Skip to content

#ကျွန်မ တို့ #Dawei #Lawyer #Group အနေဖြင့် #အကူအညီတောင်းခံအပ်ပါတယ် ။ လက်ရှိ

December 27, 2014

HELP

ကျွန်မ တို့ Dawei Lawyer Group အနေဖြင့် အကူအညီတောင်းခံအပ်ပါတယ် ။ လက်ရှိ ကျမ တို့ ထားဝယ်ရှေ့နေများအဖွဲ့ မှလိုက်ပါဆောင်ရွက်နေသော အမှုတစ်ခု မှာ တိုင်းဒေသကြီး တရားရုံး တွင်လည်း ပြီးစီး ပြီဖြစ်ပါသည်။ ၄င်းအမှုတွင် ဥပဒေ အကြောင်းခြင်းရာမှ နေပြည်တော် အယူခံရုံး သို့ဝင်ရောက်ရန်အတွက် ကောင်းသောအမှု ဟု ကျမတို့မှသုံးသပ် ပြီး ယင်းအမှုအား နေပြည်တော်သို့ အယူခံဝင်ရောက်ရန် လျာ ထားပါသည်။ သို့ရာတွင် အမှုသည်အနေဖြင့် ရှေ့နေ ငှားရမ်းခ အားလည်းကောင်း၊ အမှုစရိတ်ကုန်ကျငွေ အားလည်းကောင်း တတ်နိုင်ခြင်းမရှိ ဖြစ်နေပါသည်။ ကျမတို့အဖွဲ့ဝင်ရှေ့နေများမှာလည်း ရန်ကုန်တွင်လည်းကောင်း၊ နေပြည်တော်တွင်လည်းကောင်းလိုက်ပါဆောင်ရွက် ရန်အခက်အခဲများစွာ ရှိပါသည်။ ထို့ကြောင့် ဦးကျော်မင်းစံ အနေဖြင့်လည်းကောင်း၊ နေပြည်တော်တွင်အယူခံဝင်ရောက်ပေးမည့် အကျိုးဆောင် အားအကူအညီပေးနိုင်လျှင်ဖြစ်စေ၊ သို့မဟုတ် အခြားသောအကူအညီပေးနိုင်မည့် မည်သည့်အကူအညီမျိုး ကိုဖြစ်စေ၊ ကူညီပေးနိုင်မည် ဆိုပါက ကူညီပေးပါရန် လေးစားစွာ အကူညီတောင်းခံအပ်ပါသည်။
အကယ်၍ အမှုသည်နှင့် တွေ့ဆုံရန်အတွက် ကျမတို့ ထားဝယ်ရှေ့နေများအဖွဲ့မှတတ်နိုင်သမျှကူညီဆောင်ရွက်ပေးမည်ဖြစ်ပါသည်။ အမှုမှာ ကာလစည်းကမ်းသတ်အရ အရေးကြီးပါသဖြင့် အကယ်၍ အကူညီပေူနိုင်မည့်ဆိုပါက အမြန်ဆုံးအကြောင်းပြန်ကြားပေးပါရန် အကူညီတောင်းခံအပ်ပါသည်။

အမှုအကျဉ်းးချုပ်

အမှုအမျိုးအစား – အာရှအပြည်ပြည်ဆိုင်ရာ ရေလုပ်ငန်းကုမ္ပဏီ နှင့် ဦးဥာဏ်အေး
တရားစွဲခံရသောပုဒ်မ – ပြစ်မှုပုဒ်မ ၄၄၇
အယူခံဝင်ရောက်ရမည့်တရားရုံး – နေပြည်တော်
ဆက်သွယ်နိုင်သောဖုန်းနံပါတ်များ – ဒေါ်တင်တင်သက် (အထက်တန်းရှေ့နေ) ဖုန်း 09422190882
ဒေါ်သက်သက်ဇင် (တရားလွှတ်တော်ရှေ့နေ) ဖုန်း 09422192127

CR.OHN MAR O0

No comments yet

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: