Skip to content

#ထိုင်းနိုင်ငံ၊ # စူရတ်ဌာနီခရိုင်၊ #လူသတ်မှုတစ်ခုဖြစ်ပွားခဲ့ပါသည်။ #၂၃.၂.၂၀၁၅

February 24, 2015

ထိုင်းနိုင်ငံ၊ စူရတ်ဌာနီခရိုင်၊ ကော့စမွေကျွန်းတွင် ၂၃.၂.၂၀၁၅ မနက် ၅ နာရီခွဲတွင် လူသတ်မှုတစ်ခုဖြစ်ပွားခဲ့ပါသည်။
သေဆုံးသူမှာ မြန်မာမိန်းကလေး မချောငယ်ငယ် ( ခ )ငယ် အသက် ၂၂ နှစ် ဖြစ်ပါတယ်။
သူမဟာ မွန်ပြည်နယ်၊ ချောင်းဆုံမြို့၊ မုရစ်ကလေး ကျေးရွာနေ ဦးညွန့်ဆွေ ဒေါ်ဝင်းလှိုင် တို့ရဲ့ သမီးငယ်လေးဖြစ်ပါတယ်။ အလုပ်လာလုပ်တာ တစ်ပတ်လောက်ပဲရှိပါသေးတယ်။

PHOTOCR. Htet Thurein Min Htun

photocr.THAIRESCUE

10985329_729499790496827_1189082133858121_o11001551_729499723830167_8545479220512232237_o11022534_729499857163487_3029111933237159070_o
မိန်းကလေးမှာ ပါးစပ် ၊ လည်ပင်း၊ မျက်နှာ တို့ကို အဝါရောင်တိပ်များ အထပ်ထပ် ဖုံးကပ်ကာထား၍ အဝတ်မဲ့ ကိုယ်ဗလာ ပုံစံနီးပါးဖြင့် သေဆုံးနေခဲ့တာပါ။ သူမကတီရှပ်ပြာပေါ်ဖြူ စင်းကြားလေးနဲ့ ကိုယ်ကြပ်ဘောင်းဘီ အနက်ခံအဖြူ စက်လေးဝတ်ထားပါတယ်။ အင်္ကျီကို ရင်ဘတ်ထိဖော်ထား၍ ဘယ်ရင်အုံတွင်သွားကိုက်ရာများတွေ့ရပါတယ်။ ဘောင်းဘီကိုလဲဒူးအောက်ရောက်တဲ့အထိချွတ်ထားခံရပါတယ်။
သေဆုံးသူအနီး ဘေးပတ်ဝန်းကျင် မှာ ဆေးလိပ်တို များ၊
ရာဘာဖြင့်ပြုလုပ်ထားသောလက်အိတ် ၂ စုံ၊သေဆုံးသူစီးလာသော လိမ္မော်ရောင်မိန်းမစီးဒေါက်မြင့်ဖိနပ် ၁ စုံ။ရဲများပြောကြားချက်မှာ လူဆိုးများသည် သေဆုံးသူအား မုဒိန်းကျင်ဖို့ကြိုးစားနေစဉ် မိန်းကလေးကအသားကုန် အော်သောကြောင့် အသံမထွက်စေရန် ပါးစပ်နဲ့နှာခေါင်းကိုအတင်းဖိပိတ်ထားခဲ့ပါတယ်။ဒါကြောင့် မိန်းကလေးမှာ အသက်ရှူကြပ်လာကာ နောက်ဆုံးတွင်သေသွားခဲ့ရပါတယ်။
ထိုအခါလူဆိုးများထွက်ပြေးသွားခဲကြပါတယ်လို့ သုံးသပ်ထားပါတယ်။
လူဆိုးမှာ ၂ ယောက် အနည်းဆုံးဖြစ်နိုင်ပါတယ်။( မိန်းကလေး ချစ်သူလဲ ပါဝင်နိုင်တယ်ဟု ယူဆမိပါတယ်လို့ ထိုင်းရဲများကပြောကြားခဲ့ပါတယ်။( ထင်မြင်ယူဆချက်သာ )) ထိုင်းရဲများနဲ့ဆန့်ကျင်ကာ
သူ့အမ စုစုကျော် ကတော့ သူတို့ရိုးရာလိပ်ပြာခေါ်၍မေးကြည့်ခဲ့ရာသူ့ကောင်လေးနဲ့အတူပါအဖော် ၂ ယောက် ပေါင်း၍ မုဒိန်းကျင့်ခဲ့ကြကာ ပါလာသောပိုက်ဆံများအားလည်းသူတို့ယူသွားကြကြောင်းသိရှိရပါတယ်။
ယခုတော့နယ်မြေ ၈ စခန်းမှ တာဝန်ရှိသူရဲများလည်း ရောက်လာကြကာသေဆုံးသူနဲ့ ရင်းနှီးသူ အားလုံးကိုစုံစမ်း စစ်ဆေးမှုများ ဆက်လုပ်၍ အမှုမှန်ပေါ်ရန် အမြန်ဆုံး
ဆောင်ရွက်နေကြောင်းထိုင်းရဲများက ပြောကြားခဲ့သည်။
မိသားစုများ အမြန်သိစေရန်
တိကျသေချာစွာ သိရှိရပါက ထပ်မံဖော်ပြပေးပါမည်။ cr. Htet Thurein Min Htun

No comments yet

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: