မိကျောင်းကန်းရေးကူညီနေသူကိုဝေဠုအားအတင်းအဓမ္မဖမ်းဆီး၍ပုဒ်မ၅၀၅ ခ ဖြင့်စွပ်စွဲထားမှုအပေါ်မိကျောင်းကန်အဖိနှိပ်ခံတွေရဲ့သဘောထား
မိကျောင်းကန်သပိတ်အရေးကူညီဆောင်ရွက်ပေးနေသူကိုဝေဠုကိုယနေ့ည၈း၃၀ခန့်ကအရပ်ဝတ်တာဝန်ရှိသူဟုပြောသောလူတစ်စုကလာယောက်ဖမ်းဆီးသွားတယ်လို့သိရပါတယ်။နှင်ဆီကုန်းဘိုးဘွားရိပ်သာအနီးရှိစားသောက်ဆိုင်တစ်ခုအတွင်ထမင်းစားပြီးအပြန်ဆိုင်ပြင်တွင်အရပ်ဝတ်တာဝန်ရှိသူဟုပြောသောလူ၁၅ဦးခန့်ကအတင်းဖမ်းချုပ်ကာကားပေါ်ဆွဲတင်သွားတယ်လို့မျက်မြင်သူတစ်ဦးကပြောပါတယ်။ဖမ်းဆီးချိန်မှာတစုံတရာအထောက်အထားပြသခြင်းမရှိဘူးလို့၎င်းကဆိုပါတယ်။ကိုဝေဠုနေအိမ်ကိုစုံစမ်းရာမှာတော့ခုထိအကြောင်းကြားခြင်းမရှိသေးဘူးလို့ဆိုပါတယ်။ဘယ်မှာဖမ်းထားတယ်ဘာ့ကြောင့်ဖမ်းထားတယ်ဆိုတာပြောကြားခြင်းမရှိပဲဖမ်းဆီးသွားခြင်းဖြစ်တယ်လို့မိကျောင်းကန်အရေးဆောင်ရွက်သူတစ်ဦးကဆိုပါတယ်။မြန်မာနိုင်ငံမှာအရပ်ဝတ်တာဝန်ရှိသူတို့ကခုလိုရဲလက်စွဲဥပဒေမဲ့တဲ့လုပ်ရပ်မျိုးကိုလုပ်ခွင့်ပေးထားသလား?ဖမ်းဝရမ်းမပါပဲအတင်းအဓမ္မဖမ်းခွင့်ရှိသလာ?မိသားစုကိုအကြောင်းမကြားပဲဖမ်းဆီးခေါ်ဆောင်ခွင့်ခုဒီမိုကရေစီခေတ်မှာရှိနေတုန်းပဲလား?စတဲ့မေးခွန်းတွေသက်ဆိုင်သူတို့ဖြေပေးစေချင်ပါတယ်လို့မိကျောင်းကန်အရေးပါဝင်ကူညီသူတစ်ဦးကမေးထားပါတယ်။အပြစ်မဲ့တဲ့ကိုဝေဠုကိုခုချက်ချင်းလွှတ်။ငါတို့ကငါတို့ဘဝတွေအတွက်တောင်းဆိုတာဘယ်သူသွေးထိုးမှုမှမပါဘူးလို့မိကျောင်းကန်မြေယာမတရားသိမ်းဆည်းခံပြည်သူတစ်ဦးကဆိုပါတယ်။အာဏာပိုင်အနေနဲ့ကတော့လက်ရှိအချိန်ထိတစုံတရာအကြောင်းကြားခြင်းမရှိသလိုတစုံတရာဆက်သွယ်မှုလည်မရှိသေးပါဗျာ။
မင်းဇော် CR. KoMin MinZaw
ဒ့က္ခရောက်တဲ့ ပြည်သူကို စောင့်ရှောက်ဖို့ လမ်းဘေးမှာ သွားအိပ်လျှင် ဒီအစိုးရဖမ်းတယ်တဲ့ဗျာ မယုံမရှိနဲ့ ပြည်သူအတွက် အခန်းထဲက လုပ်နေသူတွ ကြည့်ထားပါ အဲဒါရာဇ၀င်ဘဲ။……၀င်းကို CR.Win Ko Hlaing