Skip to content

#ငြိမ်းချမ်းရေးနှင့် #အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကတိပြုချက် #National #Reconciliation

February 12, 2015

ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကတိပြုချက် Deed of Commitment for Peace and National Reconciliation 10685443_695915773854654_6793238989690076675_n10947178_695916277187937_173069887511297282_n10968589_695916490521249_1604008483371159299_n

သမ္မတကြီး နဲ့  … တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များ … ငြိမ်းချမ်းရေးနှင့် … အမျိုးသားပြန်လည်သင့်မြတ်ရေး ကတိပြုချက်ကို … အခုပဲ နေပြည်တော်မှာ … လက်မှတ်ရေးထိုးလိုက်ပါပြီ …. KIA , TNLA နဲ့  kNPP တို့ မပါဝင်ပါ …

ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကတိပြုချက်
Deed of Commitment for Peace and National Reconciliation
၂၀၁၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၂) ရက်
ဤငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ကတိပြုချက်ကို လက်မှတ် ရေးထိုးကြသော ကျွန်ုပ်တို့သည် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရန် အတွက် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုတို့ကို အခြေခံ၍ အောက်ပါ ကတိပြုချက်များကို ပြီးစီးအောင်မြင်သည်အထိ မပျက်မကွက် အတူတကွ ပူးတွဲ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် သန္နိဋ္ဌာန် ပြုကြပါသည်။
(၁) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် လက်ရှိဖြစ်ထွန်းနေသော ငြိမ်းချမ်းရေး ဖြစ်စဉ်ကို မူတည်၍ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ရှေးရှုလျက် ပင်လုံ စိတ်ဓာတ်နှင့်အညီ နိုင်ငံသားအားလုံး၏ လွတ်လပ်မှု၊ အမျိုးသားတန်းတူညီမျှမှု၊ တရား မျှတမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ပါဝင်သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနှင့်အညီ တည်ဆောက် သွားရန်။
(၂) တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသည် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပ ရေးတွင် အဓိကကျသည့် ကိစ္စဖြစ်သည့်အတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက်စာချုပ် (NCA Nationwide Ceasefire Agreement) ကို အမြန်ဆုံး လက်မှတ်ရေးထိုးနိုင်ရေး ဦးစွာဆောင်ရွက်ရန်။
(၃) ပြည်ထောင်စုမြန်မာနိုင်ငံတွင် သမိုင်းရှည်ကြာဖြစ်ပွားခဲ့သော လက်နက်ကိုင် ပဋိပက္ခများ အဆုံးသတ်နိုင်ရေးအတွက် စစ်ရေးနည်းလမ်းဖြင့် ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်မည့် နိုင်ငံရေးယဉ်ကျေးမှုတစ်ရပ် ထူထောင်ပြီး ပါဝင်သင့်၊ ပါဝင်ထိုက်သူများအားလုံး ပါဝင်ခွင့်ရှိသည့် နိုင်ငံရေး ဆွေးနွေးပွဲများကို အလျင်အမြန် ကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်။
(၄) တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်စာချုပ် (NCA -Nationwide Ceasefire Agreement) အပြီးသတ်လက်မှတ်ရေးထိုးပြီးနောက် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို အမြန်ဆုံး ရေးဆွဲခြင်းနှင့် သဘောတူညီသည့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်နှင့်အညီ ပဏာမနိုင်ငံရေးဆွေးနွေးပွဲကို ၂၀၁၅ အထွေထွေရွေးကောက်ပွဲများ မတိုင်မီ ကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်။
(၅) ငြိမ်းချမ်းရေးဆွေးနွေးပွဲများနှင့် လုပ်ငန်းစဉ်များ ကာလအတွင်း ငြိမ်းချမ်းရေးကို ထိခိုက်စေနိုင်သည့် ပစ်ခတ်တိုက်ခိုက်မှုများ မဖြစ်ပွားစေရန် နှစ်ဖက်တပ်များ ထိတွေ့မှု များကို ရှောင်ရှားနိုင်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထိခိုက်စေမည့် အရေးယူ ဆောင်ရွက်ခြင်းများ မပြုလုပ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်။
ဤငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ကတိပြုချက်ကို လက်မှတ် ရေးထိုး ကြသူ အားလုံးသည် နိုင်ငံသားအားလုံး လိုလားလျှက်ရှိသော ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ဖော်ဆောင်နိုင်ရေးအတွက် ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မှုလုပ်ငန်းစဉ် အောင်မြင်ရေးကို မဆုတ်မနစ် ဆက်လက်ကြိုးပမ်း လုပ်ဆောင်သွားရန် ကတိသစ္စာ ပြုကြပါသည်။
နေပြည်တော်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်

#####

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) က တွေ့ဆုံညှိနှိုင်းနေသည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အောင်မြင်သည်အထိ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) က ပြည်ထောင်စုနေ့ သဘောထားကို ဖေဖော်ဝါရီ ၁၂ တွင် ထုတ်ပြန်လိုက်သည်။ 10978527_867326996662269_3162132432739742602_n

No comments yet

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: