Skip to content

#ပီနန်း #မြန်မာနိုင်ငံသားများအားသတ်သည့် #တရားခံ ၉ ဦးအားအမိန့်ချပြီ #မလေးရှား

January 14, 2015

ပီနန်း မြန်မာနိုင်ငံသားများအားသတ်သည့် တရားခံ ၉ ဦးအားအမိန့်ချပြီ
*******************************************************************
မလေးရှား
သတင်း (14.1.2015)
လွန်ခဲ့သည့် 2014 တစ်နှစ်အတွင်း ပီနန်းတွင် မြန်မာနိုင်ငံသား 18 ဦး အသတ်ခံရပြီးချိန်အထိ ဖမ်းဆီးရမိသော တရားခံ များအနက်မှ လူသတ်မှုနှင့် သက်ဆိုင်သော ပထမ တရားခံ ၉ ဦးအား ပစ်ဒဏ်များချမှတ်လိုက်ကြောင်း ယနေ့ထုတ်မလေးရှား သတင်းစာမျက်နှာများတွင်ဖော်ပြထားသည် ။
တရားခံ ၉ ဦးမှာ ဘိုင်လေးမိုဟာမက်ဂူလမ် (၂၈) ၊ မိုဟာမက်ရဖစ် (၂၈) ၊ ဟာဘီဘူလာ (၂၀) ၊ မိုဟာမက်ရဖီရှဖီး (၂၇) ၊ရာစင် (၂၃) ၊ ဟူစိန်စွလေး (၄၄) ၊ စိုးမောင်မောင် (၂၇) ၊ အလီ (၃၃) ၊ ဟာဖစ်အာမက် (၂၈) တို့ဖြစ်ကာ တရားမဝင် လူစုဖွဲ့ကာ မျိုးအောင် နှင့် အခြားတစ်ဦးအား နိုဝင်ဘာ ၂၃ တွင် သတ်မဖြတ်မှု ကြောင့် လူသတ်မှုဖြင့် အမိန့်ချမှတ်ခံရမည့်သူများဖြစ်ကြောင်း ။
ထို ၉ ဦးထဲမှ မိုဟာမက်ရဖစ် ၊ ဘိုင်လေးမိုဟာမက်ဂူလမ် နှင့် ဟာဖစ် အာမက် တို့ ၃ ဦးအား အခြား မြန်မာနိုင်ငံသား နောက်ထပ် ၃ ဦးအား သတ်ဖြတ် မှုဖြင့် ၂ မှုတွဲအမိန့်ချမှတ်ခံရမည်သူများဖြစ်ကြောင်း ။

muslim killer penang
အဆိုပါ ၃ ဦး၏ ပထမ လူသတ်မှုဖြစ်သော ၂၀၁၄ အောက်တိုဘာ ၁၅ တွင် Taman Impian Ria, Machang Bubok ရှိစားသောက်ဆိုင်ရှေ့တွင် ထူးအောင်အား သတ်ဖြတ်မှုအတွက်ပါ လူသတ်မှုပစ်ဒဏ်ခံရမည်ဖြစ်ကြောင်း ။
ထပ်မံပြီး အဆိုပါ ၃ ဦး နှင့်အခြား နောက်ထပ် အလီ တို့ စုစုပေါင်း ၄ ဦး၏ ဒုတိယပစ်မှု မှာ ကျော်သီဟ နှင့် ထွန်းရင်မောင် တို့အား ၂၀၁၄ စက်တင်ဘာလ ၁၄ ရက်နေ့တွင် Kampung Manggis ရှိ ဆီအုန်းတောတွင် လူစုဖွဲ့သတ်ဖြတ်မှု့ဖြင့် လူသတ်မှု ပစ်ဒဏ်ခံရမည်ဖြစ်ကြောင်း ။
အဆိုပါတရားခံများ၏ ပစ်မှုအားလုံးအတွက် ရာဇဝတ်မှု ပုဒ်မ 149 ၊ အပိုဒ်ခွဲ 302 အရ လူသတ်မှုထင်ရှားသောကြောင့် သေဒဏ်ကျခံရမည်ဖြစ်ကြောင်း ။ ပစ်မှုအတွက် စွဲချက်များအရ ပစ်ဒဏ်လျှော့ချရန် အကြောင်းအထောက်အထားမရှိကြောင်း ကို ရာဇဝတ်တရားသူကြီး Diannee Ningrad Nor Azahar နှင့် Vijalakshmi တို့ မှ အဆိုပါပစ်ဒဏ်များအတွက် လာမည့် ဇန်နဝါရီ 30 နေ့တွင် အပြီးသတ် ပစ်ဒဏ်ပေးရန်အတွက် အမိန်ချမှတ်ခဲ့ကြောင်း ။
ပြီးခဲ့သည့် 2014 ခုနှစ်၏ နောက်ဆုံး ၃ လအတွင်း မလေးရှားနိုင်ငံ ပီနန်းခရိုင်အတွင်း လူသတ်မှု ကြောင့် ဦးခေါင်းမပါသော ခန္ဒာကို.်၂ ခု ၊ ခြေပြတ် ၄ ချောင်း ၊ ဦးခေါင်း ၂ လုံး ၊ လက် ၂ ချောင်း နှင့် လက်ချောင်းပြတ် တစ်ခု တို့ကို စောင်အဖြူဖြင့်ထုတ်ကာ ပစ်ထားသည်ကိုတွေ့ရှိခဲ့ကြောင်း ။
2014 တစ်နှစ်တည်းအတွင်း လူသတ်မှု 52 မှုရှိခဲ့ကာ မလေးရှားနိုင်ငံသားအသတ်ခံရမှု ၁၈ မှု ၊ အသတ်ခံရသူ ၏ အချက်လက်များကိုဖော်ထုတ်နိုင်သော မြန်မာနိုင်ငံသား အသတ်ခံရမှု ၁၈ မှု ၊ အမည်မသိ ၊ နိုင်ငံသား အဖြစ်မဖော်ထုတ်နိုင်သေးသော အလောင်း ၁၁ လောင်း ကျန်ရှိနေကာ အခြား ၅ မှုမှာ ဘင်္ဂလား ၊ ဗီယက်နမ် နှင့် အင်ဒိုနီးရှားတို့ဖြစ်ကြောင်း ယခု တရားခံများကြောင့် လူသတ်မှု 7 မှု ဖော်ထုတ်နိုင်ခဲ့ကြောင်းကို ယနေ့ထုတ် မလေးရှား နိုင်ငံသတင်းစာမျက်နှာများတွင် ဖော်ပြထားကြောင်းကို
မလေးရှားရောက်မြန်မာနိုင်ငံသားများသိရှိစေရန်တင်ဆက်ပေးရပါသည် ။
ဆက်လက် ဆက်စပ် သတင်းများရှိလာပါက လည်း တင်ဆက်ပေးသွားမည်
မလေးရှားရောက်မြန်မာများ Facebook Official Page
http://www.facebook.com/mmrinmy
Ref : Thestaronline News 14.1.2015
Photo : Thestar Online News website

 

10926377_890155051024219_1319398272786405077_n

မြန်မာဟုထင်ရသည် အလောင်း မလေးရှားတွင် တွေ့ရှိ

မလေးရှားနိုင်ငံ ပီနန်းပြည်နယ် ရှိ ဘူကစ်မာတဂျမ်းဒေသ ဆီအုန်းခြံအနီးရှိ Jalan Ara Kuda လမ်းတွင် ခရမ်းရောင် နှင့် အနီရင့်ရောင်ဖြင့် ရစ်ပတ်ထား သော အထောက်အထား မဲ့ (မြန်မာဟုထင်ရ) သည့် အမျိုးသား တစ်ဦး အား ယနေ့ နံနက် ၈း၃၀ အချိန် (ဇန်နဝါရီ ၁၄၊ ၂၀၁၅) တွင် တွေ့ရကြောင်း Metro သတင်းတွင် ဖော်ပြပါသည်။

လူသူကင်းမဲ့သည့် ဆီအုန်းခြံ အနီး ခြုံပုတ် တစ်ခုအနီးတွင် ဖြစ်ပြီး ရဲများမှ အနံ့ခံခွေးများအသုံးပြုကာ စုံစမ်းမူများ ပြုလုပ် ကာ သေဆုံးသူအား Seberang Jaya ဆေးရုံ သို့ပို့ဆောင် သည်ဟုဆိုပါ သည်။

Tuangpu Siyin

One Comment leave one →
  1. January 14, 2015 11:15 am

    Reblogged this on Burma Democratic Concern (BDC) and commented:
    Muslims Burmese have been charged in a magistrate’s court over the brutally killing of Buddhists Burmese in Malaysia.

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: