*အလုပ်သမားသပိတ်*
သပိတ်မှောက်အလုပ်သမားတွေက လူလိုနေ လူလိုစား လူ့တန်ဖိုးနဲ့ညီမျှတဲ့လုပ်ခလစာ တွေကိုအလိုရှိတယ်။
တိုင်းပြည်ရဲ့အာဏာကိုတောင်းနေတာမဟုတ်ဘူး။
ပြည်သူ့အခွန်နဲ့ အသက်ရှင်နေတဲ့ ရဲဝန်ထမ်းတွေရဲ့ နှိပ်စက်မှုကိုခံရတာကို နာကြည်းပါတယ်။
နိုင်ငံခြားကငွေကြေးထောက်ပံ့မှုတွေကို လိုချင်တာမဟုတ်ဘူး။
ယူထားတာလည်းမဟုတ်ဘူး။
ငါတို့အလုပ်သမားတွေကို လွှတ်ပေးပါ။ ငါတို့ကို အကြမ်းဖက်မှုမပြုလုပ်ပါနဲ့။
လူလိုစားလူလိုဝတ် လူ့တန်ဖိုးနဲ့ညီမျှတဲ့လုပ်ခလစာနဲ့ အသက်ရှင်သန်ပါရစေ။
အကြမ်းဖက်ခံအလုပ်သမားများ(ရန်ကုန်)
ကျနော်နှင့်ကျောင်းသားများ ဒီနေ့ အကြမ်းဖက်ခံရသော အလုပ်သမားလေးများကို အခုတွေ့ဆုံနေပါသည် မနက်၁း၁၀မီနစ်…..၀င်းကို cr. Win Ko Hlaing
ရွှေပြည်သာမြို့နယ် အမှတ်၁၀ရပ်ကွက် စက်မှုဇုံ၂ E Lan Myanmar အထည်ချုပ်စက်ရုံအလုပ်သမားများနှင့် ရဲတပ်ဖွဲ့ ယနေ့ညနေ၆နာရီခန့်က အဓိကရုဏ်းဖြစ်ပွားခဲ့စဉ် ရဲတပ်ဖွဲ့ဝင်များခွေးပြေးပြေးခဲ့ကြရ cr. Ko Aung
You must be logged in to post a comment.