#update #၈.၂.၂၀၁၅ #White #Card #ကိုင်တဲ့ #သူတွေကို #မဲပေးခွင့် ပြုဖို့ ပြည်ထောင်စု #လွှတ်တော် #ဆုံးဖြတ်လိုက်ပြီ

ယနေ့ ရခိုင်ဓမ္မာရုံ White Cardကိစ္စ
ရခိုင်မိသာစု သာရေးနာရေးအသင်း
မြိုနယ်အသင်းများရခိုင်မျိုးချစ်လူငယ်များ
တွေ့ဆုံ…………….

ရခိုင်လူငယ်မျာူအဖွဲ့
09 420752871

988937_383088098482564_320015076019206829_n

 

White Card Campaign ၏ သဘောထား ကြေညာချက်

WHITE CARD HOLDER

 

နိုင်ငံသားမဟုတ်သည့် ယာယီသက်သေခံကတ်ပြား(White Card)
ကိုင်ဆောင်ခွင့်ရှိသူများအား ဆန္ဒခံယူပွဲတွင် မဲပေးခွင့်ပြုခြင်းအပေါ်
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)၏ သဘောထားကြေညာချက်
ကြေညာချက်အမှတ် (၃/၂၀၁၅)ရက်စွဲ။
၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီလ( ၄)ရက်

10931203_850357951672914_2732738243578493016_o10480950_850357961672913_4365152517090160104_n

 

10984264_1594672704081571_5595930016135240334_n

 

10443990_420371634805794_8854855552029966570_n

 

သမ္မတမှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသော
ယာယီကဒ်ပြား ( white card ) ကိုင်ဆောင်သူများမဲပေးခွင့်
လွတ်တော်မှ အတည်ပြုခြင်းအဆိုကို ကန့်ကွက်ဆန္ဒထုတ်ဖော်ပွဲ

နေ့ရက် 8.2.15 ( တနင်္ဂနွေနေ့ ) မှစ၍ ( 7 ရက်တိုင် )
နေရာ – ရွှေတိဂုံဘုရားအရှေ့မုဒ် ( ကြေးသွန်းဘုရား )
အချိန် – နေ့လည် ( 1 ) နာရီ

မှတ်ချက် – 7 ရက်ဆန္ဒထုတ်ဖော်ညသည့်တိုင် ၎င်းအဆိုကို
မရုပ်သိမ်းက နေပြည်တော်အထိ ဆက်လက်ထုတ်ဖော်သွားမည် ဟုသိရသည်

Credit – Lu Min

10922798_410540699124125_7641216099007048000_n10978599_410540622457466_2421959480076920129_n1514505_410540775790784_9206532989880388407_n

 

ယာယီသက်သေခံလက်မှတ် ဆန္ဒပေးခွင့်ပြုမည်ဟူသော
လွှတ်တော် အတည်ပြုချက် နှင့် ပတ်သက်၍ မတူကွဲပြားခြင်း နှင့် ငြိမ်းချမ်းရေးပါတီ ( Peace & Diversity Party)၏ သဘောထားထုတ်ပြန်ချက်
စာအမှတ် – ၁ / မငပ / ၂၀၁၅
ရက်စွဲ ။ ။ ၄ – ၂ – ၂၀၁၅
(၁) ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရေး ပြည်လုံးကျွတ်မဲဆန္ဒခံယူပွဲတွင် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင် သူများအား မဲပေးခွင့်ပြုမည်ဟူ၍ ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုဆုံးဖြတ်လိုက်ကြောင်း ကြားသိရ ပါသည်။
(၂) အဆိုပါ ယာယီသက်သေခံလက်မှတ် ( White Card )၏ နောက်ကျောတွင် (ဤကဒ်ပြားဖြင့် မည်သည့်နိုင်ငံသားဖြစ်သည်ဟု သက်သေခံခြင်း အလျဉ်းမဖြစ်စေရ) ဟု ပါရှိသည်။
(၃) နိုင်ငံရေးရာ အဆုံးအဖြတ်တွင် နိုင်ငံသားမဟုတ်သူများအား ဆန္ဒမဲပေးခွင့်ဟူသည်မှာ မည်သည့်နိုင်ငံတွင်မှ မရှိပါ။
(၄) ကျွန်ုပ်တို့နိုင်ငံ၏ တိုင်းရေးပြည်ရာ ကိစ္စတွင်လည်း မည်သည့်နိုင်ငံသားဖြစ်သည်ဟူ၍ သက်သေခံနိုင် ခြင်း မရှိသူများ၏ ဆန္ဒမဲပေးခွင့်ကို လုံးဝခွင့်မပြုသင့်ပါ။
(၅) အဆိုပါ ဆုံးဖြတ်ချက်အား ကျွန်ုပ်တို့မတူကွဲပြားခြင်း နှင့် ငြိမ်းချမ်းရေးပါတီမှ လုံးဝ ကန့်ကွက်ကြောင်း ၊ အမျိုးသားရေး အင်အားစုများနှင့် ၀ိုင်းဝန်း၍ အဆိုပါကိစ္စအတွက် ကန့်ကွက်ဆန့်ကျင်သွားမည်ဖြစ်ကြောင်း အတိအလင်း ထုတ်ပြန်ကြေညာလိုက်သည်။
ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ဆုံးဖြတ်ချက်အရ

နေမျိုးဝေ
ဥက္ကဌ
မတူကွဲပြားခြင်း နှင့် ငြိမ်းချမ်းရေးပါတီ
Peace & Diversity Party

 

10858364_1375701609410412_2222319416427975063_n

“အမျိုးသားနိုင်ငံရေးစောင့်ကြည့်အဖွဲ့ သဘောထားကြေညာချက်”
===========================================
ကြေညာချက်အမှတ် ၂/မနစ/၂၀၁၅(သဘောထားကြေညာချက်)

၁။ ပြည်ထောင်စုလွှတ်တော်မှ ဆုံးဖြတ်လိုက်သော(၂.၂.၂၀၁၅)(White Card)ကိုင်ဆောင်သူများအား ပြည်လုံးကျွတ်ဆန္ဒခံယူမဲပေးခွင့်ပြုရန် ဆုံးဖြတ်ချက်အား ပြင်းထန်စွာ ရှုံ့ချကန့်ကွက်လိုက်ပါသည်။

၂။ နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်ဖြင့် ပေးပို့လာသော ယာယီသက်သေခံလက်မှတ် (White Card)မဲပေးခွင့်သည် နိုင်ငံသားတို့၏ အမြင့်ဆုံးအခွင့်အရေးဖြစ်သော မဲပေးခြင်းကို တရားမဝင် နိုင်ငံခြား သားများအား ပေးအပ်ခြင်းဖြစ်သဖြင့် နယ်စပ်မှ တရားမဝင်နိုင်ငံခြားသားများ ဝင်ရောက်ခြင်းကို ဖိတ်ခေါ်ခြင်း ဖြစ်ပေသည်။

၃။ နိုင်ငံ၏ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို ထိခိုက်စေသည့်အပြင် လူမျိုးရေးပဋိပက္ခ ဖန်တီးရာ ရောက်သကဲ့သို့ ဤနိုင်ငံတွင် နှစ်ပေါင်းများစွာ နေထိုင်လာကြသော ဌာနေတိုင်းရင်းသားတို့၏ ကံကြမ္မာ ဖန်တီးနိုင်သည့်အခွင့်အရေးကို ချိုးဖောက်ဖျက်ဆီးရာရောက်နေပါသည်။

၎။ ထို့ကြောင့် ပြည်ထောင်စုလွှတ်တော်၏ (White Card) မဲပေးရေး ဆုံးဖြတ်ချက်သည် ကြီးမားသော အမျိုးသားရေးသစ္စာဖောက်မှုကြီးအဖြစ် သတ်မှတ်ပြီး နိုင်ငံအဝှမ်း ရဟန်းရှင်လူပြည်သူအပေါင်းမှ ဖြစ်နိုင်သည့် နည်းလမ်းပေါင်းစုံဖြင့် ကန့်ကွက်ရှုံ့ချသင့်ပါကြောင်း ကျွန်ုပ်တို့ အမျိုးသားနိုင်ငံရေးစောင့်ကြည့်အဖွဲ့မှ ကြေညာလိုက်ပါသည်။

အမျိုးသားနိုင်ငံရေး စောင့်ကြည့်အဖွဲ့။

10359214_1375637086083531_6284031480417927033_n

 

 

ယာယီသက်သေခံလက်မှတ်(White Card)
ကိုင်ဆာင်သူများဆန္ဒမဲပေးခွင့်ပြုခြင်းအား
ကန့်ကွက်ဆန္ဒထုတ်ဖော်ပွဲ အစည်းအဝေးမှ
အောက်ပါပုဂ္ဂိုလ်များဖြင့်ဦးဆောင်ကော်မတီဖွဲ့စည်း
လိုက်ပါသည်။

သြဝါဒစရိယ ဆရာတော်များ
*************************
၁။ဆရာတော်ဦးပါမောက္ခ ၀၉ ၅၁၇ ၀၃၅၂
၂။ဆရာတော် ဦးကုဝေရ ၀၉ ၄၂၀၀ ၆၀၀၂၃
၃။ဆရာတာ် ဦးဥာဏဓမ္မ ၀၉ ၄၂၀ ၁၆၅၅၆၆
၎။ဆရာတော် ဦးဇာဂရ ၀၉ ၄၂၀ ၁၂ ၃၂၆၉
၅။ဆရာတော် ဦးနာယက ၀၉ ၂၅၀ ၁၉၈၀၄၇

နာယက ဆရာတ်ာများ
************************
၁။ဦးရေဝတ ၀၉ ၄၄၈၀ ၁၁၄၉၉
၂။ဦးတေဇဝန္တ ၀၉ ၂၆၀ ၇၉၁၀၇၇
၃။ဦးသုစိတ္တ
၎။ဦးဝိလာသဂ္ဂ ၀၉ ၃၃၆၅ ၈၈၁၀
၅။ဦးဝီရသစ္စာ
၆။ဦးဝေပုလ္လ
၇။ဦးကေတုမာ
၈။ဦးဥာဏိဿရ ၀၉ ၄၂၀ ၂၆၉ ၁၀၉
၉။ဦးခေမာစာရ ၀၉ ၇၉၅၆၆ ၅၈၇၀
၁၀။ဦးပညာဗလ ၀၉ ၃၀၁၀ ၁၂၉၃

ဦးဆောင်ကော်မတီဝင်များ
*************************
၁။ဦးဝင်းကိုကိုလတ် ၀၉ ၇၉ ၅၂၅ ၄၁၆၈
၂။ဦးချစ်ကိုကို ၀၉ ၅၁၁ ၇၇၄၉
၃။ဦးနောင်တော်လေး ၀၉ ၄၀ ၁၆၀ ၁၂၂၀
၎။ဦးညီညီမောင် ၀၉ ၂၅၂၃ ၂၉၀၉၀
၅။ဦးစောသာမောင် ၀၉ ၃၀၀၀၀၈၉၀
၆။ဦးတင့်လွင် ၀၉ ၃၁၀ ၄၇၂၆၃
၇။ဦးဇော်ဝင်း ၀၉ ၂၅၀ ၁၁ ၃၄၃၅ ၈။ဦးအောင်မျိုးလွင် ၀၉ ၂၅၄၄ ၉၂၃၁၂
၉။ဦးမင်းစနေ ၀၉ ၂၅၀ ၂၉၃၃၃၇
၁၀။ဦးမြင့်ဇော် ၀၉ ၄၃၀ ၉၃၈၄၀
၁၁။ဦးဝဏ္ဏ ၀၉ ၄၂၁၁ ၇၅၅ ၆၆
၁၂။ဦးတင့်လွင်(ဓမ္မဃောသက) ၀၉၄၂၁၁၄၉၅၃၀
၁၃။ဦးပဒေါင်သား ၀၉ ၇၃၀၀ ၁၉၃၆
၁၄။ဦးမိုးမင်းဟိန်း ၀၉ ၂၅၄၄ ၅၀၀၉၉
၁၅။ဦးအောင်စိုးမိုး ၀၉ ၄၂၀၀ ၄၆၅၀၅
၁၆။ဦးဗိုလ်အောင်ဒင် ၀၉ ၇၉၅၅ ၇၉၀၂၄
၁၇။ဦးရွှေဒုံသား ၀၉ ၄၂၈၀ ၂၁၃၉၀
၁၈။ဦးရန်ကုန် ၀၉ ၂၅၃ ၂၆ ၁၄၁၅
၁၉။ဦးသက်မျိုးဦး ၀၉ ၂၅၀ ၆၇၇ ၂၁၂
၂၀။ဦးမင်းသား(MBYG) ၀၉ ၂၅၅ ၈၉၂ ၅၄၉
၂၁။ဦးမျိုးမင်းသူ(ခ)ဟစ်သူ ၀၉ ၂၅၄၄ ၁၃၁၆၅
၂၂။ဦးနေလအောင် ၀၉ ၄၂၁၀ ၈၉၅၅၀
၂၃။ဦးဝင်းအောင် ၀၉ ၂၅၀ ၅၈၈ ၂၇၂
၂၄။ဒေါ်အေးအေးမော် ၀၉ ၂၆၀ ၃၉၁၉၃၈
၂၅။ဒေါ်ခင်မျိုးချစ် ၀၉ ၂၅၀၀ ၁၅၅၄၈
၂၆။ဒေါ်စိမ်းမို့မို့ ၀၉ ၄၂၁၁ ၀၀၀၁၉

ဦးဆောင်ကျင်းပရေးကော်မတီ

ဦးဆောင်ကျင်းပရေးကော်မတီအစည်းအဝေးကို
မနက်ဖြန် ၅.၂.၂၀၁၅(ကြာသပတေးနေ့)၊
နေ့လည် ၂ နာရီ တွင် ကျင်းပရန်
ဆရာတော် ဦးပါမောက္ခ မှ မိန့်ကြားပါသောကြောင့်
ကော်မတီဝင်များမပျက်မကွက်တက်ရောက်ပေးကြ
ပါရန်လေးစားစွာဖိတ်ကြားအပ်ပါသည်။

 

10959600_750060988442859_6356385857526161009_n

white card မဲပေးခွင့်မရရေး
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံကို
လွတ်တော်အမတ်၁၀% လက်မှတ်ထိုးတင်
ပြီး အခြေခံဥပဒေနှင့်မကိုက်ညီလျင်ပယ်ဖျက်
ခံရဖွယ်ရှီ။
အတင်းအားဓမ္မလုပ်ရင်တော့ ရခိုင်တွေ
မြန်မာနိုင်ငံထဲက အလိုလို ထွက်ခွါသွား
လိမ့်မယ်။

10941137_384025585112842_6438012706580055464_n

ဆရာတော်များဦးဆောင်

ယာယီသက်သေခံလက်မှတ်(White Card)ကိုင်ဆောင်
ထားသူများမဲပေးခွင့်အား လွှတ်တော်မှ အတည်ပြု
ဆုံးဖြတ်ချက်နှင့်ပက်သက်၍ ဆန္ဒဖော်ထုတ်ပွဲ
ဖြစ်မြောက်ရေးအစည်းအဝေး
ထုတ်ပြန်ကြေညာချက်
************************************
ယနေ့ကျင်းပပြုလုပ်သော မျိုးချစ်ရဟန်းတော်များနှင့်

မျိုးချစ်ပြည်သူများမှယာယီသက်သေခံလက်မှတ်

(White Card)နှင့်ပက်သက်၍ဆန့်ကျင်ကန့်ကွက်

ရှုံ့ချမည့်ဆန္ဒထုတ်ဖော်ပွဲကို

၈.၂.၂၀၁၅(တနင်္ဂနွေနေ့)တွင်

ရန်ကုန်မြို့၊ကြေးသွန်းဘုရား

အချိန် နေ့လည်(၁:၀၀)နာရီ မှစတင်၍

တိုင်းဒေသကြီးလွှတ်တော်အထိ (၇)ရက်တိုင်တိုင်

ချီတက်ဆန္ဒထုတ်ဖော်သွားမည်ဖြစ်သည်။

(၇)ရက်ပြည့်မြောက်သည့်အချိန်အထိ အကြောင်းတစ်စုံ

တစ်ရာထူးခြားမှုမရှိပါက ရန်ကုန်မြို့မှနေပြည်တော်

အထိချီတက်ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ပြီး

ယာယီသက်သေခံလက်မှတ်(White Card)ကိုင်ဆောင်

သူများမဲပေးခွင့်ကိုရုတ်သိမ်းမပေးမချင်းဆက်တိုက်

အဆက်မပြတ်ဆန္ဒထုတ်ဖော်သွားရန်

ဦးဆောင်ကော်မတီနှင့် တက်ရောက်လာသူများမှ

ဆုံးဖြတ်ကြောင်း ကြေညာချက်ထုတ်ပြန်လိုက်

ပါသည်။

ဆန္ဒထုတ်ဖော်ပွဲ ဦးဆောင်ကော်မတီ

10953233_749879515127673_5109835818956499753_n10603780_749879681794323_8107169953409402024_n

 

 

10463047_410217545823107_2013035414459058263_n-1

Eleven Media Group
နိုင်ငံသားစိစစ်ဆဲ (နိုင်ငံခြားသားများအား) နိုင်ငံသားတို့၏ အမြင့်ဆုံးအခွင့်အရေးဖြစ်သော မဲပေးခွင့်ပေးခြင်းအား Eleven Media Group မှ အပြင်းအထန် ကန့်ကွက်အပ်ပါသည်။

၁။ နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်ဖြင့် ပေးပို့လာသော နိုင်ငံသား ယာယီသက်သေခံလက်မှတ် (White Card) ဖြင့် မဲပေးခွင့်ပြုခြင်းကို ပြည်ထောင်စုလွှတ်တော်မှ ဆုံးဖြတ်ခဲ့ခြင်းအား Eleven Media Group မှ ကန့်ကွက်အပ်ပါသည်။

၂။ နိုင်ငံသားစိစစ်ဆဲ နိုင်ငံခြားသားများအား နိုင်ငံသားတို့၏ အမြင့်ဆုံးအခွင့်အရေးဖြစ်သော မဲပေးခွင့် ပေးအပ်ခြင်းမှာ တရားမဝင် နိုင်ငံခြားသားများအား နိုင်ငံသားအဖြစ် သွယ်ဝိုက်အသိအမှတ်ပြု သကဲ့သို့ဖြစ်ပြီး နယ်စပ်ဒေသများမှ တရားမဝင် နိုင်ငံခြားသား အမြောက်အများ ဝင်ရောက်ခြင်းကို ဖိတ်ခေါ်သကဲ့သို့ ဖြစ်စေပါသည်။

၃။ ယခုကဲ့သို့ နိုင်ငံသားမဟုတ်သူ၊ တိုင်းရင်းသားမဟုတ်သူများအား မဲပေးခွင့်ပြုခြင်းမှာ နိုင်ငံအတွင်း၌ နှစ်ပေါင်း ထောင်ချီ အတူတကွ နေထိုင်လာခဲ့သော တိုင်းရင်းသား လူနည်းစုများ၏ မိမိကံကြမ္မာ မိမိဖန်တီးနိုင်ခွင့် အခွင့်အရေးအား ဖိနှိပ်ကန့်သတ်သကဲ့သို့ ဖြစ်စေပါသည်။ အထူးသဖြင့် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်ကဲ့သို့ တစ်ဖက်နိုင်ငံမှ တရားမဝင် နိုင်ငံခြားသားများ ဝင်ရောက်မှု များပြားသော ပြည်နယ်များရှိ တိုင်းရင်းသားများ၏ မိမိကံကြမ္မာ မိမိဖန်တီးနိုင်ခွင့်အား နိုင်ငံသားမဟုတ်သူများ၏ ဆန္ဒမဲများဖြင့် ဖိနှိပ်ကန့်သတ်သကဲ့သို့ ဖြစ်စေပါသည်။

၎။ ထို့အပြင် အဆိုပါ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်များ၌ လူမျိုးရေးပဋိပက္ခများ ထပ်မံဖြစ်ပွားစေသော အခြေအနေများအား ဖိတ်ခေါ်သကဲ့သို့ ဖြစ်စေပါသည်။

၅။ ထိုကဲ့သို့ နိုင်ငံ၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် တိုင်းရင်းသားများ၏ ဥမကွဲသိုက်မပျက် နေလိုသော စစ်မှန်သည့် ပြည်ထောင်စုဖြစ်ပေါ်ရေးအား အနှောင့်အယှက်ဖြစ်စေသည့် ဤဆုံးဖြတ်ချက်အား ပြည်ထောင်စုလွှတ်တော်မှ ပြန်လည်စဉ်းစားပါရန် အကြံပြုအပ်ပါသည်။

no vote white card

မစ္စရန်ဟီလီ၏ ပြောကြားချက်တွင် သုံးစွဲထားသည့် “ရိုဟင်ဂျာ” စကားလုံး အသုံး အနှုန်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံ အနေဖြင့် ဤကဲ့သို့အမည်နာမသုံးစွဲမှုကို အတိအလင်း ပယ်ချပါသည်

▄ သတင်းထုတ်ပြန်ချက် ▄
▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®

မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စ ရန်ဟီလီ သည် မြန်မာနိုင်ငံသို့ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့မှ ၁၆ ရက်နေ့အထိ လာရောက် သည့် ခရီးစဉ်အပြီး၊ ၁၆-၁-၂၀၁၅ ရက်နေ့တွင် သတင်း ထောက်များနှင့် တွေ့ဆုံစဉ် ၎င်း၏ ခရီးစဉ်နှင့်‌ စပ်လျဉ်း၍ သဘောထားအမြင်များ ပြောကြားခဲ့ပါသည်။ ၎င်းပြော ဆိုချက်များတွင် ပါရှိသည့် စိုးရိမ်မှုရှိသည်ဆိုသည့်အချက် အများအပြားသည် လက်ရှိဖြစ်ပေါ်နေသည့် အပြုသဘော ဆောင်သော အခြေအနေများနှင့် ကိုက်ညီမှု မရှိပါ။

အချို့ကိစ္စများတွင် နိုင်ငံတစ်နိုင်ငံ၏ အချုပ် အခြာ အာဏာနှင့် ပြည်တွင်းတရားစီရင်ပိုင်ခွင့်ကို စွက်ဖက်သည်မှာ ထင်ရှားပေါ်လွင်နေပါသည်။ ထို့ကြောင့် နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့် အောက်ပါ အချက်များကို ထုတ်ပြန်အပ်ပါသည်-

▄ မစ္စရန်ဟီလီ၏ ပြောကြားချက်တွင် သုံးစွဲထားသည့် “ရိုဟင်ဂျာ” စကားလုံး အသုံး အနှုန်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံ အနေဖြင့် ဤကဲ့သို့အမည်နာမသုံးစွဲမှုကို အတိအလင်း ပယ်ချပါသည်။ မြန်မာနိုင်ငံ အနေဖြင့် ဤအသုံး အနှုန်းကို မည်သည့် အချိန် အခါကမျှအသိ အမှတ်မပြုခဲ့ပါ။ ဤအသုံးအနှုန်းသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသား လူမျိုး (၁၀၀)ကျော်တွင် မည်သည့်အခါကမျှ ပါဝင်ခြင်းမရှိခဲ့ပါ။ ဗြိတိသျှကိုလိုနီခေတ် သန်းခေါင် စာရင်း ကောက်ခံမှု မှတ်တမ်းများတွင်ပင် ပါဝင်ခြင်းမရှိခဲ့ပါ။ ဤအငြင်းပွား ဖွယ်ရှိသည့်အသုံးအနှုန်းကို ထပ်တ လဲလဲ အသုံးပြုနေခြင်းသည် အရေးကြီးသည့် ကိစ္စရပ်ကို ဖြေရှင်းရန် အဟန့် အတား သာ ဖြစ်စေပါမည်။ ကုလသမဂ္ဂမှ ဤအသုံးအနှုန်း အသုံးပြုမှုသည် မြန်မာပြည်သူများ၏ မကျေမချမ်း ဖြစ်မှုကို မလွဲမသွေ ဖြစ်ပေါ်စေပြီး၊ အစိုးရမှ ကြိုးပမ်းဆောင်ရွက်နေခြင်းများကို ပိုမိုခက်ခဲစေမည် ဖြစ်ပါသည်။

▄ ဥပဒေကြမ်း (၄)ခု ကိစ္စနှင့်ပတ်သက်၍ ဤဥပဒေကြမ်းများ ကို မြန်မာပြည်သူ တို့၏ ဆန္ဒနှင့်အညီ ရေးဆွဲ လျက်ရှိခြင်း ဖြစ်ပါသည်။ ဤဥပဒေကြမ်းများကို ကျယ်ကျယ်ပြန့်ပြန့် အသိပေးခဲ့ပြီး ပြည်သူတို့၏ အမြင်နှင့် သဘော ထားများကို ဆီလျော်သကဲ့သို့ မူကြမ်းများ တွင် ထည့်သွင်းစဉ်းစားခဲ့ပါသည်။ အဆိုပါ ဥပဒေကြမ်းများကို လွှတ်တော် များတွင် ဆွေးနွေး၊ စဉ်းစား၊ ဆုံးဖြတ်နိုင်ရန်အတွက် ပေးပို့ခဲ့ပြီးဖြစ်ပါသည်။

▄ လွှတ်တော်များ၌ ပြည်သူ့ကိုယ်စားလှယ်များအနေဖြင့် သေသေချာချာအပြန် အလှန် ဆွေးနွေး စိစစ် ဆောင်ရွက်သွားရန်ရှိမည် ဖြစ်ပါသည်။ မြန်မာပြည်သူများအတွက် အကောင်းဆုံးအကျိုး ကို ရှေ့ရှု၍ ဆောင်ရွက် သွားမည်ဖြစ်ပါသည်။ ဤဥပဒေကြမ်းများ အတည်ပြုရေး လုပ်ငန်းစဉ်ပြီးဆုံးရန် အချိန်ယူ ဆောင်ရွက်သွားရမည် ဖြစ်ပါ သည်။ ပြည်တွင်း ဥပဒေ ပြုရေးလုပ်ငန်းစဉ်၏ ရလဒ်များအပေါ် ကြိုတင်မှန်း ဆပြောကြားခြင်း၊ ဝေဖန်ခြင်းများ သည် ပြည်သူများ၏ သဘောထားအမြင်အပေါ် လွှမ်းမိုးသြဇာ သက်ရောက် မှုရှိစေ ရန်၊ ပြည်သူများအကြား လှုံ့ဆော်မှု ရှိစေရန် ကြိုးစားမှု တစ်ခုဖြစ်ပါသည်။

▄ မြေယာကိစ္စနှင့်စပ်လျဉ်းပြီး မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကို အခြေခံ သည့် နိုင်ငံတစ် နိုင်ငံဖြစ် ကြောင်း ထပ်လောင်းအသိပေးအပ်ပါသည်။ ထို့ကြောင့် မြေယာနှင့်‌ လယ်သမားများသည် နိုင်ငံ၏ ပဓာနကျသည့် အရင်းအမြစ်ဖြစ်ပြီး၊ လွန်စွာမှ တန်ဖိုးထား ပါသည်။ မြေယာကိစ္စများကို ပွင့်လင်းမြင်သာမှု၊ ထိရောက်မှုရှိစွာကိုင်တွယ်ဖြေရှင်းနိုင် ရန်အလို့ငှာ မြေအသုံးချမှု စီမံခန့်ခွဲရေးဗဟိုကော်မတီအနေဖြင့် အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။ မြေယာပြဿနာဖြေရှင်းလျက်ရှိရာတွင် ခေတ်နှင့် ဆီလျော် မှုမရှိတော့သည့် ဥပဒေ၊ စည်းမျဉ်းနှင့်‌ လုပ်ထုံးလုပ်နည်းများ၊ ခိုင်မာသော ပိုင်ဆိုင်မှု အထောက်အထားမရှိမှု စသည်တို့ အပါအဝင် အဟန့်အတားများ ရှိနေပါသည်။

▄ သို့ရာတွင် မြန်မာနိုင်ငံအစိုးရအနေဖြင့် မြေယာပြုပြင် ပြောင်းလဲမှုများကို ဦးစားပေး အကောင်အထည်ဖော်သွားမည် ဖြစ်ပါသည်။ ဤမြေ ယာပြုပြင်ပြောင်း လဲမှုများ သည် ပြဿနာကို ထိရောက်စွာဖြေရှင်း သွားမည်ဖြစ်ပြီး ပြည်သူတို့၏အကျိုးကို ကာကွယ် ပေး ကာ မြေယာ ပိုင်ဆိုင်ခွင့်ရှိသူများထံ မြေယာ များကို ပြန်လည်ပေး အပ်နိုင်မည် ဖြစ်ပါ သည်။ နိုင်ငံတွင်းတွင် ကျယ်ပြန့် များပြားသော မြေယာများရှိခြင်းကြောင့် ဤ မြေယာပြဿနာ ဖြေ ရှင်းရေး လုပ်ငန်းသည် နေ့ချင်းညချင်း ပြီးဆုံးနိုင်မည် မဟုတ်ပါ။

▄ နိုင်ငံရေးအကျဉ်းသားများကိစ္စ ပြောကြားမှုနှင့်စပ်လျဉ်း၍ နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး လုပ်ငန်း စဉ်ကို အလေးထား ဆောင်ရွက် ခဲ့ပါသည်။ နိုင်ငံရေးလုပ်ငန်းစဉ်၊ နိုင်ငံ ၏တည်ငြိမ်မှု၊ ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုတို့တွင် ပါဝင်နိုင်ရန် ရည်ရွယ်၍ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးမှုကို ဆောင်ရွက် ပါသည်။ နိုင်ငံရေး အကျဉ်းသားများရေးရာကိစ္စ ရေရှည်ဆောင်ရွက်နိုင်ရန် ယခုအခါ အဖွဲ့ဝင် တိုးချဲ့ပြင်ဆင် ဖွဲ့စည်းခဲ့ပါသည်။ တည်ဆဲဥပဒေနှင့်အညီ ဆက်လက်စိစစ် ဆောင်ရွက်သွားမည် ဖြစ်ပါ သည်။

▄ သတင်းဆင်ဆာတည်းဖြတ်မှုကိုဖျက်သိမ်းခြင်း၊ ပုဂ္ဂလိကနေ့စဉ်သတင်းစာများ ထုတ်ဝေ ခွင့်ပြုခြင်း၊ သတင်း မီဒီယာဥပဒေသစ်ကို နိုင်ငံတကာ စံနှုန်းများနှင့်အညီ အတည်ပြု ပြဋ္ဌာန်းခြင်းတို့ကို ဆောင်ရွက်၍ နိုင်ငံအတွင်း မီဒီယာလွတ်လပ်ခွင့် ပိုမိုရရှိစေ ရန် ဆောင်ရွက်ခဲ့ပါသည်။ အချို့ကဏ္ဍတွင် နောက်ပြန်လှည့်မှုများ ရှိနေသည် ဟု စွပ်စွဲမှုများ ပြုလုပ် ခဲ့ပါသည်။ သတင်းထောက်အချို့အား ဖမ်းဆီးမှုများကို ကိုးကားပြော ဆိုခဲ့ခြင်း ဖြစ်ပါသည်။ မည်သည့် သတင်းထောက်ကိုမျှ သတင်းစာ လွတ်လပ်ခွင့်နှင့် အညီ ဆောင်ရွက်မှုများအတွက် ဖမ်းဆီးခြင်း မဟုတ်ဘဲ တားမြစ်နယ်မြေအတွင်းသို့ တရားမဝင် ဝင်ရောက်ခြင်းကဲ့သို့သော ဥပဒေကျူးလွန်မှုများကြောင့် အရေး ယူခြင်း ဖြစ်ပါ သည်။ နိုင်ငံတစ်နိုင်ငံ၏ အမျိုးသားလုံခြုံရေးကို ချိုးဖောက်သည့် မည်သူ့ကိုမဆို မည်သည့် နိုင်ငံကမျှ သည်းခံလိမ့်မည်မဟုတ်ပါ။ လက်ရှိ မီဒီယာလွတ်လပ်ခွင့် အခြေအနေကို ဒေသတွင်းသာမက ကမ္ဘာ့နိုင်ငံများ တွင်းပါ နှိုင်းယှဉ်ကြည့်နိုင်ပါသည်။

▄ အထူးအစီရင်ခံစာ တင်သွင်းသူအနေဖြင့် ၎င်း၏တာဝန်အား ထမ်းဆောင် ရာတွင် ချင့်ချင့် ချိန်ချိန်နှင့် ပညာရှင် ပီသစွာ ဆောင်ရွက် သင့်ပါသည်။

▄ ၎င်း၏ခရီးစဉ်သည် မြန်မာနိုင်ငံ ပြည်သူများ နှင့် မြန်မာနိုင်ငံ အတွက် သဘောထားကွဲလွဲမှု၊ မယုံကြည်မှု၊ သွေးထိုးလှုံ့ဆော်မှုများအဖြစ်သို့ မရောက်ရှိစေသင့်ပါ။

▄ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ကုလသမဂ္ဂလူ့အခွင့်အရေး ဆိုင်ရာမဟာ မင်းကြီး ၏ မစ္စရန်ဟီလီ ခရီးစဉ်ဆိုင်ရာ သတင်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ သည် ဘာသာရေး၊ လူမျိုးရေး၊ တစ်ခုနှင့်တစ်ခုအကြား အမုန်းပွားစေမည့် မည်သည့် လုပ်ဆောင်ချက်၊ ပြောကြားချက် များကိုမျှ လက်ခံ အားပေးခြင်း ကို ပြုလုပ်မည်မဟုတ် ပါကြောင်း ခိုင်မာစွာ ထပ်လောင်းပြောကြား အပ်ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန။
နေပြည်တော်
ရက်စွဲ၊ ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်။

အမျိုးသမီးကွန်ရက် ထုတ်ပြန်ချက်
အမျိုးသမီးကွန်ရက် ထုတ်ပြန်ချက်

WHITE CARD10407977_384010515114349_6425358248090269713_n

Coral Arakan News

အဖြူရောင်ကဒ်ကိုင်ဆောင်သူများအားမဲပေးခွင့်အတည်ပြုခြင်းနှင့်ပတ်သက်၍ ရခိုင်အမျိုးသားပါတီ၏ ထုတ်ပြန်ကြေငြာချက်
သဘောထားထုတ်ပြန်ချက်အမှတ် (၂/၂၀၁၅)
ရက်စွဲ။ ၂၀၁၅-ခုနှစ် ဖေဖေါ်ဝါရီလ (၃) ရက်

၁။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း အတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံ ခံယူပွဲတွင် အဖြူရောင်ကဒ် ကိုင်ဆောင်သူများအား မဲပေးခွင့်ကို ၂၀၁၅၊ ဖေဖေါ်ဝါရီလ (၂)ရက် နေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ရခိုင်အမျိုးသားပါတီမှ လွတ်တော်ကိုယ်စားလှယ်များက အပြင်းအထန် ကန့်ကွက်ခဲ့ကြသော်လည်း မဲခွဲဆုံးဖြတ်ရာတွင် ရှုံးနိမ့်ခဲ့သည်။

၂။ ခေတ်အဆက်ဆက် တိုင်းပြည်နှင့် လူမျိုး၏ ရေရှည်အကျိုးကို မကြည့်ဘဲ ရွေးကောက်ပွဲ တစ်ပွဲအနိုင်ရရှိ ရေးကိုသာ ရှေ့ရှုလုပ်ဆောင်သော ညံ့ဖျင်းနိမ့်ကျသည့် နိုင်ငံရေးသမားအမည်ခံများ၏ ကိုယ်ကျိုးကြည့် လုပ်ဆောင်မှုများကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ ခိုးဝင်ဘင်္ဂါလီများ အရေးသည် ဤမျှကြီးထွားလာခြင်းဖြစ်သည်။

၃။ ကိုယ်ကျိုးကြည့်သော နိုင်ငံရေးသမားအမည်ခံများကသော်လည်းကောင်း၊ လက်ရှိလွှတ်တော် အသီးသီးက သော်လည်းကောင်း မည်သို့ပင်ဆုံးဖြတ်စေကာမူ ရခိုင်အမျိုးသားပါတီအနေဖြင့် အဖြူကဒ် ကိုင်ဆောင် သော ခိုးဝင်ဘင်္ဂါလီများ မဲပေးခွင့်မရရှိရေးနှင့် ပတ်သက်၍ မလျှော့စတမ်း ဆက်လက်တိုက်ပွဲဝင်သွား မည်။

၎။ ရခိုင်အမျိုးသားတစ်ရပ်လုံးအပါအ၀င် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ တိုင်းရင်းသားပြည်သူအပေါင်း တို့ အနေဖြင့်လည်း ဤအရေးတွင် လက်တွဲ၍တိုက်ပွဲဝင်ကြပါရန် ရခိုင်အမျိုးသားပါတီက နှိုးဆော်အပ်ပါသည်။

မှတ်ချက်။ ။ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ရခိုင်အမျိုးသားပါတီမှ လွှတ်တော် ကိုယ်စားလှယ်များနှင့်အတူ ရပ်တည်ကာ အဖြူကဒ်ကိုင်ဆောင်သူများမဲပေးခွင့်မရရှိရေးအတွက် ကန့်ကွက်မဲ ပေးခဲ့ကြသော လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများအား ရခိုင်အမျိုးသားပါတီက ကျေးဇူးတင်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။
ဗဟိုအလုပ်အမှုဆောင်ကော်မီတီ
ရခိုင်အမျိုးသားပါတီ
———————————————————————————————–
နသ- လျှောက်ထားဆဲ

1660381_944782448874663_5677379005202026534_n

Myo Htike Tan Thein
Burma Democratic Concern (BDC) ၏ သဘောထား (03/02/15) နိုင်ငံတော်သမ္မတထံမှသဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂ဝဝ၈ခုနှစ်)ကို ပြင်ဆင်သည့်ဥပဒေကြမ်းအတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဥပဒေကြမ်းတွင်ယာယီသက်သခံလက်မှတ်ကိုင်ဆာင်ထားသူများမဲ ပေးပိုင်ခွင့်နှင့်စပ်လျဉ်း၍ ပြည်ထေင်စုလွှတ်တော်တွင်မဲခွဲဆုံးဖြတ်ရာ အောင်မြင်သွားကြောင်းသိရှိရပါသည်။ နိုင်ငံတကာတွင်လည်း နိုင်ငံသားမဟုတ်သူများယာယီနိုင်ငံသားမှတ်ပုံတင်ကဒ်ကိုင်ဆောင်သူများသည် ဆန္ဒမဲခံယူပိုင်ခွင့်/မဲပေးပိုင်ခွင့်မပြုသည့်အတွက် အမျိုးသားလွှတ်တော်ကမဲခွဲဆုံးဖြတ် အတည်ပြုလိုက်သည့်ယာယီသက်သခံလက်မှတ်ကိုင်ဆာင်ထားသူများမဲ ပေးပိုင်ခွင့်ဥပဒေသည် နိုင်ငံတကာ စံနှုန်းများနှင့်မကိုက်ညီ သောကြောင့်Burma Democratic Concern (BDC) မှပြင်းထန်စွာကန့်ကွက်ပါသည် ။ အားလုံးစုပေါင်းပြီး ဆန့်ကျင်ရမဲ့အချိန် ဖြစ်ပါသည်။ အထူးသတိပေးလိုသည်မှာစစ်ထောက်လှမ်းရေးတွေစစ်တပ်ကဝါဒဖြန့် ချီရေးတွေ သောင်း ကျန်းနေ သည်ဟုကြားသိရပါသည်။ ဖေစ်ဘွတ် မှာဆိုအုပ်စုဖွဲ့ပြီးဘုန်း ကြီးနဲ့ အန်အယ်လ်ဒီ၊ ဗုဒ္ဓဘာသာ နဲ့ အခြားဘာသာ လိုက်ပြီး ရန်တိုက်ပေးနေတယ်သည်ဟုကြားသိရပါသည်။ ဘာသာရေးအဓိကရုဏ်းဖြစ်အောင် အစွန်းရောက် ၇၈၆ အိစ်ဆလန်းမစ် အကြမ်းဖက်သမား များ ကိုစစ်အစိုးရကအကွက်ကျကျ ပိုက်ဆံပေးခိုင်းစေနေ သည်ဟုကြားသိရပါသည် ။ Face Book ပေါ်မှာ ကောလဟာလများ မမှန်သတင်းများ ဒိုင်ခံဖြန့်နေသော စစ်တပ်ထဲမှ သူများ နှင့် အစွန်းရောက် ၇၈၆ အိစ်ဆလန်းမစ် အကြမ်းဖက်သမား များ သည် အကောင့်တုများဖွင့်ပြီး ဘုန်းကြီးယောင်ဆောင်ခြင်း ၊ အန်အယ်လ်ဒီ ယောင်ဆောင်ခြင်း ၊ မဘသ ယောင်ဆောင်ခြင်း၊ ၉၆၉ ယောင်ဆောင်ခြင်း၊ မျိုးချစ် ယောင်ဆောင်ခြင်း များပြုလုပ်ကာ သွေးထိုးခြင်း ၊ ချေထိုး ခြင်း ၊ ဂုန်းတိုက် ခြင်း ၊ ရန်တိုက် ပေး နေသည်ဟုကြားသိရ ပြီး ၎င်း အချက်ကိုသတိရှိသင့်ပါသည်။ အထူးသတိရှိရန်မှာ ကြန့်ဖွတ် ၊ အစွန်းရောက် ၇၈၆ အိစ်ဆလန်းမစ် အကြမ်းဖက်သမား များ နဲ့ စစ်တပ်က၊ ဘုန်းကြီး နဲ့ အန်အယ်လ်ဒီ ၊ မျိုးချစ်တွေနဲ့ အတိုက်အခံ ၊ ရခိုင်တိုင်းရင်းသားများ နဲ့ မြန်မာပြည်သူများတသားတည်း ဖြစ်မှာကို (လုံးဝ) လုံးဝ မလိုလားပါ။

White Card ကိုင်တဲ့ သူတွေကို မဲပေးခွင့် ပြုဖို့ ပြည်ထောင်စု လွှတ်တော် ဆုံးဖြတ်လိုက်ပြီ
==========================================
ယနေ့ ဖေဖော်ဝါရီ ၂ ရက်နေ့ ပြည်ထောင်စု လွှတ်တော်သတင်း
ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) ဥပဒေကြမ်းကိုပြင်ဆင်သည့် ဥပဒေကြမ်း အတည်ပြုရေးပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် အဖြူကဒ်ကိုင် ဘင်္ဂလီင်္များ အားမဲပေးခွင့်ကို ရခိုင်အမျိုးသားပါတီမှ လွှတ်တော်ကိုယ်စားလှယ်များက အပြင်းအထန် ကန့်ကွက်ခဲ့ကြသော်လည်း မဲခွဲဆုံးဖြတ်ရာ ရှုံးနိမ့်ခဲ့သည်။
ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီသည် ပထမတွင် အဖြူကဒ်ဖြင့် မဲပေးခွင့် မပြုသင့်ကြောင်း အဆိုတင်သွင်းခဲ့သော်လည်း မဲပေး ဆုံးဖြတ်ခါနီး အချိန်တွင်မှ အဖြူကဒ်ဖြင့် မဲပေးခွင့်ပြုသင့်ကြောင်း သမ္မတ၏ သဘောထားမှတ်ချက်ကိုကော်မတီအတွင်းရေးမှုးဦးစောလှထွန်းမှ ပြောင်းလဲထောက်ခံခဲ့သည်။
ဤသို့ ဆာင်ရွက်မှုသည်ကော်မတီတွင် အစဉ်အလာ မရှိကြောင်း ကော်မတီ၏ သဘောထားဟု မဆိုနိင်ကြောင်း ဦးဘရှိန်မှ ကန့်ကွက်ပြောဆိုခဲ့သည်။
မှတ်ချက်။ ဤဖြစ်ရပ်သည် ရခိုင်ပြည်နှင့်
ရခိုင်လူမျိုးများ တည်တံ့ရေးအတွက် ရခိုင်များအနေဖြင့် ကိုယ့်ကံကြမ္မာကို ကိုယ်သာဖန်တီးရတော့မည်ဖြစ်ကြောင်းနောက်ထပ် အချက်ပြလိုက်သော သာဓကတစ်ခုပင်ဖြစ်ပါသည်။
မှတ်ချက်။ ခေါင်းစဉ်မှ အပ အထက်မှာ ဖော်ပြထားတဲ့ သတင်းကို လွှတ်တော် ကိုယ်စားလှယ် Pe Than (Facebook) မှ ကူးယူဖော်ပြတာ ဖြစ်ပါတယ်။ CR RAKHINE CITIZEN JOURNALIST

10377612_10203921380979044_7913727582347318857_n

 

Pe Than

ယနေ့ ဖေ ၂ ရက်နေ့ပြည်ထောင်စုလွှတ်တော်သတင်း
ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ဥပဒေကြမ်း ကိုပြင်ဆင်သည့် ဥပဒေကြမ်းအတည်ပြုရေးပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင်အဖြူကဒ်ကိုင် ဘင်္ဂလီင်္များ အားမဲပေးခွင့်ကို ရခိုင်အမျိုးသားပါတီမှလွှတ်တော်ကိုယ်စားလှယ်များကအပြင်းအထန်ကန့်ကွက်ခဲ့ကြသော်လည်းမဲခွဲဆုံးဖြတ်ရာရှုံးနိမ့်ခဲ့သည်။
ပြည်ထောင်စုလွှတ်တော်ဥပဒေကြမ်းပူးပေါင်းကော်မတီသည်ပထမတွင်အဖြူကဒ်ဖြင့်မဲပေးခွင့်မပြုသင့်ကြောင်းအဆိုတင်သွင်းခဲ့သော်လည်း မဲပေးဆုံးဖြတ်ခါနီးအချိန်တွင်မှအဖြူကဒ်ဖြင့်မဲပေးခွင့်ပြုသင့်ကြောင်းသမတ၏သဘောထားမှတ်ချက်ကိုကော်မတီအတွင်းရေးမှု်းဦးစောလှထွန်းမှ ပြောင်းလဲထောက်ခံခဲ့သည်။ဤသို့ဆောင်ရွက်မှုသည်ကော်မတီတွင်အစဉ်အလာမရှိကြောင်း ကော်မတီ၏သဘောထားဟုမဆိုနိင်ကြောင်းဦးဘရှိန်မှကန့်ကွက်ပြောဆိုခဲ့သည်။
မှတ်ချက်။ ဤဖြစ်ရပ်သည်ရခိုင်ပြည်နှင့်
ရခိုင်လူမျိုးများတည်တံ့ရေးအတွက်ရခိုင်များအနေဖြင့်ကိုယ့်ကံကြမာကို ကိုယ်သာဖန်တီးရတော့မည်ဖြစ်ကြောင်းနောက်ထပ် အချက်ပြလိုက်သောသာဓကတစ်ခုပင်ဖြစ်ပါသည်။့
Shwe Maung

Breaking News
Nay Pyi Taw, 2nd Feb 2015
နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်)ကို ပြင်ဆင်သည့် ဥပဒေကြမ်းအတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေကြမ်းတွင် ယာယီသက်သခံလက်မှတ်ကိုင်ဆာင်ထားသူများ မဲပးခိုင်ခွင့်နှင့်စပ်လျဉ်း၍ ပြည်ထေင်စုလွှတ်
တော်တွင် မဲခွဲဆုံးဖြတ်ရာ အောင်မြင်သွားကြောင်း သတင်းကောင်း ပါးအပ်ပါသည်။
လေးစားစွာဖြင့်
ဦးရွှေမောင်
ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်
နေပြည်တော်

Htay Tint
VERY SORRY MYANMAR .
ဝမ်းနည်းပါသည် မြန်မာပြည် ။
မြန်မာ့နည်း မြန်မာ့ဟန် ဒီမိုကရေစီ
ပိုမို ပီပြင်လာနေပါပြီ ။
မြန်မာပြည်က သဘောကောင်းလိုက်ပုံများ
နိုင်ငံ တကာမှာ မရှိသေးတဲ့ ဥပဒေကို
ကျင့်သုံးဖို့  ဆုံးဖြတ်ကြတယ် ။

မလေးရှားလို နိုင်ငံမှာတောင်
နိုင်ငံခြားသားတွေကို
မှတ်ပုံတင် ပေးပြီးမှ မဲပေးခွင့်လုပ်ကြတယ် ။

ယာယီနေထိုင်ခွင့် လက်မှတ်
ကိုင်ဆောင်ထားသူတွေကို
မဲပေးခွင့် ဆုံးဖြတ်ကြသတဲ့ ။

ယာယီနေထိုင်ခွင့် ကနေပြီး
၁၉၈၂ နိုင်ငံသားဥပဒေ စီစစ်ပြီး
နိုင်ငံသားဖြစ်ဖို့ တောင် မစောင့်ခိုင်းတော့ဖူး ။

တိုင်းပြည် အနာဂါတ်အတွက်
တကယ်ကောင်းမွန်မဲ့
ခြောက်ပွင့်ဆိုင်တို့ 
၅၉ စ ယာယီ ရပ်ဆိုင်းဖို့ ကြတော့
ကလေးတွေလို ရန်ဖြစ်
ဒုက္ခိတ တွေလို ငြီးငြူ နေကြတယ် ။

မျိုးချစ်တွေ တိုင်းပြည်ကို တကယ်ချစ်ရင်
စနစ်တကျနဲ့ 
တတိုင်းပြည်လုံး ဆန္ဒပြ ရဲလား ။

တရုတ် ကုလား မုန်းတာ မဟုတ်ဖူး ။
မြန်မာပြည်ကို ကျူးကျော်ပြီး
အခြေချ နေထိုင်သူတွေက
မြန်မာ့နိုင်ငံရေး ထဲမှာ ဝင်ရောက်
စွက်ဖက်တာကို လက်မခံနိုင် တာ ။

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s