#MOI #တပ်မတော်စစ်ကြောင်းများမှ #ကံဆီး၊ အောင်ဘာလေကျေးရွာအနီး #နယ်မြေရှင်းလင်း

တပ်မတော်စစ်ကြောင်းများမှ ကံဆီး၊ အောင်ဘာလေကျေးရွာအနီး
နယ်မြေရှင်းလင်း
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®
နေပြည်တော် ဇန်နဝါရီ ၂၀
၂၀၁၅ ခုနှစ် ဇန်နဝါရီလ(၁၄)ရက်နေ့တွင် ကေအိုင်အေရင်း(၆)လက်အောက်ခံ စစ်ကြောင်း တစ်ကြောင်းမှ ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကမန်းဒူးနော်နှင့် လုံခြုံရေး လိုက်ပါလာသော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် (၃) ဦးအား ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ဝန်ကြီးအား ပြန်လွှတ်ပေး ခဲ့သော်လည်း ရဲ (၃) ဦးထံမှ လက်နက်များ သိမ်းဆည်းကာ လက်ထိပ်ခတ်လက်ပြန်ကြိုးတုတ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားမှု ဖြစ်ပွားခဲ့သည်။
၎င်းဖြစ်စဉ်ကြောင့် ရဲတပ်ဖွဲ့ဝင်(၃)ဦးအား ဖမ်းဆီးခေါ်ဆောင်သွား သည့် ကေအိုင်အေ ရင်း (၆) ဌာနချုပ် နယ်မြေသို့ နယ်မြေခံတပ်မတော် စစ်ကြောင်းများက လိုက်လံရှင်းလင်းခဲ့သည်။ ဇန်နဝါရီလ(၁၅)ရက် နံနက်ပိုင်း တွင် ကေအိုင်အေရင်း (၆) မှ အင်အားများဖြန့်ခွဲလျက်ရှိသည့် ကျွန်းတော အောင်ဘာလေလမ်းဆုံ၊ အောင်ဘာလေ ကျေးရွာအနီးရှိ ကာကင်းနေရာများအား ရှင်းလင်းခဲ့ပြီး အောင်ဘာလေရွာသို့ ဝင်ရောက်ခဲ့သည်။
၎င်းအချိန်တွင် ကျေးရွာသူ/သားများသည် ထွက်ပြေးတိမ်ရှောင်မှု မရှိဘဲ ကျေးရွာအတွင်း နေထိုင်လျက် ရှိကြောင်း တွေ့ရှိရသဖြင့် နယ်မြေခံစစ်ကြောင်း၏ တပ်ရင်းမှူးမှ ဘောင်ဘာလေကျေးရွာ ခရစ်ယာန်ဘုရားရှိခိုး ကျောင်း၌ ရွာသူ/သားများ တွေ့ဆုံပြီး အားပေးစကားပြောကြားခဲ့သည်။
မိမိတပ်မတော် စစ်ကြောင်းတစ်ကြောင်းသည် အောင်ဘာလေကျေးရွာ၏ အရှေ့ဘက်မီတာ ၆၀၀ခန့်အကွာသို့ ရောက်ရှိစဉ် ကေအိုင်အေ (ကချင်) အဖွဲမှ အင်အား ၁၅ဦးခန့်သည် စောင့်ကြိုတိုက်ခိုက်ခဲ့သဖြင့် ထိတွေ့မှု ဖြစ်ပွားခဲ့ပြီး လိုက်လံရှင်းလင်းရာ ပွိုင့်-၅၂၂ တောင်ကုန်း၌ ကေအိုင်အေအင်အား ၃၀ဦးခန့်နှင့် ထပ်မံထိတွေ့မှု ဖြစ်ပွားခဲ့သည်။
ဇန်နဝါရီလ (၁၆) ရက်နေ့တွင် ဆက်လက်၍ နယ်မြေရှင်းလင်းခဲ့ရာ ပွိုင့်-၆၇၁ အနီးရောက်ရှိစဉ် ကေအိုင်အေ (ကချင်) အဖွဲ့မှ အင်အား ၃၀ ခန့်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကေအိုင်အေ (ကချင်) အဖွဲ့သည် အရှေ့မြောက်ဘက်သို့ ဆုတ်ခွာသွားခဲ့ပါသည်။
ဇန်နဝါရီလ (၁၇) ရက်နေ့ နံနက်ပိုင်းတွင် ပွိုင့်-၆၇၁ အနီး အခြေပြုနေသော တပ်မတော် စစ်ကြောင်းအား ကေအိုင်အေ (ကချင်) အ

10929020_644978918963311_9212426427476991707_n1509901_644978912296645_4326229790476697975_n10305253_644978915629978_8848813242908518392_n

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s