!! #update #အရေးပေါ်ကြေညာချက် #MOI #Myanmar#Burma

28/1/  https://democracyforburma.wordpress.com/2015/01/28/နောက်ဆုံးရသတင်း-သပိတ်ေ/

ကျနော်တို့တောင်သာမှာလူထုတရပ်လုံးရဲ့ထောက်ခံမှုရရှိခဲ့ပါတယ်
တောင်သာတမြို့လုံးလား CITY SUPPORT cr. Nandar Sitt Aung

10945709_675027905953963_5823840192220018409_n-110941038_675025335954220_4944279912535524740_n

တာင်သာမြို.အ၀င်လမ်းအား ရာနှင့် ချီသော လုံထိန်းရဲတပ်ဖွဲ့များက ပိတ်ဆို့ထားရာမှ ယခုအခါ ဖွင့်ပေးလိုက်ပြီဖြစ်သည်။ ကျောင်းသားများ တောင်သာမြို.ကို ချီတက်ကာ ညအိပ်မည်။

———

ပိတ်ဆို့ ကာဆီးထားသော အန္တ၇ာယ်တောင်ကြား
စည်း ၃စည်းကို ဒေသခံ ၇ပ်သူ၇ွာသား
အကာအကွယ် လုံခြုံမှု့ နဲ့ အတူကျော်ခဲ့ကြပြီ cr. Maung Maung Oo

10171920_789945134394784_6928812425308618497_n10945540_789946544394643_8694440683632335163_n

Pakokku Student’s Boycott movement Photo – Pho Thar

Pakokku Student's Boycott movement Photo - Pho Thar

Pakokku Student's Boycott movement Photo - Pho TharPakokku Student's Boycott movement Photo - Pho Thar

10945620_587859988024706_523263076740426484_n

10952861_1059855434030838_7845405091936103149_n

 

လမ်းလျှောက် ဆန္ဒဖော်ထုတ်သည့်အဖွဲ့နှင့် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေး
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®

တောင်သာ ဇန်နဝါရီ ၂၇ MOI

အမျိုးသား ပညာရေး ဥပဒေနှင့် ပတ်သက်၍ လမ်းလျှောက် ဆန္ဒ ဖော်ထုတ်လျက် ရှိသော ကျောင်းသား အဖွဲ့သည် မြင်းခြံမြို့တွင် အခြေပြုလျက်ရှိရာမှ မြင်းခြံမြို့မှ ကျောင်းသား ကျောင်းသူများ၊ ဒေသခံအချို့နှင့် ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီခန့်တွင် မြင်းခြံမြို့မှ တောင်သာမြို့သို့ ဆက်လက် ထွက်ခွာခဲ့သည်။

အဆိုပါအဖွဲ့အား အဆင့်မြင့် ပညာ ဦးစီးဌာန (အထက်မြန်မာပြည်) ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုးဝင်း၊ မြန်မာနိုင်ငံ ပညာရေး သုတေသနအဖွဲ့ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ခိုင်မြဲ၊ မန္တလေး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မောင်သင်းနှင့် မြင်းခြံဒီဂရီ ကောလိပ် ကျောင်းအုပ်ကြီး ဒေါက်တာ ကိုကိုမြင့်တို့ ပါဝင်သော အဖွဲ့က မွန်းလွဲပိုင်းတွင် မြင်းခြံ- တောင်သာ ကားလမ်းရှိ မိုင်တိုင် (၄၄၈/၇)၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

ထိုသို့ တွေ့ဆုံစဉ် အဆိုပါအဖွဲ့မှ နန္ဒာစစ်အောင်နှင့် အောင်မှိုင်းဆန်းတို့ နှစ်ဦးက နေပြည်တော်တွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ၄င်းတို့နှစ်ဦး တွေ့ဆုံမည် ဖြစ်ကြောင်း၊ လမ်းလျှောက် ဆန္ဒပြခြင်းကို တောင်သာမြို့ အထိ ပြုလုပ်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဆက်လက် ထွက်ခွာသွားခဲ့ရာ ည ၈နာရီခန့်တွင် တောင်သာမြို့ မုန်ပင် ဘုန်းကြီးကျောင်းသို့ ရောက်ရှိ ညအိပ် ရပ်နားခဲ့ကြောင်း သိရသည်။

 

10420300_648584828602720_7925786070035691978_n10943034_648584908602712_4174862354890941083_n

##########

 

နာက်ဆုံးရသတင်း
တောင်သာမြို့နယ် အစပ် မိုင်တိုင် ၄၄၈ မှာ ရဲလုံခြုံရေး အင်အား ၁၅၀ လောက်က လက်နက်အပြည့်အစုံ နဲ့ တားဆီးဖို့ အသင့်စောင့်ဆိုင်းနေပါတယ်။
ပခုက္ကူသွားတဲ့လမ်း ဆင်တဲဝတံတား မှာလည်း အလားတူ စောင့်နေကြပါတယ်။
ကျောင်းသားတွေ နောက်ကိုပြန်လှည့်ပြီး မြင်းခြံဘက်ကို ပြန်သွားမယ် ဆိုရင်တောင် လှည့်ပြန်လို့ မရအောင် လမ်းမှာ ပိတ်ထားတယ် လို့ သိရပါတယ်။
နန်းမြင့်တောင်တွင်ပိတ်ဆို့ထားမူ

student protest 10686604_1558020654444649_8444703248058454753_n10689566_10202713831447072_7519935064505591107_n

10516780_1031138043579325_9020205441904279484_n

————-

DOWN THE FLAG STUDENT PROTEST

STUDENT PEACOCK FLAG RISE STUDENT PROTEST

 

နိုင်ငံတော်အလံအား ဖြုတ်ချ၍ ကျောင်းသားသမဂ္ဂအလံအား လွှင့်ထူခဲ့သည့် ကိစ္စ နှင့်ပတ်သက်၍ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®
မြင်းခြံ ဇန်န၀ါရီ ၂၆
အမျိုးသားပညာရေး ဥပဒေနှင့်ပတ်သက်ပြီး လမ်းလျှောက် ဆန္ဒပြ လျက် ရှိသော ကျောင်းသား အဖွဲ့သည် ဇန်န၀ါရီ(၂၅)ရက် နံနက်(၈)နာရီ မိနစ်(၄၀)တွင် ညအိပ် ရပ်နား ခဲ့သည့် နွားထိုးကြီးမြို့ သိမ်တော်ကျောင်းတိုက်မှ ထွက်ခွာ၍ မြင်းခြံမြို့သို့ ဆက်လက် လမ်းလျှောက် ဆန္ဒပြခဲ့ကြသည်။
အဆိုပါ လမ်းလျှောက်ဆန္ဒပြသည့်အဖွဲ့တွင် (၆၅)ဦး ရှိလာခဲ့ပြီး ၄င်းတွင် ချောက် မြို့ ရဟန်းပျိုသမဂ္ဂအဖွဲ့မှ ဦးဝိသုဒ္ဓနှင့် သံဃာငါးပါး၊ ပခုက္ကူမြို့မှ သံဃာတစ်ပါး စုစုပေါင်း သံဃာခြောက်ပါးမှာ နွားထိုးကြီးမြို့တွင် ပူးပေါင်း ပါဝင် လာခြင်း ဖြစ် သည်။
ထိုအဖွဲ့သည် မြင်းခြံမြို့သို့ ညနေ(၆)နာရီခန့်တွင် ရောက်ရှိလာရာ ၄င်းမြို့နယ်ရှိ အဖွဲ့ အစည်းအချို့မှလည်း ပူးပေါင်းပါဝင်၍ မြို့တွင်းသို့လှည့်လည်ခဲ့ကြပြီးနောက် အဆိုပါ အဖွဲ့သည် မြင်းခြံမြို့ စွန်းလွန်းဂူကျောင်းတွင် ညအိပ် ရပ်နားခဲ့သည်။
ယနေ့ နေ့လယ်ပိုင်းတွင် ဗကသမှ အောင်မှိုင်းဆန်းဦးဆောင်သည့် အဖွဲ့နှင့် ၄င်းမြို့ နယ်ရှိ အဖွဲ့အစည်းအချို့ပူးပေါင်း အင်အား(၂၇၅)ဦးသည် မြင်းခြံမြို့တွင်း လှည့်လည် လမ်းလျှောက်ခဲ့ပြီး ရွာစည်ကျေးရွာ အနီးရှိ မြင်းခြံ ဒီဂရီကောလိပ် သို့ ရောက်ရှိခဲ့ရာ မြင်းခြံဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါက်တာကိုကိုမြင့်နှင့် ဆရာ၊ ဆရာမများက ကျောင်းတွင်း မ၀င်ရန် တားမြစ်ခဲ့သော်လည်း ပိတ် ထားသော ကျောင်း တံခါးအား အတင်းတွန်း ဖွင့်ဝင်ရောက်ခဲ့ကြောင်း၊ ပင်မကျောင်းဆောင်ရှေ့သို့ ရောက်ရှိပြီး ပင်မကျောင်း ဆောင်ရှေ့ရှိ လွှင့်ထူ ထားသော နိုင်ငံတော်အလံအားဖြုတ်ချ ကာ ကျောင်းသား သမဂ္ဂအလံအား လွှင့်ထူခဲ့ကြောင်း၊ ထိုသို့ လွှင့်ထူစဉ် ကျောင်းစောင့် (၃)ဦးက တားမြစ်သော် လည်း ကျောင်းသားများက တွန်းဖယ်ပြီး ဆက်လက်ဆောင် ရွက်ခဲ့ ကြောင်း သိရှိရသည်။
နိုင်ငံတော်အလံအား ဖြုတ်ချ၍ ကျောင်းသားသမဂ္ဂအလံအား လွှင့်ထူခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ မြင်းခြံမြို့မရဲစခန်းက နိုင်ငံတော်အလံဥပဒေ ပုဒ်မ ၁၆ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

#############

အခု မြင်းခြံစွန်းလွန်း ဂူကျောင်း
ကျောင်းသားသပိတ်များ နားခိုရာ
ကျောင်းဝန်းအပြင်မှာ လုံခြုံရေး
ရဲများ ရောက်ရှိနေပါပြီ ။ အင်တာနက် လိုင်းများဖြတ်တောက်ထား၍ အတွင်းစည်းမှ ကျောင်းသားများ
မည်သို့မျှ အဆက်သွယ်မရပါ ။
မိဘ ပြည်သူများမှ လက်နှိပိဓာတ်မီးများ ယူဆောက်လာပြီး ကျောင်းသား
များအား ဝန်းရံပေးကြစေလိုပါသည် ။
အခုလေးတင် ဖုန်းအဆက်သွယ်
ရ၍ များများ share ပြီး လက်ဆင့်
ကမ်းပေးစေလိုပါသည် ။ CR. Ahngai Kong Ahngai

student protest marching routestudent protest march

မြင်းခြံအထွက် အာဏာပိုင်များ လုံခြုံရေးတာဝန်မယူတော့
မြင်းခြံမြို့ စွန်းလွန်းဂူကျောင်းတိုက်မှာ တည်းခိုနေတဲ့ သပိတ်မှောက်ကျောင်းသားတွေကို မြင်းခြံခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲမှူးနဲ့ မြို့နယ်မှူးတို့ဟာ ဒီကနေ့ည ၈နာရီကျော်မှာ လာရောက်တွေ့ဆုံခဲ့ပြီး မြင်းခြံမြို့အပြင်ကို ထွက်ခွာတဲ့အခါ သူတို့အနေနဲ့ လုံခြုံရေးအရ တာဝန်ယူမပေးနိုင်တဲ့အကြောင်း လာရောက်ဆွေးနွေးသွားခဲ့တယ်လို့ ဆိုပါတယ်။
ည ၈နာရီခွဲကစပြီး မြင်းခြံမြို့မှာရှိတဲ့ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ဆက်သွယ်လို့မရတော့တာကြောင့် အာဏာပိုင်တွေက ဖြတ်တောက်လိုက်တယ်လို့ ယူဆနေချိန်မှာ တောင်သာဘက်က စွမ်းအားရှင်လို့ယူဆလို့ရတဲ့ သင်္ကန်းဝတ်နဲ့ လူ အင်အား ၂ဝဝကျော်ဟာ မြင်းခြံဘက်ကို လာရောက်နေတာကြောင့် မြင်းခြံတစ်မြို့လုံး တုန်လှုပ်ခြောက်ခြားနေကြတယ်ဆိုတဲ့ ကောလဟာလသတင်းတွေ ပြန့်နေပါတယ်။
ကျောင်းသားသပိတ်ဟာ မနက်ဖြန်မနက် (ဇန်နဝါရီ ၂၇)မှာ မြင်းခြံကနေ ကျောက်ပတောင်းကိုအသွား တောင်သာကို ဖြတ်သန်းသွားမှာဖြစ်တယ်လို့ ကြေညာထားပြီး မြင်းခြံမြို့အပြင်မှာလည်း သံဆူးကြိုးတွေနဲ့ ပိတ်ကာချထားလိုက်တယ်လို့ နောက်ဆုံးဆက်သွယ်လို့ရတဲ့ တယ်လီဖုန်းသတင်းအရ သိရပါတယ်။ မြင်းခြံမှာတော့ ကျောင်းသားသပိတ်ကို ကူညီဖို့ နာရေးကူညီမှုအသင်းတွေက ပရဟိတအဖွဲ့တွေဟာ ကျန်းမာရေးကိစ္စတွေကို ထောက်ပံ့နေပါတယ်။

————-

 

10854221_990253191004017_316162527682792472_o

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s