#update #MOI #NNER #ဒီမိုကရေစီပညာရေး #သပိတ်စစ်ကြောင်း #သည် #၆. ၂. ၁၅ #Irrawaddy #Marching #Naung Done

MOI Webportal Myanmar
ပညာရေးဝန်ကြီးဌာမှ ကျောင်းသားမိဘများသို့ ပန်ကြားချက်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®

(၇-၂-၂၀၁၅) ရက်နေ့

၁။ အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ ဆန္ဒပြမှုများ ရှိနေ သဖြင့် ကျောင်းသူကျောင်းသား များ အေးချမ်းစွာ ပညာသင်ကြားရေးနှင့် စာမေးပွဲ များ ချောမောစွာ ဖြေဆိုနိုင်ရေးအတွက် ပညာရေးဝန်ကြီး ဌာနနှင့် ပူးပေါင်းဆောင်ရွက်ကြပါရန် မိဘပြည်သူများကို ပန်ကြားပြီး ဖြစ်ပါသည်။

၂။ ယခုအခါ အေးချမ်းစွာ ပညာသင်ကြားလျက် ရှိကြသော ကျောင်းသား များနှင့် မိဘပြည်သူများက စိုးရိမ် ပူပန်လျက် ရှိနေကြကြောင်း၊ အထူးသဖြင့် သပိတ်မှောက်ချီတက်ရာတွင် လိုက်ပါသွားကြသော ကျောင်းသား လူငယ်များသည် ကျောင်းပျက်ရက်များ ဖြစ်ပေါ်နေပြီး
အေးချမ်းစွာ ပညာသင်ကြားမှုတွင် ထိခိုက်လာမည်ကို အချို့ မိဘများက စိုးရိမ်သောက ဖြစ်နေကြကြောင်း သိရှိရပါသည်။

၃။ ပညာရေးဝန်ကြီးဌာနသည် အေးချမ်းစွာ ပညာသင်ကြား လိုသော ကျောင်းသားများနှင့် မိဘများ၏ ဆန္ဒကို အလေးထား၍ အမျိုးသားပညာရည် မြင့်မားရေးအတွက် အစဉ်တစိုက်ဆောင်ရွက်လျက် ရှိပါသည်။

သပိတ်မှောက် ကျောင်းသားများ တောင်းဆိုသည့်အချက်များကို ဆောင်ရွက်နိုင်ရန်အတွက် ယခုယခါ ပညာရေးဝန်ကြီးဌာနနှင့် National Network for Education Reform (NNER)တို့သည် ဆက်လက် ညှိနှိုင်း လျက်ရှိပြီး အတတ်နိုင်ဆုံး ပြေလည်အောင်ဆောင်ရွက်လျက်ရှိပါသည်။

၎။ သို့ပါ၍ လေးပွင့်ဆိုင် ဆွေးနွေး၍ ဆက်လက် ဆောင်ရွက်ရန် စီစဉ်ထားပြီး ဖြစ်သည့် အတွက် ကျောင်းသား များ အနေဖြင့် ကတိကဝတ် ပြုထားသည့်အတိုင်း သပိတ်မှောက်ခြင်းကိုရပ်နားပြီး သပိတ်မှောက်ချီတက် ရာတွင် လိုက်ပါသွားသော သားငယ် သမီးငယ်များကို သက်ဆိုင်ရာ ကျောင်းအသီးသီးတွင် ပညာဆက်လက် သင်ကြားကြရန် အတွက် မိဘများက လိုက်လံခေါ်ယူကြပါရန် မေတ္တာရပ်ခံ အပ်ပါသည်။

၅။ အေးချမ်းစွာပညာသင်ကြားရေးနှင့် စာမေပွဲများချောမော စွာ ဖြေဆိုနိုင်ရေးအတွက် အတတ်နိုင်ဆုံး ကြိုးပမ်း ဆောင်ရွက်နေချိန်တွင် ဆန္ဒပြမှုများကြောင့် မလိုလားအပ်သော ပြဿနာများနှင့် အကျိုးဆက်များ ဖြစ်ပေါ်လာ နိုင်ပါသဖြင့် စီတန်းလှည့်လည် ဆန္ဒပြ ကျောင်းသူကျောင်းသားများ အနေဖြင့် မိမိတို့၏ ကျောင်းသို့ ပြန်၍ အေးချမ်းစွာ ပညာသင်ကြားကြပါရန် တိုက်တွန်းနိုးဆော်အပ်ပါသည်။

၆။ မိဘများအနေဖြင့်လည်း မိမိတို့၏ ရင်သွေး ကျောင်းသူကျောင်းသား များကို အေးချမ်းစွာ ကျောင်းပြန်လည် တက်ရောက်ပြီး စာမေးပွဲများ အတွက် ပြင်ဆင်နိုင်ရေး ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ကြပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်။
ပညာရေး ဝန်ကြီးဌာန

########

Ye Htut ဒီနေ့ ည ၈ နာရီ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား သတင်းအစီအစဉ် အပြီးမှာ အမျိုးသား ပညာရေး ဥပဒေအပေါ် ကန့်ကွက်ဆန္ဒပြမှု၊ မူဆယ်မြို့နယ် ကောင်းခါးကျေးရွာမှာ ဆရာမနှစ်ဦး အသတ် ခံရမှု တို့နဲ့ ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို နဲ့ တွေ့ဆုံမေးမြန်းခန်းကို ထုတ်လွှင့်ပေးမှာဖြစ်ကြောင်း အသိပေးတင်ပြအပ်ပါတယ် ။ ည ၉ နာရီသတင်းအပြီးမှာလည်း ဒုတိယအကြိမ်ထပ်မံထုတ်လွှင့်ပေးရန် စီစဉ်ထားရှိပါတယ်။ ####### မအူပင်ကဘော်ဒါတစ်ခုမှအထက်တန်းကျောင်းသူများ 15246_323791444495848_2340856401549699051_n မြေလတ်ကျောင်းသား သပိတ်စစ်ကြောင်း ရွှေစည်းခုံဘုရား ခြေတော်ရင်း တွင် ထမင်းစား နားနေစဉ်… 10959619_352392198277907_609602547172567651_n ”ဧရာဝတီသပိတ်စစ်ကြောင်း ညောင်းတုန်းအရောက် ထောင်ပေါင်းများစွာ ခရီးဦးကြိုကြ” (၂) 10676228_1069867646363764_8303013897766455708_n ”ဧရာဝတီသပိတ်စစ်ကြောင်း ညောင်းတုန်းအရောက် ထောင်ပေါင်းများစွာ ခရီးဦးကြိုကြ” (၂)   လေးပွင့်ဆိုင်ဆွေးနွေးပွဲအတွက် အကြိုညှိနှိုင်းဆွေးနွေးပွဲကို NNER မှ ဒေါက်တာသိန်းလွင်နှင့် ဆရာမသူသူမာတို့ တက်ရောက်ဆွေးနွေး =================================================== ဖေဖော်ဝါရီ ၆၊ ၂၀၁၅ (သောကြာနေ့) အဆင့်မြင့်ပညာဦးစီးဌာန (အောက်မြန်မာပြည်)၊ ရန်ကုန်။ =================================================== ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယဝန်ကြီးဦးသန့်ရှင်းမှ ဖေဖော်ဝါရီလ (၁၂)ရက်နေ့ နောက်ပိုင်းတွင် ဆွေးနွေးပွဲများ ပြန်လည်စတင်နိုင်ရန်အတွက် NNER မှ ဒေါက်တာသိန်းလွင်နှင့် တစ်ဦးချင်း အကြိုညှိနှိုင်းဆွေးနွေးလိုပါ သဖြင့် ဖေဖော်ဝါရီလ(၆)ရက်နေ့၊ (၁၄း၀၀)နာရီတွင် အဆင့်မြင့်ပညာဦးစီးဌာန (အောက်မြန်မာပြည်) ၌ တွေ့ဆုံဆွေးနွေးပေးပါရန် ဖိတ်ကြားလာပါသည်။ ထို့ကြောင့် ဒေါက်တာသိန်းလွင်မှ NNER မှ နောက်ထပ်တစ်ယောက်ကို သက်သေအဖြစ် ထပ်မံဖိတ်ကြားသင့်ကြောင်း အကြောင်းပြန်၍ ဒေါက်သိန်းလွင်နှင့်အတူ ဆရာမသူသူမာတို့ သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။ အကြိုညှိနှိုင်းဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးဦးသန့်ရှင်းမှ ဆွေးနွေးခဲ့သည့် အချက်များမှာ- (၁) ဆွေးနွေးပွဲကို ရန်ကုန်မှနေ၍ တစ်နာရီခရီးခန့်သွားရသည့် နေရာတစ်နေရာတွင် ပြုလုပ်သွားစေလိုကြောင်း (၂) မီဒီယာများကို အဖွင့်အမှာစကားပြောကြားချိန်တွင်သာ ဝင်ခွင့်ပေးပြီး ဆွေးနွေးချိန်တွင် မီဒီယာများကို ဆွေးနွေးခန်းမှ ပြန်လည်ထွက်ခွာစေ၍ လေးဖွဲ့ထဲသာ ဆွေးနွေးပွဲ ပြုလုပ်လိုကြောင်း (၃) လေးပွင့်ဆိုင်ဆွေးနွေးပွဲတွင် ဗွီဒီယိုနှင့် ဓာတ်ပုံမှတ်တမ်းတင်နိုင်ရန် တစ်ဖွဲ့စီမှ တစ်ယောက်စီသာ ထားရန် ခွင့်ပြုလိုကြောင်း (၄) စားမေးပွဲများ နီးလာပြီဖြစ်သောကြောင့် ကျောင်းသားများကို စိုးရိမ်မိကြောင်း စသည်များကို ဆွေးနွေးခဲ့ပါသည်။ ဆရာဒေါက်တာသိန်းလွင်မှ ပြန်လည်ဆွေးနွေးခဲ့သည်များမှာ- (၁) ဆွေးနွေးပွဲများကို ရန်ကုန်တွင်သာ ပြုလုပ်ရန် စတင်ဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲများကို (၁၄)၊ (၁၅)ရက်နေ့များတွင် အမြန်ဆုံး ပြန်လည်စတင် သင့်ကြောင်း (၂) အစိုးရဘက်မှ ဆွေးနွေးပွဲတက်ရောက်သည့် ကိုယ်စားလှယ်အရေအတွက် နှင့် ကူညီပံ့ပိုးသူအရေအတွက်အတိုင်း ကျောင်းသားကိုယ်စားလှယ်များနှင့် NNER ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးသင့်ကြောင်း (၃) Mediator ထားမည်ဆိုပါက ဘယ်ဘက်တွင်မှ ပါဝင်ခြင်းမရှိသော လွတ်လပ်သည့် ပညာရှင်များကိုသာ ထားမှ သင့်လျော်မည်ဖြစ်ကြောင်း (၄) ကျောင်းသားများ၏ လုံခြုံရေးကို အစိုးရမှ တာဝန်ယူရန်နှင့် ကျောင်းသားများကို မဖမ်းဆီးရန်၊ ထို့ပြင် ကျောင်းသားများကို “နောက်ကွယ်က ကြိုးကိုင်သူတွေ ရှိနေတယ်” “သပိတ်ထဲမှာ ကျောင်းသားမဟုတ်တဲ့ သူတွေပါ ပါနေတယ်” စသည်ဖြင့် အစိုးရဘက်မှ အပြစ်တင်ပြောဆိုနေပါလျှင် ဆွေးနွေးပွဲမှာ ပြေပြေလည်လည် ဆွေးနွေးနိုင်မည်မဟုတ်ကြောင်းနှင့် ဤသို့ပြောကြားနေခြင်းများကို အစိုးရဘက်မှ မလုပ်သင့်ကြောင်း (၅) စာမေးပွဲ နီးလာပြီဖြစ်၍ ဆွေးနွေးပွဲများကို အမြန်ဆုံး စတင်ရန် လိုကြောင်းနှင့် ကျောင်းသားများ တောင်းဆိုနေသည့်အချက်များကို အမြန်ဆုံး ပြေလည်အောင် ဆွေးနွေးညှိနှိုင်းရမည်ဖြစ်ကြောင်း (၆) နောက်တစ်ကြိမ် လေးပွင့်ဆိုင်ဆွေးနွေးသည့်အခါတွင် ဆွေးနွေးပွဲကို အခက်အခဲတွေ့စေနိုင်သည့် အတားအဆီးစည်းမျဉ်းစည်းကမ်းများကို အစိုးရနှင့် လွှတ်တော်ဘက်မှ ကျော်လွှားနိုင်အောင် ပြုလုပ်ထားသင့်ကြောင်း စသည်များကို ပြန်လည်ဆွေးနွေးခဲ့ပါသည်။ ဆရာဒေါက်တာသိန်းလွင် ဆွေးနွေးခဲ့သည့်အချက်များကို ဒုတိယဝန်ကြီး ဦးသန့်ရှင်းမှ တာဝန်ရှိသူများ ကို ပြန်လည် တင်ပြဆွေးနွေးပေးပါမည် ဟုသာ ပြောကြားခဲ့ပြီး အပြီးသတ် သဘောတူညီမှုများ ပြုလုပ်ခဲ့ခြင်းမရှိပါ။ ဆရာဒေါက်တာသိန်းလွင်နှင့် ဆရာမသူသူမာတို့မှ အကြိုညှိနှိုင်းဆွေးနွေးပွဲအပြီး (၆.၂.၂၀၁၅) ညနေ (၆)နာရီတွင် NNER အဖွဲ့ဝင်များနှင့် ကျောင်းသားကိုယ်စားလှယ်များကို ချက်ချင်း အစည်းအဝေးခေါ်ယူ၍ ဆွေးနွေးခဲ့သည့်အချက်များကို ပွင့်လင်းမြင်သာမှုရှိစွာ အသိပေး ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ အစိုးရဘက်မှ (၉.၂.၂၀၁၅)၊ တနင်္လာနေ့၊ နေ့လည်(၂)နာရီတွင် အကြိုညှိနှိုင်းဆွေးနွေးပွဲ ထပ်မံပြုလုပ်ရန် ကမ်းလှမ်းထားပြီး NNER ဘက်မှ NNER ကိုယ်စားလှယ်များနှင့်အတူ ကျောင်းသားကိုယ်စားလှယ်များပါ မဖြစ်မနေတက်ရောက်ဆွေးနွေးညှိနှိုင်းသင့်ကြောင်း၊ ဆွေးနွေးပွဲများကို လေးဖွဲ့စလုံး သဘောတူသည့်နေရာတွင်သာ ကျင်းပသင့်ကြောင်းနှင့် လေးပွင့်ဆိုင်ဆွေးနွေးပွဲသည် Open Discussion သာ ဖြစ်သင့်ကြောင်း အကြောင်းပြန်ကြားထားပါသည်။ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) သတင်းထုတ်ပြန်ရေးအဖွဲ့   Irrawaddy Marching Arrive Naung Done ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်း သည် ၆. ၂. ၁၅ နေ့ ညနေ ၄း၁၀ နာရီ တွင် ဆတ်သွားမြို့ သို့ ရောက်ရှိပါသည်။ သတင်းနှင့်ပြန်ကြားရေး cr. ဧရာဝတီ သပိတ်စစ်ကြောင်း 10947315_995991947096808_8067180683092331306_n10177505_504239416383168_8482495813884492472_n10960088_995992057096797_352641804859433566_o   ဒီမိုကရေစီပညာရေး ဧရာဝတီသပိတ်စစ်ကြောင်းသည် ဗိုလ်မြတ်ထွန်းတံတားကို ဖြတ်သန်းကာ ညောင်းတုန်းမြို့သို့ဆက်လက်ချီတက်နေပြီဖြစ်သည်။ (ဓာတ်ပုံ – ဖိုးသား) CR. ဧရာဝတီ သပိတ်စစ်ကြောင် -ဧရာဝတီသပိတ်စစ်ကြောင်း ဗိုလ်မြတ်ထွန်းတံတားသို့ ဖြတ်သန်း Continue reading “#update #MOI #NNER #ဒီမိုကရေစီပညာရေး #သပိတ်စစ်ကြောင်း #သည် #၆. ၂. ၁၅ #Irrawaddy #Marching #Naung Done”