Skip to content

!! ကျောင်းသာ ၂၀၀ #နှင့် #ဆရာ၊ #ဆရာမ ၂၁ #ဦးနှင့် ရွာသား ၇၀၀ခန့် ပစ်ခတ်မှုအကြားပိတ်မိနေ

January 15, 2015

KACHIN SOLDIER

KIO statementKIO STATEMENT 2.

January 15, 2015
ကျောင်းသာ ၂၀၀ နှင့် ဆရာ၊ ဆရာမ ၂၁ ဦးနှင့် ရွာသား ၇၀၀ခန့် ပစ်ခတ်မှုအကြားပိတ်မိနေ

ချင်ပြည်နယ် ဖားကန့်၊ တဂေါင်းရွာတွင် မနက် ၅ နာရီ ( ၁၅.၁.၂၀၁၅)တွင်
မြန်မာစစ်တပ်နှင့် ကေ

အိုင်အေ အကြားပစ်ခတ်မှုဖြစ်ပွားပြီး ကျောင်းသာ ၂၀၀ နှင့် ဆရာ၊ ဆရာမ ၂၁
ဦးနှင့် ရွာသား ၇၀၀

ခန့် ပစ်ခတ်မှုအကြားပိတ်မိနေတယ်လို့သိရသည်။
ရွာသားများနှင့် ကျောင်းသာများက ရွာရှိ ဘုရားကျောင်းတွေ
ပုန်းရှောင်နေတယ်လို့သိရသည်။
မြန်မာစစ်တပ် ခ.လ.ရ(၂) တပ်မမှူး စောမင်း၊ ဗျူဟာမှူး မြင့်တန်းနှင့်
တပ်ရင်းမှူး ကျော်ဇယျ တို့ ဦး

ဆောင်သော တပ်နှင့် ကေအိုင်ကေ တပ်ရင်း (၆) တို့အကြား ပစ်ခတ်နေသည်။
ဖားကန့်လမ်းတလျှောက်တွင် မြန်မာစစ်သား ထောင်ချီပြီး သွားနေကြောင်းလည်းသိရသည်။
အထက်ပါသတင်းနဲ့ပတ်သက်ပြီး အသေးစိတ်သိလိုလျှင် အောက်ပါဖုန်းနံပတ်များသို့
ဆက်သွယ် မေး

မြန်းနိုင်ပါတယ်။

ဆက်သွယ်ရမည့်
ဖုန်းနံပတ် – ၀၉၄၀၁၅၃၈၂၄၉ ( စာဂျီ – ကချင်လူမှုဖွံ့ဖြိုးကွန်ယက်အဖွဲ့)
ဖုန်းနံပတ် – ၀၉၂ ၅၈၇၃၄၇၁၅ (ဆရာ ဘရန်နူး) ဒေသခံ
ဖုန်းနံပတ် – ၀၉၄ ၇၉၃၁၀၁၄ (ဆရာ ဘရန်နူး) ဒေသခံ

 

—————–

MOI https://democracyforburma.wordpress.com/2015/01/14/moi-ကခ%E1%80%BAင်%E1%80%BBပည်နယ်-လမ်းပန်းဆ/

ကချင်ပြည်နယ် ဖားကန့်မြို့အနီး တိုက်ပွဲ ဖြစ်ပွားလျက်ရှိရာ ကြာသပတေးနေ့ နေ့ခင်းပိုင်းက ကချင်လွတ်မြောက်ရေးတပ် (KIA) ၏ မဟာဗျူဟာမြောက် စခန်းတစ်ခု ကျဆုံးသွားပြီး အရပ်သား အများအပြား ထိုဒေသတွင် ပိတ်မိနေကြောင်း သိရသည်။

နံနက် ၆ နာရီခွဲမှ စတင်၍ ဖားကန့်အခြေပြု မြန်မာ့တပ်မတော် (၆၆) တပ်မက ဥရုချောင်းတစ်ဖက်ရှိ KIA တပ်ရင်း ၆ စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာမှ နှစ်ဘက် ပစ်ခတ်မှုများ နေ့လယ် ၁ နာရီခွဲအထိ ဖြစ်ပွားခဲ့ကြောင်း မြစ်ကြီးနားမြို့ရှိ KIA ဆက်ဆံရေးရုံး တာဝန်ခံ ဦးဒေါင်းခါးက ပြောဆိုသည်။

လက်နက်ကြီးဖြင့် အဆက်မပြတ်ပစ်ခတ်မှုကြောင့် ဖားကန့်မြို့မှ ၅ မိုင်ခန့်အကွာ ဥရုမြစ်အနီး အောင်ဘာလေကျေးရွာတွင် တည်ရှိသည့် KIA တပ်ရင်း ၆ မှာ ထိုနေရာမှ အရှေ့မြောက်ဖက်ရှိ ဒွန်ကပ်ပုံ တောင်ဖက်စီသို့ ဆုတ်ခွာခဲ့ကြောင်း ဦးဒေါင်းခါးကပြောကြားသည်။

အစိုးရသတင်းထုတ်ပြန်ချက်တစ်ခုတွင် ဗုဒ္ဒဟူးနေ့က ဖားကန့်ဒေသသို့ ကွင်းဆင်း လေ့လာနေသည့် ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကမန်ဒူးနော်၊ ရဲတပ်ဖွဲ့ဝင်သုံးဦးတို့ကို KIA အဖွဲ့က ဖမ်းဆီးခဲ့ကြောင်း၊ နောက်ပိုင်းတွင် ဝန်ကြီးကိုသာ ပြန်လွှတ်ပေးပြီး ရဲတပ်ဖွဲ့ဝင်များကို ဆက်လက် ထိန်းသိမ်းထားသဖြင့် အစိုးရတပ်က KIA အဖွဲ့ကို လိုက်လံရှင်းလင်းတိုက်ခိုက်နေကြောင်း ဖော်ပြထားသည်။

ရဲအဖွဲ့ဝင်များ လွတ်မြောက်ရေးအတွက် ကချင်ပြည်နယ် လြုံခုံရေး နှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှုးကြီးသန်းအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က ဗုဒ္ဒဟူးနေ့မှ စတင်၍ ညှိနှိုင်းနေပြီဖြစ်ကြောင်း၊ သို့သော်လည်း ယခုအချိန်ထိ လွှတ်ပေးခြင်း မရှိသေးကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာမှ တာဝန်ရှိသူ ဦးလှမောင်ရွှေက ပြောသည်။

ဦးဒေါင်းခါးကမူ အောက်ခြေတပ်ဖွဲ့ဝင်များကြား နားလည်မှုလွဲခြင်းသာဖြစ်၍ ရဲတပ်ဖွဲ့ဝင်များကို ပြန်လွှတ်ပေးရန် KIA က အမိန့်ထုတ်ပြန်ထားပြီးဖြစ်သော်လည်း ယခုဖြစ်ပွားနေသော တိုက်ပွဲများကြောင့် လတ်တလော လွှတ်ပေးနိုင်ဖွယ် မရှိကြောင်း၊ အထိန်းသိမ်းခံထား ရသူများသည် ဆုတ်ခွာသွားသော KIA အဖွဲ့များနှင့် ပါသွားကြောင်း ပြောပြသည်။

“ဒီ အဖမ်းခံရတဲ့ ရဲကိစ္စက ပြည်နယ်အာဏာပိုင်အဆင့်နဲ့ ရှင်းလို့ရတယ်။ ဒီကိစ္စကို အကြောင်းပြပြီး တပ်မတော်က ဖားကန့်ဒေသ စိုးမိုးရေး လုပ်တယ်လို့ပဲ ကျနော်တို့ ဆိုချင်တယ်။ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆိုတာနဲ့ စစ်တပ်ရဲ့လှုပ်ရှားမှုနဲ့က ဆန့်ကျင်နေတယ်။ ကျနော်တို့ဘက်ကတော့ ခုခံတုံ့ပြန်သွားမှာပဲ” ဦးဒေါင်းခါးက ပြောသည်။

တိုက်ပွဲအတွင်း အောင်ဘာလေရွာတွင်းသို့ လက်နက်ကြီးကျည်ဆံ ၁၀ လုံးခန့်ကျရောက်ခဲ့သော်လည်း ထိခိုက်သေဆုံးမှုမရှိကြောင်း၊ ရွာသား ၅၀၀ ခန့် ရွာရှိ ခရစ်ယာန်ဘုရားကျောင်းတွင် ခိုလှုံနေကြောင်း ဖားကန့်နယ်ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးအဖွဲ့မှ ဦးတူးရော်က ပြောကြားသည်။ ရွာသူရွာသားများက အောင်ဘာလေရွာမှ ဖားကန့်ဒုက္ခသည် စခန်းရှိရာသို့ သွားလိုသော်လည်း စစ်တပ်က သွားခွင့် ပိတ်ပင်ထားကြောင်းလည်း ၄င်းကပြောကြားသည်။

မြစ်ကြီးနားမှ ဖားကန့်သွားရာလမ်းရှိ ကာမိုင်းစစ်ဆေးရေးဂိတ်ကို အစိုးရတပ်က ပိတ်လိုက်သဖြင့် ဆိုင်ကယ်၊ ကားများဖြင့်သွားလာနေသော ခရီးသည် တစ်ထောင်ခန့် လမ်းတွင် သောင်တင်နေကြောင်းလည်း သိရသည်။

မြစ်ကြီးနားမှ ဖားကန့်သွားရာလမ်းရှိ ကာမိုင်းစစ်ဆေးရေးဂိတ်ကို အစိုးရတပ်က ပိတ်လိုက်သဖြင့် ဆိုင်ကယ်၊ ကားများဖြင့်သွားလာနေသော ခရီးသည် တစ်ထောင်ခန့် လမ်းတွင် သောင်တင်နေကြောင်းလည်း သိရသည်။

တရုတ်မြန်မာနယ်စပ် ကချင်ပြည်နယ်လိုင်ဇာမြို့အနီး အခြေစိုက်သည့် KIA နှင့် အစိုးရ တို့ကြားချုပ်ဆိုထားသည့် ၁၇ နှစ်ကြာ ငြိမ်းချမ်းရေးစာချုပ်ပျက်ပြယ်ပြီး ၂၀၁၁ ဇွန်လမှစ၍ တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။

နှစ်ဦးနှစ်ဖက်ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်၍ အပစ်အခတ်ရပ်စဲရေး၊ ခိုင်မာသော နိုင်ငံရေးဆွေးနွေးပွဲများဆီသို့ လျှောက်လှမ်းရေးကြိုးပမ်းနေသည်ဟု ဆိုသော်လည်း KIA တပ်ဖွဲ့များ လှုပ်ရှားသော ကချင်နှင့် ရှမ်းပြည်နယ်တွင် တိုက်ပွဲများ မကြာခဏဖြစ်ပွားနေခြင်းဖြစ်သည်။

၂၀၁၄ နိုဝင်ဘာလတွင် အစိုးရတပ်၏ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် လိုင်ဇာရှိ KIA ဗိုလ်သင်တန်းကျောင်း တက်ရောက်နေသော သင်တန်းသား အများအပြား ထိခိုက်သေဆုံးပြီးနောက် နှစ်ဘက် စစ်ရေးတင်းမာမှု ပြင်းထန်လျက်ရှိသည်။

မြစ်ကြီးနားမြို့ အနောက်ဘက် မိုင်၁၀၀ ခန့်တွင် တည်ရှိသော ဖားကန့်မြို့သည် နှစ်စဉ် ဒေါ်လာသန်းပေါင်းများစွာ ပမာဏရှိသော ကျောက်စိမ်း ထွက်ရှိရာ ဒေသဖြစ်သည့်အားလျော်စွာ အစိုးရစစ်တပ်၊ စစ်တပ်နှင့် ဆက်စပ်မှုရှိသော ကုမ္မဏီများ ၀င်ရောက်နေရာယူထားရုံသာမက၊ KIA ကလည်း ကျောက်စိမ်းကုမ္မဏီများထံမှ အခွန်ကောက်ခံလျက်ရှိရာ နှစ်ဘက်စလုံးအတွက် စီးပွားရေးအရ မဟာဗျူဟာကျသောမြို့ဖြစ်သည်။ http://ygnglobe.com/mm/articles/local/451

No comments yet

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: