Skip to content

#update #MOI #ရန်ကုန်မှာ #ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသန့်ရှင်းနဲ့ #NNER

February 9, 2015

ပညာရေးဝန်ကြီးဌာန၊ ကျောင်းသားကိုယ်စားလှယ်များနှင့် NNER တို့ အကြိုညှိနှိုင်းဆွေးနွေး………..
==============================================
၉.၂.၂၀၁၅၊ အောက်မြန်မာပြည် အဆင့်မြင့်ပညာဦးစီးဌာန (ရန်ကုန်)
==============================================
အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်နိုင်ရန်အတွက် လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲများ ပြန်လည်စတင်နိုင်ရန် ၉.၂.၂၀၁၅၊ အောက်မြန်မာပြည် အဆင့်မြင့်ဦးစီးဌာန (ရန်ကုန်)တွင် ပညာရေးဝန်ကြီးဌာန၊ ကျောင်းသားကိုယ်စားလှယ်များနှင့် NNER တို့ တွေ့ဆုံကာ အကြိုညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။ ၎င်းဆွေးနွေးပွဲသို့ အစိုးရကိုယ်စားလှယ်များအဖြစ် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယဝန်ကြီးဦးသန့်ရှင်း၊ ပညာရေးတက္ကသိုလ်ပါမောက္ခချုပ်ဦးအောင်မင်း၊ ရန်ကုန်တိုင်းနယ်လုံဝန်ကြီးဗိုလ်မှူးကြီးတင်ဝင်း၊ ရန်ကုန်တိုင်းလူမှုရေးဝန်ကြီးဦးမြင့်သိန်းတို့ တက်ရောက်ခဲ့ကြပါသည်။ ကျောင်းသားကိုယ်စားလှယ်များအဖြစ် ကိုအောင်မှိုင်းဆန်း၊ ကိုရဲဇာနည်ထွန်းနှင့် ကိုချစ်ဝင်းမောင်တို့ တက်ရောက်ခဲ့ကြပြီး NNER ကိုယ်စားလှယ်များအဖြစ် ဒေါက်တာသိန်းလွင်နှင့် ကိုစိုးထွန်းတို့ တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် သဘောတူညီချက် (၉) ချက် ရရှိခဲ့ပါသည်။
ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER)
သတင်းထုတ်ပြန်ရေးအဖွဲ့

1454616_813535615386589_650734999496886391_n

National Network for Education Reform – NNER ၁၁.၂.၂၀၁၅တွင် အမျိုးသားပညာရေးဥပဒေကို ပြန်လည်ပြင်ဆင်နိုင်ရန်အတွက် ပြုလုပ်မည့် လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲ၏ ဆွေးနွေးပွဲအစီအစဉ် 10983566_813540212052796_7191199103608506969_o အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ဆန္ဒပြ ကျောင်းသား ကျောင်းသူများ သိရှိနိုင်ရန် သတင်း ထုတ်ပြန်ချက် ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ®®®®®®®®®®®®®®®®®®®®®®®®®®®® ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့ သတင်းထုတ်ပြန်ချက် ( ၄ / ၂၀၁၅ ) ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက် ၁၃၇၆ ခု၊ တပို့တွဲလပြည့်ကျော် ၆ ရက် အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ဆန္ဒပြ ကျောင်းသား ကျောင်းသူများ သိရှိနိုင်ရန် သတင်းထုတ်ပြန်ချက် ၁။ နိုင်ငံတော်အစိုးရသည် နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ ဆန္ဒပြ ကျောင်းသား ကျောင်းသူ အစစ်အမှန်များ ဘေးအန္တရာယ် မဖြစ်စေရေးတို့အတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။ ၂။ ဆန္ဒပြကျောင်းသား ကျောင်းသူများ ပညာသင်ကြားမှု မဆုံးရှုံးစေရန် အတွက် မိမိတို့ ကျောင်းများသို့ ပြန်၍ အေးချမ်းစွာ ပညာသင်ကြားကြရန်နှင့် ဆန္ဒပြရာတွင် လိုက်ပါ သွားသည့် မိမိတို့ သားငယ် သမီးငယ်များ အား ပြန်လည်ခေါ် ယူကြပါရန် ပညာရေး ဝန်ကြီးဌာနအနေဖြင့် ၇-၂-၂၀၁၅ ရက်နေ့တွင် ကျောင်းသား မိဘများသို့ ပန်ကြားချက် ထုတ်ပြန်ထားပြီး ဖြစ်ပါသည်။ ၃။ ကျောင်းသား ကျောင်းသူများ၏ စစ်မှန်သော လိုအပ်ချက်ကို ဖြည့် ဆည်းပေးနိုင်ရန် အတွက် ၎င်းတို့ တောင်းဆိုသော အချက် (၁၁) ချက်ကို အခြေခံပြီး ကျင်းပမည့် လေးပွင့်ဆိုင် ဆွေးနွေးမှုနှင့်စပ်လျဉ်း၍ အစိုးရ၊ လွှတ်တော်၊ ကျောင်းသားနှင့် NNER ကိုယ်စားလှယ်များ ပါဝင်သည့် ဒုတိယအကြိမ် အကြို ဆွေးနွေးပွဲကို ၉-၂-၂၀၁၅ ရက်နေ့တွင် ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ပြီး ဖြစ်ပါသည်။ ၄။ လေးပွင့်ဆိုင်ဆွေးနွေးမှုမှ ရရှိသည့် သဘောတူညီချက်များအား ပညာရေး ဝန်ကြီးဌာနမှ လွှတ်တော်သို့ ပြန်လည်တင်ပြမည့် အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ထည့်သွင်းပေးသွားမည် ဖြစ်ပါသည်။ ၅။ ကျောင်းသား ကျောင်းသူများအပိုင်းမှလည်း ၂၈-၁-၂၀၁၅ ရက်နေ့တွင် မိမိတို့ လက်မှတ်ရေးထိုး ပေးထားသည့် ကတိကဝတ်အတိုင်း ဆန္ဒပြ မှုများ အား ရပ်ဆိုင်းကြရန် ဖြစ်ပါသည်။ သတင်းထုတ်ပြန်ရေးအဖွဲ့ ##### ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသန့်ရှင်းနဲ့ NNER , ကျောင်းသား ကိုယ်စားလှယ်များ ရန်ကုန်မှာ ယနေ့ နေ့လည်တွေ့ဆုံပြီး လေးပွင့်ဆိုင် အစည်း အဝေးများကျင်းပနိုင်ရေးအတွက် ဆက်လက်ညှိနိုင်းခဲ့ပါတယ်။ ညှိနှိုင်းဆွေးနွေးမှုများအရ လေးပွင့်ဆိုင်တွေ့ဆုံမှုကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်ခန်းမမှ ပြုလုပ်ရန်၊ တစ်ဖက် လျှင် ကိုယ်စားလှယ် ၂၀ ဦး စီ တက်ရောက်ရန်။ Moderator အဖြစ် အစိုးရနှင့် လွှတ်တော်ဘက်မှ တစ်ဦး ၊ NNER နှင့် ကျောင်းသားများဘက်မှ တစ်ဦးရွေးချယ်ရန် သဘောတူခဲ့ပါတယ်။ ဆွေးနွေးပွဲအတွင်း ညှိနှိုင်းရရှိချက်များကို အဖွဲ့တစ်ဖွဲ့စီ၏ ကိုယ်စားလှယ်ပြောရေးဆိုခွင့် ရှိသူတစ်ဦးစီက သတင်းစာရှင်းလင်းပွဲတွင် ရှင်းပြရန်လည်း သဘောတူခဲ့ကြောင်းသိရပါ တယ်။ YE HTUT 1907459_10205879945856627_7774961944132179110_n1016744_353735558160056_5008811189093143213_n10978622_353735474826731_7628526663271267906_n ယနေ. ထားဝယ်+မော်လမြိုင်ကျောင်းသားများစစ်ကြောင်း ===================================== ယနေ.တွင် ထားဝယ်+မော်လမြိုင်ကျောင်းသားများစစ်ကြောင်းသည် မော်လမြိုင်တက္ကသိုလ်ဝင်းထဲဝင်ခွင့်မရ၍ ကျောင်းသားများ အ၀တွင်သာ ဟာပြောပြပီး ကျောင်းသားများက ဆရာများကိုတောင်းပန်ပြီး ကန်တော့ ခဲ့ကြပါသည် ။ သတင်းဓါတ်ပုံ-Ko Kyaw Khant

No comments yet

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: