Skip to content

!! #ကျောင်းသားတွေကို #Hijack လုပ်ပြီး လွှတ်တော်ကို #Challenge လုပ်လိုက်တဲ့ #NNER

March 5, 2015

Quote:
ကျောင်းသားတွေကို Hijack လုပ်ပြီး လွှတ်တော်ကို Challenge လုပ်လိုက်တဲ့ NNER

Answer:
ဖေ့စ်ဘွတ်ခ်မှာ ပြောချင်ရာပြောတဲ့သူတွေ၊ သတင်းစာထဲ စာဝင်ရေးလောက်တဲ့ အဆင့်ရှိသူတွေဆီကနေ ဒီလို ကောက်ချက်မျိုးကို ကြားရတာ မဆန်းပေမယ့် သမ္မတ အကြံပေးတစ်ယောက်ဆီကနေ ကြားရတာကတော့ စိတ်မကောင်းစရာပါ… အင်းပေါ့လေ… စစ်တပ်ထွက်ဆိုတော့လည်း ဒီလောက်ပဲ လာမှာပေါ့…

Quote:
NNER ရဲ့ မတ်လ ၄ ရက်နေ့ ကြေညာချက် ထွက်လာတာ တွေ့ရှိရပါတယ်။ စိတ်မကောင်းဖွယ်ရာ ဆုံးဖြတ်ချက် တစ်ရပ် လို့ပဲ ဆိုပါရစေ။ ဥပဒေပြင်ဆင်ရေးလုပ်ငန်းစဉ်ကို ကောင်းစွာ ဆောင်ရွက်နေတဲ့ ဥပဒေပြုလွှတ်တော်ရဲ့ အခန်းကဏ္ဍကို မျက်ကွယ် ပြုလိုက်ခြင်းဟာ ဘယ်သူမှ အကျိုးဖြစ်ထွန်းမှု မရှိတဲ့ လမ်းကြောင်းကို ရွေးချယ်လိုက်တာလို့ ဆိုနိုင်ပါတယ်။

Answer:
ကဲ… ဒီစကားမျိုး ဘယ်တုန်းက ကြားဖူးပါလိမ့်… မှတ်မိပြီ အမျိုးသား ညီလာခံကို နိုင်ငံရေးပါတီတွေက သပိတ်မှောက်တုန်းကပေါ့… သူတို့မပါဘဲ ငါတို့သဘောနဲ့ငါတို့ ရေးကြမယ်ဆိုပြီး ရေးလိုက်ကြတာ အခုတော့ နိုင်ငံတကာမှာ ဟာသဖြစ်စရာ စစ်သာ ၂၅ ရာနှုန်း အချောင်ဝင်ထိုင်နေတဲ့ နိုင်ငံရေစနစ်ကြီးကို ရတာပေါ့… လွှတ်တော်ကြီးကသာ အမှန်တကယ် ရိုးသားရင် ညှိနှိုင်းဆောင်ရွက်ဖို့ စဉ်းစားမှာပါ…

Quote:
ဒါဟာ NNER အနေနဲ့ ကျောင်းသားအစစ်တွေကို ဓါးစာခံပြပြီး လွှတ်တော်ကို Challenge လုပ်လိုက်တဲ့ သဘော ဖြစ်ပါတယ်။ ဒီမိုကရေစီပညာရေးကို ဒီမိုကရေစီနည်းနဲ့ ပြင်ဆင်ရမယ့်အစား တော်လှန်ရေးနဲ့ ပြင်ချင်တဲ့သဘောပါပဲ။ ဒီလိုပဲ နားလည်မိပါတယ်။

Answer:
တော်တော်အားနည်းတဲ့ နားလည်မှုတစ်ရပ်ပါပဲ… ကောင်းကောင်းမွန်မွန် အကြောင်းပြချက်နဲ့ မတက်ဘူးလို့ ပြောတာကို စိန်ခေါ်တယ်လို့ ပြောတာကိုက ကြီးကျယ်တဲ့ စကားအမှားကြီး ဖြစ်သလို ကျောင်းသားတွေကို ဓားစာခံလုပ်တယ်ဆိုတာကလည်း မယုံကြည်နိုင်ဖွယ်ရ အခြေအမြစ် မရှိတဲ့ စွပ်စွဲချက်ကြီးပါပဲ… သပိတ်မှောက်တာ၊ ကန့်ကွက်တာ ကိုယ်တိုင်ကိုက ဒီမိုကရေစီစနစ်တွေမှာ တရားဝင်အသုံးပြုကြတဲ့ ဆန္ဒထုတ်ဖော်နည်းတွေဆိုတာကိုလည်း သတိချပ်စေချင်ပါတယ်… နောက်ပြီး အေးအေးချမ်းချမ်း ဆန္ဒပြနေတဲ့ ကျောင်းသားတွေကို ရဲနဲ့ သွားခြိမ်းခြောက်တာကလည်း ဘာသဘောပါလဲ…

Quote:
ဗကသ ၆ ယောက် ကြားနာပွဲ မတက်တာ နားလည်လို့ ရပါတယ်။ လွှတ်တော်မှာ ရှင်းလင်းနိုင်ဖို့ ပညာရေးဆိုင်ရာ ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံတွေ အများကြီး လိုပါတယ်။ ဒီအပေါ်မှာ ယုံကြည်မှု ရှိရှိ ဆွေးနွေးနိုင်ဖို့၊ လွှတ်တော်ကိုယ်စားလှယ်တွေ လက်ခံလာအောင် ရှင်းလင်းနိုင်ဖို့ လိုအပ်ချက် တွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒါကြောင့် သူတို့ မတက်ဘူး ဆိုတာကို လက်ခံနိုင်ပါတယ်။
ဒါပေမယ့် NNER မှာ ပညာရေးနယ်ပယ်က ကျွမ်းကျင်သူတွေ ပါဝင်နေပါတယ်။ ဒီပုဂ္ဂိုလ်တွေက လက်ရှိ ပြင်ဆင်ချက်ကို စတင်ရေးဆွဲခဲ့သူတွေ ဖြစ်ပါတယ်။ ကိုယ်ရေးထားတဲ့ ပြင်ဆင်ချက်တွေ ဘာကြောင့် ဘယ်လို ဆိုတာက ဥပဒေပြုပေးမယ့် လွှတ်တော်ကို မဖြစ်မနေ ရှင်းကို ရှင်းရမှာ ဖြစ်ပါတယ်။

Answer:
NNER က ပြင်ဆင်ဥပဒေကြမ်းကို တင်ပြရာမှာ အသုံးပြုခဲ့တဲ့ presentation slide တွေကို အဲဒီအစည်းအဝေးမှာ ပါဝင်ခဲ့ပြီး လဒကြီး မိုင်သလို ဘာမှ ဝင်မပြောခဲ့တဲ့ ပညာရေးဝန်ကြီးဌာနက နလပြိန်းတုန်းတွေဆီကနေ တောင်းယူကြည့်ရှုနိုင်ပါတယ်… NNER အနေနဲ့ သူ့ကို ထောက်ခံတဲ့ ကျောင်းသားတွေ ဒီမိုကရေစီနည်း ကင်းမဲ့စွာ အနှိပ်ကွပ် ခံနေရချိန်မှာ အခန့်သားနဲ့ လွှတ်တော်ထဲ ဝင်မဆွေးနွေးနိုင်တာကို ခေါင်းကောင်းသူတိုင်း နားလည်နိုင်ပါတယ်…

Quote:
NNER ဘယ်လို ဖြစ်ပေါ်လာတယ် ဆိုတာ ပြန်ကြည့်ရင် –
(၁) ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးအတွက် CSO တစ်ရပ်အနေနဲ့ စုစည်းခဲ့တယ်။
(၂) တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ပညာရေးပြုပြင်ပြောင်းလဲမှု ဆွေးနွေးပွဲတွေ လုပ်ခဲ့တယ်။
(၃) အစိုးရက ပြုလုပ်တဲ့ ပညာရေးပြုပြင်ပြောင်းလဲမှု အစည်းအဝေးတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့တယ်။ လွှတ်တော်ကော်မတီတွေနဲ့ တွေ့ဆုံခဲ့တယ်။အမျိုးသားပညာရေးမူဝါဒ (မူကြမ်း)ကို ပြည်သူ့လွှတ်တော်ကို တင်သွင်းခဲ့တယ်။
(၄) အစိုးရက ဖွဲ့စည်းပေးထားတဲ့ “လက်တွေ့ကျသောပညာရေးမြှင့်တင်မှုအကောင်အထည် ဖော်ရေးကော်မတီ” က မူကြမ်းတစ်ခု ထွက်ခဲ့တယ်။ လွှတ်တော်ပညာရေးကော်မတီက မူကြမ်းတစ်ခုထွက်ခဲ့တယ်။ (မူကြမ်း ၃ ခု ဖြစ်နေတယ်)
(၅) တစ်ခုတည်းသော မူကြမ်း ဖြစ်လာစေဖို့ အားလုံးပါဝင်တဲ့ ပညာရေးမျက်နှာစုံညီအစည်းအဝေး တစ်ရပ် ပြုလုပ်ဖို့ သဘောတူညီခဲ့တယ်။
(၆) ဒါပေမယ့် အဲဒီမျက်နှာစုံညီအစည်းအဝေးကို တက်ရောက်ဖို့ ဖိတ်ကြားခြင်း မခံရဘဲ လျစ်လျူရှုခြင်း ခံခဲ့ရတယ်။ (နေပြည်တော် သွားဖို့ ကားတွေ၊ လူတွေ စီစဉ်ပြီးကာမှ ငြင်းပယ်ခြင်း ခံခဲ့ရတဲ့အပေါ်မှာ မခံမရပ်နိုင် ဖြစ်ခဲ့ရတယ်)
(၇) ဒီအချိန်မှာပဲ အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ဖို့ NNER အစည်းအဝေးက ဆုံးဖြတ်ခဲ့ပါတယ်။ ကျောင်းသားတွေက ဥပဒေ ဘာ-ဘယ်လို ဆိုတာ အဲဒီအချိန်မှာ ကောင်းကောင်း သိနိုင်ခဲ့တာ မဟုတ်ပါဘူး။ (ရှင်းရှင်းလင်းလင်း ဖြစ်အောင် ထပ်မံ အသိပေးလိုတာက ဒီအစည်းအဝေးကို NNER မတက်ဖို့ ဆုံးဖြတ်ခဲ့တာ ပညာရေးဝန်ကြီးဌာန မဟုတ်ဘူး ဆိုတာပါပဲ။)
(၈) လွှတ်တော်က အတည်ပြုလိုက်တဲ့ အမျိုးသားပညာရေးဥပဒေကြမ်းနဲ့ပတ်သက်ပြီး NNER ရဲ့ ဆန့်ကျင်မှုသဘောထားအမြင်တွေကို ပြည်နယ်-တိုင်းဒေသကြီးအချို့မှာ ရှိတဲ့ ကျောင်းသား သမဂ္ဂတွေ၊ ဆရာ သမဂ္ဂတွေကို လိုက်လံ ရှင်းလင်းခဲ့ပါတယ်။ (အားလုံးက ဆန့်ကျင်လာအောင် စည်းရုံးတဲ့ ခရီးစဉ်တွေပါပဲ)
(၉) အဲဒီက စလို့ ဗကသရဲ့ ဆန္ဒပြမှု ဖြစ်ပေါ်လာခဲ့ပါတယ်။ (ဆန္ဒပြကျောင်းသားတွေအနေနဲ့ NNER က ကန့်ကွက်လို့သာ ဆန္ဒပြခဲ့ရတာ ဖြစ်ပြီး သေသေချာချာ သိရှိမထားဘူး ဆိုတာ လက်ပံတန်းမှာ အခြေပြုနေတဲ့ ပင်မ လမ်းလျှောက်စစ်ကြောင်းဆီကို NNER ပညာရှင်တွေ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ သွားရောက်ပြီး ပြင်ဆင်သည့်ဥပဒေကြမ်းအကြောင်း အသေးစိတ် ရှင်းလင်းခဲ့ရတာက သက်သေပါပဲ။ အဲဒီအချိန်အထိ ဆန္ဒပြကျောင်းသားတွေ ကောင်းကောင်း မသိသေးတဲ့ အနေအထားဆိုတာ တွေ့နိုင်ပါတယ်။)

Answer:
စစ်အစိုးရခေတ်က အကွက်ဆင်ရေးသားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကို ဖတ်လိုက်ရသလိုပါပဲ… (ပညာရေး ယိုယွင်းမှုကြောင့်) တစ်ကြိမ်မှာ စာကြောင်း ၅ ကြောင်းထက်ပိုပြီး process မလုပ်နိုင်တဲ့သူတွေ ပေါများတဲ့ တိုင်းပြည်မှာတော့ ဒီနည်းက အလုပ်ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်… ဒါပေမယ့် စာဖတ်အားကောင်းသူတစ်ယောက်ကတော့ ဒီလို သဘောပေါက်ပါလိမ့်မယ်…

၁။ NNER က ဒီမိုကရေစီနည်းလမ်းအတိုင်း အဆိုပြုလွှာကို လွှတ်တော်မှာ တင်သွင်းခဲ့တယ်… NNER ရဲ့ ဦးဆောင်မှုကို မခံယူချင်လို့ မဖောင်း ဖောင်းပွအောင် အဖွဲ့တွေထပ်ဖွဲ့ မူတွေ ထပ်ထုတ်ခဲ့တယ်… (ဒီမှာ ဘယ်သူ့မူက မူလမူလည်းဆိုတာ သဘောပေါက်မှာပါ…) နောက်ပြီး NNER ကို ပထုတ်လိုက်တယ်…

၂။ NNER က ပညာရေးနဲ့ တကယ်သက်ဆိုင်တဲ့သူတွေဆီကို လိုက်လံရှင်းလင်းခဲ့တယ်… ဒါဟာ အင်မတန် ဒီမိုကရေစီကျတဲ့ လုပ်ထုံးလုပ်နည်းပါပဲ… NNER ရဲ့အဆိုကို ကျောင်းသားတွေ ဆရာတွေက ထောက်ခံတယ်…

၃။ ကျောင်းသားတွေက သူတို့ဆုံးဖြတ်ချက်နဲ့သူတို့ သပိတ်မှောက်တယ်… ကျောင်းသားတွေက NNER အပေါ် ယုံကြည်တယ်… NNER က ကျောင်းသားတွေ တောင်းဆိုတဲ့ အချက်တွေ ပါဝင်တဲ့ ဥပဒေကြမ်းကို ရေးပေးတယ်… ကျောင်းသားတွေနဲ့ NNER လက်ဝါးခြင်း ရိုက်မထားဘူးဆိုတာ NNER က ကျောင်းသားတွေကို သွားရှင်းပြရတယ်ဆိုတဲ့ အချက်မှာ ပေါ်လွင်တယ်…

Quote:
ဒါကြောင့် ဒီပြဿနာတွေ စတင်ဖြစ်ပေါ်လာခဲ့ရခြင်းမှာ NNER ရဲ့ အခန်းကဏ္ဍ ကြီးကြီးမားမား ပါဝင်ခဲ့တာ ထင်ရှားပါတယ်။ အခုအချိန်မှာ ကိုယ်စခဲ့တဲ့ ဇာတ်လမ်း ကိုယ်ပြန်ပြီးသိမ်းနိုင်ဖို့ လွှတ်တော်မှာ မဖြစ်မနေ ဆွေးနွေးရမှာပဲ ဖြစ်ပါတယ်။ CSO တစ်ခုကို ဒီလောက်အထိ အခွင့် အရေးပေးနေတာဟာ မသိနားမလည်တဲ့ အစစ်အမှန် ကျောင်းသားတွေကို မထိခိုက်စေချင်တာရယ်၊ ပညာရေးဥပဒေပြင်ဆင်ဖို့ လိုတယ်ဆိုရင် ပြင်ဆင်ဖို့ အသင့်ရှိနေတယ် ဆိုတာရယ် ဒါတွေကြောင့်ပဲ ဖြစ်ပါတယ်။

Answer:
မြတ်စွာဘုရားက ဟောဖူးတယ်… စားဝတ်နေရေး မပြေလည်လို့ ရာဇဝတ်မှု ကျူးလွန်တာကို ရက်စက်တဲ့ အဖြစ်ပေးမှုတွေနဲ့ မတုန့်ပြန်သင့်တဲ့… စားဝတ်နေရေး ပြေလည်အောင် ဖြေရှင်းပေးခြင်းရမည်တဲ့… ပြဿနာအစက NNER လား… အစိုးရရဲ့ မရိုးသားတဲ့ လုပ်ဆောင်ချက်လား… လက်ရှိ ဥပဒေတွေထုတ်ဖို့ CSO တွေဆီက အကူအညီတွေ ယူနေရတာတွေ အများကြီးပါ… NNER ကိုတော့ လက်တွေ့နဲ့ နီးစပ်နေတဲ့အတွက် ကြောက်တယ်… ဒါနဲ့ နိုင်ရာလူနဲ့ အစားထိုးလိုက်တယ်…

Quote:
သို့သော် လွှတ်တော်နဲ့ မဆွေးနွေးဘူး ဆိုတဲ့ ကြေညာချက် ထုတ်လာတဲ့အချိန်မှာ မေးစရာ ရှိတာက NNER အနေနဲ့ –
(၁) လွှတ်တော်မှာ ခိုင်ခိုင်မာမာ ရှင်းလင်းဖို့ အထောက်အထားတွေ မရှိလို့လား၊ မိမိတို့ရဲ့ ပြင်ဆင်ချက်တွေဟာ မဖြစ်မနေ လိုအပ်ချက်တွေ ဖြစ်တယ် ဆိုတာကို အားလုံး လက်ခံနိုင်အောင် ရှင်းပြနိုင်မယ် လို့ ယုံကြည်ချက် မရှိလို့လား။
(၂) ပြေလည်ရေးလမ်းကြောင်းကို သွားချင်နေတဲ့ ကျောင်းသားတွေ နောက်မဆုတ်နိုင်အောင် ထိပ်တိုက်ဆန့်ကျင်ရေးသွားနေတဲ့ ဗကသတွေဘက်က ရပ်တည်ပြီး သံပတ် တင်းပေးလိုက်တာလား၊
(၃) အမျိုးသား ပညာရေးဥပဒေကို ပြင်ချင်တာလား၊ ဒါမဟုတ် ပဋိပက္ခတွေ မပြီးပြတ်ဘဲ ဆက်လက် တောက်လောင်စေချင်တာလား စဉ်းစားဖို့ လိုပါတယ်။

Answer:

၁။ ယုံကြည်လို့ပဲ ရန်ကုန်တိုင်း လွှတ်တော်မှာ မီဒီယာတွေကို ရှေ့ထားပြီး ပေါ်တင်ဆွေးနွေးခဲ့တာပေါ့…
၂။ ဗကသတွေရော NNER ပါ လိုအပ်သလို ညှိနိုင်းလိုတဲ့ သဘောထားရှိတယ်ဆိုတာ သူတို့ပြောတာဆိုတာ၊ လုပ်တာကိုင်တာတွေကို မြင်ဖူးကြားဖူးသူတိုင်း သိပါတယ်… အခု လွှတ်တော် မသွားတာတောင်မှ တော်တော်ယဉ်ယဉ်ကျေးကျေးလေး အသိပေးပြီးမှ မသွားတာပါ… အများကို ကိုယ်စားမပြုတဲ့ အစိုးရ သြဇာခံ ဘုန်းကြီးတွေကို အသုံးချပြီး ဥပဒေကို လိုရာလုပ်ချင်တာ အစိုးရပါ…
၃။ လက်ပံတန်းမှာ ရဲတွေ အကြမ်းသွားမဖက်ရင် ပဋိပက္ခတွေ ဆက်ဖြစ်စရာ မရှိပါ…

Quote:
ဥပဒေပြင်ဆင်ချင်တယ် ဆိုရင်တော့ လွှတ်တော်ကို သွားရမှာပါပဲ။ လွှတ်တော်ကို မသွားဘူး ဆိုတော့ကာ NNER ဘာလိုချင်နေတာလဲ။ ဘာဖြစ်စေချင်နေတာလဲ အားလုံးက စဉ်းစားဖို့ လိုအပ်လာပြီ ဖြစ်ပါတယ်။
တရားခံလား၊ အဖြေလား

Answer:
အစိုးရရဲ့ တာဝန်သိတဲ့ လုပ်ဆောင်ချက်ကို လိုချင်တာပါ

Quote:
လက်ရှိ ဆန္ဒပြမှုတွေရဲ့ ဖြေရှင်းချက်ဟာ လွှတ်တော်၊ အစိုးရ၊ ကျောင်းသား၊ NNER၊ သံဃာတော်များ၊ နိုင်ငံရေးပါတီများ အားလုံး သဘောတူ လက်ခံနိုင်တဲ့ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်သည့်ဥပဒေ ထွက်ပေါ်လာဖို့ပဲ ဖြစ်ပါတယ်။ ဒီလို ပြင်ဆင်နိုင်ဖို့ဆိုရင် လက်ရှိ လွှတ်တော်က ခင်းထားတဲ့ ကြားနာပွဲများမှတစ်ဆင့် လျှောက်လှမ်းရမှာပဲ ဖြစ်ပါတယ်။ ကြားနာပွဲတွေ အားလုံးပြီးဆုံးသွားရင် လွှတ်တော်မှာ ဆွေးနွေးဆုံးဖြတ်ဖို့ပဲ ရှိပါတော့တယ်။ ဒါဟာ လက်ရှိ ပြဿနာတွေရဲ့ အဖြေပါပဲ။

Answer:
လွှတ်တော်အမတ်တွေကို ပါတီကနေ နောက်ကွယ်က ဖိအားပေးပြီး ကြိုးကိုင်မထားရင်၊ အစိုးရက သမာသမတ်ရှိရှိ လွှတ်တော်ကို တင်ပြရင် လွှတ်တော်ရဲ့ အဆုံးအဖြတ်က သမာသမတ် ရှိမှာပါ… အခုအခြေအနေမှာကတော့ လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို အမှောင်ဖုံးဖို့ ကြိုးပမ်းချက်တွေ ရှိနေတယ်လို့ ထင်ပါတယ်…

Quote:
NNER အနေနဲ့ အဖြေထွက်အောင် လုပ်ရမှာပဲ။ ပြဿနာတက်အောင် လုပ်တဲ့အဆင့်မှာပဲ ကျောက်ချထားလို့ မရပါဘူး ဆိုတာကိုပဲ အလေးအနက်ထားပြီး တိုက်တွန်းချင်ပါတယ်။

Answer:
NNER က အဖြေထွက်အောင် လုပ်ပေးမှာပါ… ဒါပေမယ့် ဓားစာခံလုပ်တာကိုတော့ လက်ခံမှာ မဟုတ်ပါဘူး…

Credit Sandha aun

#####

HMUU ZAW POST

10369874_769074273189663_7670768518502523118_n11038248_769074269856330_5639106963037229999_n13153_769085539855203_2010146714415063674_n11037346_769086536521770_8457492779800395517_n

ကျောင်းသားတွေကို Hijack လုပ်ပြီး လွှတ်တော်ကို Challenge လုပ်လိုက်တဲ့ NNER
NNER ရဲ့ မတ်လ ၄ ရက်နေ့ ကြေညာချက် ထွက်လာတာ တွေ့ရှိရပါတယ်။ စိတ်မကောင်းဖွယ်ရာ ဆုံးဖြတ်ချက် တစ်ရပ် လို့ပဲ ဆိုပါရစေ။ ဥပဒေပြင်ဆင်ရေးလုပ်ငန်းစဉ်ကို ကောင်းစွာ ဆောင်ရွက်နေတဲ့ ဥပဒေပြုလွှတ်တော်ရဲ့ အခန်းကဏ္ဍကို မျက်ကွယ် ပြုလိုက်ခြင်းဟာ ဘယ်သူမှ အကျိုးဖြစ်ထွန်းမှု မရှိတဲ့ လမ်းကြောင်းကို ရွေးချယ်လိုက်တာလို့ ဆိုနိုင်ပါတယ်။
ဒါဟာ NNER အနေနဲ့ ကျောင်းသားအစစ်တွေကို ဓါးစာခံပြပြီး လွှတ်တော်ကို Challenge လုပ်လိုက်တဲ့ သဘော ဖြစ်ပါတယ်။ ဒီမိုကရေစီပညာရေးကို ဒီမိုကရေစီနည်းနဲ့ ပြင်ဆင်ရမယ့်အစား တော်လှန်ရေးနဲ့ ပြင်ချင်တဲ့သဘောပါပဲ။ ဒီလိုပဲ နားလည်မိပါတယ်။
ဗကသ ၆ ယောက် ကြားနာပွဲ မတက်တာ နားလည်လို့ ရပါတယ်။ လွှတ်တော်မှာ ရှင်းလင်းနိုင်ဖို့ ပညာရေးဆိုင်ရာ ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံတွေ အများကြီး လိုပါတယ်။ ဒီအပေါ်မှာ ယုံကြည်မှု ရှိရှိ ဆွေးနွေးနိုင်ဖို့၊ လွှတ်တော်ကိုယ်စားလှယ်တွေ လက်ခံလာအောင် ရှင်းလင်းနိုင်ဖို့ လိုအပ်ချက် တွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒါကြောင့် သူတို့ မတက်ဘူး ဆိုတာကို လက်ခံနိုင်ပါတယ်။
မတ်လ ၅ ရက်နေ့ အမျိုးသားလွှတ်တော်ကို တက်ရောက်လာခဲ့တဲ့ ကျောင်းသား ၁၀ ဦး ဆွေးနွေးမှု မပြီးပြတ်ဘဲ ပြန်ထွက်သွားတယ် ဆိုတာကလည်း အတူတူပါပဲ။ ဥပဒေရေးရာ၊ ပညာရေးဆိုင်ရာ ဘယ်လောက်အထိ ဆွေးနွေးနိုင်မှာတဲ့လဲ။ ခိုင်ခိုင်မာမာ မဆွေးနွေးနိုင်မယ့် အတူတူ ရှောင်လွှဲပြီး လက်ညိုးထိုးတာက ပိုကောင်းသလို ဖြစ်နေနိုင်ပါတယ်။ ပြီးတော့ လွှတ်တော်ကို တင်သွင်းထားတဲ့ ဥပဒေပြင်ဆင်ချက်က ဒေါက်တာသိန်းလွင်တို့ ရေးဆွဲထားတာသာ ဖြစ်ပြီး ကျောင်းသားတွေက ဆန္ဒပြပေးရုံပဲ လုပ်ခဲ့ကြတာ မဟုတ်လား။
ဒါပေမယ့် NNER မှာ ပညာရေးနယ်ပယ်က ကျွမ်းကျင်သူတွေ ပါဝင်နေပါတယ်။ ဒီပုဂ္ဂိုလ်တွေက လက်ရှိ ပြင်ဆင်ချက်ကို စတင်ရေးဆွဲခဲ့သူတွေ ဖြစ်ပါတယ်။ ကိုယ်ရေးထားတဲ့ ပြင်ဆင်ချက်တွေ ဘာကြောင့် ဘယ်လို ဆိုတာက ဥပဒေပြုပေးမယ့် လွှတ်တော်ကို မဖြစ်မနေ ရှင်းကို ရှင်းရမှာ ဖြစ်ပါတယ်။
NNER ဘယ်လို ဖြစ်ပေါ်လာတယ် ဆိုတာ ပြန်ကြည့်ရင် –
(၁) ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးအတွက် CSO တစ်ရပ်အနေနဲ့ စုစည်းခဲ့တယ်။
(၂) တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ပညာရေးပြုပြင်ပြောင်းလဲမှု ဆွေးနွေးပွဲတွေ လုပ်ခဲ့တယ်။
(၃) အစိုးရက ပြုလုပ်တဲ့ ပညာရေးပြုပြင်ပြောင်းလဲမှု အစည်းအဝေးတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့တယ်။ လွှတ်တော်ကော်မတီတွေနဲ့ တွေ့ဆုံခဲ့တယ်။အမျိုးသားပညာရေးမူဝါဒ (မူကြမ်း)ကို ပြည်သူ့လွှတ်တော်ကို တင်သွင်းခဲ့တယ်။
(၄) အစိုးရက ဖွဲ့စည်းပေးထားတဲ့ “လက်တွေ့ကျသောပညာရေးမြှင့်တင်မှုအကောင်အထည် ဖော်ရေးကော်မတီ” က မူကြမ်းတစ်ခု ထွက်ခဲ့တယ်။ လွှတ်တော်ပညာရေးကော်မတီက မူကြမ်းတစ်ခုထွက်ခဲ့တယ်။ (မူကြမ်း ၃ ခု ဖြစ်နေတယ်)
(၅) တစ်ခုတည်းသော မူကြမ်း ဖြစ်လာစေဖို့ အားလုံးပါဝင်တဲ့ ပညာရေးမျက်နှာစုံညီအစည်းအဝေး တစ်ရပ် ပြုလုပ်ဖို့ သဘောတူညီခဲ့တယ်။
(၆) ဒါပေမယ့် အဲဒီမျက်နှာစုံညီအစည်းအဝေးကို တက်ရောက်ဖို့ ဖိတ်ကြားခြင်း မခံရဘဲ လျစ်လျူရှုခြင်း ခံခဲ့ရတယ်။ (နေပြည်တော် သွားဖို့ ကားတွေ၊ လူတွေ စီစဉ်ပြီးကာမှ ငြင်းပယ်ခြင်း ခံခဲ့ရတဲ့အပေါ်မှာ မခံမရပ်နိုင် ဖြစ်ခဲ့ရတယ်)
(၇) ဒီအချိန်မှာပဲ အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ဖို့ NNER အစည်းအဝေးက ဆုံးဖြတ်ခဲ့ပါတယ်။ ကျောင်းသားတွေက ဥပဒေ ဘာ-ဘယ်လို ဆိုတာ အဲဒီအချိန်မှာ ကောင်းကောင်း သိနိုင်ခဲ့တာ မဟုတ်ပါဘူး။ (ရှင်းရှင်းလင်းလင်း ဖြစ်အောင် ထပ်မံ အသိပေးလိုတာက ဒီအစည်းအဝေးကို NNER မတက်ဖို့ ဆုံးဖြတ်ခဲ့တာ ပညာရေးဝန်ကြီးဌာန မဟုတ်ဘူး ဆိုတာပါပဲ။)
(၈) လွှတ်တော်က အတည်ပြုလိုက်တဲ့ အမျိုးသားပညာရေးဥပဒေကြမ်းနဲ့ပတ်သက်ပြီး NNER ရဲ့ ဆန့်ကျင်မှုသဘောထားအမြင်တွေကို ပြည်နယ်-တိုင်းဒေသကြီးအချို့မှာ ရှိတဲ့ ကျောင်းသား သမဂ္ဂတွေ၊ ဆရာ သမဂ္ဂတွေကို လိုက်လံ ရှင်းလင်းခဲ့ပါတယ်။ (အားလုံးက ဆန့်ကျင်လာအောင် စည်းရုံးတဲ့ ခရီးစဉ်တွေပါပဲ)
(၉) အဲဒီက စလို့ ဗကသရဲ့ ဆန္ဒပြမှု ဖြစ်ပေါ်လာခဲ့ပါတယ်။ (ဆန္ဒပြကျောင်းသားတွေအနေနဲ့ NNER က ကန့်ကွက်လို့သာ ဆန္ဒပြခဲ့ရတာ ဖြစ်ပြီး သေသေချာချာ သိရှိမထားဘူး ဆိုတာ လက်ပံတန်းမှာ အခြေပြုနေတဲ့ ပင်မ လမ်းလျှောက်စစ်ကြောင်းဆီကို NNER ပညာရှင်တွေ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ သွားရောက်ပြီး ပြင်ဆင်သည့်ဥပဒေကြမ်းအကြောင်း အသေးစိတ် ရှင်းလင်းခဲ့ရတာက သက်သေပါပဲ။ အဲဒီအချိန်အထိ ဆန္ဒပြကျောင်းသားတွေ ကောင်းကောင်း မသိသေးတဲ့ အနေအထားဆိုတာ တွေ့နိုင်ပါတယ်။)
ဒါကြောင့် ဒီပြဿနာတွေ စတင်ဖြစ်ပေါ်လာခဲ့ရခြင်းမှာ NNER ရဲ့ အခန်းကဏ္ဍ ကြီးကြီးမားမား ပါဝင်ခဲ့တာ ထင်ရှားပါတယ်။ အခုအချိန်မှာ ကိုယ်စခဲ့တဲ့ ဇာတ်လမ်း ကိုယ်ပြန်ပြီးသိမ်းနိုင်ဖို့ လွှတ်တော်မှာ မဖြစ်မနေ ဆွေးနွေးရမှာပဲ ဖြစ်ပါတယ်။ CSO တစ်ခုကို ဒီလောက်အထိ အခွင့် အရေးပေးနေတာဟာ မသိနားမလည်တဲ့ အစစ်အမှန် ကျောင်းသားတွေကို မထိခိုက်စေချင်တာရယ်၊ ပညာရေးဥပဒေပြင်ဆင်ဖို့ လိုတယ်ဆိုရင် ပြင်ဆင်ဖို့ အသင့်ရှိနေတယ် ဆိုတာရယ် ဒါတွေကြောင့်ပဲ ဖြစ်ပါတယ်။
သို့သော် လွှတ်တော်နဲ့ မဆွေးနွေးဘူး ဆိုတဲ့ ကြေညာချက် ထုတ်လာတဲ့အချိန်မှာ မေးစရာ ရှိတာက NNER အနေနဲ့ –
(၁) လွှတ်တော်မှာ ခိုင်ခိုင်မာမာ ရှင်းလင်းဖို့ အထောက်အထားတွေ မရှိလို့လား၊ မိမိတို့ရဲ့ ပြင်ဆင်ချက်တွေဟာ မဖြစ်မနေ လိုအပ်ချက်တွေ ဖြစ်တယ် ဆိုတာကို အားလုံး လက်ခံနိုင်အောင် ရှင်းပြနိုင်မယ် လို့ ယုံကြည်ချက် မရှိလို့လား။
(၂) ပြေလည်ရေးလမ်းကြောင်းကို သွားချင်နေတဲ့ ကျောင်းသားတွေ နောက်မဆုတ်နိုင်အောင် ထိပ်တိုက်ဆန့်ကျင်ရေးသွားနေတဲ့ ဗကသတွေဘက်က ရပ်တည်ပြီး သံပတ် တင်းပေးလိုက်တာလား၊
(၃) အမျိုးသား ပညာရေးဥပဒေကို ပြင်ချင်တာလား၊ ဒါမဟုတ် ပဋိပက္ခတွေ မပြီးပြတ်ဘဲ ဆက်လက် တောက်လောင်စေချင်တာလား စဉ်းစားဖို့ လိုပါတယ်။
ဥပဒေပြင်ဆင်ချင်တယ် ဆိုရင်တော့ လွှတ်တော်ကို သွားရမှာပါပဲ။ လွှတ်တော်ကို မသွားဘူး ဆိုတော့ကာ NNER ဘာလိုချင်နေတာလဲ။ ဘာဖြစ်စေချင်နေတာလဲ အားလုံးက စဉ်းစားဖို့ လိုအပ်လာပြီ ဖြစ်ပါတယ်။
တရားခံလား၊ အဖြေလား
လက်ရှိ ဆန္ဒပြမှုတွေရဲ့ ဖြေရှင်းချက်ဟာ လွှတ်တော်၊ အစိုးရ၊ ကျောင်းသား၊ NNER၊ သံဃာတော်များ၊ နိုင်ငံရေးပါတီများ အားလုံး သဘောတူ လက်ခံနိုင်တဲ့ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်သည့်ဥပဒေ ထွက်ပေါ်လာဖို့ပဲ ဖြစ်ပါတယ်။ ဒီလို ပြင်ဆင်နိုင်ဖို့ဆိုရင် လက်ရှိ လွှတ်တော်က ခင်းထားတဲ့ ကြားနာပွဲများမှတစ်ဆင့် လျှောက်လှမ်းရမှာပဲ ဖြစ်ပါတယ်။ ကြားနာပွဲတွေ အားလုံးပြီးဆုံးသွားရင် လွှတ်တော်မှာ ဆွေးနွေးဆုံးဖြတ်ဖို့ပဲ ရှိပါတော့တယ်။ ဒါဟာ လက်ရှိ ပြဿနာတွေရဲ့ အဖြေပါပဲ။
NNER အနေနဲ့ အဖြေထွက်အောင် လုပ်ရမှာပဲ။ ပြဿနာတက်အောင် လုပ်တဲ့အဆင့်မှာပဲ ကျောက်ချထားလို့ မရပါဘူး ဆိုတာကိုပဲ အလေးအနက်ထားပြီး တိုက်တွန်းချင်ပါတယ်။
ကိုးကား
(၁) NNER ၏ ၂၀၁၅ ခုနှစ် မတ်လ ၄ ရက်နေ့ ကြေညာချက်၊
(၂) ၂၀၁၃ ခုနှစ် မတ်လ ၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ NNER ရဲ့ Contact Person အမည် စာရင်း၊
(၃) ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၁၃ ရက်နေ့ထုတ် “7Day Daily” သတင်းစာပါ ပညာရေးမျက်နှာစုံညီအစည်းအဝေး ကျင်းပပြုလုပ်မည့် သတင်းဖော်ပြချက်၊
(၄) NNER ၏ ၂၀၁၄ ခုနှစ် မတ်လ ၄ ရက်နေ့ ကြေညာချက်။

No comments yet

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: