!! #ကြက်ခြေနီအလံတင်၍ လောက်ကိုင်ရှိဒုက္ခသည်များအား

ကြက်ခြေနီအလံတင်၍ လောက်ကိုင်ရှိဒုက္ခသည်များအား သွားရောက်ကယ်ဆယ်သော အရပ်ယာဉ်တန်းအား ပါစင်ကျော်အနီး ကုန်းပေါ်မှ ဖုန်ကြားရှင်အဖွဲ့ဝိုင်းပစ်….
၈က/၈၆၈၈ ယာဉ်မောင်း မျက်လုံးထိမှန် ဒဏ်ရာရ..
ကြက်ခြေနီတပ်ဖွဲ့ဝင်တစ်ဦး ဝမ်းဗိုက်ဖောက်ဝင်ဒဏ်ရာရ..
ကွမ်းလုံဆေးရုံပို့ထားပြီးဖြစ်.. CR.Kyaw Zay Lynn

10622918_1555509938051150_1145743903702643473_n10980742_1555509674717843_8501330749742685387_n10989174_1555510401384437_9211486424138934584_n

▬▬▬▬▬▬▬▬▬▬▬▬▬▬
■ အရေးပေါ်အခြေအနေကြေညာခြင်း ■
▬▬▬▬▬▬▬▬▬▬▬▬▬▬

PRESIDENT OFFICE

၁။ ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့မှ စတင်၍ ကိုးကန့်သောင်းကျန်းသူအဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားလာသဖြင့် ပြည်သူများ၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ အရ တားမြစ်မိန့် ထုတ်ပြန်၍ ထိန်းသိမ်းဆောင်ရွက်ခဲ့ ပါသည်။

၂။ သို့သော်လည်း အကြမ်းဖက်တိုက်ခိုက်မှုများမှာ ပိုမိုများပြား ကျယ်ပြန့်လာပြီး ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ထုတ်ပြန်ဆောင်ရွက်ရုံဖြင့် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်စွမ်း မရှိတော့ကြောင်း တွေ့ရှိရပါသည်။ ဤကဲ့သို့ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးအန္တရာယ် ပြုသည့် အရေးပေါ်အခြေအနေ ပေါ်ပေါက်နေကြောင်း တွေ့ရှိရသဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၂၊ ပုဒ်မခွဲ (က)အရ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွင်း ယနေ့မှစ၍ အရေးပေါ် အခြေအနေ ကြေညာလိုက်သည်။

၃။ ဤအမိန့်သည် ယနေ့မှစ၍ ရက်ပေါင်း (၉၀)အထိ အတည်ဖြစ်သည်။

(ပုံ)သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
ဥပဒေကဲ့သို့အာဏာတည်သော အမိန့်အမှတ် (၂/၂၀၁၅)
၁၃၇၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၄ ရက်
(၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်)
▬▬▬▬▬▬▬▬▬▬▬▬▬▬
စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ခြင်း
▬▬▬▬▬▬▬▬▬▬▬▬▬▬
၁။ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် (၁/၂၀၁၅)ဖြင့် အရေးပေါ်အခြေအနေ ကြေညာထားသည့် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် မူလအခြေအနေသို့ အမြန်ပြန်လည် ရောက်ရှိစေခြင်းငှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၃၊ ပုဒ်မခွဲ (ခ)အရ စစ်အုပ်ချုပ်ရေး အမိန့် ထုတ်ပြန်လိုက်သည်။

၂။ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်များနှင့် တာဝန်များကို လည်းကောင်း၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် သက်ဆိုင်သည့် တရားစီရင်ရေးဆိုင်ရာ လုပ်ပိုင်ခွင့် တာဝန်များကို လည်းကောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား အပ်နှင်းလိုက်သည်။

၃။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ယင်းလုပ်ပိုင်ခွင့်နှင့် တာဝန်များကို မိမိကိုယ်တိုင် ကျင့်သုံး ဆောင်ရွက်ခြင်း သို့မဟုတ် သင့်လျော်သည့် စစ်ဘက်အာဏာပိုင် တစ်ဦးဦးကို ကျင့်သုံးဆောင်ရွက်စေခြင်း ပြုနိုင်သည်။

(ပုံ)သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

#နိုင်ငံတော်သမ္မတရုံး #စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ခြင်း

ရှမ်းပြည်နယ် (ကိုးကန့်) ကိုယ် ပိုင် အုပ် ချုပ် ခွင့်ရ ဒေ သ တွင် အုပ် ချုပ် ရေး ဆိုင်ရာ လုပ်ပိုင်ခွင့်များနှင့် တာဝန်များကို ဗိုလ်မှူးကြီး စောမြင့်ဦးအား လွှဲပြောင်းပေးအပ် …

10378067_955324564502032_8048335741143116657_n

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး
စစ်အုပ်ချုပ်ရေးအမိန့်အမှတ်(၁/ ၂၀၁၅)
၁၃၇၆ခုနှစ်၊ တပေါင်းလဆန်း(၁)ရက်
၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီလ (၁၈)ရက်
၁။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) စစ်အုပ်ချုပ်ရေး ကြေညာချက်အမှတ်(၁)ကို ၁၃၇၆ခုနှစ်၊ တပို့တွဲလပြည်ကျော်(၁၄)ရက်၊ ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီလ (၁၇)ရက် ရက်စွဲဖြင့် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(လောက်ကိုင်)၊ ဒေသကွပ်ကဲရေးမှူး ပြန်တမ်းဝင်အမှတ်၊ ၂၀၈၃၀ ဗိုလ်မှူးကြီး စောမြင့်ဦးအား စစ်အုပ်ချုပ်ရေးဒေသအတွင်း အုပ်ချုပ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်များနှင့် တာဝန်များကိုလည်းကောင်း၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် သက်ဆိုင်သည့် တရားစီရင်ရေးဆိုင်ရာ လုပ်ပိုင်ခွင့် တာဝန်များကို လည်းကောင်း ကျင့်သုံးဆောင်ရွက်ရန် ထုတ်ပြန်ပြီးဖြစ်သည်။
၂။ စစ်အုပ်ချုပ်ရေး ဒေသအတွင်းရှိ ဒေသအတွင်းရှိ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း အဆင့်ဆင့်တို့သည် ယင်းတို့နှင့် သက်ဆိုင်သည့် လုပ်ငန်းတာဝန်များကို ပြန်တမ်းဝင်အမှတ်၊ ကြည်း ၂၀၈၃၀ ဗိုလ်မှူးကြီး စောမြင့်ဦး၊ ဒေသ ကွပ်ကဲရေးမှူး၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်)၏ ကွပ်ကဲမှုအရ ဆောင်ရွက်ရမည်။
၃။ ပြန်တမ်းဝင်အမှတ်၊ ကြည်း ၂၀၈၃၀ ဗိုလ်မှူးကြီး စောမြင့်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်)သည် စစ်အုပ်ချုပ်ရေးဒေသအတွင်း စစ်နယ်မြေများ သတ်မှတ်၍ စစ်နယ်မြေ မှူးများကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ သဘောတူညီချက်ဖြင့် စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြန်ပြီး ခန့်ထားနိုင်သည်။
၎။ ပြန်တမ်းဝင်အမှတ်၊ ကြည်း ၂၀၈၃၀ ဗိုလ်မှူးကြီး စောမြင့်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်)သည် စစ်အုပ်ချုပ်ရေး ဒေသအတွင်း မိမိကိုယ်တိုင်သော် လည်းကောင်း၊ စစ်နယ်မြေမှူးများ ဖြင့်လည်းကောင်း၊ မိမိ တာဝန် လွှဲအပ်သော ပုဂ္ဂိုလ် တစ်ဦးဦး သို့မဟုတ် အဖွဲ့ဖြင့်သော် လည်းကောင်း၊ အောက်ပါ ကိစ္စရပ်များကို ပြီးမြောက်အောင် ဆောင်ရွက်ရမည်-
(က) အုပ်ချုပ်ရေး
၁- လုံခြုံရေး ကိစ္စရပ်များ၊
၂- လူမှုရေး ကိစ္စရပ်များ၊
၃- ကုန်သွယ်ရေး ကိစ္စရပ်များ၊
၎- သယ်ယူပို့ဆောင်ရေး ကိစ္စရပ်များ။
(ခ) တရားစီရင်ရေး
၁- တရားရုံးများဖြင့် ဖွဲ့စည်းခြင်း။ ပြန်တမ်းဝင်အမှတ်၊ ကြည်း ၂၀၈၃၀ ဗိုလ်မှူးကြီး စောမြင့်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်)သည် စစ်အုပ်ချုပ်ရေး ကာလအတွင်း ပြစ်မှုဆိုင်ရာ မူခင်းများကို တည်ဆဲ ဥပဒေအရ ဖွဲ့စည်းထားသော တရားရုံးများဖြင့် ဖြစ်စေ၊ စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ပြီး ဖွဲ့စည်းသည့် စစ်ခုံရုံးများဖြင့် ဖြစ်စေ စစ်ဆေးစီရင်နိုင်သည်။
၂- စစ်ခုံရုံးဖြင့် စစ်ဆေးခြင်း။ စစ်ခုံရုံးများသည် ပြစ်မှုဆိုင်ရာ မူခင်းများကို အကျဉ်းနည်းဖြင့် စစ်ဆေးစီရင် နိုင်သည်။
၃- ပြစ်ဒဏ်ချမှတ်ခြင်း။ တည်ဆဲ ဥပဒေများတွင် မည့်သို့ပင် ပါရှိစေကာမူ နောက်ဆက်တွဲ ဇယား(က)ပါ ပြစ်မှု တစ်ခုခုကို ကျူးလွန်သူ တစ်ဦးအား စစ်ခုံရုံးက ပြစ်မှု ထင်ရှား စီရင်ပါက အောက်ပါ ပြစ်ဒဏ် တစ်မျိုးမျိုးကို ချမှတ်ရမည်-
(ကက) သေဒဏ်၊
(ခ ခ) နှစ်အကန့်အသတ်မရှိသော အလုပ်နှင့် ထောင်ဒဏ်၊
(ဂ ဂ) သုံးနှစ်အောက်မလျော့သော အလုပ်နှင့် ထောင်ဒဏ် သို့တည်းမဟုတ် သုံးနှစ်အောက် မလျော့သော အလုပ်နှင့် ထောင်ဒဏ်အပြင် ငွေဒဏ်။
၎- အတည်ပြုခြင်း။ စစ်ခုရုံးများက ချမှတ်သော ဆုံဖြတ်ချက်များနှင့် စီရင်ချက်များသည် အပြီးအပြတ်ဖြစ်စေရမည်။ သို့ရာတွင် သေဒဏ်စီရင်ပါက ထိုသို့ စီရင်ခြင်းသည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ အတည်ပြုချက်ရရှိမှသာ အတည်ဖြစ်သည်။ နှစ်အကန့်အသတ်မရှိသော ထောင်ဒဏ်စီရင်ပါက ထိုသို့ စီရင်ခြင်းသည် ပြန်တမ်းဝင်အမှတ်၊ ကြည်း ၂၀၈၃၀ ဗိုလ်မှူးကြီး စောမြင့်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်)၏ အတည်ပြုချက် ရရှိမှသာ အတည်ဖြစ် သည်။ အတည်ပြုခြင်းနှင့် ပတ်သက်သည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံးဆောင်ရွက်ရာတွင် အောက်ပါ လုပ်ပိုင်ခွင့်များရှိသည်-
(ကက) ပြစ်မှုထင်ရှား စီရင်ခြင်းကို ပယ်ဖျက်ခြင်း၊
(ခ ခ) ပြစ်ဒဏ် လျော့ပေါ့စေခြင်း၊
(ဂ ဂ) ပြစ်ဒဏ်ကို ပို၍ နိမ့်သော ပြစ်ဒဏ်အမျိုးအစားသို့ လျော့ပေါ့ ပြောင်းလဲခြင်း၊
(ဃဃ) ပြစ်မှု ထင်းရှားစီရင်ခြင်းကို အတည်ပြုခြင်း။
၅- အယူခံခြင်း။ စစ်ခုံရုံးများက သေဒဏ်စီရင်ပါက ပြစ်ဒဏ်ချမှတ်ချက်များနှင့် စပ်လျဉ်း၍ အယူခံပိုင်ခွင့် မရှိစေရ၊
၆- ပြင်ဆင်မှု လျှောက်ထားခြင်း။ စစ်ခုံရုံးများကိ သေဒဏ်စီရင်ပါက ပြစ်ဒဏ် ချမှတ်ခြင်းခံရသည့်နေ့မှ (၁၅)ရက်အတွင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံသို့ လည်းကောင်း၊ အခြား ပြစ်ဒဏ်ချမှတ်ခြင်းခံရ ပါက ပြစ်ဒဏ် ချမှတ်ခံရသည့်နေ့မှ (၁၅)ရက်အတွင်း ပြန်တမ်းဝင်အမှတ်၊ ကြည်း ၂၀၈၃၀ ဗိုလ်မှူးကြီး စောမြင့်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်)ထံသို့ လည်းကောင်း ပြင်ဆင်မှု လျှောက်ထားနိုင်သည်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် (သို့မဟုတ်) ပြန်တမ်းဝင်အမှတ်၊ ကြည်း ၂၀၈၃၀ ဗိုလ်မှူးကြီး စောမြင့်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်)သည် မိမိသဘော အလျောက်လည်း ပြင်ဆင်မှု ဖွင့်၍ ဆောင် ရွက်နိုင်သည်။ ပြင်ဆင်မှု စီရင်ပိုင်ခွင့်ကို ကျင့်သုံး ဆောင်ရွက်ရာတွင် အောက်ပါ လုပ်ပိုင်ခွင့်များ ရှိသည်-
(ကက) ပြစ်မှု ထင်ရှား စီရင်ခြင်းကို ပယ်ဖျက်ခြင်း၊ Continue reading “#နိုင်ငံတော်သမ္မတရုံး #စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ခြင်း”

#ဒါက်တာတင့်ဆွေ #ကိုကန့်နယ်မြေသမိုင်း #Kokang #background

KOKANG Kokang background ကိုကန့်နယ်မြေသမိုင်း ကိုးကန့်သမိုင်းကြောင်းကို ရေးနေကြတာမှာ အမျိုးမျိုးဖြစ်နေတယ်။ အမေရိကန်အခြေစိုက် တရုပ် TV က ကိုးကန့်ကို တရုပ်ကွန်မြူနစ်ခေါင်းဆောင်တွေက သူတို့အကျိုးစီးပွါးအတွက် နယ်မြေကိုတောင်ရောင်းစားသလို လွှင့်တယ်။ ဒါကတော့ တရုပ်ကွန်မြူနစ်ဆန့်ကျင်ရေးသဘော ဆန်လွန်းတယ်။ ကျွန်တော်လည်း Kokang ကိုးကန့် တရုပ်နဲ့ မြန်မာစစ်တပ်ထဲမှာ ဒီလိုရေးထားခဲ့မိတယ်။ ၁၈၉၄ အင်္ဂလိပ်-တရုတ် နယ်နမိတ်စာချုပ်အရ မိုင်းလမ်နဲ့ ကျိုင်းဟုံကို တရုပ်ကိုပေးလိုက်တယ်။ ဒါပေမဲ့ တရုတ်အနေနဲ့ အဲဒီနယ်နှစ်နယ်ကို အင်္ဂလိပ်မသိဘဲ နိုင်ငံခြားတိုင်းပြည်ကို မလွှဲပေးရဘူးလို့ပါတယ်။ ဒါပေမဲ့ တရုတ်က ၁၉၁၅ ဇွန်မှာ ကျိုင်းဟုံနယ် တစိတ်တပိုင်းကို ပြင်သစ်ကို ပေးလိုက်တယ်။ အဲဒီအတွက် အင်္ဂလိပ်ကလျော်ကြေးတောင်းလို့ တရုတ်က ကိုးကန့်နဲ့ သိန္နီနယ်နဲ့ ထိစပ်နေတဲ့ နယ်အချို့ကို ပြန်ပေးတဲ့အတွက် ကိုးကန့်ကို မြန်မာပြည်၊ မြောက်သိန္နီနယ်ထဲမှာ ထည့်ထားလိုက်တယ်။ ဒါပေမဲ့ မြန်မာ့အရေးကျွမ်းကျင်သူ Bertil Lintner (ဘာတဲလ် လင်နာ) ကနေ ကွန်မင့် ရေးထားတာက စိတ်ဝင်စားစရာကောင်းပြီး သမိုင်းမှန်ဖြစ်လောက်တယ်လို့ ယူဆမိပါတယ်။ ကိုးကန့်ဒေသကို တရုပ်ဝန်ကြီးချုပ် ချုအင်လိုင်းကနေ ၁၉၆ဝ မှာ မြန်မာအစိုးရကို လွှဲပေးခဲ့တာမဟုတ်ပါ။ ကိုးကန့်နယ်မြေဟာ ၁၈၉၇ ကတည်းက အင်္ဂလိပ်နဲ့ တရုပ် နယ်နိမိတ် သတ်မှတ်တဲ့အခါ ဗြိတိသျှဗားမားထဲမှာ ပါနေပြီး ဖြစ်တယ်။ တရုပ်အစိုးရနဲ့ မြန်မာအစိုးရတို့ နယ်နိမိတ်စာချုပ်ချုပ်တဲ့အခါ ချူအင်လိုင်းနဲ့ ဦးနုသဘောတူချက်အရ ကချင်ဒေသထဲက Hpimaw ဖီမော်နဲ့ ဝနယ်မြေထဲက Panhung-Panglao ပန်ဟန်-ပန်လောဝ် တို့ကို မြန်မာကနေ တရုပ်ကိုပေးပြီး၊ Namwan နမ်ဝမ်ကို မြန်မာကရတယ်။ အမှန်က အဲဒီနယ်ကို မြန်မာက ၁၉ ရာစုနှောင်းပိုင်းကတည်းက ပိုင်နေပြီးသာဖြစ်တယ်။ တရုပ်က ကချင်မြောက်ပိုင်းကို ယူချင်နေတာကိုတော့ လက်လွှတ်ပေးတယ်။ ဒီ ၁၉၆ဝ စာချုပ်မှာ ကိုးကန့်ဒေသက ဘာမှ ပတ်သက်ခဲ့ခြင်းမရှိပါ။ ကိုးကန့်နယ်မြေဟာ မြန်မာပြည်ထဲမှာသာ ရှိနေပြီးသားဖြစ်တယ်။ ဒေါက်တာတင့်ဆွေ ၁၆-၂-၂ဝ၁၅