Kyaw Thu
နာရေးကူညီမှုအသင်း-ရန်ကုန်
လောက်ကိုင်မှစစ်ဘေးတိမ်းရှောင်လာသည့် ပြည်သူတစ်ဦးယမန်နေ့ မန်လီရူးဝါးနှင့် လုံထန်အကြား ကိုးကန့်တပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့်သေဆုံး ကုန်ကြမ်းတွင် ပိတ်မိနေသည့် ကျောင်းဆရာမ ၂၀ ဦးကို ကယ်တင်နိုင်ရန် ဆောင်ရွက်လျက်ရှိ
MNDAA RED CROSS ATTACK
Senior General Min Aung Hlaing ရှမ်းပြည်နယ် (ကိုးကန့်) ကိုယ် ပိုင် အုပ် ချုပ် ခွင့်ရ ဒေ သ တွင် အုပ် ချုပ် ရေး ဆိုင်ရာ လုပ်ပိုင်ခွင့်များနှင့် တာဝန်များကို ဗိုလ်မှူးကြီး စောမြင့်ဦးအား လွှဲပြောင်းပေးအပ် … ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး စစ်အုပ်ချုပ်ရေးအမိန့်အမှတ်(၁/ ၂၀၁၅) ၁၃၇၆ခုနှစ်၊ တပေါင်းလဆန်း(၁)ရက် ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီလ (၁၈)ရက် ၁။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) စစ်အုပ်ချုပ်ရေး ကြေညာချက်အမှတ်(၁)ကို ၁၃၇၆ခုနှစ်၊ တပို့တွဲလပြည်ကျော်(၁၄)ရက်၊ ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီလ (၁၇)ရက် ရက်စွဲဖြင့် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(လောက်ကိုင်)၊ ဒေသကွပ်ကဲရေးမှူး ပြန်တမ်းဝင်အမှတ်၊ ၂၀၈၃၀ ဗိုလ်မှူးကြီး စောမြင့်ဦးအား စစ်အုပ်ချုပ်ရေးဒေသအတွင်း အုပ်ချုပ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်များနှင့် တာဝန်များကိုလည်းကောင်း၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် သက်ဆိုင်သည့် တရားစီရင်ရေးဆိုင်ရာ လုပ်ပိုင်ခွင့် တာဝန်များကို လည်းကောင်း ကျင့်သုံးဆောင်ရွက်ရန် ထုတ်ပြန်ပြီးဖြစ်သည်။ ၂။ စစ်အုပ်ချုပ်ရေး ဒေသအတွင်းရှိ ဒေသအတွင်းရှိ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း အဆင့်ဆင့်တို့သည် ယင်းတို့နှင့် သက်ဆိုင်သည့် လုပ်ငန်းတာဝန်များကို ပြန်တမ်းဝင်အမှတ်၊ ကြည်း ၂၀၈၃၀ ဗိုလ်မှူးကြီး စောမြင့်ဦး၊ ဒေသ ကွပ်ကဲရေးမှူး၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်)၏ ကွပ်ကဲမှုအရ ဆောင်ရွက်ရမည်။ ၃။ ပြန်တမ်းဝင်အမှတ်၊ ကြည်း ၂၀၈၃၀ ဗိုလ်မှူးကြီး စောမြင့်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်)သည် စစ်အုပ်ချုပ်ရေးဒေသအတွင်း စစ်နယ်မြေများ သတ်မှတ်၍ စစ်နယ်မြေ မှူးများကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ သဘောတူညီချက်ဖြင့် စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြန်ပြီး ခန့်ထားနိုင်သည်။ ၄။ ပြန်တမ်းဝင်အမှတ်၊ ကြည်း ၂၀၈၃၀ ဗိုလ်မှူးကြီး စောမြင့်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်)သည် စစ်အုပ်ချုပ်ရေး ဒေသအတွင်း မိမိကိုယ်တိုင်သော် လည်းကောင်း၊ စစ်နယ်မြေမှူးများ ဖြင့်လည်းကောင်း၊ မိမိ တာဝန် လွှဲအပ်သော ပုဂ္ဂိုလ် တစ်ဦးဦး သို့မဟုတ် အဖွဲ့ဖြင့်သော် လည်းကောင်း၊ အောက်ပါ ကိစ္စရပ်များကို ပြီးမြောက်အောင် ဆောင်ရွက်ရမည်- (က) အုပ်ချုပ်ရေး ၁- လုံခြုံရေး ကိစ္စရပ်များ၊ ၂- လူမှုရေး ကိစ္စရပ်များ၊ ၃- ကုန်သွယ်ရေး ကိစ္စရပ်များ၊ ၄- သယ်ယူပို့ဆောင်ရေး ကိစ္စရပ်များ။ (ခ) တရားစီရင်ရေး ၁- တရားရုံးများဖြင့် ဖွဲ့စည်းခြင်း။ ပြန်တမ်းဝင်အမှတ်၊ ကြည်း ၂၀၈၃၀ ဗိုလ်မှူးကြီး စောမြင့်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်)သည် စစ်အုပ်ချုပ်ရေး ကာလအတွင်း ပြစ်မှုဆိုင်ရာ မူခင်းများကို တည်ဆဲ ဥပဒေအရ ဖွဲ့စည်းထားသော တရားရုံးများဖြင့် ဖြစ်စေ၊ စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ပြီး ဖွဲ့စည်းသည့် စစ်ခုံရုံးများဖြင့် ဖြစ်စေ စစ်ဆေးစီရင်နိုင်သည်။ ၂- စစ်ခုံရုံးဖြင့် စစ်ဆေးခြင်း။ စစ်ခုံရုံးများသည် ပြစ်မှုဆိုင်ရာ မူခင်းများကို အကျဉ်းနည်းဖြင့် စစ်ဆေးစီရင် နိုင်သည်။ ၃- ပြစ်ဒဏ်ချမှတ်ခြင်း။ တည်ဆဲ ဥပဒေများတွင် မည့်သို့ပင် ပါရှိစေကာမူ နောက်ဆက်တွဲ ဇယား(က)ပါ ပြစ်မှု တစ်ခုခုကို ကျူးလွန်သူ တစ်ဦးအား စစ်ခုံရုံးက ပြစ်မှု ထင်ရှား စီရင်ပါက အောက်ပါ ပြစ်ဒဏ် တစ်မျိုးမျိုးကို ချမှတ်ရမည်- (ကက) သေဒဏ်၊ (ခ ခ) နှစ်အကန့်အသတ်မရှိသော အလုပ်နှင့် ထောင်ဒဏ်၊ (ဂ ဂ) သုံးနှစ်အောက်မလျော့သော အလုပ်နှင့် ထောင်ဒဏ် သို့တည်းမဟုတ် သုံးနှစ်အောက် မလျော့သော အလုပ်နှင့် ထောင်ဒဏ်အပြင် ငွေဒဏ်။ ၄- အတည်ပြုခြင်း။ စစ်ခုရုံးများက ချမှတ်သော ဆုံဖြတ်ချက်များနှင့် စီရင်ချက်များသည် အပြီးအပြတ်ဖြစ်စေရမည်။ သို့ရာတွင် သေဒဏ်စီရင်ပါက ထိုသို့ စီရင်ခြင်းသည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ အတည်ပြုချက်ရရှိမှသာ အတည်ဖြစ်သည်။ နှစ်အကန့်အသတ်မရှိသော ထောင်ဒဏ်စီရင်ပါက ထိုသို့ စီရင်ခြင်းသည် ပြန်တမ်းဝင်အမှတ်၊ ကြည်း ၂၀၈၃၀ ဗိုလ်မှူးကြီး စောမြင့်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်)၏ အတည်ပြုချက် ရရှိမှသာ အတည်ဖြစ် သည်။ အတည်ပြုခြင်းနှင့် ပတ်သက်သည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံးဆောင်ရွက်ရာတွင် အောက်ပါ လုပ်ပိုင်ခွင့်များရှိသည်- (ကက) ပြစ်မှုထင်ရှား စီရင်ခြင်းကို ပယ်ဖျက်ခြင်း၊ (ခ ခ) ပြစ်ဒဏ် လျော့ပေါ့စေခြင်း၊ (ဂ ဂ) ပြစ်ဒဏ်ကို ပို၍ နိမ့်သော ပြစ်ဒဏ်အမျိုးအစားသို့ လျော့ပေါ့ ပြောင်းလဲခြင်း၊ (ဃဃ) ပြစ်မှု ထင်းရှားစီရင်ခြင်းကို အတည်ပြုခြင်း။ ၅- အယူခံခြင်း။ စစ်ခုံရုံးများက သေဒဏ်စီရင်ပါက ပြစ်ဒဏ်ချမှတ်ချက်များနှင့် စပ်လျဉ်း၍ အယူခံပိုင်ခွင့် မရှိစေရ၊ ၆- ပြင်ဆင်မှု လျှောက်ထားခြင်း။ စစ်ခုံရုံးများကိ သေဒဏ်စီရင်ပါက ပြစ်ဒဏ် ချမှတ်ခြင်းခံရသည့်နေ့မှ (၁၅)ရက်အတွင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံသို့ လည်းကောင်း၊ အခြား ပြစ်ဒဏ်ချမှတ်ခြင်းခံရ ပါက ပြစ်ဒဏ် ချမှတ်ခံရသည့်နေ့မှ (၁၅)ရက်အတွင်း ပြန်တမ်းဝင်အမှတ်၊ ကြည်း ၂၀၈၃၀ ဗိုလ်မှူးကြီး စောမြင့်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်)ထံသို့ လည်းကောင်း ပြင်ဆင်မှု လျှောက်ထားနိုင်သည်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် (သို့မဟုတ်) ပြန်တမ်းဝင်အမှတ်၊ ကြည်း ၂၀၈၃၀ ဗိုလ်မှူးကြီး စောမြင့်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်)သည် မိမိသဘော အလျောက်လည်း ပြင်ဆင်မှု ဖွင့်၍ ဆောင် ရွက်နိုင်သည်။ ပြင်ဆင်မှု စီရင်ပိုင်ခွင့်ကို ကျင့်သုံး ဆောင်ရွက်ရာတွင် အောက်ပါ လုပ်ပိုင်ခွင့်များ ရှိသည်- (ကက) ပြစ်မှု ထင်ရှား စီရင်ခြင်းကို ပယ်ဖျက်ခြင်း၊ (ခ ခ) ပြစ်ဒဏ်လျော့ပေါ့ စေခြင်း၊ (ဂ ဂ) ပြစ်ဒဏ်ကို ပို၍နိမ့်သော ပြစ်ဒဏ်အမျိုးအစားသို့ လျော့ပေါ့ ပြောင်းလဲခြင်း၊ (ဃဃ) ပြစ်မှု ထင်ရှား စီရင်ခြင်းကို အတည်ပြုခြင်း။ ၇- တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် (သို့မဟုတ်) ပြန်တမ်းဝင်အမှတ်၊ ကြည်း ၂၀၈၃၀ ဗိုလ်မှူးကြီး စောမြင့်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်)သည် မိမိသဘောအလျောက် ပြင်ဆင်မှု ဖွင့်၍ ဆောင်ရွက် သည့် ကိစ္စတွင်အထက်အပိုဒ်ငယ် (၆)တွင် ပါရှိသော လုပ်ပိုင်ခွင့်များအပြင် ပြစ်ဒဏ်ကို တိုးမြှင့်နိုင်သည်။ ၅။ ပြန်တမ်းဝင်အမှတ်၊ ကြည်း ၂၀၈၃၀ ဗိုလ်မှူးကြီး စောမြင့်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်)သည် မိမိ၏ တာဝန် ၀တ္တရားများကို ဆောင်ရွက်ရာတွင် အထောက်အကူ ဖြစ်စေရန် စစ်အုပ်ချုပ်ရေး အကြံပေးအဖွဲ့ကို ဖွဲ့စည်း နိုင်သည်။ ၆။ ပြန်တမ်းဝင်အမှတ်၊ ကြည်း ၂၀၈၃၀ ဗိုလ်မှူးကြီး စောမြင့်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်) သည် စစ်အုပ်ချုပ်ရေး ဒေသအတွင်း ဖြစ်ပေါ်နေသော အခြေအနေ အရပ်ရပ်ကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သို့ အစီရင်ခံရမည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ……………………………………………………………………………………….. နောက်ဆက်တွဲ ဇယား(က) စစ်ခုံရုံးဖြင့် စစ်ဆေးမည့် ပြစ်မှုများ ၁။ နိုင်ငံတော် သစ္စာ ဖောက်ဖျက် ပုန်ကန်မှု (ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၂၂)၊ ၂။ အစိုးရကို အကြည်ညိုပျက်အောင် ပြုလုပ်မှု(ပြစ်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၂၄-က)၊ ၃။ မတရားအသင်း အက်ဥပဒေအရ ပြစ်မှုများ၊ ၄။ လက်နက်အက်ဥပဒေအရ ပြစ်မှုများ၊ ၅။ လူသတ်မှု၊ ၆။ လူသေမှု၊ ၇။ မုဒိန်းမှု၊ ၈၊ လုယက်မှု၊ ၉။ ဓားပြမှု၊ ၁၀။ အဂတိလိုက်စားမှု၊ ၁၁။ ၁၉၉၃ခုနှစ်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ ပြစ်မှုများ၊ ၁၂။ ပြည်သူပိုင် ပစ္စည်းကာကွယ်ရေး အက်ဥပဒေအရ ပြစ်မှုများ၊ ၁၃။ ၁၉၆၃ခုနှစ်၊ အများနှင့် သက်ဆိုင်သော ပစ္စည်းများ ကာကွယ် စောင့်ရှောက်ရေး ဥပဒေအရ ပြစ်မှုများ၊ ၁၄။ ၁၉၅၀ ပြည့်နှစ်၊ အရေးပေါ် စီမံမှု အက်ဥပဒေအရ ပြစ်မှုများ၊ ၁၅။ သတင်း မီဒီယာ ဥပဒေအရ ပြစ်မှုများ၊ ၁၆။ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေအရ ပြစ်မှုများ။
#Myanmar #Burma လွန်ခဲ့တဲ့အပတ်မှစပြီး ကိုးကန့်တယုတ် ဘိန်းမှောင်ခို သူပုန် များနဲ့ မြန်မာစစ်တပ် တိုက်ပွဲပြင်းထန်စွာ ဖြစ် ပွါးနေသည်ဟုကြားသိရပြီး နှစ်ဖက်အကျအဆုံး များသည်ဟုသိရသည်။ မြန်မာအစိုးရက ၎င်း ကိုးကန့်တယုတ် ဘိန်းမှောင်ခို သူပုန် များကို အခြား လက်နက်ကိုင် သူပုန် များ က ကူညီနေ သည်ဟု စွပ်စွဲထားသည်။ ကိုးကန့်တယုတ် ဘိန်းမှောင်ခို သူပုန် အဖွဲ့မှ အထွေထွေအတွင်းရေးမူး ထွန်းမြတ်လင်း (Htun Myat Lin) က ကေအိုင်အေ (KIA)၊ တအန်း (TNLA) နဲ့ ရခိုင် (Arakan) အဖွဲ့များက ၎င်း တို့ဘက်မှ ကူတိုက်ပေးနေသည်ဟု အေပီ သတင်းဌာနသို့ ပြောကြားသည်။ ကိုးကန့်တယုတ် ဖုန်းကြားရှင် က ၎င်းတို့သည် တယုတ်များဖြစ် ကြပြီး တကမ္ဘာလုံး ရှိ တယုတ် များက ၎င်းတို့ကို ငွေအား အပြင်အစစ အရာရာ ကူညီကြရန် တောင်းခံထားသည်။ ဒီနေရာမှာ တပ်မတော်ရဲ့ စစ်ရေးအမြင် ရှိမူကို ဆန်းစစ် လိုပါတယ်။ ဖုန်းကြားရှင်ဟာ ချိုင်းနား တယုတ် ပြည်မှာနေထိုင်ပြီး ချိုင်းနား တယုတ် မီဒီယာမှာ ကိုးကန့်ကိုပြန်လာတိုက်မယ် လို့ ကြိမ်းဝါးနေတာ မနှစ်က နှစ်တွေ ကတည်းကပါ ။ ဒါကြောင့်ဖုန်းကြားရှင်တပ်တွေကိုးကန့်ကိုဝင်တိုက်မယ်ဆိုတာလှျိုဝှက်ချက်မဟုက်သလို ရှောင်တခင်ဝင်တိုက်တာမဟုက်ပါ။ မြန်မာစစ်တပ်ဘာပြင်ဆင်ထားခဲပါလဲ??? ၂၀၀၉ မှာ ဖုန်းကြားရှင်ကိုဝင်တိုက်တုန်းက ကွပ်ကဲခဲ့တာ အခုကာချုပ်ဖြစ်နေတဲ့ ဗိုလ်ချုပ် မင်းအောင်လှိုင်ပါ။ အဲ့ဒီတုန်းက ဖုန်းကြားရှင် ဟာသူ့သားရယ် သူ့ဘော်ဒီဂတ် ၂ ယောက် ရယ်နဲ့ ခွေးပြေး ဝက်ပြေး ခဲ့ရပါတယ်လို့သူကိုယ်တိုင် တယုတ် မီဒီယာမှာ ပြောနေတာပါ။ ဒါ့အပြင် ဖုန်းကြားရှင် ကသူ့ရဲ့ စစ်ရေး နည်းဗျူဟာ ကိုလဲ တယုတ် မီဒီယာမှာ ပြောနေတာပါ။ သူ့ကိုးကန့်တယုတ်အဖွဲ့ဟာ အခုစိုရင် အင်အား ၂၀၀၀ ရှိပြီဆိုတာရယ်၊ သူ့ချာတိတ်တွေဟာ အသက် ၂၀ စွန်းစွန်းသာရှိပြီး စစ်ပွဲအတွေ့အကြုံ မရှိဘူးဆိုတာရယ်၊ ကိုးကန့်တယုတ်အဖွဲ့ဟာ ပြောက်ကြားနည်းနဲ့ တိုက်မယ် ရင်ဆိုင် တည်စစ် မတိုက်ဘဲ ထောင်ချောက်ထဲရန်သူကို မြူသွင်းပြီး သတ်ကွင်းထဲရောက်မှ အပီစော်မယ်ဆိုတာတွေဟာ ဖုန်းကြားရှင် မီဒီယာမှာ ဗြောင် ပြောနေတာပါ။ ဖုန်းကြားရှင် နဲ့ တိုက်ဖို့ကြိုတင် ပြင်ဆင်ထားသင့်သလို ချိုင်းနား တယုတ်ကိုလဲ ဖုန်းကြားရှင်ကိုမကူညီဘို့ နောက်ကွယ်ကနေ ပြောထားသင့်ပါတယ်။ အခုမှ ဖုန်းကြားရှင် က ဝင်စော်ပြီး ကိုယ့်ဘက်က ခံရမှ ပြည်ပကျူးကျော် စစ်လို့ပြောရင် ကိုးကန့်ဟာ နိုင်ငံခြားသားလားလို မေးခြင်ပါတယ်။ စစ်မဖြစ်စေချင်ပါ။ ကျဆုံးသွားတဲ့ ရဲဘော်လေးတွေကို သနားပါတယ်။ ဒါပေမယ့် သူတို့လေးတွေ မသေသင့်ဘဲသေရတာဟာ ကြိုတင်မပြင်ဆင်ခဲ့လို့၊ ရန်သူကိုအထင်သေးလို့၊ ခေါင်းဆောင်မှူညံ့ဖျင်း လို့ ဆိုရင်တော့ အလွန်ရင်နာ စရာကောင်းပါတယ် ။ [18/02/15]
Kokang background ကိုကန့်နယ်မြေသမိုင်း ကိုးကန့်သမိုင်းကြောင်းကို ရေးနေကြတာမှာ အမျိုးမျိုးဖြစ်နေတယ်။ အမေရိကန်အခြေစိုက် တရုပ် TV က ကိုးကန့်ကို တရုပ်ကွန်မြူနစ်ခေါင်းဆောင်တွေက သူတို့အကျိုးစီးပွါးအတွက် နယ်မြေကိုတောင်ရောင်းစားသလို လွှင့်တယ်။ ဒါကတော့ တရုပ်ကွန်မြူနစ်ဆန့်ကျင်ရေးသဘော ဆန်လွန်းတယ်။ ကျွန်တော်လည်း Kokang ကိုးကန့် တရုပ်နဲ့ မြန်မာစစ်တပ်ထဲမှာ ဒီလိုရေးထားခဲ့မိတယ်။ ၁၈၉၄ အင်္ဂလိပ်-တရုတ် နယ်နမိတ်စာချုပ်အရ မိုင်းလမ်နဲ့ ကျိုင်းဟုံကို တရုပ်ကိုပေးလိုက်တယ်။ ဒါပေမဲ့ တရုတ်အနေနဲ့ အဲဒီနယ်နှစ်နယ်ကို အင်္ဂလိပ်မသိဘဲ နိုင်ငံခြားတိုင်းပြည်ကို မလွှဲပေးရဘူးလို့ပါတယ်။ ဒါပေမဲ့ တရုတ်က ၁၉၁၅ ဇွန်မှာ ကျိုင်းဟုံနယ် တစိတ်တပိုင်းကို ပြင်သစ်ကို ပေးလိုက်တယ်။ အဲဒီအတွက် အင်္ဂလိပ်ကလျော်ကြေးတောင်းလို့ တရုတ်က ကိုးကန့်နဲ့ သိန္နီနယ်နဲ့ ထိစပ်နေတဲ့ နယ်အချို့ကို ပြန်ပေးတဲ့အတွက် ကိုးကန့်ကို မြန်မာပြည်၊ မြောက်သိန္နီနယ်ထဲမှာ ထည့်ထားလိုက်တယ်။ ဒါပေမဲ့ မြန်မာ့အရေးကျွမ်းကျင်သူ Bertil Lintner (ဘာတဲလ် လင်နာ) ကနေ ကွန်မင့် ရေးထားတာက စိတ်ဝင်စားစရာကောင်းပြီး သမိုင်းမှန်ဖြစ်လောက်တယ်လို့ ယူဆမိပါတယ်။ ကိုးကန့်ဒေသကို တရုပ်ဝန်ကြီးချုပ် ချုအင်လိုင်းကနေ ၁၉၆ဝ မှာ မြန်မာအစိုးရကို လွှဲပေးခဲ့တာမဟုတ်ပါ။ ကိုးကန့်နယ်မြေဟာ ၁၈၉၇ ကတည်းက အင်္ဂလိပ်နဲ့ တရုပ် နယ်နိမိတ် သတ်မှတ်တဲ့အခါ ဗြိတိသျှဗားမားထဲမှာ ပါနေပြီး ဖြစ်တယ်။ တရုပ်အစိုးရနဲ့ မြန်မာအစိုးရတို့ နယ်နိမိတ်စာချုပ်ချုပ်တဲ့အခါ ချူအင်လိုင်းနဲ့ ဦးနုသဘောတူချက်အရ ကချင်ဒေသထဲက Hpimaw ဖီမော်နဲ့ ဝနယ်မြေထဲက Panhung-Panglao ပန်ဟန်-ပန်လောဝ် တို့ကို မြန်မာကနေ တရုပ်ကိုပေးပြီး၊ Namwan နမ်ဝမ်ကို မြန်မာကရတယ်။ အမှန်က အဲဒီနယ်ကို မြန်မာက ၁၉ ရာစုနှောင်းပိုင်းကတည်းက ပိုင်နေပြီးသာဖြစ်တယ်။ တရုပ်က ကချင်မြောက်ပိုင်းကို ယူချင်နေတာကိုတော့ လက်လွှတ်ပေးတယ်။ ဒီ ၁၉၆ဝ စာချုပ်မှာ ကိုးကန့်ဒေသက ဘာမှ ပတ်သက်ခဲ့ခြင်းမရှိပါ။ ကိုးကန့်နယ်မြေဟာ မြန်မာပြည်ထဲမှာသာ ရှိနေပြီးသားဖြစ်တယ်။ ဒေါက်တာတင့်ဆွေ ၁၆-၂-၂ဝ၁၅
ကြက်ခြေနီအလံတင်၍ လောက်ကိုင်ရှိဒုက္ခသည်များအား သွားရောက်ကယ်ဆယ်သော အရပ်ယာဉ်တန်းအား ပါစင်ကျော်အနီး ကုန်းပေါ်မှ ဖုန်ကြားရှင်အဖွဲ့ဝိုင်းပစ်…. ၈က/၈၆၈၈ ယာဉ်မောင်း မျက်လုံးထိမှန် ဒဏ်ရာရ.. ကြက်ခြေနီတပ်ဖွဲ့ဝင်တစ်ဦး ဝမ်းဗိုက်ဖောက်ဝင်ဒဏ်ရာရ.. ကွမ်းလုံဆေးရုံပို့ထားပြီးဖြစ်.. CR.Kyaw Zay Lynn
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး ဥပဒေကဲ့သို့အာဏာတည်သော အမိန့်အမှတ် (၁/၂၀၁၅) ၁၃၇၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၄ ရက် (၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်) ▬▬▬▬▬▬▬▬▬▬▬▬▬▬ ■ အရေးပေါ်အခြေအနေကြေညာခြင်း ■ ▬▬▬▬▬▬▬▬▬▬▬▬▬▬ ၁။ ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့မှ စတင်၍ ကိုးကန့်သောင်းကျန်းသူအဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားလာသဖြင့် ပြည်သူများ၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ အရ တားမြစ်မိန့် ထုတ်ပြန်၍ ထိန်းသိမ်းဆောင်ရွက်ခဲ့ ပါသည်။ ၂။ သို့သော်လည်း အကြမ်းဖက်တိုက်ခိုက်မှုများမှာ ပိုမိုများပြား ကျယ်ပြန့်လာပြီး ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ထုတ်ပြန်ဆောင်ရွက်ရုံဖြင့် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်စွမ်း မရှိတော့ကြောင်း တွေ့ရှိရပါသည်။ ဤကဲ့သို့ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးအန္တရာယ် ပြုသည့် အရေးပေါ်အခြေအနေ ပေါ်ပေါက်နေကြောင်း တွေ့ရှိရသဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၂၊ ပုဒ်မခွဲ (က)အရ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွင်း ယနေ့မှစ၍ အရေးပေါ် အခြေအနေ ကြေညာလိုက်သည်။ ၃။ ဤအမိန့်သည် ယနေ့မှစ၍ ရက်ပေါင်း (၉၀)အထိ အတည်ဖြစ်သည်။ (ပုံ)သိန်းစိန် နိုင်ငံတော်သမ္မတ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး ဥပဒေကဲ့သို့အာဏာတည်သော အမိန့်အမှတ် (၂/၂၀၁၅) ၁၃၇၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၄ ရက် (၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်) ▬▬▬▬▬▬▬▬▬▬▬▬▬▬ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ခြင်း ▬▬▬▬▬▬▬▬▬▬▬▬▬▬ ၁။ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် (၁/၂၀၁၅)ဖြင့် အရေးပေါ်အခြေအနေ ကြေညာထားသည့် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် မူလအခြေအနေသို့ အမြန်ပြန်လည် ရောက်ရှိစေခြင်းငှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၃၊ ပုဒ်မခွဲ (ခ)အရ စစ်အုပ်ချုပ်ရေး အမိန့် ထုတ်ပြန်လိုက်သည်။ ၂။ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်များနှင့် တာဝန်များကို လည်းကောင်း၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် သက်ဆိုင်သည့် တရားစီရင်ရေးဆိုင်ရာ လုပ်ပိုင်ခွင့် တာဝန်များကို လည်းကောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား အပ်နှင်းလိုက်သည်။ ၃။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ယင်းလုပ်ပိုင်ခွင့်နှင့် တာဝန်များကို မိမိကိုယ်တိုင် ကျင့်သုံး ဆောင်ရွက်ခြင်း သို့မဟုတ် သင့်လျော်သည့် စစ်ဘက်အာဏာပိုင် တစ်ဦးဦးကို ကျင့်သုံးဆောင်ရွက်စေခြင်း ပြုနိုင်သည်။ (ပုံ)သိန်းစိန် နိုင်ငံတော်သမ္မတ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဘယ်မှာလဲ နိုင်ငံရေး သမား တွေ အခု မန္တလေး ကျွဲဆည်ကန် ကား ကြီး ဝင်း မှာ လောက်ကိုင် စစ်ဘေး ဒုက္ခသည် တွေ ရောက် နေ ပါ ပြီ ။ မန္တလေး မ ဘ သ အဖွဲ့ ကြီး က စတင် စာရင်းပြု ကူ ညီနေ ပြီ လို့ သိ ရ ပါ တယ် ။ ဒါ ကြောင့် မ ဘ သ ကို ဝိုင်း ဝန်းကူညီကြ ဖို့ မကြာခဏ တိုက် တွန်း နေ ရတာ သာ ဖြစ် တယ် ။ ဘယ် မှာ လဲ ကြံဖွတ် ဘယ်မှာလဲ မွတ်ဒေါင်း ဘယ်မှာ လဲ လွှတ်တော် အမတ် တွေ လူပေါင်း ၆၀၀ ကျော် ကို သွားလို သော ခရီး ဆက် သွား နိုင် အောင် စီစဉ်ပေး ခဲ့ ပါ တယ် ။ မကွေး နတ်မောက် က လူ တွေ ပါ သလို ပြည် တောင်တွင်းကြီး ပခုက္ကူ စသော ဒေသ စုံ က မြန်မာ တိုင်းရင်းသား ကျေး လက် နေ ပြည် သူ များ ပါ ပါဝင် ကြ ပါ တယ် ။ စားစရာ ရိက္ခာ များ နှင့် ခရီးစား ရိတ် များ လှူ ဒါန်း ပေး ခဲ့ ပါ တယ် ။ cr. ashin vicara
မနေ့ကလောက်ကိုင်မြင်ကွင်း
၂၀၁၅ ခုနှစ်၊ဖေဖော်ဝါရီလ ၁၄ ရက် လောက်ကိုင်စစ်ပွဲအတွင်းမှ မြေစာပင်ဘဝများ ပြည်သူများ သေကြေပျက်စီးရတဲ့ သေစာရင်း တွေကို ဘယ်သူမှဖော်မပြကြတာ ဝမ်းနည်း ကြေကွဲစရာပါ….။ namkham
MNDAA နဲ့  FUA ပူးပေါင်းတပ်တွေက တိုက်ပွဲ အတွင်းမှာ အရှင်လတ်လတ် ဖမ်းမိတဲ့ မြန်မာအစိုးရတပ်က သုံ့ ပန်း အချို့ ကို လောလောဆယ် ဖော်ပြပေးလိုက်ပါတယ် ။ တိုက်ပွဲကတော့ ဒီနေ့ ထိ တောက်လျှောက် ဆက်ဖြစ်နေပါတယ် ။အသေးစိတ်ကို အချိန်ရ ရင် ထပ်မံ ဖော်ပြပေးပါ့မယ် ။cr jade kachin
—— photocr.jade kachin
MOI Webportal Myanmar လောက်ကိုင်ဒေသ တည်ငြိမ် အေးချမ်းရေး တပ်မတော်က ကြိုးပမ်း ဆောင်ရွက်လျက်ရှိ ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®® နေပြည်တော် ဖေဖော်ဝါရီ ၁၂ တပ်မတော်၏ အဓိက တာဝန်သည် နိုင်ငံတော်ရှိ ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်နှင့် နိုင်ငံတော်၏ အကျိုးစီးပွားကို လုံလုံခြုံခြုံ ကာကွယ် စောင့်ရှောက်ရန် ဖြစ်သည်နှင့်အညီ ပြည်သူ အေးချမ်း တည်ငြိမ်စွာ နေထိုင် ရပ်တည်နိုင်ရေးကို အနှောင့်အယှက် ဖြစ်စေသော ရန်ဟူသမျှကို ဖယ်ရှား ရှင်းလင်းရန် အသက်ခန္ဓာအပ်နှင်း၍ တာဝန် ထမ်းဆောင်လျက် ရှိပါသည်။ တပ်မတော်သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာ ပိုင်နက် နယ်မြေမှန်သမျှကို တာဝန်နှင့်အညီ ကာကွယ် စောင့်ရှောက်နိုင်ရန် အတွက် နယ်မြေ စိုးမိုးရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိရာတွင် ဖေဖော်ဝါရီ ၉ ရက်နေ့မှ စတင်၍ လောက်ကိုင် နယ်မြေအတွင်း ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့် တိမ်းရှောင် အင်အားစုများနှင့် တွေ့ဆုံ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ ဖေဖော်ဝါရီ ၉ ရက်နေ့တွင် ကိုးကန့် တိမ်းရှောင်အဖွဲ့မှ အင်အားစု အချို့သည် လက်နက်ငယ် ကိုယ်စီ ကိုင်ဆောင်၍ ကွမ်းလုံမြို့ မြောက်ဘက်ရှိ တောက်ရွှေကျေးရွာသို့ မော်တော်ယာဉ်များဖြင့် ရောက်ရှိလာကာ ကျေးရွာ ပြည်သူ့စစ်များထံမှ လက်နက်ငယ် ၈ လက်အား သိမ်းယူသွားခဲ့သည်။ ၎င်းတို့ ပြန်လည် ထွက်ခွာရာ တစ်လျှောက် တပ်မတော် စစ်ကြောင်းများက လိုက်လံ ရှင်းလင်းရာမှ ကြိုတင် နေရာယူပြီး ယာယီ ခံစစ်ယူထားသည့် သောင်းကျန်းသူ အင်အားစုများနှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ရာ တိုက်ခိုက်ရေး ရဟတ်ယာဉ်တို့ဖြင့် ပစ်ကူ ပေးခဲ့ရပြီး ဖြစ်စဉ်တွင် တပ်မတော်မှ အရာရှိ ၄ ဦး၊ စစ်သည် ၇ ဦးကျဆုံးကာ၊ အရာရှိ ၂ ဦး စစ်သည် ၁၁ ဦး ဒဏ်ရာရရှိခဲ့သည်။ တစ်ချိန်တည်းတွင် ကုန်းကြမ်းနှင့် ညံခွမ်းလမ်း (၁၈)မိုင် တစ်ဝိုက်၌ တပ်မတော် စစ်ကြောင်းနှင့် ကိုးကန့် တိမ်းရှောင် အဖွဲ့မှ အင်အားစုများနှင့် ၂ ကြိမ်တိုင် ပြင်းထန်စွာ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ဖြစ်စဉ်တွင် စစ်သည် ၅ ဦး ကျဆုံး၍ စစ်သည် ၂ ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် မြန်မာ- တရုတ် နယ်နိမိတ် မှတ်တိုင်အမှတ်၊ ဘီပီ- ၁၆၁(၁) အနီးရှိ မော်ထိုက်မြို့ တစ်ဝိုက် လုံခြုံရေးတာဝန် ထမ်းဆောင်လျက် ရှိသော တပ်မတော် စခန်းအား ကိုးကန့် တိမ်းရှောင် အင်အားစု အချို့မှ ၂ ကြိမ်တိုင် ၀င်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့၍ တပ်မတော်မှ စစ်သည် ၄ ဦး ဒဏ်ရာရရှိခဲ့သည်။ ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ညံခွမ်းနှင့် (၁၈)မိုင်ကြား တစ်ဝိုက်တွင် ကိုးကန့် တိမ်းရှောင်အဖွဲ့ အင်အားစုအချို့ ထပ်မံ၍ တွေ့ဆုံတိုက်ပွဲ ဖြစ်ပွားခဲ့ရာ တပ်မတော်မှ စစ်သည် ၆ ဦး ဒဏ်ရာရရှိခဲ့သည်။ ၎င်းနေရာသို့ တပ်မတော် စစ်ကြောင်းက လောက်ကိုင်မြို့မှ စစ်ကူ သွားရောက်ခဲ့ရာ (၁၈)မိုင်နှင့် တာရွှေထန်ကြား၌ သောင်းကျန်းသူ အင်အား (၂၀၀)ခန့်က အသင့်စောင့်ကြို တိုက်ခိုက်သဖြင့် ပြင်းထန်စွာ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ တိုက်ခိုက်ရေး ရဟတ်ယာဉ်၊ လေယာဉ်တို့ဖြင့် ၃ ကြိမ် ပစ်ကူပေးခဲ့သည်။ သောင်းကျန်းသူများသည် ၎င်းည၌ပင် မြန်မာ- တရုတ်နိုင်ငံ နယ်စပ်ရှိ နယ်နိမိတ် မိုင်တိုင်အမှတ်၊ ဘီပီ-၁၁၇ ဘက်သို့ ဆုတ်ခွာသွားကြောင်း သိရှိရသည်။ တိုက်ပွဲတွင် အရာရှိ ၁ ဦး၊ စစ်သည် ၂၉ ဦး ကျဆုံးခဲ့၍ အရာရှိ ၈ ဦး၊ စစ်သည် ၃၉ ဦး ဒဏ်ရာရရှိခဲ့ပြီး ယာဉ် ၅ စီး ပျက်စီး ဆုံးရှုံးခဲ့သည်။ ထို့အပြင် (၁၈) မိုင်အနီးတွင်လည်း သောင်းကျန်းသူ အင်အားစုများနှင့် တွေ့ဆုံတိုက်ပွဲ ဖြစ်ပွားကာ တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် ၁ ကြိမ် ပစ်ကူပေးခဲ့ရပြီး တပ်မတော်မှ အရာရှိ ၁ ဦး ဒဏ်ရာရရှိခဲ့သည်။ ၎င်းနေ့တွင် လော်ကွာကျိုင်းဘက်မှ သောင်းကျန်းသူ အင်အား ၂၀၀ ခန့်သည် ကုန်းကြမ်းဒေသရှိ တပ်ဌာနချုပ်အား ၀င်ရောက် တိုက်ခိုက်ရန် ရှိကြောင်း မြေပြင်သတင်း ရရှိသဖြင့် တပ်ဌာနချုပ်နှင့် မိသားစုများ လုံခြုံရေးအတွက် လိုအပ်သော တပ်အင်အား ဖြည့်တင်းမှုများကို လေကြောင်းမှ ရဟတ်ယာဉ်ဖြင့် အချိန်မီ ဖြည့်တင်းပေးနိုင်ခဲ့သည်။ မိမိတပ်စခန်းများအား အချိန်မီ အင်အား ဖြည့်တင်းပေးနိုင်ခဲ့၍ သောင်းကျန်းသူများ အနေဖြင့် အနီးကပ် တိုက်ခိုက်နိုင်ခြင်း မရှိဘဲ ဖေဖော်ဝါရီ ၁၁ ရက်နေ့ညပိုင်းတွင် အဝေးမှ လက်နက်ငယ်များဖြင့်သာ နှောင့်ယှက် ပစ်ခတ်နိုင်ခဲ့သည်။ ဖေဖော်ဝါရီ ၁၀ နေ့ညပိုင်းနှင့် ဖေဖော်ဝါရီ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ကိုးကန့် တိမ်းရှောင်အဖွဲ့မှ အင်အားစု အချို့သည် လောက်ကိုင် တပ်နယ်သို့ လည်းကောင်း၊ အင်အားစု အချို့သည် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဦးစီး အဖွဲ့ရုံးသို့ လည်းကောင်း၊ အင်အားစု အချို့သည် ဆီအော့ အကျဉ်းဦးစီးဌာနသို့ လည်းကောင်း၊ အင်အားစု အချို့သည် ရန်လုံကျိုင်း ရဲစခန်းသို့ လည်းကောင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ၀င်ရောက် တိုက်ခိုက်ခဲ့ရာ မြို့နယ် ရဲတပ်ဖွဲ့မှ ဒုရဲအုပ် ၁ ဦးနှင့် ကိုးကန့် ရဲတပ်ဖွဲ့ဝင် ၆ ဦး ကျဆုံးခဲ့သည်။ ဖေဖော်ဝါရီ ၁၁ ရက်နေ့ညပိုင်းနှင့် ၁၂ ရက်နေ့ နံနက်ပိုင်းတွင် ကိုးကန့် တိမ်းရှောင်အဖွဲ့ အင်အားစု အချို့သည် လောက်ကိုင် တပ်နယ်အတွင်းရှိ တပ်ရင်း/ တပ်ဖွဲ့များ၊ ကုန်းကြမ်းရှိ တပ်ရင်းဌာနချုပ်နှင့် ရန်လုံကျိုင်း မဆုတ်တမ်းခံစစ် စခန်းများအား အနီးအဝေးမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှောင့်ယှက် ပစ်ခတ်ခဲ့ရာ စစ်သည် ၁ ဦး ကျဆုံးခဲ့သည်။ ဖေဖော်ဝါရီလ (၉)ရက်နေ့မှ ယနေ့အထိ တိုက်ပွဲ ဖြစ်စဉ်ပေါင်း ၁၃ ကြိမ် ဖြစ်ပွားခဲ့ပြီး လက်နက်ကြီး ပစ်ကူများနှင့် လေကြောင်း ပစ်ကူ ၅ ကြိမ် ဆောင်ရွက်ခဲ့ရသည်။ ဖြစ်စဉ် တစ်လျှောက် တပ်မတော်မှ အရာရှိ ၅ဦး၊ စစ်သည် ၄၂ ဦး အသက်ပေးလှူခဲ့ပြီး၊ အရာရှိ ၁၁ ဦး စစ်သည် ၆၂ ဦး ဒဏ်ရာရရှိကာ မော်တော်ယာဉ် ၅ စီး ပျက်စီးဆုံးရှုံးခဲ့သည်။ ကိုးကန့် တိမ်းရှောင် အဖွဲ့ထံမှ လက်နက်အချို့ သိမ်းဆည်း ရမိခဲ့ပြီး ကျဆုံး/ထိခိုက် ဒဏ်ရာရမှုအချို့ရှိခဲ့ကြောင်း သိရှိရသည်။ ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့် တိမ်းရှောင်အဖွဲ့သည် လောက်ကိုင်ဒေသရှိ မျိုးနွယ်တူ နေထိုင်သူများကို အခွင့်ကောင်းယူ၍ နယ်မြေအတွင်း အခြေပြု လှုပ်ရှားနိုင်ရေး ဆောင်ရွက်လာခဲ့သည်။ မြေပြင်သတင်း ဖော်ထုတ်ချက်များ အရ ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့် တိမ်းရှောင်အဖွဲ့နှင့် အခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ပါဝင် လှုပ်ရှားလျက် ရှိကြောင်း သိရပြီး ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့် တိမ်းရှောင်အဖွဲ့နှင့် ၎င်းသောင်းကျန်းသူအဖွဲ့များသည် ပြည်ထောင်စုနေ့ မတိုင်မီ လောက်ကိုင်မြို့ အား သိမ်းပိုက်၍ အစိုးရ အကျပ်အတည်း ဖြစ်စေရေး ရည်မှန်းချက်ထား ဆောင်ရွက်ခဲ့သော်လည်း ဒေသခံ ပြည်သူများ၏ ပူးပေါင်း ပါဝင်မှုနှင့်အတူ ၎င်းတို့၏ ရည်ရွယ်ချက် ပျက်ပြားအောင် တပ်မတော်မှ တားဆီးနိုင်ခဲ့ကြောင်း သိရသည်။ ဒေသခံရွာများ၏ ပြောကြားချက်အရ ကိုးကန့်တိမ်းရှောင် သောင်းကျန်းသူအဖွဲ့များသည် တာရွှေထန်နှင့် ၁၈ မိုင်လမ်းဆုံအနီး စိုက်ပျိုးရေးနှင့် ကုန်ထုတ် လုပ်ငန်းများ လုပ်ဆောင်မှု အပေါ် အခွင့်ကောင်းယူ၍ ကြိုတင် စိမ့်ဝင် ရောက်ရှိနေခြင်း ဖြစ်ကြောင်း ၎င်းတို့သည် သစ်လွင်သော ယူနီဖောင်းများ ၀တ်ဆင်ထားပြီး အသွင်သဏ္ဍာန်အရ ခရီးဝေးမှ လာရောက်ခဲ့ဟန် မရှိဘဲ လန်းဆန်းသည့် အနေအထား ရှိကြောင်း၊ ၎င်းတို့ လှုပ်ရှားရာတွင် လျင်မြန် လွယ်ကူစွာ ရွှေ့ပြောင်းနိုင်ရေး နယ်စပ်ဒေသ ကုန်သွယ်ရေးနှင့် ကုန်ထုတ်လုပ်မှု ပြုလုပ်ရန် ဖောက်လုပ် ထားသော လမ်းများကို အသုံးပြု၍ အမျိုးအစား ကောင်းမွန်သော ယာဉ်ငယ်များဖြင့် ရွှေ့ပြောင်းမှုများ ဆောင်ရွက်ကြကြောင်း၊ တိုက်ပွဲ ဖြစ်ပွားရာတွင် ဒုံးပစ် လောင်ချာနှင့် လက်ပစ်ဗုံး အရေအတွက် များပြားစွာ သုံးစွဲနိုင်ပြီး လေယာဉ်ပစ် စက်သေနတ်ကြီးများကိုလည်း အဖွဲ့အားလုံးတွင် ဖြန့်ခွဲ အသုံးပြုနိုင်ကြောင်းနှင့် ၎င်းတို့၏ လှုပ်ရှားမှုနှင့် တိုက်ပွဲဝင်သည့် အနေအထားမှာ စနစ်တကျ ပြင်ဆင် လေ့ကျင့်ထားသူများ ဖြစ်နိုင်ကြောင်း သိရှိရသည်။ မြန်မာ-တရုတ် နယ်စပ်ဒေသတွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ် စစ်သံမှူးထံသို့လည်း သက်ဆိုင်ရာမှ ရှင်းလင်း ပြောကြား အသိပေးထားကြောင်း သိရှိရသည်။ တပ်မတော်အနေဖြင့် လောက်ကိုင်ဒေသ မူလအခြေအနေသို့ ပြန်လည် ရောက်ရှိကာ ဒေသခံပြည်သူများ တည်ငြိမ် အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် သောင်းကျန်းသူများ အခြေချလှုပ်ရှားနိုင်မှု မရှိစေရေးနှင့် နယ်စပ်ဒေသ တစ်လျှောက် စိမ့်ဝင်ထိုးဖောက်ခြင်း မပြုနိုင်ရေး ထပ်မံ၍ အင်အားများ ဖြည့်တင်းပြီး အစွမ်းကုန် ကြိုးပမ်း ရှင်းလင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။ ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ လောက်ကိုင်ဒေသအား ပုဒ်မ (၁၄၄) ထုတ်ပြန်ထားရှိပြိး တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ လောက်ကိုင်မြို့ လုံခြုံရေးအား ဆောင်ရွက်ပေးလျက်ရှိရာ လက်ရှိ အခြေအနေမှာ လောက်ကိုင်မြို့အတွင်း တည်ငြိမ် အေးချမ်းသည့် အခြေအနေ ပြန်လည် ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရှိရသည်။
စိုင်းထွန်းအောင်လွင် ဖေဖော်ဝါရီလ ၁၃ တပ်မတော်နှင့် ကိုးကန့် MNDAA လက်နက်ကိုင်အဖွဲ့တို့အကြား ကိုးကန့်ဒေသတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်ဆိုင်းပြီး အမြန်ဆုံးတွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ရန် ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ်ပါတီမှ ကြေငြာချက် ထုတ်ပြန်တောင်းဆိုလိုက်သည်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်သည့် အဆိုပါကြေငြာချက်တွင် လက်နက်ကိုင်အဖွဲ့အချင်းချင်း အပြန်လှန် ရိုသေလေးစား စေတနာထားမှ ပြည်ထောင်စုကြီး တည်တံ့မည်ဖြစ်ပြီး အချုပ်ခြာအာဏာလည်း တည်မြဲမည် ဖြစ်ကြောင်း ဖော်ပြထားသည်။ ယင်းအပြင် တိုင်းရင်းသား ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များသည် လက်နက်ကိုင်အဖွဲ့စည်းများအပေါ်တွင် မူတည်နေသဖြင့် ခုကိုးကန့် ဒေသတွင် ဖြစ်ပွားနေသည့် စစ်ပွဲများသာမက နိုင်ငံတော်၏ မည်သည့် အရပ်တွင်မဆိုဖြစ်ပွားနေသည့် စစ်ပွဲများပါ ရပ်စဲရန်တောင်းဆိုပါကြောင်း ကြေငြာချက်တွင် ဖော်ပြထားသည်။ တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည့် MNDAA ကိုးကန့်အဖွဲ့မှာ အစိုးရနှင့် ဆွေးနွေးမှုများ ပြုလုပ်နေသည့် အန်စီစီတီ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး ဗဟိုညှိနှိုင်းမှုအဖွဲ့တွင် ပါဝင်သော်လည်း တဖွဲ့ချင်းအနေဖြင့်မူ အစိုးရဘက်မှ လက်ခံဆွေးနွေးခြင်း မရှိသေးပေ။ ‘ ကျန်တော်တို့ဘက်က ဆွေးနွေးမှာ မဟုတ်ဘူး။ အစိုးရကလည်း ဆွေးနွေးဖို့ မရှိသလို။ တပ်မတော်ကလည်း ကိုးကန့်နဲ့ မဆွေးနွေးဖို့ အစိုးရကို ပြောထားတာရှိတယ် ‘ မြန်မာငြိမ်းချမ်းရေး စင်တာမှ တာဝန်ရှိသူ တဦးက ဖလားဝါးနယူးစ်သို့ ပြောသည်။ တပ်မတော်မှ ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်တွင်လည်း ကိုးကန့်အဖွဲ့သည် သစ်လွင်သော ယူနီဖောင်းများဝတ်ဆင်ထားပြီး အမျိုးစားကောင်းမွန်သော ယာဉ်များကို အသုံးပြုနိုင်ကာ တိုက်ပွဲဖြစ်ပွားရာတွင် ဒုံးပစ်လောင်ချာနှင့် လက်ပစ်ဗု့းအရေတွက်များများသုံးသည်ကိုတွေ့ရပြီး လေယာဉ်ပစ် သေနတ်များကိုလည်း သုံးနိုင်ကြောင်း စနစ်တကျပြင်ဆင် လေ့ကျင့်ထားသူများဖြစ်နိုင်ကြောင်း ဖော်ပြထားပြီး တရုတ်စစ်သံမှူး ထံလည်း အသိပေး အကြောင်းကြားထားကြောင်း ဖော်ပြထားသည်။ လက်ရှိ တပ်မတော်နှင့် ကိုးကန့်တပ်ဖွဲ့တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ဒေသခံ သောင်းနှင့်ချီပြီး နေရပ်များကို စွန့်ခွာ ထွက်ပြေးနေကြောင်းလည်း သိရသည်။
update 13/2/ လောက်ကိုင်စစ်ပွဲကြောင့် စစ်ပြေးဒုက္ခသည်များ လားရှိုးမြို့သို့ ထောင်နှင့်ချီထွက်ပြေးတိမ်းရှောင်နေရ _____________________________________________ ၂၀၁၅ ခုနှစ်၊ဖေဖော်ဝါရီလ ၁၃ ရက် ဖေဖော်ဝါရီလ ၉ ရက်နေ့က စတင်ခဲ့သည့် လောက်ကိုင်စစ်ပွဲကြောင့် လောက်ကိုင်အနီးအနားမှ မိဘပြည်သူများ ထောင်နှင့်ချီ ပြီး လားရှိုးမြို့သို့ထွက်ပြေး တိမ်းရှောင်နေရကြောင်းသတင်းရရှိသည်။ တိုက်ပွဲများတစ်နေ့ထက်တစ်နေ့ ပိုမိုပြင်း ထန်လာခြင်းကြောင့် ယမန်နေ့ ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့တွင် လောက်ကိုင်မြို့နေမိဘပြည်သူ များနှင့် အနီးအနားရှိမိဘပြည်သူများက စစ်ဘေးဒဏ်မှ ရှောင်ကြဉ်နိုင်ရန်အတွက် နီးစပ်ရာလားရှိုးမြို့သို့ထွက် ပြေးတိမ်းရှောင်လာခဲ့ကြကြောင်းသိရသည်။စစ်ပြေး ဒုက္ခသည်များကို ကားဖြင့်တင်ဆောင်လာကြပြီး လားရှိုးဈေး မန်ဆူပလာဇာပလက်ဖောင်းပေါ်မှာ ချပေး ခဲ့ကြောင်းသတင်းရရှိသည်။၎င်းဒုက္ခသည်များမှာ စား စရာမရှိ၊နေစရာအိပ်ယာထိုင်ခင်းမရှိ၊ပိုက်ဆံမပါသည့် အတွက် တည်းခိုခန်းသို့ တည်းရန်လည်းပိုက်ဆံမရှိ ခြင်းကြောင့် မြင်မကောင်းအောင် ရောက်ရှိနေခဲ့ကြ သည်ဟု သိရသည်။၎င်းတို့ထံမှတောင်းဆိုချက်များမှာ “ကျနော်တို့ကို အလုပ်လုပ်စရာများ ရှာပေးကြပါ၊အသက် ရှင် ရပ်တည်နိုင်ရန်အတွက် ကျနော်တို့အလုပ်ရမှ ဖြစ်ပါမယ်”ဟု တောင်းဆိုသံများကြားခဲ့ရကြောင်း မျက်မြင်မိဘပြည်သူများက ပြောပြကြသည်။ စစ်ဘေးဒဏ်ခံရသော စစ်ပြေးဒုက္ခသည် များကို တစ်နေရာတည်းတွင်စုပုံထားရန်မဖြစ်နိုင်သည့် အတွက် လားရှိုးမြို့နေကားဆရာများမှ မန်ဆူရှမ်းကျောင်း၊မန်ဆူအပေါ်ကျောင်း၊ရတနာဇေရုံကျောင်းတိုက်သို့ လည်းကောင်း၊ကျောင်းဆရာမတစ်ရာကျော်အတွက် အ.ထ.က(၁)ကျောင်းသို့လည်းကောင်း နေရာခွဲဝေ နေစေခဲ့သည်ဟုသိရသည်။ထွက်ပြေးစဉ်ကားစီးခွင့် မရကြသောဒုက္ခသည်များလည်း ခြေလျင်ခရီးဖြင့် လူနှစ်ထောင်နီးပါးခန့် လားရှိုးမြို့သို့ ဆက်လက်ထွက် ပြေးလာနေကြသည်ဟု ၎င်းဒုက္ခသည်များထံမှသိရ သည်။
KIA တပ်မဟာ(၄) တပ်ရင်း (၃၆) နယ်မြေ ဖောင်းဆိုင် ဒေသ ဘက်မှ ကိုးကန့် ဒေသ ဘက်သို့  အင်အားဖြည့်တင်းရန် အင်အား (၁၀၀)ခန့် ပါသော ခမရ (၃၀၁ ) (၅၀ရ ) ပူးပေါင်းတပ် စစ်ကြောင်း မန်ကောင်း ကျေးရွာ တွင် ရောက်ရှိ တပ်စွဲနေကာ ယနေ့  ညနေပိုင်းတွင် ကိုးကန့် ဘက်ခြမ်းသို့  ကူးရန်ပြင်ဆင်နေပါတယ် ။ ( Breaking News ) ကိုးကန့် ဒေသ ကုန်ကြမ်းတွင် တိုင်းရင်းသားပူးပေါင်းတပ်တို့နှင့် မြန်မာစစ်တပ်တိုက်ပွဲဖြစ်ပွား ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညနေ ၁၉း၀၀ နာရီအချိန်တွင် စတင်ပြီး ကိုးကန့်ဒေသ၊ ကုန်ကြမ်းတွင် တိုင်းရင်းသားပူးပေါင်းတပ်တို့နှင့် မြန်မာစစ်တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေသည်။ ကိုးကန့်ဒေသသို့ မြန်မာစစ်တပ်ဖွဲ့မှ တပ်မ ၃၃ အပါအ၀င် စကခ (၁)နှင့် စကခ (၁၆)တို့မှ အင်အားအလုံးအရင်းဖြင့် တိုးမြှင့်ပြီး တိုင်းရင်းသားပူးပေါင်းတပ်တို့အား ထိုးစစ် ဆင်နေသည့် အတွက် တိုက်ပွဲများ ဆက်လက်ပြီး ပြင်းထန်ဖွယ်ရှိပါသည်။ သတင်းနှင့်ပြန်ကြားရေးဌာန PSLF/TNLA စစ်ပွဲအပေါ် ထုတ်ပြန်ချက်သတင်း ခွေးမသားတွေကတော့ သတင်းတွေ ထုတ်တယ်ခင်ဗျ
စစ်ဘေးဒဏ်ခံနေရတဲ့မြန်မာနိုင်ငံဘက်မှရောက်ရှိလာသောကိုးကန့်များကိုတရုတ်ကူညီရေးအဖွဲ့ များကူညီစောင့်ရှောက်ထားကြကြောင်းသိရှိရ cr.Sai Bong
တရုတ် မီဒီယာတွေက ကိုးကန့်သောင်းကျန်းသူတွေကို မဟာမိတ်တပ်ပေါင်းစုဟုသုံးနှုန်းပြီး ကိုးကန့်စခန်းများကို မြန်မာစစ်တပ်မှစတင်တိုက်ခိုက်ကာ စခန်းရှိ လူများကို တစ်ယောက်မကျန် မျိုးသုန်းသတ်ဖြတ်ကြောင်း ဖွနေကြပါပြီ ။ ပုံ ၁။ ယမန်နေ့ည ပီကင်းစံတော်ချိန် ၁၉၃၀နာရီမှီာုင်ဇာဌာနချုပ်ကို မြန်မာစစ်တပ်မှ အကြိမ်၁၀၀ ထက်မနည်း လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ကြောင်း။ ပုံ ၂။ ၁၁.၂.၁၅ ရက်နေ့ ခလရ၅၂၂မှ ကိုးကန့်ကိုစတင်တိုက်ခိုက်ခဲ့ပြီးကိုးကန့်မှ ပြန်လည်ခုခံပစ်ခတ်လို့ မြန်မာတပ် အကျအဆုံးအရေအတွက်ဘယ်လောက်နဲ့ဆုတ်ခွာကြောင်းရေးသားထား။ ပုံ၃။ ၉/၁၀.၂.၁၅ ရက်နေ့တွေမှာ ကိုးကန့်မဟာမိတ်တပ်ပေါင်းစုကို မြန်မာစစ်တပ်မှ ၈ကြိမ်တိုက်ခိုက်ပြီး ၅ကြိမ်က လေကြောင်းနဲ့ဖြစ်ကြောင်း၊ကိုးကန့်တွေဟာ မဟာမိတ်ဖြစ်လို့ ဝ တပ်မတော်မှလည်း လေကြောင်းနဲ့လက်နက်တွေပြင်ဆင်ထားကြကြောင်း။ ပုံ၎။ ၁၀.၂.၁၅ ရက်နေ့မှာ မြန်မာစစ်တပ်က ကိုးကန့်မဟာမိတ်တပ်ကို လေယာဉ် ၂၊ရဟက်ယာဉ် ၃ ဖြင့်တိုက်ခိုက်၍ပြန်လည်ပစ်ချခဲ့သော ရဟက်ယာဉ်ပုံ ။ ဝ နဲ့ ကိုးကန့်တွေကို မဟာမိတ်ဟု တသွင်သွင်သုံးပြီး မြန်မာစစ်တပ်က သူတို့ရဲ့မဟာမိတ်တွေကို တစ်ယောက်မကျန်သတ်ဖြတ်နေကြောင်း ပရင့်မီဒီယာ နဲ့ တရုတ်ပြည်တွင်းသတင်းတွေမှာ ထပ်ခါ ထပ်ခါ ဖော်ပြနေကြပါပြီ၊ တရုတ်ရဲ့မင်းသားခေါင်းစွပ် ကျွတ်နေပါပြီ ၊တရုတ်ရဲ့ကျူးကျော်စစ် /စစ်ရေးဝင်ရောက်စွတ်ဖက်လာနိုင်မှုအတွက် သတိပြုပြင်ဆင်ထားစေလိုပါတယ် ။ မူရင်းတင်သူ၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြပါသည် cr.June Ko Kyaw ဗိုလ် လှမျိုးဦး (ကျဆုံး ) – DSA 55 ညီလေးရေ…. မင်းတာဝန်ကျေပါတယ်ကွာ… တိုင်းပြည်အတွက် အသက်ပေးသွားရပေမယ့်… အရမ်းစောလွန်းတယ် ညီလေးရာ…. ငါ့ညီလေး ကောင်းရာမွန်ရာ ရောက်ပါစေကွာ…. နောင်ဘ၀ ဆက်တိုင်း … ဒီလိုအဖြစ်မျိုး မကြုံရပါစေနဲ့ ညီလေးရာ…. CR.nay min
လောက်ကိုင် နောက်ဆုံးရသတင်း ၁၁ – ၂ – ၂၀၁၅ တရားသောစစ် အမြန် အောင်မြင် ပြီးဆုံးပါစေ.. ရန်သူအင်အားဟာ ၁၀၀၀ ခန့်ဟု ခန့်မှန်း ထားသော်လည်း အင်အားများထပ်မံတိုးလာ နေပြီး ၄၀၀၀ ကျော် ၅၀၀၀ ခန့်ဟုပင်ခန့်မှန်း ရပါသည်။ ပါဝင်တဲ့အဖွဲ့တွေက MMDAA ၊ KIA ၊ TNLA AA ၊ SSPP/SSA တို့ပါဝင်ပြီးကြေးစားတရုတ် များလည်းပါကြောင်းသတင်းရရှိပါတယ် ရန်သူသည် လောက်ကိုင်ရှိ တပ်ရင်းများအား ထိုးစစ်ဆင်နေပြီး ဆသရ(၄)အားဝင်ရောက် လုံးထွေးသည်အထိ အနီးကပ်တိုက်ပွဲများ ဖြစ်ပွားနေပြီး ၊ ဒကစ(လောက်ကိုင်)ဌာနချု ပ် အားလက်နက်ကြီးများဖြင့်ပစ်ခတ်လျှ က်ရှိ ပါသည်။ ရန်သူသည် ညပိုင်းတွင် ထိုးစစ်ဆင်လေ့ရှိပြီး တပ္မိသားစု၀င္မ် ား၊ကေလးငယ္မ် ားအား တပ်တွင်းရှိ ဘေးလွတ်ရာနေရာများသို့ စုစည်းနေခိုင်းရပါသည်။ အခြေအနေဟာ အလွန်ရှုပ်ထွေးနေပြီးရန်သူ သည် မြို့ သိမ်းတိုက်ပွဲဆင်နွဲရန် ရည်ရွယ်ထား ပုံရပါတယ် တပ်မ များအနေဖြင့် လောက်ကိုင်သို့အမြန် ချီတက်ပြီး တန်ပြန်ထိုးစစ်ဆင်နွဲသင့်နေပါ ပြီ ။ လေယာဉ်များထပ်မံတိုးချဲ့သုံးသင့် နေပါပြီ ပြည်သူများအနေဖြင့် တပ်မတော်ကို အားပေးထောက်ခံပေးကြပါ ဆုမွန်ကောင်းတောင်းပေးကြပါ မျိုးမင်းနိုင်
လောက်ကိုင်မြို့ကို ဂျက်လေယာဉ်ဖြင့် တိုက်ခိုက် (၁၆း၁ရ နာရီ) လောက်ကိုင်မြို့က ရွာသူ ရွာသားတွေ တရုတ်ပြည် ထဲကို ထွက်ပြေးရှောင်တိမ်းနေရ ***************************************************** ညနေပိုင်း ၁၆း၁၇ မိနစ်ခန့်တွင် အစိုးရတပ်မတော်မှ ဂျက်လေယာဉ်နှစ်စီးဖြင့် ပြင်းထန်စွာ ပစ်ခတ် တိုက်ခိုက်နေသည်။ ယနေ့ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုမှာ ၃ ကြိမ်မြောက်ဖြစ်သည်။ ထို့အပြင် နေ့လည်းပိုင်း ၁၂း၀၀ ခန့်တွင် ၁ ကြိမ်၊ ညနေပိုင်း ၁၃း၂၀ မိနစ်ခန့်တွင် ၁ ကြိမ် လေကြောင်းဖြင့် တိုက်ပွဲဖြစ်ပွားရာသို့ ဗုံးကျဲတိုက်ခိုက်ခဲ့သည်။ ဂျက်လေယာဉ်ဖြင့် မတိုက်ခိုက်မီ နေ့လည် ၁၂း၀၀တွင် ဟတ်စကီး (၃)စီးဖြင့် တိုက်ပွဲဖြစ်ပွားရာ တိုင်းရင်းသား ပူးပေါင်းတပ်များရှိရာသို့ ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ၄င်းဟတ်စကီးများပြန်သွားပြီး ဂျတ်လေယာဉ်နှစ်စီးဖြင့် ပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်သည်။ ကိုးကန့်  ဒေသ လောက်ကိုင်မြိုက ရွာသူ ရွာသားတွေက နီးစပ် ရာ တရုတ်ပြည် ထဲကို ထွက်ပြေးရှောင်တိမ်းနေကြတယ်လို့ သိရတယ် ။ သတင်းနှင့်ပြန်ကြားရေးဌာန PSLF/TNLA
Breaking News ဓာတ်ပုံ…တရုတ်သတင်းမီဒီယာ လောက်ကိုင်မြို့တွင် တိုက်ပွဲအခြေအနေပြင်းထန်
____________________________________________ ၂၀၁၅ ခုနှစ်၊ဖေဖော်ဝါရီလ ၁၀ ရက် ရှမ်းအရှေ့မြောက်ပိုင်း လောက်ကိုင်မြို့တွင် နှစ်ဖက်တိုက်ပွဲအခြေအနေ ပြင်းထန်စွာဖြစ်ပေါ်နေလျှက်ရှိကြောင်း သတင်းရရှိသည်။ ယနေ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အစိုးရစစ်တပ်ဖက်မှ ဂျက်လေယာဉ်များသုံးကာ လောက်ကိုင်မြို့အနီးအနားတဝိုက်ရှိ ဦးဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့်စစ်တပ်အဖွဲ့အား တိုက်ခိုက် နှိမ်နင်းလျှက်ရှိကြောင်း၊တိုက်ပွဲတွင်း လူထုများဒုက္ခ မရောက်စေရန်အတွက် ဦးဖုန်ကြားရှင်ကိုယ်တိုင် စစ်မြေပြင်နှင့် ဝေးရာအရပ်သို့ ထွက်ပြေးတိမ်းရှောင် ကြရန် ညွှန်ကြားထားသည်ဟု အမည်မဖော်လိုသူ လောက်ကိုင်ကျေးလက်နေ ကျောင်းဆရာတစ်ဦးမှ Nam Kham News သို့ သတင်းပေးပို့ထားသည်။ ကျောင်းဆရာ၏ပြောပြချက်အရ လောက်ကိုင်မြို့တွင် တိုက်ပွဲအခြေအနေတင်းမာနေသည့်အတွက် လူထုများ တိုက်ပွဲတွင်း ပိတ်မိနေကြောင်း၊အထူးသဖြင့် အစိုးရ ဝန်ထမ်းများဖြစ်ကြကြောင်း၊လက်နက်ကြီးများဖြင့် နှစ်ဖက်အပြန်အလှန်တိုက်နေကြကြောင်း၊၎င်းနေထိုင် ရာ အနီးအနားသို့ MI 35 ဂျက်လေယာဉ်များ၊လေယာဉ် များ မနက်ကတည်းကပင် ဖြတ်သန်းသွားလာနေလျှက် ရှိကြောင်းပြောပြသည်။ ထောင်နှင့်ချီပြည်သူများ နီးစပ်ရာတရုတ်ပြည်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း၊ ယခု တိုက်ပွဲသည် နယ်မြေရှင်းလင်းရေးအတွက် မြန်မာအစိုးရစစ်တပ်ဖက်မှ လောက်ကိုင်နှင့် တရုတ် ပြည်နယ်စပ်ရှိမြို့လေးတွင် စစ်စခန်းများအမြန်ဆုံး ခြေကုတ်ယူနိုင်ရန်အတွက် တိုက်ယူခြင်းဖြစ်ကြောင်း ၎င်းကျောင်းဆရာမှ သူ့အမြင်ကိုပြောပြခဲ့ပါသည်။ ဦးဖုန်ကြားရှင်မှလည်း လောက်ကိုင်မြို့ကို မရရအောင် စစ်အင်အားများထပ်မံဖြည့်တင်းကာ တိုက်ယူသွားမည် ဟု ကြွေးကြော်ထားသည်။
မြန်မာစစ်တပ်နှင့် ကိုးကန့်တပ်ဖွဲ့ဟောင်းများ တိုက်ပွဲ အခြေအနေတင်းမာ ____________________________________________ ၂၀၁၅ ခုနှစ်၊ဖေဖော်ဝါရီလ ၁၀ ရက် ရှမ်းပြည်မြောက်ပိုင်း၊လောက်ကိုင်မြို့ရှိ ကျေးရွာများတွင် မြန်မာစစ်တပ်များနှင့် ကိုးကန့်တပ်ဖွဲ့ ဟောင်းများ ယမန်နေ့က တိုက်ပွဲများဖြစ်ပွားဖြစ်ခဲ့ ကြောင်း သတင်းရရှိသည်။ ဖေဖော်ဝါရီလ ၉ ရက်နေ့၊နေ့လည်ပိုင်း ၁၂ နာရီကျော်တွင် အစိုးရစစ်တပ် ခလရ (၁၂၅)ကုန်း ကြမ်းအပါအဝင် သာလွန်ဖက်မှစစ်တပ်အင်အား တစ်ထောင်ခန့်နှင့် ဖုန်ကြားရှင် ဦးဆောင်သည့်ကိုးကန့်် စစ်တပ်ဟောင်းများ နှစ်ဖက်တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။အစိုးရစစ်တပ်ဖက်မှ တပ်ရင်းမှူးတစ် ဦး ဒဏ်ရာရရှိထားကြောင်း၊အစိုးရတပ်ဖက်မှ MI 35 တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် ဝင်ကူနေကြောင်း၊ ထို့အပြင် သိန္နီရှိ စကခ(၁၆)တပ်များလည်းဝင်ကူနေ ရကြောင်း သတင်းရရှိသည်။ယခုဖြစ်ပွားနေသောတိုက်ပွဲကို ကိုးကန့်တိုင်းရင်းသားများဖက်မှ လွယ်လွယ်နှင့် တပ်ဆုတ်ပေးမည်မဟုတ်ကြောင်း၊အသေခံတိုက်သွား မည်ဖြစ်ကြောင်း မြို့နေပြည်သူတစ်ဦးထံမှသိရသည်။ ယခုတိုက်ပွဲကြောင့် အခြေအနေဆိုးဝါးလာ နေမှုများအပေါ် လောက်ကိုင်မြို့နေ ဒေသခံများက မြို့တွင်းတွင်မနေရဲတော့ကြောင်း၊ရွာတွင်ဖြစ်နေသော် လည်း မြို့ထဲအထိအချိန်မရွေးပြန့်ပွားလာနိုင်သည့်အတွက် တရုတ်ပြည်တွင်းသို့ လူအင်အားထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း လောက်ကိုင်မြို့နေ ပြည်သူတစ်ဦး၏ပြောပြချက်အရ သိရသည်။
ဖုန်ကြားရှင်တို့ ကိုးကန့်တပ် ကြေငြာချက်လို့ပြောတာပဲ..။