(KNLA) အခြေခံစစ်သင်တန်းကျောင်းဆင်းပွဲ (ယာယီ)စစ်ဦးစီးပထမတန်း ဗိုလ်မှူးစောလှငွေ တက်ရောက်ချီးမြှင့်
ဒီဇင်ဘာ – ၈ – ၂၀၁၄
သတင်းနှင့်ဓာတ်ပုံ – ကရင်အမျိုးသား(မီဒီယာ)
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) လက်အောက်ခံတပ်ရင်း(၂၀၁)၏ (၈) ကြိမ်မြောက် အခြေခံစစ်သင်တန်းကျောင်းဆင်းပွဲကို ယနေ့နံနက်က အဆိုပါတပ်ရင်းတွင်ကျင်းပခဲ့သည်။
ကျောင်းဆင်းပွဲသို့(KNLA)၏ ယာယီစစ်ဦးစီးပထမတန်း ဗိုလ်မှူးစောလှငွေ တက်ရောက်ပြီး ကျောင်းဆင်းမိန့်ခွန်းပြောကြားခဲ့သည်။
(KNLA)၏ စစ်ဦးစီးတတိယတန်း ဗိုလ်မှူးစောတာမလာသောနှင့်(၂၀၁)တပ်ရင်မှူး ဒုတိယဗိုလ်မှူးကြီးစောဘူးဖောတို့လည်း ကျောင်းဆင်းပွဲကို တက်ရောက်ဂုဏ်ပြုခဲ့ကြသည်။
အဆိုပါစစ်သင်တန်းသို့ သင်တန်းသားသား(၅၀)ခန့် တက်ရောက်သင်ကြားအောင်မြင်ခဲ့ကြသည်။ CR.ကရင်အမျိုးသား- မီဒီယာ