update 25/2/ ကြက်ခြေနီ ကားတွေ အပစ်ခံနေရတဲ့ နေရာ ကို အတိ အကျ သိတဲ့ လူရှိလား ။ ဖုန်းကြားရှင် အဖွဲ့ က မဟုတ်ဖူး ငြင်းနေတယ် ။ လောက်ကိုင် ချင်းရွှေဟော် ကားလမ်းကနေပြီး ၃ မိုင် လမ်းရှောက်ရင် တရုပ်ပြည် နယ်စပ်ရောက်တယ် ။
################ #လောက်ကိုင်-ကုန်ကြမ်း ကားလမ်းပေါ်ရှိ (၁၈)မိုင်လမ်းဆုံ အနီးတ၀ိုက်တွင် ကိုးကန့်သောင်းကျန်းသူအဖွဲ့များ ယာယီခြေကုပ်ယူထားသည့် စစ်ဗျူဟာအရ အရေးကြီးသော တောင်ကုန်းများကို ဖေဖော်ဝါရီလ (၂၂)ရက်တွင် တပ်မတော်စစ်ကြောင်းများက တိုက်ခိုက်သိမ်းပိုက်ပြီး ဖေဖော်ဝါရီလ(၂၃)ရက်တွင် တပ်မတော်စစ်ကြောင်းများက ကိုးကန့်သောင်းကျန်းသူအဖွဲ့များဆုတ်ခွာသည့် အဆိုပါတောင်ကုန်းများ ပတ်ဝန်းကျင်အား အသေးစိတ်နယ်မြေရှင်းလင်းခဲ့တဲ့ ပုံတွေ ဖြစ်မယ် ။ cr. Htay Tint
MOI ကိုးကန့်သောင်းကျန်းသူအဖွဲ့များက ကုန်းကြမ်းမြို့ တပ်ရင်း ဌာနချုပ်နှင့်
လောက်ကိုင်မြို့ တွင်းသို့ အဝေးမှ နှောင့်ယှက် ပစ်ခတ်၊ ကုန်းကြမ်း
-လောက်ကိုင် ကားလမ်းမိုင်တိုင်(၂၃)အနီးရှိ တောင်ကုန်းအား တပ်မတော် စစ်ကြောင်း များက တိုက်ခိုက်သိမ်းပိုက်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®
နေပြည်တော်-ဖေဖော်ဝါရီ -၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကုန်းကြမ်းမြို့တွင်ရှိသော နယ်မြေခံ တပ်ရင်းဌာန ချုပ်အား ဖေဖော်ဝါရီ ၂၄ ရက် ညပိုင်းတွင် ကိုးကန့်သောင်းကျန်း သူအင်အားစု အချို့မှ ဒုံးပစ်လောင်ချာ၊ လက်နက်ငယ်များဖြင့် အဝေးမှ လာရောက်နှောင့် ယှက်ပစ်ခတ်ခဲ့ရာ တပ်ရင်းဌာနချုပ်မှ ပြန်လည် ပစ်ခတ်ခဲ့ သဖြင့် သောင်းကျန်း သူများ ပြန်လည် ဆုတ်ခွာသွားခဲ့သည်။
ထိုသို့ပစ်ခတ်မှုကြောင့် အရာရှိ၊ စစ်သည်၊ မိသားစုများ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရသည်။ လောက်ကိုင်မြို့ပတ်ဝန်း ကျင်တွင် နယ်မြေရှင်း လင်းရေး ဆောင်ရွက်လျက်ရှိသော တပ်မတော်စစ်ကြောင်း က ဖေဖော်ဝါရီ ၂၄ ရက် ညနေပိုင်းတွင် လောက်ကိုင်မြို့၏ အနောက်ဘက် ၂ မိုင်ခန့်အကွာ၌ ကိုးကန့်သောင်း ကျန်းသူအင်အားစုအချို့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကိုးကန့်သောင်းကျန်းသူများထံမှ အမ်(၂၂) ၁လက်၊ ကျည် ၂၆ တောင့်နှင့် ကျည်အိမ် ၁ခု တို့ကို သိမ်းဆည်းရမိခဲ့သည်။
ကိုးကန့်သောင်းကျန်းသူအဖွဲ့များသည် လောက်ကိုင်မြို့အတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် ရည်ရွယ်၍ လုပ်ဆောင်လျက်ရှိရာ ယနေ့ နံနက် ၆ နာရီခွဲခန့်တွင် ကိုးကန့်သောင်းကျန်းသူများ က လောက် ကိုင်မြို့ မြောက်ဘက်ရှိ စီအောကျေးရွာဘက်မှ လောက်ကိုင်မြို့တွင်းသို့ လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးပယ်စောက်ချိန်၏ နေအိမ်ဝင်းအတွင်းသို့ ကျရောက်ပေါက် ကွဲ ခဲ့ပြီး ကိုးကန့်လုံခြုံရေးအဖွဲ့မှ ၁ ဦးသေဆုံး၍ ၄ ဦး ဒဏ်ရာရရှိ ခဲ့သည်။
ထိုသို့ လက်နက်ကြီးဖြင့် လာရောက် ပစ်ခတ် ခဲ့သော နေရာတစ်ဝိုက်အား တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်း ဆောင်ရွက်လျက်ရှိသည်။
ကုန်းကြမ်း-လောက်ကိုင် ကားလမ်းတွင် ဒေသခံပြည်သူများ လုံခြုံစိတ်ချစွာ သွားလာနိုင်ရေးအတွက် တပ်မတော် စစ်ကြောင်းများက ဖေဖော်ဝါရီ ၂၄ ရက် နံနက်ပိုင်းမှစ၍ ကားလမ်းတစ်လျှောက် နယ်မြေရှင်းလင်း ဆောင်ရွက် လျက်ရှိရာ ယနေ့မွန်းလွဲပိုင်းတွင် မိုင်တိုင်(၂၃)အနီးရှိ ကိုးကန့်သောင်းကျန်း သူများ ယာယီခြေ ကုပ်ယူ ထားသည့် စစ်ဗျူဟာအရ အရေးကြီးသော ပွိုင့်-၂၁၇၅ တောင် ကုန်းအား တိုက်ခိုက်သိမ်းပိုက်ရ ရှိခဲ့ပြီး ဆုတ်ခွာ သွားသော ကိုးကန့်သောင်း ကျန်းသူများနောက်သို့ တပ်မတော် စစ်ကြောင်း များက လိုက်လံ ရှင်းလင်း လျက် ရှိကြောင်း သတင်းရရှိသည်။
You must be logged in to post a comment.