Skip to content

#မြန်မာသံတော်ဆင့်၏ အင်တာဗျူးဖတ်ပြီးနောက် ပြန်ကြားရေးဒုညွှန်မှူး မူပိုင်ခွင့်ဌာနက #သမ္မတကို #အကြည်ညိုပျက်သွားကြောင်း သက်သေထွက်ဆို

January 26, 2015

မြန်မာသံတော်ဆင့်၏ အင်တာဗျူးဖတ်ပြီးနောက် ပြန်ကြားရေးဒုညွှန်မှူး မူပိုင်ခွင့်ဌာနက သမ္မတကို အကြည်ညိုပျက်သွားကြောင်း သက်သေထွက်ဆို
——————————————————————————————

10801659_406278302883698_7255965719716856643_n

 
နိုင်ငံတော်သမ္မတနှင့်အစိုးရအဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟူသော စွပ်စွဲချက်ဖြင့် ပြန်ကြား ရေးဝန်ကြီးဌာနက တရားလိုပြုလုပ်၍ မြန်မာသံတော်ဆင့်ဂျာနယ်မှ အယ်ဒီတာချုပ်အပါအဝင် (၁၁) ဦးကို မီဒီယာဥပဒေပုဒ်မ ၂၅ (ခ)ဖြင့် တရားစွဲဆိုခြင်း၏ ဆဋ္ဌမအကြိမ်ရုံးချိန်းတွင် တရားလိုပြသက်သေ ၂ ဦးကို စစ်ဆေးခဲ့ရာ မြန်မာသံတော်ဆင့်ရှေ့နေဦးဇော်လင်းက မေးမြန်ရာတွင် တရားလိုပြသက်သေ ၁ ဦးဖြစ်သူ ပြန်ကြားရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ယုယုဝင်းက အင်တာ ဗျူးကိုဖက်ရသည့်အတွက် သမ္မတကို အကြည်ညိုပျက်သွားကြောင်း ထွက်ဆိုခဲ့သည်။

မြန်မာသံတော်ဆင့်ဂျာနယ်၏ ဇန်နဝါရီလ (၁၉) ရက်က ပြုလုပ်သည့် ဆဋ္ဌမအကြိမ်ရုံးချိန်းသို့ မြန်မာသံတော်ဆင့်ဂျာနယ်မှ အယ်ဒီတာချုပ်အပါအဝင် ၉ ဦးလာရောက်ခဲ့ပြီး တရားလိုဘက်မှ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးနှင့် တရားလိုပြသက်သေ ၂ ဦးဖြစ်သည့် ပြန်ကြားရေး ဝန်ကြီးဌာန၊ မူပိုင်ခွင့်နှင့်မှတ်ပုံတင်ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ယုယုဝင်းနှင့် လက်ထောက်ညွှန် ကြားရေးမှူး ဦးကျော်ဌေးတို့ လာရောက်ထွက်ဆိုသည်။

အမှုစစ်ဆေးမှုတွင် တရားလိုပြသက်သေ ဒေါ်ယုယုဝင်းထွက်ဆိုချက်နှင့်ပတ်သက်၍ “အံ့ခေါင်မင်း နဲ့ဦးမျိုးရန်နောင်သိမ်း အင်တာဗျူးဖတ်ပြီးတော့ သမ္မတနှင့်သူ့အစိုးရအဖွဲ့ကို အကြည်ညိုတော့ ပျက်မသွား ဘူးမဟုတ်လားလို့မေးတာ၊ အကြည်ညိုပျက်သွားတယ်တဲ့။ ငါကဆက်မေးတယ်။ အကြည်ညိုပျက်တယ် ဆိုရင် ဦးမျိုးရန်နောင်သိမ်း ပြောတာတွေကို ခင်ဗျားလက်ခံလို့၊ ယုံလို့ အကြည်ညိုပျက်တာလားဆိုတော့ အဲဒီလိုတော့ မဟုတ်ပါဘူးလို့ဖြေတယ်။ အကြည်ညိုပျက်တယ်ဆိုရင် တို့ကမေးတာက ရေးတာတွေကိုယုံ လို့လား၊ လက်ခံလို့လား။ ရေးတာတွေကို မယုံကြည်ရင် အကြည်ညိုပျက်စရာမှ မရှိတာ”ဟု မြန်မာသံ တော်ဆင့်ရှေ့နေဦးဇော်လင်းက ပြောသည်။

ဆက်လက်၍ တရားလိုပြသက်သေဦးကျော်ဌေးကို မေးမြန်းရာ၌ “အင်တာဗျူးမှာပါတဲ့ စကားတွေ ကိုအလွတ်ရွတ်ပြသွားနိုင်တယ်။ သူ့ရှေ့ကတစ်ဆက်တစ်စပ်တည်းပြောတာတွေကိုရော အလွတ်ရလား။ အဲဒါတွေတော့ သူကမသိဘူး။ နောက်သမ္မတရဲ့ မူဝါဒတို့ဘာတို့ဆိုတာရောသိလားဆိုတော့ သူသေချာမသိ ဘူးပေါ့။ သမ္မတက အင်တာဗျူးမှာ ပြောထားခဲ့တယ်။ သမ္မတက ဒီသက်တမ်းကုန်ရင် မလုပ်တော့ဘူးလို့ ပြောတယ်။ နောက်တစ်ခါပြောင်းပြီးတော့ လူထုကလိုလားတယ်ဆိုရင် လူထုကလုပ်စေချင်ရင်တော့ လုပ် မယ်ပြောတယ်။ နောက်တစ်ခါ မလုပ်ဘူးပြောတယ်။ နောက်တစ်ခါ လုပ်မယ်ပြောတယ်စသဖြင့်ပေါ့။ အဲဒီလို ပြောတာတွေဟာ တကယ်တော့အဖြစ်မှန်အတိုင်းပေါ့။ သမ္မတက တကယ်ပဲအဲဒီလိုပြောတော့ ပြောခဲ့တယ်။ တစ်ခုနဲ့တစ်ခုမညီဘူးပေါ့။ သူအဲဒါမသိဘူးပေါ့။ မသိဘူးဆိုတော့ တို့ကဆက်မေးတယ်။ သမ္မတမိန့်ခွန်းပြော တာတို့၊ ရေဒီယိုပြောတာတို့၊ သမ္မတပြောတာတွေရေးထားတဲ့ သတင်းစာတို့ ဂျာနယ်တို့ စသဖြင့်ပေါ့။ ရေး သားထားတာတွေ အဲဒီဟာတွေကို ဖတ်မကြည့်မိဘူးလားလို့မေးတော့ မဖတ်ဘူးတဲ့” ဟု ဦးဇော်လင်းက ပြောသည်။

မြန်မာသံတော်ဆင့်ဂျာနယ်၏ ဆဋ္ဌမအကြိမ်မြောက်ရုံးချိန်းတွင် တရားလိုဘက်အပိုင်းကို စစ်ဆေးခဲ့ ပြီးအမှုကိုစစ်ဆေးရာ၌ သမ္မန်မူပုံစံနှင့် စစ်ဆေးခြင်းဖြစ်သည့်အတွက် စွပ်စွဲခံရသူနှင့် ၎င်းတို့၏သက်သေများ အားဆက်လက်စစ်ဆေးသွားမည်ဖြစ်ပြီး သက်သေများကို စစ်ဆေးပြီးစီးပါက အမှုကိုအပြီးသတ် အမိန့်ချ မှတ်မည်ဖြစ်သည်။ မြန်မာသံတော်ဆင့်သတင်းဂျာနယ် အတွဲ(၃)၊ အမှတ် (၂၂) ပါ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD ဗဟို) မှသုတေသနလမ်းညွှန်အဖွဲ့အတွင်းရေးမှူး၊ ဗေဒါနိုင်ငံရေးသိပ္ပံကျောင်းအုပ်ကြီး ဦးမျိုး ရန်နောင်သိမ်းနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပါဝင်သည့်ပြောကြားချက်များမှာ နိုင်ငံတော်သမ္မတနှင့် အစိုးရ အဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟုဆိုကာ နိုင်ငံတော်သမ္မတကိုယ်စား ပြန်ကြားရေးဝန်ကြီးဌာနက တရားလိုပြုလုပ်၍ သတင်းမီဒီယာဥပဒေပုဒ်မ ၂၅(ခ) ဖြင့် မြန်မာသံတော်ဆင့်ဂျာနယ်၏ အယ်ဒီတာချုပ်နှင့် ဖြန့်ချိရေးဝန်ထမ်းအထိ စုစုပေါင်း (၁၁ ဦး)ကို တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
မြန်မာသံတော်ဆင့်ဂျာနယ်ကို တရားစွဲဆိုခံထားရသည့် အမှုအတွက် သတ္တမအကြိမ်မြောက် ရုံးချိန်းအား ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီ (၃) ရက်သို့ချိန်းဆိုထားသည်။ cr. Myo Yan Naung Thein

No comments yet

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: