အောက်မြန်မာပြည် ကချင်နှစ်ခြင်း အသင်းတော် အောင်ပင်လယ် ကျောင်းပရဝုဏ် တွင် တိုင်းပြည်နှင့်လူမျိုးအတွက် “လူမဆန်စွာ ရက်ရက်စက်စက်မဒိန်းကျင့် “သတ်ဖြတ်ခံခဲ့ရတဲ့ KBC ကချင်နှစ်ခြင်း အသင်းတော်ရဲ့ ကျောင်းဆရာမ နှစ်ဦးကို
မန္တလေး ကချင်တိုင်းရင်းသားများ အားလုံး ကြိုဆိုနှစ်သိမ့်ဆုတောင်းနေကြစဉ် –
ပြီးလျှင် မြစ်ကြီးနား သို့ ပို့ဆောင်နုတ်ဆက်ကြမည်။
အသတ်ခံရမှု
စစ်ဆေးနေပြီ ။
စုံစမ်းရေး အဖွဲ့ ကို …
(၁) ဦးအောင်အောင်ကျော် (ကြူကုတ်မြို့နယ်ခွဲ အုပ်ချုပ်ရေးမှူး)
(၂) ရဲအုပ် ဇော်မင်းထွဋ် (ကြူကုတ်မြို့နယ်ရဲစခန်း၊စခန်းမှူး)
(၃) ဦးနော်တောင် (မူဆယ် ကချင်နှစ်ခြင်းအသင်းတော်မှ ဓမ္မဆရာ)
(၄) ဦးအောင်ဂျာ (မုံးပေါ်ပြည်သူ့စစ်အဖွဲ့)
– – တို့နဲ့ ဖွဲ့စည်း ခဲ့ ကြပါတယ် ..
#######
photocr. lashi Din
ကျောင်းဆရာမနှစ်ဦး အသတ်ခံရမှု
လက်ရှိအထိ စုံစမ်းသိရှိရသမျှ အခြေအနေ
========================
ဖွဲ့စည်း စိစစ်ခြင်း
==========
စုံစမ်းရေး အဖွဲ့ ကို …
(၁) ဦးအောင်အောင်ကျော် (ကြူကုတ်မြို့နယ်ခွဲ အုပ်ချုပ်ရေးမှူး)
(၂) ရဲအုပ် ဇော်မင်းထွဋ် (ကြူကုတ်မြို့နယ်ရဲစခန်း၊စခန်းမှူး)
(၃) ဦးနော်တောင် (မူဆယ် ကချင်နှစ်ခြင်းအသင်းတော်မှ ဓမ္မဆရာ)
(၄) ဦးအောင်ဂျာ (မုံးပေါ်ပြည်သူ့စစ်အဖွဲ့)
တို့နဲ့ ဖွဲ့စည်း စိစစ်ခဲ့ ကြပါတယ် …
ကောင်းခါးရွာဟာ (၁၀၅)မိုင်-မုံးပေါ်သွား …
ကားလမ်းဘေးမှာ ရှိပြီး …
အိမ်ခြေ ၃၄ လုံး …
လူဦးရေ ကျား ၆၁ ဦး ၊မ ၉၃ ဦး …
မူလတန်း ကျောင်းတစ်ကျောင်း …
ခရစ်ယာန်ဘာသာရေး ကျောင်း ၁ ကျောင်း နဲ့ …
အများစု မှာ ကချင်လူမျိုးတွေ နေထိုင်ပြီး …
ခရစ်ယာန်ဘာသာကို ကိုးကွယ်ကြပါတယ် …
မှုခင်းဆိုင်ရာ မျက်မြင်တွေ့ရှိချက်
==================
အခင်းဖြစ်ပွားရာအိမ်မှာ …
ဘုရားကျောင်းဝင်းအတွင်းဖြစ်ပြီး …
ကောင်းခါးရွာနှင့် အနည်းငယ်ကွာဝေးသော
ဘုရားကျောင်းရှေ့ ကိုက် ၂၀ အကျော်ခန့်အကွာမှာ
ဝါးထရံ ကာ သွပ်မိုးမြေစိုက်တဲ ဖြစ်ပါတယ် …
နေအိမ် အိပ်ခန်းထဲမှာ …
ကျောင်းဆရာမ နှစ်ဦး ပက်လက်အနေအထား ဖြင့်
ဒဏ်ရာများနဲ့ သေဆုံးနေကြောင်း တွေ့ရပါတယ် …
ရရှိထားသည့် ဒဏ်ရာများမှာ-
(၁) မရမ်နုဂျာ- ပက်လက်အနေအထားဖြင့် …
ထမီ၊အကျီကျွတ်လျက် …
ဝဲရင်အုံအောက် ထိုးသွင်းဒဏ်ရာ ၃ ချက်…
မျက်နှာ ပြတ်ရှ ဒဏ်ရာ ၃ ချက် …
ဦးခေါင်းနောက် ပေါက်ပြဲဒဏ်ရာ ၁ ချက် …
ယာလက်ညှိုး နှင့်လက်ခလယ်ကြား ပြတ်ရှဒဏ်ရာ ၁ ချက် …
(၂) မရမ်ဘောင်ရမ်ခေါန်နောင်ဆန်
ပက်လက်အနေအထားဖြင့် …
ထမီအကျီဝတ်လျက် …
လည်ပင်း ထိုးသွင်းဒဏ်ရာ ၁ ချက် …
မျက်နှာပြတ်ရှ ဒဏ်ရာ ၂ ချက် …
ဝဲလက်ဝါး ပြတ်ရှ ဒဏ်ရာ ၁ ချက် …
မှုခင်းအနီးတွေ့ရှိရသည့် သက်သေခံပစ္စည်းများ
===========================
(၁) အ၀ါရောင် အရိုးတပ် …
အရိုးအသွား ၈ လက်မခွဲခန့်ရှိသော ဓါးဦးချွန် စတီးဓါး ၁ ချောင်း
(၂)အရှည် ၂ ပေခန့်
လုံးပတ် ၁၁ လက်မ ခန့်ရှိသော ထင်းချောင်း ၁ ချောင်း
အခင်းဖြစ်ပွားရာနှင့် ဆက်စပ်အခြေအနေများ
========================
(၁) အခင်းဖြစ်ပွားရာ နှင့် ၁ ဖာလုံခန့်အကွာမှာ
ဒေါ်နော်ဂျာမိုင် နေအိမ်ရှိပါတယ် …
ည ၈ နာရီ အချိန်ခန့်က …
ဆရာမ နေအိမ်ဘက်က အော်ဟစ်သံကြားရလို့
ဒေါ်နော်ဂျာမိုင်တစ်ဦးတည်းသွားကြည့်ခဲ့ပြီး ….
တံခါးခေါက်ကြည့် …
ကချင်ဘာသာနဲ့မေးမြန်းတဲ့အခါ
ဆရာမလေးတွေက ပြန်မဖြေပဲ တိတ်ဆိတ်နေလို့
နေအိမ်ကို ပြန်ခဲ့တယ်လို့ ဆိုပါတယ် ….
နောက်နေ့မနက် ကျောင်းမလာလို့ သွားကြည့်တော့မှ
သေဆုံးနေတာတွေ့ပြီး ….
ကျေးရွာအုပ်ချုပ်ရေးမှူးကို …
အကြောင်းကြားခဲ့တာ ဖြစ်ပါတယ် …
(၂)အခင်းဖြစ်တဲ့နေရာ ….
ထင်းပုံနားမှာ တွေ့ရတဲ့ ဖိနပ်ရာဟာ
တောစီး/ဗကပ တရုတ်ကင်းဘတ် မဟုတ်ပဲ
Aerosoft ကွင်းထိုးစီး ဖိနပ်ရာနဲ့ဆင်တူနေပါတယ် ….
(၃)ဆရာမများရဲ့ အိမ်တံခါးဟာ
ပတ္တာနဲ့ ပြုလုပ်ထားတဲ့ သစ်သား တံခါးဘောင် ထရံကပ်ဖြစ်ပြီး
အတွင်းကနေ အရှည် ၁ ထွာကျော်ခန့်ရှိတဲ့ သစ်သားအား
သံဖြင့် ရိုက်၍ ….
ကလန့်ဖြင့် ပိတ်ထားသည်ကို တွေ့ရပါတယ် …
၎င်းကလန့်ကို အပြင်က ဖွင့်ရင် မပွင့်နိုင်ပဲ …
အားဖြင့်ဆောင့်တွန်းမှသာ ….
ပွင့်နိုင်သည့်အခြေအနေ တွေ့ရပါတယ် …
စစ်ဆေးချိန်မှာ …
တံခါးကလန့်က ကောင်းမွန်နေတာကြောင့်
အတွင်းမှ ကလန့်ကို ဖွင့်ပေးခဲ့တာ ဖြစ်သည်ဟု ယူဆနိုင်ပြီး …
တံခါးဖွင့်ခိုင်းသူမှာ
သေဆုံးသူများနှင့် ရင်းနှီးမှုရှိနိုင်ကြောင်း …
သုံးသပ်ရပါတယ် …
(၄) ထင်းပုံအနီးတွင်တွေ့ရသည့် ခြေရာ၏ လားရာအရပ်မှာ
စစ်တပ် အခြေချသည့် ဘက်မှ လာခြင်းမဟုတ်ပဲ …
အနောက်တောင်ဘက် လျှိုအတွင်းရှိ …
ပြောင်းခင်းမှ တက်လာသည်ကို ….
စစ်ဆေးတွေ့ရှိရပါတယ် …
(၅) ထင်းပုံနဲ့ အခင်းဖြစ်နေရာမှာ …
၃၅ ပေခန့်ဝေးတာကြောင့် ….
ထင်းပုံမှ ထင်းချောင်းအား ယူဆောင်သွားခြင်းဖြစ်၍ …
ကြိုတင်ကြံစည်မှု ဟု ယူဆရပါတယ်…
(၆) သေဆုံးသူ မရမ်ဘောင်ရမ်ခေါန်နောင်ဆန် ၏ …
လက်အတွင်းမှာ ဆုပ်ကိုင်ထားသည့် …
ဆံပင် ၁၄ ပင်ခန့် မှာ …
အရှည် ၁ ထွာကျော် ရှိသည်ကို တွေ့ရပါတယ် ….
၎င်း ကို ရဲတပ်ဖွဲ့ဝင်တွေက သိမ်းဆည်းထားပါတယ်…
(၇) နေအိမ်မှ ၀င်လျင် …
သေဆုံးသူ ၂ ဦးရဲ့ အိပ်ယာကို ချက်ချင်းမရောက်နိုင်ပဲ …
ကွပ်ပျစ် ၁ ခုကို ကျော်၍ ကွေ့ဝင်ရသဖြင့် ….
အိမ်၏အနေအထားအား ….
သိသူ ဖြစ်နိုင်ကြောင်း တွေ့ရှိပါတယ် …
တစ်ခါမှ မမြင်ဖူးတဲ့လူစိမ်း ဖြစ်ပါက …
ဆရာမ ၂ ဦးမှာ တွေ့ တွေ့ချင်း …
အော်ဟစ်နိုင်သည့် အနေအထား နဲ့  …
အကွာအဝေး ရှိပါတယ် ….
ထိုသို့ အော်ဟစ်ပါက …
ပတ်ဝန်းကျင်မှ သိနိုင်ပါတယ် ….
ယခုမှာ အော်သံ တိုးတိုးသာ….
ကြားရတာ ဖြစ်တဲ့အတွက် …
အိမ်ထဲ၌ တွေဆုံပြီးမှ ….
အခင်းဖြစ်ပွားသည်ဟု ယူဆရပါတယ် ….
(၈)ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် အခြေအနေ ….
မျက်မြင် လေ့လာစစ်ဆေးချက်အရ
မရမ်လုရာ နှင့် မရမ်ဘောင်ခေါန်နောင်ဆန် တို့မှာ
မုဒိန်းကျင့်ခံရပြီး တုတ် ၊ ဓား လက်နက် များဖြင့်
အသတ်ခံရသည်မှာ …
သေချာမှန်ကန်ကြောင်း တွေ့ရှိရပါတယ် …
(၉)အမှုမှန် ပေါ်ပေါက်စေရေးအတွက် …
အထူး အမှုစစ် အဖွဲ့များ …
ဘာသာရေး ခေါင်းဆောင်များ ….
ရပ်မိရပ်ဖ များ…
ဌာနဆိုင်ရာများ …
အတူ ပူးပေါင်းဆောင်ရွက် …
စစ်ဆေး နေကြောင်း သိရှိရပါတယ်။
( ရဲမိုး ) Ya Zar Doe
#####
21.1.2015
မြစ်ကြီးနားသယ်ဆောင်သဂြိုလ်မည်ဖြစ်ပြီးပြည်သူများ
အမှုမှန်ပေါ်ပေါက်ရေးတောင်းဆိုခဲ့ကြကြောင်းသိရှိရ
pt:Namhkai Hka
မူရင်းတစ်ဆောင်ကြာဖြတ်ခံရလို့ဒုတိယကြိမ်သိပေးချင်း..
============================
KBC. အမှုဆောင်ကျောင်းဆရာမ ဒေသခံကလေးများအားစာသင်ပေးနေသည့် ဆရာမ-Tang Bau Khawn Nan Tsin နဲ့ ဆရမ-Maran Lu Ra တို့အား အစိုးရစစ်တပ် တပ်မ(၈၈) လက်အောက်ခံ ခလရ(၅၀၄) တပ်မှ ရက်စက်စွာမုဒိမ်းကျင့်သတ်ဖြတ်…(၁၉.၁.၂၀၁၅) ည ၉နာရီခန့်….
မနေ့ ည(19.1.2015) ည(၁၂ )နာရီဝန်းကျင်က
မူဆယ်ခရိုင် နမ်တောင်းကျေးရွာ နှင့်  မုံးပေါ် ကျေးရွာကြား ရှဘုတ်ကောင်းခါး ကျေး ရွာ ရှိ KBC ကချင်နှစ်ခြင်းအသင်းချုပ်မှ အခမဲ့ ကျောင်းဆရာမ(၂)ဦး တန်ဘောင် ခေါန်နန်ဆင် (မြစ်ကြီးနား.့ဂျန်မိုင်ကောင်း)၂၀ နှစ် နှင့် မရန် လုရာ(ဝိုင်းမော်)၂၀ နှစ်အား မြန် မာ စစ်တပ် စစ်အစိုးရတပ်မှ ရမခ စကခ ၁၆ လက်အောက်ခံ ခမရ ၅၀၃ မှ ဒုရင်းမူး ဗိုလ်မူး အောင်စိုးမြင့် ဦးဆောင် အဖွဲ့  (၁၀၀ )ခန့်  မှ မုဒိန်းကျင့် သတ်ဖြတ် ခဲ့  သည့် ကြောင်း သိရှိရ ပါ သည်။
MYEN HPYENDAP NI KBC LAIKA HPAJI SASANA APNAWNG SARAMA ( 2 ) HPE ROI RIP SAT KAU YA
Mungmau Ginwang, Kawng Hka mare kaw KBC laika hpaji sasana ap nawng sarama ( 2 ) hpe 2015 ning January 19 ya shana yuptung 12:00 ten hta S.K.HK ( 1 ), hk.m.y ( 503 ) Myen hpyendap ni roi rip nna sat kau ya sai lam chye lu ai.
Dai sarama yan gaw – Waimaw Ginwang, Behtela Buga Hpung na Slg. Maran Naw Ja hte Shesoi Lum Nann yen a kasha Maran Lu Ra ( 20 ) ning hte Myitkyina Ginwang, Mali Hkanu BugaHpung kaw na Slg. Maru Brang Mai hte Wahkau Lu Bu yen a kasha Tangbau Hkawn Nan Tsin ( 21 ) ning yen rai ma ai.
Ndai mabyin hte seng nna KBC Amu madu hte magam gun ni, Kanu kawa ni hpawt de jang hkan yu wa na re lam chye lu ai.KBCMNK.