လက်ပံတောင်း ဆန္ဒပြပွဲမှာ
ABSDF ဥက္ကဋ္ဌဟောင်း ပါဝင်၍ ဝေဖန်မှုတွေထွက်ပေါ်
Friday, 02 January 2015
မန္တလေး၊ ဇန်နဝါရီ ၂
လက်ပံတောင်းတောင်အရေးနဲ့ ပတ်သက်လို့ မန္တလေးမြို့တော်မှာ
ဇန်နဝါရီလ ၁ရက်နေ့က ပြုလုပ်တဲ့ ဆန္ဒပြပွဲမှာ မြောက်ပိုင်းလူသတ်မှုနဲ့ ပတ်သတ်ပြီး တာဝန်ရှိသူ ABSDF ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင်နဲ့
အဖွဲ့ ပါဝင်လာခဲ့ တာကြောင့် ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။
နိုင်ငံရေး အမြတ်ထုတ်ဖို့အတွက် ပါဝင်လာတာလား။
နိုင်ငံရေး အင်အားစုတွေ စုပေါင်းပြီး မန္တလေးမြို့တော်မှာ
ဒုတိယအကြိမ် ပြုလုပ်တဲ့ ဆန္ဒထုတ်ဖော်ပွဲမှာ ဒေါက်တာနိုင်အောင်နဲ့
အဖွဲ့ ပါဝင်လာခဲ့တာဟာ နိုင်ငံရေး အမြတ်ထုတ်ဖို့အတွက်
ဖြစ်နိုင်တယ်ဆိုပြီး ဝေဖန်မှုတွေ ထွက်နေတယ်လို့
မန္တလေး အခြေစိုက် နိုင်ငံရေး အသိုင်းအဝိုင်းတွေ ဆီကနေ စုံစမ်းသိရှိရပါတယ်။
ABSDF ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင်နဲ့အတူ
အင်အား ၃၀ကျော်ပါဝင်တဲ့ အဖွဲ့ဟာ ဆန္ဒထုတ်ဖော်မှု
စတင်ပြီး မိနစ်အနည်းငယ်ကြာမှာ ဝင်ရောက်လာခဲ့တာဖြစ်ပြီး
အစပိုင်းမှာ တခြားလူမှု အဖွဲ့အစည်းလို့ ယူဆခဲ့တယ်လို့
ABSDFမြောက်ပိုင်းပြန် ကျောင်းသားဟောင်းတစ်ဦး ဖြစ်သူ
ဦးညီကျော်က ပြောပါတယ်။
မိနစ် အနည်းငယ်အကြာမှာ ABSDF ဥက္ကဋ္ဌဟောင်း
ဒေါက်တာနိုင်အောင်မှန်း သိရှိခဲ့တယ်လို့ သူက ဆိုပါတယ်။
သူတို့ဟာ တစ်စုံတစ်ခုအတွက် ရည်ရွယ်ချက်တစ်ခုခု ရှိပြီး နိင်ငံရေးအမြတ်ထုတ်ဖို့ ပါဝင်လာတာ ဖြစ်နိုင်တယ်လို့
ဦးညီကျော်က သုံးသပ်ပါတယ်။
ဒေါက်တာ နိုင်အောင်နဲ့ အဖွဲ့ဟာ ဆန္ဒထုတ်ဖော်ရာသို့
လေအိတ်ကားကြီးနဲ့ ရောက်ရှိလာပြီး ဆန္ဒပြရာ လမ်းကြောင်းတလျှောက် အစအဆုံး ပါဝင်ခဲ့တာ မဟုတ်ဘူးလို့
မန္တလေးမြို့တော်မှ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဦးအေးသိန်းက ပြောပါတယ်။
သူတို့အဖွဲ့မှာ မှတ်တမ်းရိုက်ကူးသူတွေ သီးသန့်ပါဝင်ပြီး
ACDD အမှတ်တံဆိပ်ပါ တူညီအင်္ကျီ ဝတ်ဆင်ထားကြတယ်လို့
သူက ဆက်ပြောပါတယ်။
လက်ပံတောင်း အရေးအတွက် ဇန်နဝါရီလ ၁ ရက်နေ့က
ဆန္ဒထုတ်ဖော်ပွဲဟာ မန္တလေးမြို့ခံ နိုင်ငံရေးတက်ကြွ သူတွေ၊
အခြားဒေသက အဖွဲ့အစည်းတွေ၊ တောင်သူတွေ ပါဝင်ခဲပြီး
ABSDF ဥက္ကဋ္ဌဟောင်းနဲ့ အဖွဲ့ပါဝင် ဆန္ဒထုတ်ဖော်တာကို ကြိုဆိုတယ်လို့ ဦးအေးသိန်းက ပြောပါတယ်။
ဒေါက်တာနိုင်အောင်ဟာ ၁၉၉၂ ခုနှစ် ဖေဖေါ်ဝါရီလ ၁၂ရက်နေ့က
ကချင် အခြေစိုက် ABSDF(မြောက်ပိုင်း) ဋ္ဌာနချုပ်မှာ
ကျောင်းသားရဲဘော်တွေ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှုနဲ့
ပတ်သက်ပြီး တာဝန်ရှိသူ တစ်ဦး ဖြစ်တယ်လို့
မြောက်ပိုင်းကျောင်းသားဟောင်း တစ်ချို့ စွပ်စွဲထားသူလည်း ဖြစ်ပါတယ်။
– See more at: http://www.thevoicemyanmar.com/index.php/news/item/5159-lpt#sthash.e08ZZzNe.dpuf
http://7daydaily.com/story/28490#.VKk5kMnHhbJ
• အနာဂါတ် တိုင်းပြည် သာယာလှပဖို့
မုန်းသင့်သူကို မုန်းပါသည်။
ပယ်သင့်သူကို ပယ်ပါသည်။
• ၈၈ တော်လှန်ရေး စတင်တည်ဆောက်ဆုံးက
အမှားတွေကို ဆက်ပြီး မသယ်ပါနဲ့တော့။
• မကောင်းတာ လုပ်ခဲ့တဲ့သူတွေအားလုံးက
တိုင်းပြည်ကို အပြည့်အဝ ဦးဆောင်မှုမပေးနိုင်ဘူး။
သူတို့အပြစ်တွေကို ဖုံးကွယ်ဖို့ အမြဲ စဉ်းစားနေရတယ်။ cr.U Htay Tint
1.1.2015
မန္တလေမြို့လက်ပတောင်းတောင်
ဒုတိယအကြိမ်
ဆန္ဒထုတ်ဖေါ်ပွဲမှာ
လက်နက်ကိုင်တော်လှန်ရေး ဦးဆောင်ခဲ့သူ
အားရ ပါးရ အော်ဟစ်နေသည် ။
၂၀၁၅ မှာ မြန်မာပြည်အနာဂါတ်အတွက်
ရွေးကောက်ပွဲ ရှိတယ် ။
အနာဂါတ်ဆိုတာ လှပတာကို
လူတိုင်းမြင်ချင် ကြည့်စေချင်တယ် ။
အနာဂါတ် လှပဖို့ 
အတိတ်ကို အတွေ့ အကြုံ ယူရတယ် ။
လက်ရှိမှာ ပြင်ဆင်ရတယ် ။
ကျွန်တော် တို့ အတွက် မူတခု ရှိသင့်တယ် ။
အသစ်တက်လာနိုင်တဲ့
ဦးဆောင်သူတွေအားလုံးက
စစ်အစိုးရက ဖြစ်ဖြစ်
အတိုက်အခံကဖြစ်ဖြစ်
ရာဇဝတ်မှု ကင်းတဲ့သူဘဲ ဖြစ်ရမယ် ။
စစ်တပ်က မကောင်းတာလုပ်တဲ့
သူတွေလည်း ရှာဖွေ ဖေါ်ထုတ်ပြီး
ကျွန်တော်တို့ ရေးနေတာဘဲ ။
မကောင်းတာ လုပ်ခဲ့တဲ့ သူတွေအားလုံးက
တိုင်းပြည်ကို အပြည့်အဝ ဦးဆောင်မှု မပေးနိုင်ဖူး ။
သူတို့ အပြစ်တွေ ဖုံးကွယ် ဖို့  အမြဲ စဉ်းစားနေရတယ် ။
၁၉၆၂ တော်လှန်ရေး ကောင်စီ အမှားတွေ
ဖါရင်း ပိတ်ရင်း နဲ့ 
တိုင်းပြည်က သယံဇာတ ကို
တရုပ်ကယူတယ် ။
နယ်မြေတွေကို ကျူးကျော်တွေ သိမ်းရင်း
ပိုဆိုးလာတာ အခုထိဘဲ ။
စစ်အစိုးရ ပြုတ်ကျဖို့  တခုတည်းကြည့်ရင်
အစ္စလာမ်အကြမ်းဖက်နဲ့ သာ ပေါင်းကြပေတော့ ။
• ၂၀၀၆ နှစ်ကုန်ပိုင်းလောက်မှာ ပြန်လည်လှုပ်ရှားဖို့  အစပြုရင်း ရန်ကုန်မှာ CO တက်ရတယ်။ ခိုးကြောင် ခိုးဝှက် ပါပဲ။
• ၂၀၀၇ ထဲမှာ မဲဆောက်မှာ သင်တန်းဆက်တော့ အဖမ်းအဆီးကြမ်းနေချိန်။ ကိုမောင်မောင်ကြီး (AB ဟောင်း) လာကြိုတယ်။ သိလိုက်ပြီ။ ကျွန်တော် ပြန်မယ်လို့  ဆက်သွယ်ခဲ့သူကို ပြောလိုက်တယ်။ ဘာဖြစ်လို့လဲ? ကျွန်တော်က တစ်ယောက်တည်းဆိုပေမယ့် သေတဲ့သူတွေ အများကြီးကို ကိုယ်စားပြု ထားရတယ်။ ခင်ဗျားတို့က ပြောလိုက်မှဖြင့် ကြီးကြီးကျယ်ကျယ်၊ တစ်ခါလာလဲ မြောက်ပိုင်းကိစ္စ တသသနဲ့၊ အခု ခင်ဗျားကိုပဲ ဆက်သွယ်တာ တစ်ခြားသေတာတွေ မပါဘူး။ ကောင်းပြီ…. ဒါဆို ….. ဒီသင်တန်း ဘယ်သူလုပ်လဲ သိချင်တယ်။ ကိုနိုင်အောင် လေ, သင်တန်းဖွင့်ပွဲလာမယ်, အခုတောင် ဘန်ကောက် ရောက်နေပြီ, ဒါဆို အခု ပြန်မယ်။ လာချင်တိုင်းလာ ပြန်ချင်တိုင်း ပြန်လို့ ရမလား။ ရတာပေါ့၊ လာလို့ရရင် ပြန်လို့လည်း ရတယ်။ ဒါ ဘယ်သူ့နယ်မြေထင်လဲ? သူ့ လက်တန်ချည်းနော်။ သေချာတာကတော့ ထိုင်းနယ်မြေ လာရဲမှတော့ ပြန်ရဲပါတယ်။ အခု နေနေတာ ဘယ်သူ့ နေရာလဲ သိလား? ဒီမိုကရေစီရေး အတွက် ငှားထားတဲ့ နေရာလို့ပဲ မှတ်တယ်။ အခု ခင်ဗျားစားနေတာကိုက ကိုနိုင်အောင် ထမင်းဗျ။ ဒီ မဲဆောက်မှာ သူ့နေရာ သူ့ထမင်းနဲ့ မလွတ်ဘူး။ ကျုပ်က စစ်ကြောရေးမှာ စားရတဲ့ထမင်းကို ထောက်လှမ်းရေးက ကျွေးတဲ့ထမင်း၊ ထောင်ထဲမှာ စားရတဲ့ထမင်းကို စစ်အစိုးရကကျွေးတဲ့ထမင်းလို့ မှတ်တဲ့ကောင် မဟုတ်ဘူး။ အခုလည်း နိုင်ငံတကာက ဒီမိုကရေစီရေးအတွက် ထောက်ပံ့ထားတဲ့ ထမင်းလို့ မှတ်တယ်။
• ဒီလို လုပ်ဗျာ ခေါ်ရတဲ့ ကျနော့်အတွက်လည်း မကောင်းဘူး၊ တစ်ပါတ်တော့ နေ။ ဒီကြားထဲ ကိုနိုင်အောင် ရောက်လာမယ်၊ သူ ခင်ဗျားကို ၃ ရက်လောက် အချိန်ပေးဖို့  ပြောပေးမယ်။ ခင်ဗျား စိတ်ထဲ မရှင်းတာတွေ မေး၊ သူ ခင်ဗျားကို ဘရိန်းဝပ်ရှ် လုပ်ပေးလိမ့်မယ်။ ဒါဆို ခင်ဗျား စိတ်ထဲစွဲနေတဲ့ သံသယ ရှင်းသွားလိမ့်မယ်၊ အခု ခင်ဗျား ဖုန်းပြောချင်လား။ မပြောချင်ဘူး။ တစ်ခုပဲမေးပေး။ ကိုနိုင်အောင် မြောက်ပိုင်းရောက်ဖူးလားလို့။ ဟေ့လူ မေးပြီးပြီ၊ သူ မြောက်ပိုင်း လုံးဝ မရောက်ဖူးဘူးတဲ့။ အေး ကျုပ်ကလည်း အဲလို ဗျောင်လိမ်တတ် ကောင်မျိုး နဲ့ မျက်နှာချင်းဆိုင်ဖို့ မရှိဘူး၊ အခုပြန်ပြီ ကြိုက်တာလုပ်။ (မှတ်မှတ်ရရ၊ မဲဆောက် ရေကြီးတယ်ဆိုတာကြီးကို ကွင်းရှောင် ပြန်ခဲ့တယ်)။
• အဲဒါ နိုင်အောင်နဲ့ပါတ်သက်တဲ့ ကျနော့်သဘောထားပါပဲ။ လိုအပ်တယ် ထင်လို့ ထုတ်ပြောတာ။
By Kyaw Gyi AB
ဒီနေ့  မန်း ဆန္ဒပြပွဲမှာ ဇွတ်တိုက်ဆိုင်လာတော့ ပြောစရာရှိလာပါတယ်
ဆန္ဒပြစစ်ကြောင်းရဲ့ ရှေ့ ဆုံးမှာ လက်မှာခိုက်မိတဲ့ဒဏ်ရာလက်သိုင်းနဲ့ 
ABSDF မာနယ်ပလောမှာ ကိုနိုင်အောင်ကိုယ်တိုင် ဖမ်းဆီးနှိပ်စက် ထောင်ဒဏ် ၁၀နှစ်ချခံ
စိတ်မချရတဲ့ အခြေအနေမှာ ထွက်ပြေးလွတ်မြောက်လာတဲ့ ကိုစိုးလင်း (ABSDF- NB ဗဟိုကော်မတီဝင်ဟောင်း) ရှိနေပါတယ်
ကိုနိုင်အောင်ကိုယ်တိုင် ထောက်လှမ်းရေးဖြစ်ကြောင်း အထပ်ထပ်အာမခံချက်ထဲက စာရင်းဝင် မသေပဲ လွတ်မြောက်ခဲ့တဲ့ ကျွန်တော်(ABSDF-NB ဗဟိုကော်မတီဝင်ဟောင်း) ကတော့ နောက်ဆုံးမှာ ရှိနေခဲ့ပါတယ်
ABSDF ခေါင်းဖြတ်သတ်ခံတွေရဲ့  အထက်ဗမာပြည်တော်လှန်ရေး ဗဟို ပြုခဲ့ရာ ၊ သူတို့ ရဲ့ လုပ်ဖော်ကိုင်ဖက်ရဲဘော်ရဲဘက်တို့ ကိုယ်တိုင် များစွာပါဝင်နေတဲ့ ဒီစစ်ကြောင်းမှာပဲ ဒီနေ့ ထိ မန္တလေးကို ဘယ်လိုမျက်နှာပြမယ်ဆိုတာ အသေအချာမသိရသေးတဲ့ ABSDF ဥက္ကဋ္ဌဟောင်းကြီးဟာ ဒီစစ်ကြောင်းထဲကို ဝင်ရောက်လာပါတယ် သူရောက်ပြီး တခဏမှာ ဒါကို ကျွန်တော်သိနေခဲ့ပါတယ်
(ကျွန်တော်ဟာ အဲဒီအချိန်မှာ ဒီဆန္ဒပြမှု ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ဖို့ ရာ တာဝန်ယူထားရသူပါ)
ဒီ ဆန္ဒပြမှုမှာ ဘယ်သူမပါဝင်ရဆိုတာ သတ်မှတ်ချက်မရှိ သလို အများပါဝင်နိုင်အောင် ဖိတ်ခေါ်ထားတာလဲ အမှန်ပါပဲ ၊ဒီတော့ ကြော်ငြာပွဲ ဝင်နွဲသူတို့ အတွက်လဲ ကန့် သတ်ချက် မရှိခဲ့ပါဘူး
ဒီတော့ မှတ်တမ်းဓါတ်ပုံ အပြည့်ယူထားပြီး ပြည်သူကိုချပြဖို့ ပဲ ဆုံးဖြတ်ခဲ့ရပါတယ် မီဒီယာကိုတောင် တစ်ယောက်ပဲ အသိပေးခဲ့ပါတယ်
သူ့ ကို မန်းကဘယ်သူဖိတ်ခေါ်ခဲ့တယ် ဆိုတာကိုတော့ အတိအကျ ကျွန်တော်မသိသေးပါဘူး ( သူ နဲ့  ပါတ်သက်တဲ့ ကျွန်တော့်သဘောထားကို သီးခြားရေးပါမယ် )
မေးနေကြသူတွေ အတွက်ပါ
#####
ALERT!!!!! ABSDF KILLING FILES ORDER TO CLOSE BY NAING AUNG WIFE KHIN OHMAR NDDကABSDFရဲ့ မှတ်တမ်းများ(Archives)
(Dr )Naing Aung ( NDD) EX ABSDF ACCUSED OF ORDER TO KILL