!! လိပ်ကျွန်း #ဖခင်ဖြစ်သူ #ဦးထွန်းထွန်းထိုက် #ထိုင်းနိုင်ငံ၊ #စိတ်ဝေဒနာအဆိုးဆုံးခံစားနေရ

10906562_602388239906940_8944806698798079346_n10924800_602388253240272_5491911373694989762_n

လိပ်ကျွန်း လူသတ်မှုအတ

ွက် စွပ်စွဲဖမ်းဆီး ခံထားရသည့် မောင်ဝင်းဇော်ထွန်း ၏ ဖခင်ဖြစ်သူ ဦးထွန်းထွန်းထိုက် စိတ်ဝေဒနာအဆိုးဆုံးခံစားနေရ
======================================================
.
ထိုင်းနိုင်ငံ၊ လိပ်ကျွန်း လူသတ်မှုအတွက် စွပ်စွဲဖမ်းဆီး ခံထားရတဲ့ မြန်မာ အလုပ်သမား လူငယ်နှစ်ဦး၏ မိဘများမှ မောင်ဝင်းဇော်ထွန်း၏ ဖခင် ဦးထွန်းထွန်းထိုက်သည် သားသမီးအတွက် အပူသောကများကြောင့် စိတ်ဖိစီးမှုများလာသည်ဖြစ်သောကြောင့်
ဦးထွန်းထွန်းထိုက်၏ စိတ်များသည် တစ်နေ့ ထက်တစ်နေ့ စိတ်ဝေဒနာခံစားနေခဲ့ရာမှ ယခုအခါ အဆိုးဆုံးအခြေနေ သို့ရောက်လာဖြစ်ပြီးသော ၎င်းတို့အား လက်ရှိစောင့်ရှောက်ပေးနေသည့် (ရခိုင်အမျိုးသားပါတီ အမြုတေအဖွဲ့ – ပြည်ပ၊ ထိုင်းနိုင်ငံ)မှ တာဝန်ရှိသူတစ်ဦးမှ
ပြောကြာခဲ့ပါသည်။

ဦးထွန်းထွန်းထိုက်သည် သားဖြစ်သူ မောင်ဝင်းဇော်ထွန်းသည် ကော့တောင် (လိပ်ကျွန်) ၌ ဗြိတိန်နိုင်ငံသားနှစ်ဦးအသက်ခံရမှုနဲ့ ပက်သက်မှုမရှိသောလည် အစွပ်စွဲဖမ်းစီးခံနေရမှုကြောင့် စိတ်ဖိစီမှုများလာသောကြောင့် သတိလက်လွှတ်ဖြင့် လက်ရှိနေထိုင်ရာ ရခိုင်အမျိုးသားပါတီ အမြုတေအဖွဲ့ပါတီရုံ၏ နေရာအနှံ့၌ သတိလက်လွှတ်ဖြင့် အခင်ကြီး.အခင်ငယ်များသွားခြင်း ညသန်ခေါင်ယံအချိန်၌ အခန်းအုတ်နံနံများသို့ ဖော်ပြပါပုံအတိုင် လိုက်လံကုတ်တက်ခြင်းများ၊ ညအခါ ဂယောင်ဂတမ်အော်ဟစ်ခြင်း ၊ အတူနေအဖော်များအလစ်အပြင်သို့ တကိုယ်တည် သွားလာခြင်းများကြောင့် ဦးထွန်းထွန်း၏ စိတ်ကျန်းမားရေး အခြေနေအတွက်လိုအပ်နေသည့်
ဆေးကုသမှုများ ခံယူစေရန် မြန်မာနိုင်ငံ သို့ ပြန်လည်ပို့ဆောင်ပေးရန် စီစဉ်ဆောင်ရွက်နေ သည်ဟု သတင်းရရှိပါသည်။

ဦးထွန်းထွန်းထိုက်၏ စိတ်ကျန်းမားရေးအခြေနေတိုးတက်ကောင်းမွန် လာစေရန်အတွက်မြန်မာနိုင်ငံသို့ ပို့ဆောင် ဆေးကုသခံယူနိုင်ရန်နှင့် လက်တလောအခြေနေများ အရမောင်ဇော်လင်း၏ ဦးလေးဖြစ်သူနှင့် မိခင်တို့ပါ မြန်မာနိုင်ငံသို့ ပြန်လည် အနား ယူနိုင်စေရန် အတွက် ယနေ့နံနက်ပိုင်း၌ မောင်ဇော်လင်း၏ ဦးလေးနှင့် မိခင်တို့ကို ထိုင်းနိုင်ငံ ဒွန်မောင်လေဆိပ်မှတဆင့် မြန်မာနိုင်ငံသို့ပို့ဆောင်ပေးလိုက်သည်ဟု သိရှိရပါသည်။
.
မောင်ဝင်းဇော်ထွန်း၏ မိဘများကိုပါ ပထမအစီစဉ်အရ မောင်ဇော်လင်း၏ မိဘနှင့် အတူ လေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ပြန်လည်ပို့ဆောင်ရန် စီစဉ်ထားသောလည် ဦးထွန်းထွန်းထိုက်၏ စိတ်ကျန်းမားရေးအခြေနေကြောင့်
လေကြောင်လိုင်မှ လက်မခံသဖြင့် ကားလမ်းမှပို့ဆောင်ရန်အတွက် ထပ်မံစီစဉ်ဆောင်းရွက်နေသည်ဟု ရခိုင်အမျိုးသား ပါတီ အမြုတေအဖွဲ့မှ တာဝန်ရှိလူကြီးများမှ ပြောဆိုခဲ့ပါသည်။

ယနေ့ည ၈နာရီ၌ ဘန်ကောက်မြို့မှ မယ်ဆောက်သို့ပို့ဆောင်ပေးမည်ဖြစ်ရာ ဦးထွန်းထွန်းထိုက် ၏ လက်တလောအခြေနေအရလိုအပ်သည့် လုံခြုံရေးတို့ အတွက်ရခိုင်အမျိုးသားပါတီ အမြုတေအ ဖွဲ့မှ ကိုအံမောင်နှင့် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့မှ ကိုခွန်တို့လိုက်ပါမည်ဖြစ်ပြီး မယ်ဆောက်မှတဆင့် မိဘများယာယီတည်ခိုနေသည့် ထွန်းသွင်ပရိယတ္တိစာသင်တိုက်၊ ငုဝါလမ်း၊(၁၀၇) ရပ်ကွက်၊တောင်ဒဂုံမြို့ နယ်။ ရန်ကုန်မြို့သို့ ပို့ဆောင်မည်ဖြစ်ပါသည်။

ဦးထွန်းထွန်းထိုက်သည် ဒုတိယအခေါက်ထိုင်းနိုင်ငံသို့ လာခါစကပင် စိတ်ကျန်းမားရေး အခြေနေ မှာ မသိမသာဖောက်လာရာမှ ယနေ့အချိန်၌ အဆိုးဆုံးအခြေနေသို့ရောက်ရှိ လာခြင်းဖြစ်ပါသည်

cr.ရွှေလုပ်သား MAP

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s