အစိုးရတပ်များ အထိနာ ၊ တပ်မှုး အပြောင်းအလဲပြုလုပ်
ဖားကန့်  ဆိုင်းရာ-ဂင်ဆီ တပ်စခန်း မှာ စခန်း ထိုင်ပြီး ကြီးကြပ် ကွပ်ကဲနေတဲ့ တပ်မ(၆၆) နည်းဗျုဟာမှုး ဗိုလ်မှုး မြင့်သန်း အား နောက်တန်းပြန်ပို့ ပြီး တပ်မ(၆၆) တပ်မမှုး ဗိုလ်မှုးကြီး စိုးမင်း ကိုယ်တိုင် ဆိုင်းရာ-ဂင်ဆီ တပ်စခန်းတွင် လာထိုင်ကာ အနီကပ် ထပ်မံကြီးကြပ် ကွပ်ကဲနေကြောင်း သိရပါတယ် ။ အစိုးရတပ်များအထိနာပြီး တပ်စခန်း အချို့ ပြန်လည်လက်လွတ်လိုက်ရသောကြောင့် နည်းဗျုဟာမှုးအား နောက်တန်းပြန်ပို့ လိုက်ခြင်းဖြစ်ကြောင်း သိရပါတယ်။
တပ်မမှုးကိုယ်တိုင် လာရောက်ကြီးကြပ်ကွပ်ကဲနေသော်လည်း အစိုးရတပ်များ အထိနာနေဆဲဖြစ်ကာ လက်နက်ကြီးအချို့  ကေအိုင်အေ ဘက်မှ သိမ်းဆည်းရမိထားကြောင်း သိရပြီး တပ်မမှုး မှ ဒေါသူပုန်ထနေကာ လက်နက်ကြီးများဖြင့် ကေအိုင်အေ တပ်စခန်း ရှိမည်ထင်သော နေရာများသို့ အဆက်မပြတ် ပစ်ခတ်နေကြောင်း သိရပါတယ် ။
KIA FIGHTING -ဗမာအစိုးရလက်နက်ကိုင်တပ်ဖွဲ့က ကချင်ပြည်သူတွေကို တံတိုင်အဖြစ်သုံးချ