မြန်မာစစ်တပ်မှ တအာင်းရွာသားတစ်ဦးအား ဖမ်းဆီးနှိပ်စက်
၅ ရက် ဖေဖော်ဝါရီလ ၂၀၁၄ ခု
ယနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် မိုးကုတ်မြို့နယ်၊ ဆိုင်းလိန်ကျေးရွာနေ အဘ-ဦးဘစံ အမိ- ဒေါ်ခမ်းမှတ်တို့သား မိုင်းနေထွန်းအား နနံက် (၁၁)နာရီခန့်တွင် ဆိုင်းလိန်ရွာတွင် လာရောက်လှုပ်ရှားသည့် မြန်မာစစ်တပ်စစ်ကြောင်းမှ TNLA တအာင်းတပ်မတော်နှင့် စပ်ဆက်မှုရှိသူဟု စွပ်စွဲကာ
ဖမ်းဆီးရိုက်နှက် ညှင်းပန်းလျက်ရှိကြောင်း သိရသည်။ မိုင်းနေထွန်းသည် သာမာန် ကျေးရွာသား တစ်ဦးသာဖြစ်သည်။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
###
February 5th Breaking News- မြန်မာစစ်တပ်မှ တအာင်းတပ်မတော်အား ထိုးစစ်ဆင်နေမှု အခြေအနေ
ယနေ့ ဖေဖော်ဝါရီလ ၅ ရက် နံနက် ၁၁း၀၀ နာရီခန့်တွင် မြန်မာစစ်တပ် လေတပ်မှ ဤရက်အတွင်း TNLAနှင့် တိုက်ပွဲဖြစ်ပွားရာ မိုးကုတ်မြို့အနီး အံဖွယ်ဝင်္ကဘာတောင် အနီးတွင်ဂျတ်လေယာဉ် (၁)စီး နှင့် မိုင်းငေါ့ ပါလိုင်ကျေးရွာအုပ်စု ၀န်းကျင်တွင် ဂျတ်လေယာဉ် (၁)စီး ဝေဟင်မှ
ပျံသန်းပြီး ပစ်မှတ်လေ့လာသွားခဲ့သည်။
ထို့အပြင် မိုးမိတ်အခြေစိုက် မြန်မာ့စစ်တပ်မှလည်း TNLAနှင့် တိုက်ပွဲဖြစ်ပွားရာနေရာသို့ အထူးတိုက်ခိုက်ရေးကွန်မန်ဒိုအဖွဲ့ (၂) အဖွဲ့ စေလွှတ်လာပြီး အထူးတိုက်ခိုက်ရေးကွန်မန်ဒိုအဖွဲ့ တစ်ဖွဲ့မှာ မိုးကုတ်မြို့အနီး အံဖွယ်ဝင်္ကဘာတောင်ဝန်းကျင် ခြေရာဖျောက်သွားသည်။
တဖန် မိုင်းငေါ့ရှိ မြန်မာစစ်တပ်ဖွဲ့မှ ခွန်ခါရှိ တပ်ဖွဲ့နှင့် ပေါင်းစည်းကာ အင်အား (၃၀၀)ကျော်ခန့် စစ်ကြောင်းမှလည်း တိုက်ပွဲဖြစ်ပွားရာအနီး မင်းကုန်းရွာဘက်သို့ စစ်အင်အားထပ်မံစေလွှတ်တိုးမြှင့်ထားပြီး မိုးကုတ်အခြေစိုက် မြန်မာ့စစ်တပ်ဖွဲ့များလည်း အံဖွယ်ဝင်္ကဘာတောင်တို့ လာရောက်စုစည်းထားကြောင်း သိရသည်။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
####
TODAY Update News; မြန်မာစစ်တပ်တိုက်ခိုက်ရေး လေယာဉ်များသည် တိုက်ပွဲဖြစ်ပွါးရာနေရာဖြစ်သည့် ဆိုင်းလိန်ရွာနှင့် ရွှေညောင်ပင်ရွာ ၀န်းကျင်သို့ ယနေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ၀၉း၀၀နာရီချိန်တွင် ထပ်မံရောက်ရှိဝဲပျံ လျှက်ရှိသည်။ လေယာဉ်နှစ်စီးသည် တအာင်းတပ်မတော် TNLA တပ်စွဲထားသည့်တောင်ကုန်းနေရာအား ဗုံး(၂)လုံးကြဲသွားခဲ့သည်။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
Update News; မြန်မာစစ်တပ်တိုက်ခိုက်ရေး ရဟတ်ယာဉ်(၂)စီးသည် လားရှိုးမြို့မှ တိုက်ပွဲဖြစ်ပွါးရာဒေသဖြစ်သည့်မိုးကုတ်နှင့် မိုးမိတ်မြို့နယ်သို့ ယနေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ၀၉း၃၀နာရီချိန်တွင် ထပ်မံသွားရာက်သည်။
Update News; မြန်မာစစ်တပ်တိုက်ခိုက်ရေး ရဟတ်ယာဉ်(၂)စီးသည် လားရှိုးမြို့မှ တိုက်ပွဲဖြစ်ပွါးရာဒေသဖြစ်သည့်မိုးကုတ်နှင့် မိုးမိတ်မြို့နယ်သို့ ယနေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ၀၉း၃၀နာရီချိန်တွင် ထပ်မံသွားရာက်သည်။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
မိုးမိတ်မြို့နယ်၊ လွယ်ဆာကျေးရွာအနီး စစ်ရဟတ်ယာဉ်(၄)စီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားဒေသခံ များအား ထိခိုက်ကာ အတွင်းလူနာအဖြစ် အရေးပေါ်ဆေးရုံတင်ထားရ
==========================================
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင် မိုးမိတ်မြို့နယ် လွယ်ဆာရွာနှင့် အံ့ဖွယ်တောင်အကြား မြန်မာ့တပ်မ တော်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်တို့ ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံ များ သတင်းပေးပို့ချက်အရ သိရှိရပါသည်။
ဖေဖော်ဝါရီလ ၂ရက် ၂၀၁၅ တွင် နံနက်(၈)နာရီ မှ (၈)နာရီ မိနစ်(၂၀)ခန့် တစ်ကြိမ် ညနေ (၃) နာရီမှ (၅) နာရီထိ တစ်ကြိမ် စုစုပေါင်း(၂)ကြိမ်ဖြစ်ပွားခဲ့ပြီး ဖောဖော်ဝါရီလ ၃ရက်၂၀၁၅ တွင်မူ နံနက် (၁၀) နာရီ မှ ညနေ (၂)နာရီ ပြင်းထန်စွာတိုက်ပွဲဖြစ်ပွားခဲ့ပြီး (၃) ရက်နေ့တွင်မူ စစ်ရဟတ်ယာဉ်ကြီးများဖြင့်ရောကတ် ဒုံးကျည် (၁၅)လုံး ပစ်ခတ်ပြီး မြေပြင်နှင့် ဝေဟင် ပူးပေါင်းစစ်ကြောင်းဖြင့် လိုက်လံပစ်ခတ်ခဲ့ကြောင်းကြားသိရသည်။
မြန်မာ့တပ်မတော်ဘက်မှ တပ်မ နှစ်ခုပေါင်း ထားခြင်းဖြစ်ပြီး တပ်မ(၈၈) နှင့် တပ်မ(၇၇) နှစ်ခုစလုံး မိုးမိတ် အခြေစိုက် တအာင်းတပ်မတော်နှင့် ပစ်ခတ်မှုဖြစ်ပွားနေခြင်းလည်းဖြစ်သည်။ မန္တလေး အခြေစိုက် မြန်မာ့စစ်ကြောင်း ဘက်မှလည်း ၀င်ရောက် ကူညီအင်အားဖြည့်ခဲ့သေးကြောင်း ကြားသိရကာ စစ်ရဟတ်ယာဉ် (၄) စီးခန့် လာရောက်ပစ်ခတ်ခြင်းဖြစ်ပြီး၊ ခြေလျင်တပ်ရင်းမှလည်း လက်နက်ကြီးများဖြင့် တစ်ရပ်စပ် ပစ်ခတ်နေကြောင်း ကြားသိရသည်။ ယခုအချိန်တွင်မိုးမိတ် လေယာဉ်ကွင်းအတွင်း ဂျက်လေယာဉ် (၃)စီးလည်း အရံသင့်ရပ်နားထားကြောင်းလည်းသိရသည်။
ယင်းပစ်ခတ်မှုကြောင့်မိုးကုတ် ပြည်သူ့ဆေးရုံတွင်လွယ်ဆာကျေးရွာမှ တအာင်းမိသားစု တစ်စု ထိခိုက်ခဲ့ပြီး မိခင်ဖခင်နှင့် ကလေး အပါ သားအမိ၊သားအဖ (၃) ဦး ထိခိုက်ခဲ့ခြင်းလည်းဖြစ်သည်။ လွယ်ဆာကျေးရွာမှ ဒေသခံ (၅၈) ဦးခန့်လည်း ကျေးရွာအပြင်ရောက်နေသဖြင့် လက်နက်ကြီးဘေးဒဏ်မှ လွတ်မြောက်ရန်အတွက် မိုးကုတ်မြို့ဘက်သို့ ရွှေ့ပြောင်းဒုက္ခသည်အဖြစ် ထွက်ပြေးခိုလှုံနေရကြောင်းလည်းကြားသိရသည်။
ထို့အပြင် လားရှိုး အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တွင် ညနေ ၆ နာရီခန့်ဝန်းကျင်၌ စစ်အင်အား နှင့်လက်နက်အင်အားဖြည့်တင်းရန်အတွက်အရေးပေါ် ဆင်းသက်၍ ဆက်လက် ထွက်ခွာသွားကြောင်း လည်းသိရသည်။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ စစ်ရဟတ်ယာဉ် အချို့လည်း ထက်မံအင်အားဖြည့် လိုက်ပါသွားဟန် ရှိသဖြင့် စစ်တပ်သုံး တိုက်ခိုက်ရေး ရဟတ်ယာဉ်အတော်များများ ညနေ (၇) နာခွဲ ထိ ဆက်လက်ပျံသန်းနေဆဲဖြစ်သည်။
ဒေသခံ လုံခြုံရေး အခြေအနေစိုးရိမ်နေရပြီး လွယ်ဆာကျေးရွာအတွင်း၊ ကလေးသူငယ်များနှင့် သက်ကြီး ရွယ်အိုများ ကိုအရေးပေါ် ရှာဖွေကြကာ ဘေးလွတ်ရာနှင့် လုံခြုံရာသို့ရွှေ့ပြောင်းထားရကြောင်းကြားသိရ သည်။ ပစ်ခတ်မှုဖြစ်ပွားသည့် နေရာတွင် ရှိသောနှစ်ဘက် တပ်မှ ထိခိုက်ကျဆုံးမှုသတင်းကိုမူ ယခုထိ မသိရှိရ သေးပါ။
လူအခွင့်အရေးမှတ်တမ်းနှင့်သတင်းသုတေသနဌာန
သတင်းနှင့်ပြန်ကြားရေး လုပ်ငန်းစဉ်
======================================================
3rd February Breaking News
တအာင်းဒေသ၊ မိုးကုတ်မြို့နယ်၊ ပန်ထီလာရွာအနီးတွင် TNLA တအာင်းတပ်မတော် နှင့် မြန်မာစစ်တပ်တို့ ၀၉း၄၅ မိနစ်မှ စတင်ပြီး တိုက်ပွဲဖြစ်ပွားနေသည်။ အသေးစိတ်အခြေအနေ မသိရသေးပါ။
နောက်ဆုံးဖြစ်ပေါ်မှု အခြေအနေ ဆက်လက်တင်ပြသွားပါမည်။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
———————————————————————
Update News; TNLA နှင့် မြန်မာစစ်တပ်တိုက်ပွဲဖြစ်ပွားရာမှ မြန်မာတပ်မတော်မှ အထိနာသဖြင့် တိုက်ခိုက်ရေးလေယာဉ် (၃)စီး လာရောက် စစ်ကူပေး
ဖေဖော်ဝါရီလ ၃ ရက် ၂၀၁၅ ခု
ယနေ့ မိုးကုတ်မြို့အနီး ပန်ထီလာရွာအနီးတွင် နံက် ၀၉း၄၅ မိနစ်ခန့်မှ စတင်ဖြစ်ပွားခဲ့သော TNLA တအာင်းတပ်မတော်နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲသည် ညနေ နေ၀င်မိုးချုပ်သည့်အထိ နှစ်ဘက်အပြန်အလှန် ပြင်းထန်စွာ တိုက်ခိုက်နေလျက်ပြီး
မြန်မာစစ်တပ်မှ အများအပြား ကျဆုံးသည့်အတွက် ညနေပိုင်း ၁၈း၀၀ နာရီခန့်တွင် တိုက်ခိုက်ရေး ဟယ်လီကော်ပတာလေယာဉ် (၃)စီးဖြင့် လာရောက် စစ်ကူပေးခဲ့သည်။
အဆိုပါ လေယာဉ် (၃)စီးအနက် (၂)စီးမှာ TNLA တပ်ရှိရာသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အခြားတစ်စီးမှာ ကုန်းဝိတ်လွယ်ဝိန်းရွာဘက်သို့ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
တပြိုင်တည်းမှာပင် မိုးမိတ်လေယာဉ်ကွင်းသို့လည်း တိုက်ခိုက်ရေးဂျတ်လေယာဉ် (၃)စီး စစ်ကူပေးရန် လာရောက်ရပ်နားထားသည်။
ညနေ ၁၈း၀၀ နာရီမှ ၁၈း၃၀ အထိ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ညရီမှောင်လာသဖြင့် မိုးမိတ်မြို့သို့ သွားရောက်ရပ်နားခဲ့သည်။
ထို့အပြင် တိုက်ပွဲဖြစ်ပွားရာသို့ မိုးကုတ်အခြေစိုက်တပ်၊မိုးမိတ်အခြေစိုက်တပ်၊ မန္တလေးတောင်ခြေအခြေစိုက်တပ်များလည်း လာရောက် စစ်ကူပေးနေသည်။
ယခုသတင်းရေးသားတင်ပြသည့်အချိန်အထိ နှစ်ဘက်အပြန်အလှန် ပစ်ခတ်တိုက်ခိုက်လျက်ရှိသည်။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
———————————————————–
Update News; မြန်မာစစ်တပ်တိုက်ခိုက်ရေး လေယာဉ်များသည် ဆိုင်းလိန်ရွာနှင့် ရွှေညောင်ပင်ရွာသို့ အတွင်းသို့လည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ရွာအတွင်းထိခိုက်မှု အခြေအနေ အသေးစိတ်မသိရသေးပါ။
မြန်မာစစ်တပ်များသည် ယနေ့ညနေပိုင်းတွင် မိုးမိတ်မိုးလုံဘက်ခြမ်းမှ အင်အား (၃၀၀)ကျော်ခန့် နှင့် မိုးမိတ် ခွန်ခါဘက်မှ လည်း အင်အား (၃၀၀)ကျော်ခန့် အဆိုပါ တိုက်ပွဲဖြစ်သည့်နေရာသို့ စစ်ကူပေးရန်ချီတက်လာနေဆဲဖြစ်သည်။
နောက်ဆုံးဖြစ်ပေါ်လာသည့် အခြေအနေများကို တင်ပြသွားပါမည်။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA