#လက်ပံတောင်းတောင်ဒေသခံများအား #အကြမ်းဖက်ပစ်ခတ်နှိမ်နင်းခြင်းအပေါ် #၈၈ #မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ) မှ ကန့်ကွက်ရှုတ်ချခြင်း

လက်ပံတောင်းတောင်ဒေသခံများအား အကြမ်းဖက်ပစ်ခတ်နှိမ်နင်းခြင်းအပေါ် ၈၈ မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ) မှ ကန့်ကွက်ရှုတ်ချခြင်း
ရက်စွဲ။ ။ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ၊ ၂၃ ရက်
စာအမှတ် ။ ။ ၁၁/၂၀၁၄ (၈၈)
၁။ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ၊ ၂၂ ရက်နေ့က လက်ပံတောင်းတောင်ဒေသတွင် ဖြစ်ပွားခဲ့သော အဓိကရုဏ်း၌ ရဲတပ်ဖွဲ့၏ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် မိုးကြိုးပြင်အလယ်ရွာနေ ဒေါ်ခင်ဝင်းသည် နေရာတွင်ပင် သေဆုံး သွားခဲ့ကြောင်းနှင့် ရွာသားများ ထိခိုက်ဒဏ်ရာရခဲ့သည့် အကြောင်းများကို တုန်လှုပ်ဝမ်းနည်းစွာ ကြားသိခဲ့ရ ပါသည်။
၂။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသည် ယခင်စစ်အစိုးရလက်ထက်မှစ၍ မြန်မာ့စီးပွားရေးဦးပိုင် လီမီတက် နှင့် တရုတ်နိုင်ငံမှ ၀မ်ဘောင်ကုမ္ပဏီတို့ ပူးပေါင်းကာ ကြေးနီတူးဖော်ထုတ်ယူနေသည့် ပွင့်လင်း မြင်သာမှုမရှိသောစီမံကိန်းတစ်ခုဖြစ်သည်။
၃။ ပွင့်လင်းမြင်သာမှုမရှိသောစီမံကိန်းတစ်ခု၏ နောက်ဆက်တွဲအဖြစ် ဒေသခံများ၏ ဘိုးဘွားစဉ်ဆက်ပိုင် မြေယာများလက်လွတ် ဆုံးရှုံးခြင်း၊ ဘ၀နေထိုင်မှုပုံစံ ပျက်ယွင်းနိမ့်ကျခြင်း၊ အကြမ်းဖက် ဖြိုခွင်းမှုများကြောင့် ရဟန်းသံဃာတော်များနှင့် ရွာသားအများအပြားမီးလောင်ဒဏ်ရာရခဲ့ခြင်း၊ ဖမ်းဆီးခံရခဲ့ခြင်းနှင့် ယခု တောင်သူ တစ်ဦး အသက်ဆုံးရှုံးရသည်အထိ ဆိုးရွားလွန်းလှသည့်ပြဿနာများစွာကို ဆက်တိုက် ဖြစ်ပေါ် စေပါသည်။
၎။ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများအနေဖြင့် ဒေသခံပြည်သူလူထု၏သဘောဆန္ဒနှင့် အကျိုးစီးပွားကို အထူး အလေးထားရမည်ဖြစ်သည်။တရားမျှတမှုမရှိသော၊ တာဝန်မဲ့သော စီးပွားရေးလုပ်ငန်းများသည် အများပြည်သူ ၏ ဆန့်ကျင်ခြင်းကိုခံရမည်ဖြစ်ပြီး မြန်မာပြည်သူများအကြား အမည်ပျက်နိုင်ငံဖြစ်သွားနိုင်သည်ဆိုသည်ကို ရင်းနှီးမြှုပ်နှံသည့် သက်ဆိုင်ရာနိုင်ငံများ၏ အစိုးရများအဖို့ လက်ပံတောင်းတောင် ပဋိပက္ခမှာ ဆင်ခြင် စရာသင်ခန်းစာတစ်ရပ်ဖြစ်သည်။
၅။ အစိုးရတစ်ရပ်တွင် နိုင်ငံသားများ၏ အသက်အန္တရာယ်နှင့် ဘ၀လုံခြုံမှုကို အကာအကွယ်ပေးရန်နှင့် လွတ်လပ်စွာအသက်မွေးဝမ်းကျောင်းခွင့်ကို အာမခံရန် အပြည့်အ၀ တာဝန်ရှိသည်။ လူတစ်စုတစ်ဖွဲ့၏ အကျိုး စီးပွားကိုသာရှေ့ရှုပြီး ပွင့်လင်းမြင်သာမှုမရှိသော စီးပွားရေးရင်းနှီးမြှုပ်နှံမှုများသည် တိုင်းပြည်နှင့် ဒေသခံတိုင်း ရင်းသားပြည်သူများ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကိုပေါ်ထွန်းစေလိမ့်မည်မဟုတ်ဘဲ မတည်ငြိမ်မှုနှင့် လူ့အခွင့် အရေးချိုးဖောက်မှုများကိုသာ ဖြစ်ပေါ်စေသည်။ ယခုဖြစ်ရပ်သည် လက်ပံတောင်းဒေသခံများ၏ မြေယာဆုံးရှုံး မှုများကိုသာမက အသက်ဆုံးရှုံးမှု ဖြစ်ပေါ်စေသည်အထိ ဆိုးရွားလွန်းသော လူ့အခွင့်အရေးချိုး ဖောက်မှု ဖြစ်သောကြောင့် ပြင်းထန်စွာကန့်ကွက်ရှုတ်ချလိုက်သည်။
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း

1798212_589308421199923_6631046260846568667_n

Myo Htike Tan Thein
လက်ပံတောင်း တောင် တွင် ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် တောင်သူ တဦး ပွဲချင်းပြီး သေဆုံး ရချင်း နှင့် ပြည်သူများ သေနတ်ဒဏ်ရာရချင်းကို ပြင်းထန်စွာကန့်ကွက်ရှုံ့ ချပါသည်။ သို့သော် လက်ပံတောင်း တောင် ကိတ်စ အကြောင်းပြုပြီး မြန်မာ တွေကို တရုပ် နဲ့ ရန် တိုက်ပေးနေသည်ကို ဝမ်းနဲစွာ တွေ့ရသည်။ BDC အနေ ဖြင့် လက်ပတန်းတောင် ဝမ်ပေါင် ကိတ်စ တရုပ်နဲ့ မြန်မာများ တည်ပေး စရာ မလိုဘူး ဟု ထင် သည်။ အခုတည်ပေး ရန်တိုက်ပေး လုပ်နေသူတွေဟာ လူမျိုးရေး သွေးထိုး တာ နဲ့ တူနေတယ်ဟု ထင် သည် ။ အခု တရုပ် ကို ပယ်ပယ်နယ်နယ် တွယ်နေသူ အများစု ဟာ ၇၈၆ ကုလား ထိရင် မချိအောင် နာကျသူများ အများစု ဖြစ် ကြ ပြီး ဗုဒ္ဓဘာသာ နဲ့ ဘုန်းတော်ကြီး တွေကို မိုက်မိုက်ရိုင်းရိုင်း စော်ကားကြသူများ အများစု ဖြစ်ကြသည် ကိုထူးဆန်းစွာ တွေ့ ရသည်။ မဘသ ကို အကြောင်းမဲ့သက်သက် ရည်ရွယ်ချက်ရှိရှိ အမြဲ ဆဲနေသူ အများစု ဟာ ဒီချုပ် နဲ့ ဘုန်းတော်ကြီး တွေ ပူးပေါင်းမိမှာကို စိုးရိမ်ကြပြီး ဒီချုပ် ကို အကြောင်းမဲ့သက်သက် ရည်ရွယ်ချက်ရှိရှိ အမြဲဆဲနေသူ အများစု ဟာလဲ ဘုန်းတော်ကြီး တွေနဲ့ ဒီမိုတွေ ပူးပေါင်းမိမှာကိုစိုးရိမ် ကြသည်ဟု ထင်မြင်မိသည် ။ လက်ပံတောင်း တောင် လူသတ်မှု နဲ့ အကြမ်း ဖက်တိုက်ခိုက်မှုဟာလက်ရှိ အစိုးရတွင် တာဝန် လုံးဝ ရှိသည်ဟုခံယူသည်။ ပြည်သူများ ဘေးကင်းကြပါစေ အေးချဏ်းကြပါစေ လှည့်စားခံရခြင်း ကင်းဝေးကြပါစေ။
[Burma Democratic Concern (BDC)]

ယနေ. ညနေ ရန်ကုန်မြို့တရုတ်သံရုံးရှေ့ လက်ပံတောင်းတောင်အကြမ်းဖက်မှု
ဆန့်ကျင်ရေးဆန္ဒပြ ။Min Nay Htoo.Myat Thu Aung.

wanbao photocr.Min Nay Htoo

1619377_565323443600005_9207125439864056949_n

10860978_774043342633291_4147306529378091929_oPROTEST WANBAO LATPADAUNG CASE

YANGON PROTESTLATPADAUNG PROTEST YANGON10646993_10202482174855802_8393351932938214977_n10848061_10202482174535794_8263033368159126131_n

San Nyein Oo
ဘုန်းကညာရဲမတွေလည်း
အဝီစိလက်မှတ်ယူတဲ့ထဲပါတယ်ပေါ့

10404520_565240006953371_2476245472429195800_n10882247_565240040286701_7552204065247797768_n

မိုးကြိုးပြင်ကျေးရွာမှ ဒေါ်ခင်ဝင်းသေဆုံးမှု ဆားလင်းကြီးရဲစခန်းတွင်အမှုဖွင့်
===============================================
ယနေ့ ဒီဇင်ဘာလ ၂၃ ရက် ညနေ ၆း ၁၀ နာရီ အချိန်က ဆားလင်းကြီးမြို့နယ် ရဲစခန်းတွင် ယမန်နေ့က အဓိကရုဏ်း၌ သေဆုံးသွားရသော မိုးကြိုးပြင်ကျေးရွာမှ ဒေါ်ခင်ဝင်း သေမှုသေခင်းကို အမှုဖွင့် တိုင်ကြားနေစဉ်။ CR.Ant Bwe Kyaw

1507153_625651330894369_2392532684902396333_n10629661_625651037561065_687389918936359035_n

မုံရွာမြို့မှ လက်ပံတောင်းတောင်၊ ဆည်တည်းရွာသို့ ဆက်လက်ထွက်ခွာ
===========================================
လက်ပန်းတောင်းတောင်တွင် ဖြစ်ပွားနေသော အဓိကရုဏ်းများကြောင့် သေဆုံး၊ ထိခိုက်ဒဏ်ရာရသူများအတွက် အကူအညီပေးနိုင်ရန် ယနေ့ နံနက်ပိုင်းက မုံရွာဆေးရုံကြီးသို့ ရောက်ရှိနေကြသော ၈၈မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း )၊ မန္တလေးမြို့မှ ဆရာတော် ၁၅ ပါး၊ ဆရာဝန် ၂ ဦးတို့သည် ဆေးရုံပေါ်မှ ဒဏ်ရာရ လူနာများကို ကူညီအားပေးခဲ့ကြပြီး ယနေ့ ဒီဇင်ဘာလ ၂၃ ရက် မွန်းလွဲ ၁၂း ၅၀ နာရီတွင် မုံရွာမြို့မှ လက်ပံတောင်းတောင်၊ ဆည်တည်းရွာသို့ ဆက်လက်ထွက်ခွာခဲ့ကြသည်။
ထိုသို့ ထွက်ခွာခဲ့ရာတွင် ယမန်နေ့က ရရှိဒဏ်ရာမပြင်းထန်သဖြင့် သက်သာလာသော မိုးကြိုးပြင် အလယ်ရွာမှ ဦးသန်းမြင့်၊ ဒေါ်သန်းနွဲ၊ ကိုကျော်နိုင်ထွန်း၊ ကိုတိုးနိုင်ဝင်း၊ မဂျူး၊ မ၀င်းလှိုင် တို့ ၆ ဦးကို ၎င်းတို့၏ရွာသို့ ပြန်လည်ပို့ပေးရန် ခေါ်ဆောင်လာခဲ့ကြသည်။
ဓာတ်ပုံ – အောင်နေမျိုး

10404452_625561124236723_6779536422403430034_n10862608_625561020903400_8601567486780367473_o

ဆရာတော်များနှင့် ၈၈မျိုးဆက်တို့ မုံရွာဆေးရုံသို့ ရောက်ရှိ
====================================
လက်ပန်းတောင်းတောင်တွင် ဖြစ်ပွားနေသော အဓိကရုဏ်းများကြောင့် သေဆုံး၊ ထိခိုက်ဒဏ်ရာရသူများအတွက် အကူအညီပေးနိုင်ရန် ၈၈မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း )၊ မန္တလေးမြို့မှ ဆရာတော် ၁၅ ပါး၊ ဆရာဝန် ၂ ဦးတို့သည် ယနေ့ ဒီဇင်ဘာလ ၂၃ ရက် နံနက် ၁၁း ၀၀ နာရီတွင် မုံရွာမြို့သို့ရောက်ရှိခဲ့ကြသည်။
ထို့နောက် နေ့လယ်စာစားအပြီး မုံရွာမြို့ခံ ၈၈မျိုးဆက် ( ငြိမ်း/ပွင့် ) အဖွဲ့ဝင်များနှင့်ပူးပေါင်းကာ ယမန်နေ့က အဓိကရုဏ်းတွင် ဒဏ်ရာရသဖြင့် မုံရွာဆေးရုံကြီးသို့ တင်ထားရသူများကို ယခု မွန်းတည့် ၁၂း ၀၀ နာရီတွင် သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
(ဓာတ်ပုံ – အောင်နေမျိုး)
The 88 Generation – Public Relation
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်း
တောင် ကြေးနီစီမံကိန်းအနီး လုံခြုံရေးရဲတပ်ဖွဲ့ဝင်များနှင့် ပဋိပက္ခဖြစ်ပွား
ရာတွင်ထိခိုက်ဒဏ်ရာရှိခဲ့ကြသောဒေသခံပြည်သူများအား –
၈၈မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းနှင့်အတူ ဘ၀အလင်း
ဆရာတော်နှင့်သံဃာတော်များ၊ ဆရာဝန်များနှင့် ဆေးဝါးကျွမ်းကျင်သူများက သွားရောက်တွေ့ဆုံအားပေးကာ လိုအပ်သည်များကိုထောက်ပံ့ကူညီ
ဓာတ်ပုံ – အောင်နေမျိုး

10403091_779212158865617_4866474044644060473_n535954_779212148865618_4378711451946315335_n-2

10432983_625546470904855_4728763313358799797_n10873541_625550214237814_1255369131326759597_o

 

10885176_625548554237980_8127135221711304736_n

 

လက်ပန်းတောင်းတောင် ဆည်တည်းရွာကို အသွား၊ တုံရွာတွင် ပိတ်ပင် တားဆီးခံနေရ
=======================================================
ယမန်နေ့ နှင့် ယနေ့ ဒီဇင်ဘာလ ၂၃ ရက် တို့တွင် ဖြစ်ပွားနေသော လက်ပန်းတောင်းတောင် ဒေသ အဓိကရုဏ်းများကြောင့် ထိခိုက်ဒဏ်ရာရသူများအတွက် အကူအညီပေးနိုင်ရန် ရန်ကုန်မြို့မှ သွားရောက်ကြသော ၈၈မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း )၊ မန္တလေးမြို့မှ လိုက်ပါလာသည့် ဆရာတော် ၁၅ ပါး၊ ဆရာဝန် ၂ ဦး နှင့် မုံရွာ ဒေသခံ ၈၈မျိုးဆက် (ငြိမ်း/ ပွင့်) အဖွဲ့ တို့သည် တုံရွာ အနီးတွင် ရဲအင်အား ၂၀၀ ခန့်မှ ပိတ်ဆို့တားဆီးခံနေရသဖြင့် ယခု မွန်းလွဲ ၂း ၀၀ နာရီတွင် လက်ပံတောင်းတောင် ၊ ဆည်တည်းရွာသို့ ရှေ့ဆက်မသွားနိုင်ဘဲ တုံရွာတွင် ပိတ်မိနေပါသည်။
ဓာတ်ပုံ – အောင်နေမျိုး

1017560_625582340901268_3324900659980543815_n10333312_625582637567905_2645897899739863577_o10599406_625582520901250_6098888787818044426_n

စစ်ခရိုနီ လူယုတ်မာများလက်ချက်ကြောင့် မ သေသင့်ပဲ ပြည်သူလူထုအတွက် အသက်ကိုရင်း မြေကိုကာကွယ် တောင်းတန်တွေကို အပျက်စီး မခံနိင် လို့ အသက်နဲ့ဘဝကို စ တေးလိုက် တဲ့ လက်ပန်းတောင် သူရဲကောင်း အ မေခင် ဝင်း
တ ယောက်ကောင်းရာသုဂတိလားပါစေ
အသက်ပျောက်တရား ယ နေ့မနက် ၈း၃၀တွင် ပြုလုပ်ခဲ့ CR.KO HTET

10377377_1574045612829791_2465704461987106975_n

10433153_625635297562639_6906090637585364686_n10881543_625635724229263_3132065251030989606_n

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s