ရဲလုံခြုံရေး ကားများကို မြို့ တော်ခန်းမအနီးတွေ့ ရစဉ် 4.3.2015.5း15pm
DKBA ကလိုထူးဘော စစ်ဌာနချုပ်
ရက်စွဲ – ၄.၃.၂၀၁၅
အများသိစေရန်ကြေငြာချက်
လက်ရှိ နိုင်ငံတော်တွင် ဖြစ်ပေါ်နေသော ကျောင်းသား၊ အလုပ်သမား၊ လယ်သမားတို့ ၏ တောင်းဆိုဆန္ဒပြမှုများအပေါ် သွေးထွက်သံယိုနည်းလမ်းဖြင့် ဖြေရှင်းခြင်း။ ။
အမျိုးသားပညာရေးဥပဒေကိစ္စနှင့် ပတ်သက်၍ ဆန္ဒဖော်ထုတ်နေကြသော ကျောင်းသားသပိတ် စစ်ကြောင်းများကို တားဆီးပိတ်ပင်နေသော ရဲတပ်ဖွဲ့ များမှ ကျောင်းသားလူငယ်များအား သွေးထွက်သံယိုမှု တစုံတရာ ဖြစ်ပေါ်စေပါက မိမိတို့ တပ်ဖွဲ့ မှလည်း နီးစပ်ရာ အုပ်ချုပ်ရေးမဏ္ဍိုင် အထောက်အကူပြု ပြည်ထဲရေးဝန်ကြီးဌာန လက်အောက် ရဲတပ်ဖွဲ့ စခန်းများအား (မွန်ပြည်နယ်-ကရင်ပြည်နယ်) ၀င်ရောက်တိုက်ခိုက်မှု ပြုလုပ်ပြီး ကျောင်းသားလူငယ်များကိုယ်စား တုန့် ပြန်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိကြစေရန် ကြေငြာအပ်ပါသည်။
ပုံ
ဗိုလ်မှူးကြီးစောဆန်းအောင်
###
ဒုတိယမြောက်နေ့အဖြစ် ကျောင်းသားသပိတ်ထောက်ခံပွဲနှင့် အကြမ်းဖက်နှိမ်နင်းမှုများ ဆန့်ကျင်ရှုံ့ချပွဲကို သိမ်ကြီးဈေးမှ စတင်ပြီး ရန်ကုန်မြို့မှာ ဆန္ဒထုတ်ဖေါ်နေပါပြီ =================== =================== Aye Mya Mya Myo ဖေစ့်ဘွက်မှ ကူးယူဖေါ်ပြပါသည်။ မတ်လ ၄ ရက် ၊ ၂၀၁၅ ခုနှစ်
၎.၃.၂၀၁၅ ညနေ ၄ နာရီခွဲတွင် သိမ်ကြီးဈေး၌ လုံခြုံရေးအင်အားအများအပြားကြားမှ ဒီမိုကရေစီပညာရေးအတွက် သပိတ်မှောက်ကျောင်းသားများအား ထောက်ခံဆန္ဒပြပွဲ ဖြစ်ပေါ်ခဲ့ပါတယ် ဆန္ဒဖော်ထုတ်တဲ့ အဖွဲ့  မြို့ တော်ခမ်းမရှေ့ ရောက်နေပါပြီ။
BREAKING NEWS(JUST NOW) ———————— ဒီမိုကရေစီပညာရေးလှုပ်ရှားမှု(ရန်ကုန်) ။ ။။ ။ ။ ။ ။ ။ ။။ ။။ ။ ။ ။ ။။ ။ ။။ ။ ။ ။ ။ ။ ။ ယနေ့ ညနေ ၄း၃၀ နာရီဝန်းကျင်မှာ ကျောင်းသားသပိတ်ချီတက်မှုကို ထောက်ခံတဲ့ ဆန္ဒပြ ချီတက်မှု တစ်ခုကို ရန်ကုန်မြို့ သိမ်ကြီးဈေး ဂုံးကျော်တံတားပေါ်ကနေစတင်ခဲ့ပါတယ်။ သိမ်ကြီးဈေးကနေ မဟာဗန္ဒုလ လမ်းအတိုင်း ဆက်လက်ချီတက်ကြပါတယ်။ cr. Ko Myat Kyaw