင်ငံတကာနှင့် ပြည်တွင်းရှိ ဥပဒေများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် မလေးမစားပြုသည့်သဘောရောက်ကြောင်း မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)က သတင်းထုတ်ပြန်လိုက်ကြောင်း သိရသည်။ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)၏ ထုတ်ပြန်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ ၁။ ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့တွင် ရောက်ရှိနေသော သပိတ်မှောက်ကျောင်းသားများနှင့် အခြေအနေအရပ်ရပ်ကို စောင့်ကြည့်၍ ပြည်သူလူထုထံ သတင်းတင်ပြပေးနေသော သတင်းမီဒီယာသမားများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက ရိုက်နှက်ဖမ်းဆီးမှုများ လုပ်ဆောင်နေခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)က များစွာ စိုးရိမ်မကင်း ဖြစ်မိပါသည်။ ၂။ကျောင်းသားများ၏ သပိတ်မှောက်ဆန္ဒပြမှုကို ထောက်ခံခြင်း၊ ကန့်ကွက်ခြင်းမပါဘဲ ဖြစ်စဉ်များအတိုင်း သတင်းတင်ပြနေသည့်အပြင် ကိုယ်တိုင်ပါဝင်ဆန္ဒပြခြင်းလည်း မရှိသည့် သတင်းထောက်များကို နိုင်ငံတကာတွင် အဓိကရုဏ်းများ၊ ဆန္ဒပြမှုများအတွက် သတ်မှတ်ပြဋ္ဌာန်းထားသော ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများ၊ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းထားသော သတင်းမီဒီယာဥပဒေပါ သတင်းထောက်များ၏ ရပိုင်ခွင့်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားတို့၏ အခြေခံရပိုင်ခွင့်များနှင့် ဆန့်ကျင်ကာ ယခုကဲ့သို့ နှိမ်နှင်းဖမ်းဆီးခြင်းသည် နိုင်ငံတကာနှင့် ပြည်တွင်းရှိ ဥပဒေများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က မလေးမစားပြုသည့် သဘောရောက်သည်ဟု ကောင်စီက ရှုမြင်ပါသည်။ ၃။လက်ပံတန်းမြို့တွင် ယခုတစ်ကြိမ် သတင်းထောက်များ ဖမ်းဆီးခံရမှုသည် ဒုတိယအကြိမ်ဖြစ်သည့်အတွက် ရဲတပ်ဖွဲ့ဝင်များ၏ လုပ်ရပ်ကို မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)က ပြင်းထန်စွာ ကန့်ကွက်ကြောင်းနှင့် ဖမ်းဆီးထားသည့် သတင်းထောက်များကို ချက်ချင်းပြန်လွှတ်ပေးရမည်ဖြစ်ကြောင်း ကောင်စီက အလေးအနက် တောင်းဆိုအပ်ပါသည်။

########

10982279_825939644192868_6093090309618515426_n

● လက်ပံတန်း ကျောင်းသားသပိတ်အပါအဝင် အမျိုးသားပညာရေး
ဥပဒေအား ကန့်ကွက်ဆန္ဒပြသူများကို အကြမ်းဖက်ဖြိုခွင်းခဲ့ခြင်းနှင့်
ပတ်သက်၍ ၈၈မျိုးဆက်( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)
မှ ထုတ်ပြန်ကြေညာချက် ●
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
စာအမှတ် ။ ။ ၆/ ၂၀၁၅ (၈၈)
ရက်စွဲ ။ ။ ၂ဝ၁၅ ခုနှစ်၊ မတ်လ၊ ၁ဝ ရက် ၊
၁၃၇၆ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက်။

■ ယနေ့ဖြစ်ပွားခဲ့သော လက်ပံတန်းအပါအဝင် ကျောင်းသားသပိတ်
များကို ကိုင်တွယ်ဖြေရှင်းရာ၌ အကြမ်းဖက် ရိုက်နှက် ဖမ်းဆီးခြင်း၊
ဖမ်းဆီးခံထားရသူများအား ထပ်မံအကြမ်းဖက်ရိုက်နှက် ကန်ကြောက်ခြင်း၊
လူနာတင်ယာဉ်အပါအဝင် မော်တော်ယာဉ်များကို အညိုးထား
ဖျက်ဆီးခြင်းစသည့် တရားလက်လွတ်ဖြိုခွဲမှုများကိုတွေ့ရသည်။

■ ထိုသို့ အကြမ်းဖက်ဖြိုခွင်းမှုမှန်သမျှ ကျွန်ုပ်တို့ အပြင်းအထန်ကန့်ကွက်
ရှုံ့ချ သည်။ ထို့အပြင်ငြိမ်းချမ်းစွာသပိတ်မှောက် ဆန္ဒထုတ်ဖေါ်မှုများတွင်
ဖမ်းဆီးခံရသူများအား အမြန်ဆုံးပြန်လွှတ်ပေးရန် အလေးအနက်
တောင်းဆိုလိုက်သည်။

– ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)

Students  want blockages removed by Mar 10 @ 10am, warning that ‘consequence will be responsible of the govt.’ See Bakatha’s -ABFSU statement enclosed: ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် မှ ဦးဆောင်ချီတက်နေသော ဒီမိုကရေစီ ပညာရေး သပိတ်စစ်ကြောင်း (ပင်မ) အရေးပေါ်အသိပေး ကြေညာချက် ။ နေ့စွဲ ။ ။ ၂၀၁၅ ခု ၊ မတ်လ (၈) ရက် ၊ တနင်္ဂနွေနေ့။ 20521_10152847370758198_4308165953640208438_n

၁။ ၂၀၁၅ ခု ဇန်နဝါရီလ (၂၀)ရက် နေ့တွင် မန္တလေးမြို့ မှ ရန်ကုန်မြို့ သို့ ဦးတည်၍ စတင်ချီတက်လာခဲ့သော ဒီမိုကရေစီ ပညာရေး သပိတ်စစ်ကြောင်း(ပင်မ)သည် လက်ပံတန်းမြို့သို့ (၁၇-၂-၁၅)နေ့တွင် ရောက်ရှိခဲ့ပါသည်။ ထိုအချိန်တွင် ကျင်းပ နေသော အခြေခံပညာကျောင်းများ၏စာမေးပွဲရက်များကို အနှောင့်အယှက်မဖြစ်စေရန် အလေးအနက်ထား ရည်ရွယ်ပြီး သပိတ် စစ်ကြောင်း ဆက်လက်ချီတက်ခြင်းကို (၁၀)ရက် ကြာမြင့် စွာ ရပ်တန့်ပေးခဲ့ပါသည်။ ၂။ (၂-၃-၁၅)နေ့ နံနက်(၉)နာရီ တွင် ပြန်လည်စတင်ချီတက်၍ ရန်ကုန်မြို့သို့ စောလျင်စွာ ရောက်ရှိနိုင်ရန် စီစဉ်ခဲ့သော် လည်း ပဲခူးတိုင်း နယ်/လုံ ဝန်ကြီးမှ ဆွေးနွေးလိုသည်ဟု အကြောင်းပြ တားဆီးခဲ့ပြီး ဆွေးနွေးမှု မအောင်မြင်ခဲ့ပါ။ ထိုနောက် (၃-၃-၁၅)နေ့၊ နံနက်(၉)နာရီ တွင် ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်း သည် လက်ပံတန်းမြို့မှ ဆက်လက် ချီတက်ရာ လက်ပံတန်းမြို့ ကျွန်းကလေးလမ်းဆုံတွင် ရဲတပ်ဖွဲ့မှလုံခြုံရေး အင်အားအလုံးအရင်းဖြင့် ပိတ်ဆို့တားဆီးမှု ကြောင့် ဆက်လက် ချီတက်နိုင်ခြင်း မရှိပဲ ယနေ့ (၈-၃-၁၅)နေ့ အထိ ရက်သတ္တပတ်ကြာမြင့်နေပြီ ဖြစ်ပါသည်။ ၃။ ထို့သို့ ပိတ်ဆို့ တားဆီး ထားချိန် ကာလ အတွင်း ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်း မှာ ရန်ကုန်မြို့သို့ အချိန်အတို အတွင်း ရောက်စေရန်အတွက်အချက်(၈)ချက်ဖြင့် တောင်းဆိုဆွေးနွေးခဲ့သော်လည်း ယနေ့တိုင်ပြေလည်ခြင်း မရှိသေးပါ။ ၄။ ယခုအခါ တက္ကသိုလ်ဝင်တန်း စာမေးပွဲများသည်(၁၁-၃-၁၅)နေ့တွင် စတင်ကျင်းပတော့မည် ဖြစ်သဖြင့် စာမေးပွဲ ဖြေဆို ကြမည့် ကျောင်းသား ညီငယ်/ညီမငယ်များ အပေါ် တစုံတရာ ထိခိုက်နစ်နာမှုများ ၊ ကျောင်းသားမိဘပြည်သူများ၏ စိုးရိမ် ပူပန်နေမှုများ၊ သံဃာတော်အရှင်သူမြတ်များလည်း စိတ်နှလုံးမချမ်းမြေ့နေသည်များ ကြုံတွေ့နေရသည်ကို ပိတ်ဆို့ တားဆီးခံနေရသော သပိတ်မှောက် ကျောင်းသား/သူများမှ လုံးဝ (လုံးဝ) မလိုလားပါ၍ တောင်းဆိုထားသော အချက်(၈) ချက်နှင့် အညီ ရန်ကုန်သို့ မော်တော်ယာဉ်များဖြင့် အချိန်တိုအတွင်း သွားရောက်လိုသည့် ဆန္ဒပြင်းပြနေပါသည်။ ၅။ သို့ပါ၍ တက္ကသိုလ်ဝင်တန်းစာမေးပွဲများ စတင် မကျင်းပမီ(၁၀-၃-၁၅) နေ့ ၊ နံနက် (၁၀း၀၀)နာရီ နောက်ဆုံးထားပြီး လက်ရှိ ပိတ်ဆို့ထားရှိမှုနှင့် အခြေအနေ အကျပ်အတည်းများကို အစိုးရ တာဝန်ရှိသူများ အနေဖြင့် ဖြေရှင်းပေးရန် အလေး အနက် ထား ကြေညာအပ်ပါသည်။ ၆။ အထက်ပါ (၁၀-၃-၁၅)နေ့ နံနက်(၁၀း၀၀)နာရီ နောက်ဆုံးထား၍ အစိုးရအနေဖြင့် အလေးအနက်ထား ဖြေရှင်းပေးခြင်း မရှိပါက နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သော အကျိုးဆက် ပြဿနာ အရပ်ရပ်သည် အစိုးရ၏ တာဝန်သာ ဖြစ်ပါကြောင်း အရေးပေါ် ထုတ်ပြန်ကြေညာအပ်ပါသည်။ ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်း (ပင်မ) ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ခေတ္တ – လက်ပံတန်းမြို့။ S Y C B မှ ထုတ်ပြန်သော ကြေညာချက် ။ S Y C B မှ ထုတ်ပြန်သော ကြေညာချက် ။ NLD 10/3/မနက်ဖန် ၁၀ နာရီ တနိုင်ငံလုံးက ဒီချုပ်အဖွဲ့ဝင်များအားလုံး ဆန္ဒပြကြရန် အချက်ပေးပြီ။ – ဒေါ်အောင်ဆန်းစုကြည်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များအားလုံးအနေနဲ့ မနက်ဖန် ၁၀ ရက်နေ့ ၃ လပိုင်းတွင် ကျောင်းသားများနှင့် ပူးပေါင်းတိုက်ပွဲဝင်ပြီး စစ်အာဏာရှင်ကို ဖြုတ်ချရန် အချက်ပေးလိုက်ပြီ ဖြစ်ပါသည်။ nld dassk

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s