မြန်မာတပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းများကို အနှောင့်အယှက်ဖြစ်စေသည့် စစ်ဆင်မှုများ ရန်လိုမှုများကို ချွင်းချက်မရှိ ရပ်ဆိုင်းရန် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် (F.U.A) စစ်ဦးစီးအဖွဲ့ အစည်းအဝေးမှ တောင်းဆို
=======================================
UNFC ပထမအကြိမ်ကွန်ဂရက် F.U.A ၏ အထမအကြိမ်အစည်းအဝေးကို ၂၈.၁၁.၂၀၁၄ မှ ၂၉.၁၁.၂၀၁၄ ရက်နေ့အထိ ကျင်းပခဲ့ပြီး UNFC ၏ကာကွယ်ရေးတာဝန်ခံ ၊ ဒုတာဝန်ခံတို့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် အဖွဲ့အစည်းအသီးသီး၏ စစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ် (၁၁) ဦး အကြံပေးနှင့် လေ့လာသူအပါအဝင် စုစုပေါင်း (၁၅) ဦးတက်ရောက်ခဲ့သည်။
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) ချုပ်ဆိုနိုင်ရန် ကြိုးပမ်းဆောင်ရွက်မှုများသည် တစုံတရာ နီးစပ်မှုရှိလာခဲ့သော်လည်း စက်တင်ဘာလ ညှိနှိုင်းပွဲတွင် တပ်မတော်သားကိုယ်စားလှယ်ကြီးများက နောက်ကြောင်းပြန်အဆိုပြုချက်များ အတင်းအကြပ်တင်သွင်းလာခြင်း၊ ကာကွယ်ရေးဦးစီးချုပ်၏ မူ(၆)ချက်ကို အခိုင်အမာထပ်မံတင်ပြလာခြင်း …
မန်ကိန်း