Skip to content

#update #news #ပြည်သူတစ်ဦးအား သေနတ်ဖြင့်ပစ် #မြို့နယ်ပြည်သူ့ရဲမှ #ထွက်ပြေးတိမ်းရှောင်သူ #အရပ်သား

February 26, 2015

Update News
_____________
မြို့နယ်ပြည်သူ့ရဲမှ ထွက်ပြေးတိမ်းရှောင်သူ အရပ်သား
ပြည်သူတစ်ဦးအား သေနတ်ဖြင့်ပစ်
__________________________________________
၂၀၁၅ ခုနှစ်၊ဖေဖော်ဝါရီလ ၂၆ ရက်
ရှမ်းပြည်မြောက်ပိုင်း၊နမ့်ခမ်းမြို့နယ်၌
မြို့နယ်လုံခြုံရေးပြည်သူ့ရဲမှ တဲစုတ်လေးအတွင်းရှိ
အရပ်သားပြည်သူတစ်ဦးအား သေနတ်ဖြင့်ပစ်ခတ်ခြင်း
ကြောင့် အရေးပေါ်နမ့်ခမ်းပြည်သူ့ဆေးရုံသို့ ရောက်ရှိ
နေကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့ ဖေဖော်ဝါရီလ ၂၆ ရက်၊
(၁၁း၃၀)အချိန်တွင် မြို့နယ်ပြည်သူ့ရဲများ လုံခြုံရေး
လှည့်ကင်း လှည့်နေစဉ် ပေါက်နေရပ်ကွက်နယ်၊ဘိန်းခင်းဈေးတည်ရှိရာ အောင်မင်္ဂလာရပ်ကွက်၊ဟိုနမ့်
တဲစုတ်လေးအတွင်း၌ လူတစ်ဦးလဲလျောင်းအိပ်နေသည်ကို မြင်တွေ့ခဲ့ရသည်ဟုဆို
သည်။လုံခြုံရေးများ လာနေသည်ကို တဲစုတ်အတွင်းမှ
မြင်ရသော စိုင်းယီစံ၊အသက်(၃၀)နှစ်ကျော်(ကောင်းဆာ
ရပ်ကွက် နေထိုင်သူ)သည် အစစ်ဆေးမခံဘဲ
ချက်ချင်းထွက်ပြေးခဲ့သည်ဟု သတင်းရပ်ကွက်မှ ပြောပြ
ခဲ့ပါသည်။၎င်း ထွက်ပြေးသည့်အတွက် လှည့်ကင်းရဲ
အဖွဲ့မှ သေနတ်ဖြင့်ချက်ချင်းလှမ်းပစ်ရာ စိုင်းယီစံ၏
လည်ပင်းမေးရိုးကို ရှပ်ထိသွားခဲ့သည်ဟု သိရသည်။
ကုန်းဆာရပ်ကွက်နေ စိုင်းယီစံ၏အကြောင်းအား စုံစမ်းမေးမြန်းကြည့်ရာ ၎င်းသည် အကျင့်
စရိတ္တကောင်းမွန်သူမဟုတ်ကြောင်း၊ဘိန်းစားတစ်ဦး
ဖြစ်ကြောင်းနှင့် အဆိုပါတဲစုတ်လေးအတွင်း၌ နှစ်ရက်
ဆက်သွားအိပ်နေခဲ့သူဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သည့်
အသိုင်းအဝိုင်းများက ပြန်လည်ဖြေကြားခဲ့သည်။၎င်းကို
နမ့်ခမ်းပြည်သူ့ဆေးရုံ၌ ခေါ်ဆောင်ကုသပေးနေကြောင်း၊အသက်အန္တရာယ်စိုးရိမ်ဖွယ်မရှိကြောင်း၊သူ့(စိုင်းယီစံ)
အား ဓာတ်မှန်ခန်းထဲသို့ ဆေးစစ်မှုများပြုလုပ်ပေးနေ
ကြောင်း သိရှိရသည်။ namkam

PHOTARCHIVE

11006427_1578238635749601_8298303201057394824_n

No comments yet

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: