“U.S.A CBS ရုပ်သံအင်တာဗျူး”
=====================
23.2.2015 မနက် 8:30 U.S.A CBS သတင်းဌာနနှင့် ရုပ်သံအင်တာဗျူးပါတယ်။
22.2.2015 ရက်နေ့ တာမွေကျောက်မြောင်းကြီးတရားပွဲမှာ အစအဆုံး ရိုက်ကူးသတင်းယူတဲ့ အဖွဲ့ပါပဲ။
ကင်မရာဆရာအတော်များများနှင့် လူအင်အားသုံးပြီး ရုပ်သံဌာနကြီးတစ်ခုထဲမှာလို ကျကျနန ရိုက်ကူးတာ တွေ့ရပါတယ်။
သမ္မတကြီးဦးသိန်းစိန် ဥက္ကဋ္ဌကြီးဒေါ်အောင်ဆန်းစုကြည်တို့နှင့်လည်း အင်တာဗျူးဖို့ ချိတ်ဆက်ထားပြီးကြောင်း သိရပါတယ်။
ထုံးစံအတိုင်း ၉၆၉ နှင့်ပတ်သက်တာ စာရေးသူနှင့် ပတ်သက်တာတွေ အဓိကမေးပါတယ်။
သတင်းအမှားတွေကို အခြေခံပြီး မေးတာဖြစ်ပါတယ်။
စာရေးသူတရားဟောလို့ပဲ ရခိုင်အရေးအခင်းကြီး ထဖြစ်သလို မေးလာပါတယ်။
ရခိုင်အရေးအခင်းပြီးမှ တရားဟောတာလို့ ပြောလိုက်တော့ မျက်လုံးပြူးသွားပါတယ်။
ရခိုင်အရေးအခင်းမှာလည်း ရခိုင်တွေက တိုက်ခိုက်လို့ ဘင်္ဂါလီတွေ ဒုက္ခသည်စခန်းရောက်ရသလို မေးလာပါတယ်။
8.6.2012 သောကြာနေ့ မောင်တောမြို့ အကြမ်းဖက်တိုက်ခိုက်ခံရမှု ဗီဒီယိုခွေ မှတ်တမ်းခွေ ထိုးပြလိုက်တော့ အံ့သြသွားပါတယ်။
ဘာပြဿနာမှမဖြစ်ပဲ ဒီလိုတိုက်ခိုက်တာလား?
ဒီလိုဘယ်နှစ်ခါဖြစ်ဖူးသလဲ? မေးလာပါတယ်။
ဘာပြဿနာမှမဖြစ်ဘဲ မောင်းတောမြို့ကြီးကို လိုချင်လို့ ဂျီဟဒ်လုပ်တာဖြစ်တဲ့ကြောင်း ၁၉၄၂ ခုနှစ်တုန်းကလည်း ဖြစ်ခဲ့ဖူးကြောင်း၊ အဲဒီတုန်းက ရခိုင် နှစ်သောင်းကျော် အသတ်ခံခဲ့ရကြောင်း၊ ၁၉၄၇ မှာလည်း ဟိန္ဒူတွေကိုသတ်ပြီး အိန္ဒိယပြည်နယ်တွေကို လုယူခဲ့ဖူးကြောင်း၊ ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ထူထောင်နိုင်ခဲ့တာဟာ ဂျီဟဒ်လုပ်နိုင်ခဲ့လို့ဖြစ်ကြောင်း သမိုင်းနှင့်ချီပြီး ဖြေကြားပေးခဲ့ရပါတယ်။
အိုဘားမာ ဒေါ်စုတို့အပေါ်အမြင်နှင့် ယန်ဟီးလီကို ပြောရခြင်းအကြောင်းတွေပါ မေးပါတယ်။
ရိုဟင်ဂျာနှင့် မူဆလင်ရောနေလို့ ခွဲပေးခဲ့ရပါသေးတယ်။
မွတ်ဆလင်ပြည်သူတွေက အဓိကတရားခံမဟုတ်ဘူး။ R.S.O တွေက အဓိကတရားခံ၊ မွတ်ဆလင်ပြည်သူတွေ ကို မလိုလားတာမဟုတ်ဘူး။
R.S.O တွေကို မလိုလားတာ
မွတ်ဆလင်ပြည်သူတွေကို မရှိစေချင်တာမဟုတ်ဘူး
R.S.O တွေကို မရှိစေချင်တာ။
“အဓိကတရားခံ”
============
မွတ်ဆလင်ပြည်သူတွေက အဓိကတရားခံမဟုတ်ဘူး
R.S.O တွေက အဓိကတရားခံ။
မွတ်ဆလင်ပြည်သူတွေ ကို မလိုလားတာမဟုတ်ဘူး
R.S.O တွေကို မလိုလားတာ။
မွတ်ဆလင်ပြည်သူတွေကို မရှိစေချင်တာမဟုတ်ဘူး
R.S.O တွေကို မရှိစေချင်တာ။
ဝီရသူ(မစိုးရိမ်)
23.2.2015
(ဝါရှင်တန်ဒီစီ C.B.S သတင်းဌာနသို့ ပြောကြားသည်။)