update 18/12/ Vgastrol bar ကိစ္စအားရုံးတင်သောအခါ…..
သိသာလွန်းလှစွာ..လူစားလဲလိုက်ပြီဖြစ်ပါကြောင်း။
FB VGastro management would like to express our sincere regret if we have offended the citizens of this wonderful city, who have welcomed us so warmly and generously. Our intention was never to cause offense to anyone or toward any religious group. Our ignorance is embarrassing for us and we will attempt to correct it by learning more about Myanmar’s religions, culture and history, characteristics that make this such a rich and unique society. We thank the citizens of Yangon for their patience and kindness and sincerely hope that our apology will be accepted.
V Gastro bar ချိတ်ပိတ်နေသည့် ပုံရိပ်များ…
Facebook အကျိုးကျေးဇူးပါ…Facebook သုံးသူများထဲမှာ သက်ဆိုင်ရာ ၀န်ကြီးဌာမှ အစိုးရ အမှုထမ်း အရာထမ်းတွေ ပါကြပါတယ်။
သူတို့ဆီသာရောက်အောင်ပို့ ပြည်သူလူထု အသံကို ယခု သူတို့ နားထောင်နေတယ် စောင့်ကြည့်နေတယ်ဆိုတာ သက်သေပြလိုက်တာပါပဲ…
ဘာမဟုတ်တဲ့ ၈၈ ကပုံတွေ ၂၀၀၇ ကပုံတွေ လက်ပံတောင်ကပုံတွေ ပြပြီး ဘာလုပ်မလဲ??? အခုလို ဘာသာ သာသနာအတွက် အကျိုးရှိတာကို လုပ်ပြဖို့ လိုပါတယ်..တကယ်တော့ ဒီသတင်းတွေက မီဒီယာ Page တွေက တက်နေရမှာပါ…..လစာယူ အလုပ်လုပ်နေကြတဲ့ သတင်းထောက်တွေ Acc တွေကနေ တက်နေရမှာပါ…
ကျွန်တော်တို့မှာ ဘာလစာမှမယူ ကိုယ့် အချိန်တွေ အင်တာနက်ဖိုးအကုန်ခံပြီး ပြည်သူတွေကို အမှန်သိအောင် အမျိုး ဘာသာ သာသနာအတွက် အချိန်နဲ့တပြေးညီ သိဖို့ အကျိုးရှိဖို့ လုပ်နေတာပါ…….
သခင် ခက်ထန်
ဘာသာတရားကိုစော်ကားသူတို.အတွက် တူသောအကျိုးများပေးလေပြီ
==============================================
ဗုဒ္ဓရုပ်ပွားပုံတော်ပေါ်၌ VGastro.bar, Buddha bar ဟုရေးသားကာ
Ear Phone အား ရုပ်ပွားတော်၏နားတော်တွင် တပ်ဆင်ထားသည့်သဏ္ဍာန် ဒီဇိုင်းပြုလုပ်ရေးဆွဲ၍ဖော်ပြခဲ့သဖြင့် ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား(၂)ရပ်ကွက်၊
ရွှေတောင်ကြားလမ်းရှိ VGastro Bar ဆိုင်အား အရေးယူ ပြီး ဒီကနေ့
ဒီဇင်ဘာလ ၁၁ ရက်နေ့ ၁၂ နာရီ အချိန် တွင် ဗဟန်း တရား ရုံးတွင် အဆိုပါ
VGastro Bar ၏ ဆိုင်ပိုင်ရှင် ထွန်းသူရိန်၊ မန်နေဂျာ ထွဋ်ကိုကိုလွင်၊ အထွေထွေ
မန်နေဂျာ နယူးဇီလန်နိုင်ငံသား Mr.Philip တို့အား ပထမဆုံး အကြိမ် ရုံးထုတ်
စစ်ဆေးပါတယ်။
အဆိုပါ ဗုဒ္ဓရုပ်ပွားပုံတော်အား Mr.Philip မှ လူမှုကွန်ယက်တွင် ဖော်ပြခဲ့
ဖြစ်ကြောင်း သိရှိရပါတယ်။သူတို့(၃)ဦးကိုသာသနာအကြည်ညိုပျက်အောင်
လုပ်မှု သာသနာညိုးနွမ်းစေမှု နဲ့ ရုံးထုတ်စစ်ဆေးပြီး အင်းစိန်အကျဉ်းထောင်ကို
ပို့လိုက်ပါတယ်။ လာမယ့် ဒီဇင်ဘာလ (၁၈)ရက်နေ့မှာ ဒီအမှုကို ဆက်လက်
စစ်ဆေးမယ်လို့ သိရပါတယ်။
သတင်းဓါတ်ပုံ- BBC