Skip to content

#အထူးသတင်း>>( ၂၈-၁-၂၀၁၄) #သပိတ်စစ်ကြောင်းများ #ရပ်နားပြီ။

January 28, 2015

“ ဒီနိုင်ငံပဲဖြစ်ဖြစ်၊ ဘယ်နိုင်ငံပဲဖြစ်ဖြစ် ပြဿနာတွေကို အကောင်းဆုံးဖြေရှင်းတာကတော့ ညှိနှိုင်းပြီးတော့ ဖြေရှင်းရတာပဲ။ ပြဿနာဖြေရှင်တယ်ဆိုတာ တစ်ဖက်တည်းတော့မဟုတ်ဘူး။ ဟိုဘက် ဒီဘက်ပေါ့နော်။ အားလုံးကနေပြီးတော့ အပေးအယူလုပ်ဖို့ အဆင်သင့်ရှိရမှာပေါ့။ အန်တီအမြဲခဏခဏပြောတယ်။ ဒီမိုက ရေစီိမှာ အပေးအယူလုပ်တယ်ဆိုတာ တစ်ဖက်ကငါလိုချင်တာ ၁၀၀ ရာခိုင်နှုန်းရမှာဆိုတဲ့ကိစ္စက အပေး အယူဘယ်တော့မှမဖြစ်ဘူး။ အပေးအယူဆိုတာ ကိုယ့်ဘက်ကလည်းပေးရတယ်။ ဟိုဘက်ကလည်းပေးရ တယ်။ ကိုယ့်ဘက်ကလည်းယူမယ်။ ဟိုဘက်ကလည်းယူမယ်။ ဒီလိုပဲရှိရမှာပဲ။ ဒါဒီမိုကရေစီရဲ့ယဉ်ကျေးမှု အခြေခံပဲ။”
ဒေါ်အောင်ဆန်းစုကြည် ( ၂၇-၁-၂၀၁၅ )
မနေ့ကအမေ့ပြောစကားနဲ့ဒီနေ့အနာဂါတ်ခေါင်းဆောင်ကျောင်းသားတွေရဲ့လုပ်ဆောင်ချက်တစ်သား တည်းပါ ။ လေးစားပါတယ်အနာဂျတ်ဆောင်းဆောင်တို့
မျိုးရန်နောင်သိန်း
၉၆-၉၈ ကျောင်းသားမျီုးဆက်
၀၉ ၂၅၄၂ ၇၈၇၉၀
——————————————————————————
အထူးသတင်း>>>( ၂၈-၁-၂၀၁၄)
သပိတ်စစ်ကြောင်းများ ရပ်နားပြီ။
—————————–

သပိတ်စစ်ကြောင်းများ ရပ်နားပြီ။

ယနေ့မနက်(၉)နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၌ အစိုးရနှင့် ဒီမိုကရေစီပညာရေးလှုပ်ရှားမှုဦးဆောင်ကော်မတီတို့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ထိုတွေ့ဆုံဆွေးနွေးမှုတွင် အစိုးရမှ သပိတ်မှောက်ကျောင်းသားများတောင်းဆိုထားသော လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး နှင့် ပြင်ဆင်ရန်အချက်(၁၁)ချက်ကို လိုက်လျောမည်ဟူသော ကတိက၀တ်အား လက်မှတ်ရေးထိုးခဲ့ သဖြင့် အကြိုသဘောတူညီချက်ကိုရရှိခဲ့သည်။ ထို့ကြောင့်သပိတ်ခေါင်းဆောင်များက ထိုသဘောတူညီချက်အား လက်ခံခဲ့ပြီး သပိတ်အား ခေတ္တရပ်နားမည်ဟုဆုံးဖြတ်သဖြင့် သပိတ်စစ်ကြောင်းများအားရပ်နားမည်ဖြစ်ပါသည်။ သို့သော် သပိတ်မှောက်ကျောင်းသားများမှ တောင်းဆိုသောအချက်များ အပြည့်အ၀မရရှိပါက ယခုထက်ပိုမိုများပြား၍ ကြီးမားပြင်းထန်သော သပိတ်ကြီးအား ဆင်နွဲမည်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။

ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီ

1461342_714031282045404_7907249363581617588_n

 

No comments yet

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: