#U #WIRATHU #“အမျိုးဘာသာ #သာသနာစောင့်ရှောက်ရေးအဖွဲ့(ဗဟို)၏ ထုတ်ပြန်ကြေညာချက်”

Wira Thu
“အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(ဗဟို)၏ ထုတ်ပြန်ကြေညာချက်”
=====================================================
အမျိုးစောင့်ဥပဒေ(၄)ရပ်ဖြစ်သော-
၁။ ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာဥပဒေ၊
၂။ လူဦးရေးတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုဥပဒေ၊
၃။ မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများအထူးထိမ်းမြားခြင်းဆိုင်ရာဥပဒေ၊
၎။ တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေများကို
ဥပဒေကြမ်းအဖြစ် ၂၀၁၄-ခုနှစ်၊ ဒီဇင်ဘာလ(၁)ရက်နေ့တွင် စတင်ထုတ်ပြန်ကြေညာခဲ့သည်။

ထိုဥပဒေမူကြမ်း(၄)ရပ်သည် အမျိုး ဘာသာ သာနသာစောင့်ရှောက်ရေးအဖွဲ့၏ ဥပဒေ(မူကြမ်း) နမူနာတင်ပြချက်များနှင့် အနည်းငယ်ကွဲလွဲချက်များ ရှိသော်လည်း ဥပဒေပညာရှင်များ၏ ခေတ်စနစ်နှင့် လျော်ညီစွာရေးဆွဲတင်ပြနိုင်ခြင်းသည် အမျိုး ဘာသာ သာသနာနှင့် နိုင်ငံလူမျိုးအနာဂတ်အပေါ် စေတနာ ကောင်းနှင့် ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် ကြိုဆိုပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

ဥပဒေကြမ်း(၄)ရပ်တွင် ပြုပြင်ဖြည့်စွက်သင့်သည်များကိုလည်း မဘသအနေဖြင့် ဆက်လက်အကြံပြုတင်ပြ သွားမည်ဖြစ်ပါသည်။ သို့သော်လည်း ဥပဒေမူကြမ်း(၄)ရပ်နှင့် ပတ်သက်၍ ဆန့်ကျင်ကန့်ကွက်နေကြသူတစ်ချို့ သည် သတင်းစာ ဂျာနယ် ရုပ်သံလွှင့်ဌာနများနှင့် အင်တာနက်စသော မီဒီယာများကို အသုံးပြုကာ ဝေဖန် တိုက်ခိုက်နေကြခြင်းကို တိုင်းရင်းသားပြည်သူများ သိမြင်ရှင်းလင်းနိုင်စေရန် ဤကြေညာချက်ဖြင့် ထုတ်ပြန်ဖော် ပြအပ်ပါသည်။

ဤကြေညာချက်ဖြင့် ထုတ်ပြန်ဖော်ပြအပ်ပါသည်။

၁။ မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံတို့ကိုတန်းတူအခွင့်အရေး ပေးထားသော ဥပဒေဖြစ်သည်။

၂။ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာဥပဒေသည် အမျိုးသမီးများလွတ်လပ်စွာ ရွေးချယ်ခွင့်ကို ကန့်သတ် ချုပ်ချယ်သော ဥပဒေမဟုတ်၊ အမျိုးသမီးများရသင့်ရထိုက်သော အခွင့်အရေးများ မဆုံးရှုံးရအောင် အကာအကွယ်ပေးထားသော ဥပဒေဖြစ်သည်။

၃။ သက်ဆိုင်ရာဘာသာအသီးသီးမှ ဘာသာဝင်အမျိုးသမီးများကို ကာကွယ်ပေးထားသော ပြဋ္ဌာန်းဥပဒေများ ရှေးကပင်ရှိပြီးဖြစ်သည်။ ဗုဒ္ဓဘာသာဝင် အမျိုးသမီးများအတွက် လုံလောက်သော အကာအကွယ်ပေးသည့် ဥပဒေမရှိ၍ ဥပဒေပြဋ္ဌာန်းရန် လိုအပ်သည်။

၎။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံသူ နိုင်ငံသားများအတွက် အရေးကြီးသကဲ့သို့ အမျိုးသား လုံခြုံရေး သည်လည်း မြန်မာတစ်မျိုးသားလုံးအတွက် အရေးကြီးသော လိုအပ်ချက်တစ်ခုဖြစ်သည်။

၅။ အမျိုးစောင့်ဥပဒေ(၄)ရပ်သည် ဘာသာတစ်ခုနှင့်တစ်ခုအကြား ငြိမ်းချမ်းစွာနေထိုင်ရေးကို ရှေးရှုသော ငြိမ်းချမ်းရေးဥပဒေဖြစ်သည်။

၆။ အမျိုးစောင့်ဥပဒေ(၄)ရပ်သည် အိမ်ထောင်ရေးဖောက်ပြန်မှုများ၊ လူမှုရေးဖောက်ပြန်မှုများကို လျော့နည်း ပပျောက်စေမည့် ဥပဒေဖြစ်သည့်အပြင် ဘာသာအားလုံးအတွက် ပွင့်လင်းမြင်သာစေပြီး ပဋိပက္ခဖြစ်ပွားမှုများကို ရှောင်ရှားစေနိုင်သော ဥပဒေဖြစ်သည်။
ထို့ကြောင့် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးတို့နှင့် လုံးဝမဆန့်ကျင်သော အမျိုးစောင့်ဥပဒေ အမြန်ဆုံးအတည်ပြုပြဋ္ဌာန်းနိုင်ရေးအတွက် မြန်မာတစ်မျိုးသားလုံးတွင် တာဝန်ရှိကြောင်း တိုက်တွန်းကြေညာအပ်ပါသည်။

ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသအဖွဲ့(ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြဝါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။

10923769_590702081073304_274856204556622089_n1509123_590702084406637_1911432351305207933_n

#MNHRC #၂၂-၁၂-၂၀၁၄ #ရက်နေ့ #ဆားလင်းကြီးမြို့နယ်၊ #လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အဓိကရုဏ်းဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရ သေဆုံးမှုများနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုသတင်းထုတ်ပြန်ချက

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ၂၂-၁၂-၂၀၁၄ ရက်နေ့ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အဓိကရုဏ်းဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရ သေဆုံးမှုများနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုသတင်းထုတ်ပြန်ချက

 

10610878_324095797778024_508560290851959097_n

ဒေါ်ခင်ဝင်း ပြည်သူ့သူရဲကောင်း အသက်(၅၆)နှစ်
ဒေါ်ခင်ဝင်း
ပြည်သူ့သူရဲကောင်း
အသက်(၅၆)နှစ်

၁​၄ ဇန်နဝါရီ ​၂​၀​၁​၅
၁။ ၂၂-၁၂-၂၀၁၄ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်း တောင်ကြေးနီ စီမံကိန်း ခြံစည်းရိုးကာရံရေး လုပ်ငန်းဆောင်ရွက်စဉ် ကျေးရွာသူ၊ ကျေးရွာသားများ နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အဓိကရုဏ်းဖြစ်ပွားပြီး ဒေါ်ခင်ဝင်း၊ ၅၃ နှစ် မိုးကြိုးပြင် (အလယ်) ကျေးရွာနေသူ သေဆုံးကာ ရဲတပ်ဖွဲ့ဝင် ၁၁ ဦးနှင့် ရွာသား ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းများအရ သိရှိရသည့်အပြင် အဖြစ်မှန်ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးပေးရန် တိုင်ကြားစာအချို့ကိုလည်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က လက်ခံ ရရှိခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခြင်း

၂။ အထက်ပါဖြစ်စဉ်တွင် လူ့အခွင့်အရေးဖောက်ဖျက်မှုများ ကျူးလွန်ခဲ့ခြင်း ရှိ/မရှိ စုံစမ်းစစ် ဆေးရန်အတွက် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ၂၉-၁၂-၂၀၁၄ ရက်နေ့တွင် ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်း၊ ဒေါက်တာဉာဏ်ဇော်နှင့် ဦးစိုးဘုန်းမြင့်တို့ ပါဝင်သော စုံစမ်း စစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်း၍ စုံစမ်းစစ်ဆေးခဲ့ပါသည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ဆောင်ရွက်ချက်အကျဉ်းချုပ်

၃။ စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ၃၀-၁၂-၂၀၁၄ ရက်နေ့မှ ၂-၁-၂၀၁၅ ရက်နေ့ထိ မုံရွာမြို့နှင့် ဆားလင်းကြီးမြို့သို့ သွားရောက်၍ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းရဲတပ်ဖွဲ့မှူးနှင့် ရဲတပ်ဖွဲ့ဝင် ၁၂ ဦး၊ တိုင်းဆေးရုံအုပ်ကြီး၊ မှုခင်းဆရာဝန်ကြီးနှင့် ပါရဂူများ၊ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်မှ အထွေထွေမန်နေဂျာ၊ ဆားလင်းကြီး မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးနှင့် မြို့နယ်ရဲစခန်းမှူး၊ ရွာသူ၊ ရွာသား ၅ ဦးတို့ကို တွေ့ဆုံ၍ ရှင်းလင်းတင်ပြ ချက်များနှင့် သက်သေထွက်ဆိုချက်များကို ရယူခဲ့ပါသည်။ ၃၁-၁၂-၂၀၁၄ ရက်နေ့တွင် အခင်းဖြစ်ပွား ခဲ့သည့် နေရာအား သွားရောက်ကြည့်ရှုလေ့လာခဲ့ပါသည်။

၂၂-၁၂-၂၀၁၄ ရက်နေ့ အဓိကရုဏ်းတွင် အဓိကထိတွေ့မှုများ

http://www.mnhrc.org.mm/2015/01/မ%E1%80%BCန%E1%80%BAမာနိုင%E1%80%BAငံအမ%E1%80%BBိုးသာ-13/

#ALERT #MYANMAR #BURMA #KIA #FIGHTING #200 #students #21 teachers #700 #villagers #trapped in #between #shooting

KACHIN SOLDIER

 update kachin news 16.january

Meanwhile in the jade rich Hpakant region of Kachin state clashes broke out on Thursday the 15th of January, they followed an incident on Wednesday in which the Kachin transport minister, Kamann Du Naw was reportedly detained by KIA forces. According to state owned media a car carrying Kamann Du Naw that was on the road from Hpakant was stopped by KIA forces although the minister was eventually released three police officers who were travelling with him remain in detention.

The fighting in Hpakant began on Thursday in the early morning at around 6 am, according to Major Tang San from KIA Battalion 6. Major Tang San says that the clashes began after three battalions of Burma army stormed the KIA’s Battalion 6 camp in Aung Bali village. The army shot heavy artillery at the base more than 60 times.

“Fighting started since about 6 am this morning after about 300 troops (Burma Army) headed to Aung Bali village and we defended. They are using 81 mm and 105 mm artillery but mostly firing with 81 mm from the other side of Uru River. The 105 mm is coming from another camp,” the major said.

About 1,000 villagers including 200 students and 21 school teachers are trapped inside the village as the Burma army has blocked all the exists from the village. The army has also refused to allow Christian church leaders and residents from Hpakant city to enter the village to assist those who are trapped said Tsa Ji from the Kachin Development Networking Group (KDNG).

“They (Burma army) surrounded the village and there is artillery shelling there. They also have troops stationed all the way to Tang Hkawng village. No one comes in or out of the the village, so it is really bad situation for the villagers, students will lose their education,” said Tsa Ji.

The Fighting continued till around 2 pm. According to unconfirmed reports on social media the Burma army captured the village and the KIA Battalion 6 army camp later that day.

The three police officers who were travelling with the minister are expected to be released soon however their release has been complicated by the fighting, Major Tang San told the Kachinnews. Government officials including the office of Burma’s Ministry of Information have already indicated that they want those detained to be released immediately.

kachin soldiers

kachin soldiers under attack

january 15 morning, the Myanmar government under heavy artillery fire with, driving more than 300 local people to act as human shields for Dang Zidan walking in front of the troops

##########

200 students  21 teachers and 700 villagers trapped in between shooting

State Hpakan Bangguo village 5 hours in the morning (15.1.2015)
Burma and KIA

200 students and  21 teachers
And 700 villagers

Been trapped between the shooting.
Villagers and village schools and temples
Hide incident.

Hpakan Thousands of Burma along the way, according to sources.
If you want to know more about the following contact numbers above
Contact

 

Contact
Phone number – 09401538249 (G-Kachin Development Networking)
Phone number – 092 58734715  and local
Phone number – 094 7931014  and local

KNG NOTE

villagers fled monasteries. Motorcycles bicycles and children’s school is closed.

 

Map

The map shows the villages where locals are being stranded in the clashes on January 15
About 2,000 locals remain trapped in the area where fighting between government troops and the Kachin Independence Army (KIA) broke out yesterday in Hpakant.
On Wednesday, KIA troops stopped the convoy carrying the Minister of Transport for Kachin State in Hpakant and arrested three police officers who were escorting the minister. The next morning, government and KIA troops clashed near the base of KIA Battalion No 6.
“The fighting began at 6am. They fired first using heavy artillery. Over 100 shells were fired. Now we are fighting at close range. We informed our headquarters. We heard that they are now talking with the border affairs minister,” said Major Daung San from KIA Battalion No 6.
The Daily Eleven was unable to contact the Myanmar Army Northern Command headquarters.
There are three villages located near the fighting area, where about 2,000 villagers live. There is a school for the children of refugees in Tan Gaung village.
“We heard that fighting is ongoing at Tan Gaung village. About 1,000 villagers live there,” said Sar Gyi from the Kachin Social Development Network.
The Kachin State government, the Kachin Independence Organisation (KIO), the Myanmar Peace Centre (MPC) and the Peace-talk Creation Group (PCG) in Myitkyina are negotiating to resolve the conflict.
The fighting continued into the afternoon, and heavy artillery is still being fired. The KIA ordered its forces to retreat to prevent the villagers from being harmed, said Major Daung San yesterday. Continue reading “#ALERT #MYANMAR #BURMA #KIA #FIGHTING #200 #students #21 teachers #700 #villagers #trapped in #between #shooting”

!! ကျောင်းသာ ၂၀၀ #နှင့် #ဆရာ၊ #ဆရာမ ၂၁ #ဦးနှင့် ရွာသား ၇၀၀ခန့် ပစ်ခတ်မှုအကြားပိတ်မိနေ

KACHIN SOLDIER

KIO statementKIO STATEMENT 2.

January 15, 2015
ကျောင်းသာ ၂၀၀ နှင့် ဆရာ၊ ဆရာမ ၂၁ ဦးနှင့် ရွာသား ၇၀၀ခန့် ပစ်ခတ်မှုအကြားပိတ်မိနေ

ချင်ပြည်နယ် ဖားကန့်၊ တဂေါင်းရွာတွင် မနက် ၅ နာရီ ( ၁၅.၁.၂၀၁၅)တွင်
မြန်မာစစ်တပ်နှင့် ကေ

အိုင်အေ အကြားပစ်ခတ်မှုဖြစ်ပွားပြီး ကျောင်းသာ ၂၀၀ နှင့် ဆရာ၊ ဆရာမ ၂၁
ဦးနှင့် ရွာသား ၇၀၀

ခန့် ပစ်ခတ်မှုအကြားပိတ်မိနေတယ်လို့သိရသည်။
ရွာသားများနှင့် ကျောင်းသာများက ရွာရှိ ဘုရားကျောင်းတွေ
ပုန်းရှောင်နေတယ်လို့သိရသည်။
မြန်မာစစ်တပ် ခ.လ.ရ(၂) တပ်မမှူး စောမင်း၊ ဗျူဟာမှူး မြင့်တန်းနှင့်
တပ်ရင်းမှူး ကျော်ဇယျ တို့ ဦး

ဆောင်သော တပ်နှင့် ကေအိုင်ကေ တပ်ရင်း (၆) တို့အကြား ပစ်ခတ်နေသည်။
ဖားကန့်လမ်းတလျှောက်တွင် မြန်မာစစ်သား ထောင်ချီပြီး သွားနေကြောင်းလည်းသိရသည်။
အထက်ပါသတင်းနဲ့ပတ်သက်ပြီး အသေးစိတ်သိလိုလျှင် အောက်ပါဖုန်းနံပတ်များသို့
ဆက်သွယ် မေး

မြန်းနိုင်ပါတယ်။

ဆက်သွယ်ရမည့်
ဖုန်းနံပတ် – ၀၉၄၀၁၅၃၈၂၄၉ ( စာဂျီ – ကချင်လူမှုဖွံ့ဖြိုးကွန်ယက်အဖွဲ့)
ဖုန်းနံပတ် – ၀၉၂ ၅၈၇၃၄၇၁၅ (ဆရာ ဘရန်နူး) ဒေသခံ
ဖုန်းနံပတ် – ၀၉၄ ၇၉၃၁၀၁၄ (ဆရာ ဘရန်နူး) ဒေသခံ

 

—————–

MOI https://democracyforburma.wordpress.com/2015/01/14/moi-ကခ%E1%80%BAင်%E1%80%BBပည်နယ်-လမ်းပန်းဆ/

ကချင်ပြည်နယ် ဖားကန့်မြို့အနီး တိုက်ပွဲ ဖြစ်ပွားလျက်ရှိရာ ကြာသပတေးနေ့ နေ့ခင်းပိုင်းက ကချင်လွတ်မြောက်ရေးတပ် (KIA) ၏ မဟာဗျူဟာမြောက် စခန်းတစ်ခု ကျဆုံးသွားပြီး အရပ်သား အများအပြား ထိုဒေသတွင် ပိတ်မိနေကြောင်း သိရသည်။

နံနက် ၆ နာရီခွဲမှ စတင်၍ ဖားကန့်အခြေပြု မြန်မာ့တပ်မတော် (၆၆) တပ်မက ဥရုချောင်းတစ်ဖက်ရှိ KIA တပ်ရင်း ၆ စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာမှ နှစ်ဘက် ပစ်ခတ်မှုများ နေ့လယ် ၁ နာရီခွဲအထိ ဖြစ်ပွားခဲ့ကြောင်း မြစ်ကြီးနားမြို့ရှိ KIA ဆက်ဆံရေးရုံး တာဝန်ခံ ဦးဒေါင်းခါးက ပြောဆိုသည်။

လက်နက်ကြီးဖြင့် အဆက်မပြတ်ပစ်ခတ်မှုကြောင့် ဖားကန့်မြို့မှ ၅ မိုင်ခန့်အကွာ ဥရုမြစ်အနီး အောင်ဘာလေကျေးရွာတွင် တည်ရှိသည့် KIA တပ်ရင်း ၆ မှာ ထိုနေရာမှ အရှေ့မြောက်ဖက်ရှိ ဒွန်ကပ်ပုံ တောင်ဖက်စီသို့ ဆုတ်ခွာခဲ့ကြောင်း ဦးဒေါင်းခါးကပြောကြားသည်။

အစိုးရသတင်းထုတ်ပြန်ချက်တစ်ခုတွင် ဗုဒ္ဒဟူးနေ့က ဖားကန့်ဒေသသို့ ကွင်းဆင်း လေ့လာနေသည့် ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကမန်ဒူးနော်၊ ရဲတပ်ဖွဲ့ဝင်သုံးဦးတို့ကို KIA အဖွဲ့က ဖမ်းဆီးခဲ့ကြောင်း၊ နောက်ပိုင်းတွင် ဝန်ကြီးကိုသာ ပြန်လွှတ်ပေးပြီး ရဲတပ်ဖွဲ့ဝင်များကို ဆက်လက် ထိန်းသိမ်းထားသဖြင့် အစိုးရတပ်က KIA အဖွဲ့ကို လိုက်လံရှင်းလင်းတိုက်ခိုက်နေကြောင်း ဖော်ပြထားသည်။

ရဲအဖွဲ့ဝင်များ လွတ်မြောက်ရေးအတွက် ကချင်ပြည်နယ် လြုံခုံရေး နှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှုးကြီးသန်းအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က ဗုဒ္ဒဟူးနေ့မှ စတင်၍ ညှိနှိုင်းနေပြီဖြစ်ကြောင်း၊ သို့သော်လည်း ယခုအချိန်ထိ လွှတ်ပေးခြင်း မရှိသေးကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာမှ တာဝန်ရှိသူ ဦးလှမောင်ရွှေက ပြောသည်။

ဦးဒေါင်းခါးကမူ အောက်ခြေတပ်ဖွဲ့ဝင်များကြား နားလည်မှုလွဲခြင်းသာဖြစ်၍ ရဲတပ်ဖွဲ့ဝင်များကို ပြန်လွှတ်ပေးရန် KIA က အမိန့်ထုတ်ပြန်ထားပြီးဖြစ်သော်လည်း ယခုဖြစ်ပွားနေသော တိုက်ပွဲများကြောင့် လတ်တလော လွှတ်ပေးနိုင်ဖွယ် မရှိကြောင်း၊ အထိန်းသိမ်းခံထား ရသူများသည် ဆုတ်ခွာသွားသော KIA အဖွဲ့များနှင့် ပါသွားကြောင်း ပြောပြသည်။

“ဒီ အဖမ်းခံရတဲ့ ရဲကိစ္စက ပြည်နယ်အာဏာပိုင်အဆင့်နဲ့ ရှင်းလို့ရတယ်။ ဒီကိစ္စကို အကြောင်းပြပြီး တပ်မတော်က ဖားကန့်ဒေသ စိုးမိုးရေး လုပ်တယ်လို့ပဲ ကျနော်တို့ ဆိုချင်တယ်။ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆိုတာနဲ့ စစ်တပ်ရဲ့လှုပ်ရှားမှုနဲ့က ဆန့်ကျင်နေတယ်။ ကျနော်တို့ဘက်ကတော့ ခုခံတုံ့ပြန်သွားမှာပဲ” ဦးဒေါင်းခါးက ပြောသည်။

တိုက်ပွဲအတွင်း အောင်ဘာလေရွာတွင်းသို့ လက်နက်ကြီးကျည်ဆံ ၁၀ လုံးခန့်ကျရောက်ခဲ့သော်လည်း ထိခိုက်သေဆုံးမှုမရှိကြောင်း၊ ရွာသား ၅၀၀ ခန့် ရွာရှိ ခရစ်ယာန်ဘုရားကျောင်းတွင် ခိုလှုံနေကြောင်း ဖားကန့်နယ်ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးအဖွဲ့မှ ဦးတူးရော်က ပြောကြားသည်။ ရွာသူရွာသားများက အောင်ဘာလေရွာမှ ဖားကန့်ဒုက္ခသည် စခန်းရှိရာသို့ သွားလိုသော်လည်း စစ်တပ်က သွားခွင့် ပိတ်ပင်ထားကြောင်းလည်း ၄င်းကပြောကြားသည်။

မြစ်ကြီးနားမှ ဖားကန့်သွားရာလမ်းရှိ ကာမိုင်းစစ်ဆေးရေးဂိတ်ကို အစိုးရတပ်က ပိတ်လိုက်သဖြင့် ဆိုင်ကယ်၊ ကားများဖြင့်သွားလာနေသော ခရီးသည် တစ်ထောင်ခန့် လမ်းတွင် သောင်တင်နေကြောင်းလည်း သိရသည်။

မြစ်ကြီးနားမှ ဖားကန့်သွားရာလမ်းရှိ ကာမိုင်းစစ်ဆေးရေးဂိတ်ကို အစိုးရတပ်က ပိတ်လိုက်သဖြင့် ဆိုင်ကယ်၊ ကားများဖြင့်သွားလာနေသော ခရီးသည် တစ်ထောင်ခန့် လမ်းတွင် သောင်တင်နေကြောင်းလည်း သိရသည်။

တရုတ်မြန်မာနယ်စပ် ကချင်ပြည်နယ်လိုင်ဇာမြို့အနီး အခြေစိုက်သည့် KIA နှင့် အစိုးရ တို့ကြားချုပ်ဆိုထားသည့် ၁၇ နှစ်ကြာ ငြိမ်းချမ်းရေးစာချုပ်ပျက်ပြယ်ပြီး ၂၀၁၁ ဇွန်လမှစ၍ တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။

နှစ်ဦးနှစ်ဖက်ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်၍ အပစ်အခတ်ရပ်စဲရေး၊ ခိုင်မာသော နိုင်ငံရေးဆွေးနွေးပွဲများဆီသို့ လျှောက်လှမ်းရေးကြိုးပမ်းနေသည်ဟု ဆိုသော်လည်း KIA တပ်ဖွဲ့များ လှုပ်ရှားသော ကချင်နှင့် ရှမ်းပြည်နယ်တွင် တိုက်ပွဲများ မကြာခဏဖြစ်ပွားနေခြင်းဖြစ်သည်။

၂၀၁၄ နိုဝင်ဘာလတွင် အစိုးရတပ်၏ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် လိုင်ဇာရှိ KIA ဗိုလ်သင်တန်းကျောင်း တက်ရောက်နေသော သင်တန်းသား အများအပြား ထိခိုက်သေဆုံးပြီးနောက် နှစ်ဘက် စစ်ရေးတင်းမာမှု ပြင်းထန်လျက်ရှိသည်။

မြစ်ကြီးနားမြို့ အနောက်ဘက် မိုင်၁၀၀ ခန့်တွင် တည်ရှိသော ဖားကန့်မြို့သည် နှစ်စဉ် ဒေါ်လာသန်းပေါင်းများစွာ ပမာဏရှိသော ကျောက်စိမ်း ထွက်ရှိရာ ဒေသဖြစ်သည့်အားလျော်စွာ အစိုးရစစ်တပ်၊ စစ်တပ်နှင့် ဆက်စပ်မှုရှိသော ကုမ္မဏီများ ၀င်ရောက်နေရာယူထားရုံသာမက၊ KIA ကလည်း ကျောက်စိမ်းကုမ္မဏီများထံမှ အခွန်ကောက်ခံလျက်ရှိရာ နှစ်ဘက်စလုံးအတွက် စီးပွားရေးအရ မဟာဗျူဟာကျသောမြို့ဖြစ်သည်။ http://ygnglobe.com/mm/articles/local/451