Skip to content

#အိန္ဒိယနိုင်ငံ #ဘာဒွမ်ပေါက်ကွဲမှုနှင့် #ပတ်သက်သည့် မြန်မာ ၃ ဦးကို #ဘင်္ဂလားဒေ့ရှ်ရဲဖမ်းဆီး

December 2, 2014

အိန္ဒိယနိုင်ငံ ဘာဒွမ်ပေါက်ကွဲမှုနှင့်
ပတ်သက်သည့် မြန်မာ ၃ ဦးကို ဘင်္ဂလားဒေ့ရှ်ရဲဖမ်းဆီး
Tuesday, December 2, 2014

1513750_728885247180225_61452395645775641_n

အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်မှာဖြစ်ပွားခဲ့တဲ့
ဘာဒွမ်ပေါက်ကွဲမှုနဲ့ ဆက်စပ်နေတဲ့ မြန်မာ ၃ ယောက်ကို
ဖမ်းဆီးရမိထားပြီလို့ ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က
သတင်းထုတ်ပြန်ပါတယ်။

အဲဒီ ၃ ယောက်ဟာ
ရိုဟင်ဂျာ စည်းလုံးညီညွတ်ရေးအဖွဲ့
RSO နဲ့မြန်မာအခြေစိုက် တခြားအဖွဲ့အစည်းတွေက
အဖွဲ့ဝင်တွေဖြစ်တယ်လို့
ဒါက္ကာရဲတပ်ဖွဲ့ ဒုတိယရဲမင်းကြီး ခရစ်ရှနာ ပါဒါ ရွိုင်က
ဒီဇင်ဘာလ ၁ ရက်နေ့မှာ ပြောပါတယ်။

အိန္ဒိယနဲ့ ဘင်္ဂလားအစိုးရတို့ဟာ အဲဒီအမှုမှာ
ပူးပေါင်းပါဝင်သူတွေကို အရှိန်မြှင့် ဖမ်းဆီးမှုတွေ လုပ်ဆောင်ခဲ့ရာမှာ နယ်စပ်တလျှောက်က မတရားသင်း ကြေညာထားတဲ့
JMB စစ်သွေးကြွအယောက် ၁၀၀ လောက်ကို
ဖမ်းဆီးနိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

မြန်မာ ၃ ဦးဆီက စနက်တံ ၅ ခု၊ ဂျဲလ်သုံး ဗုံးလုပ်ပစ္စည်း ၂ ခုနဲ့ ဖောက်ခွဲရေးပစ္စည်း ကီလိုဂရမ် ၅၀၀ တို့ကိုလဲ သိမ်းဆည်းရမိခဲ့ပြီး အိန္ဒိယဘက်က ထောက်လှမ်းရေးသတင်းပေးမှုကြောင့်
ဖမ်းမိခဲ့တာလို့ ဘင်္ဂလားဒေ့ရှ် လုံခြုံရေး ရဲတပ်ဖွဲ့က ဆိုပါတယ်။

ဖမ်းမိခဲ့တဲ့ ၃ ယောက်ဟာ
ရိုဟင်ဂျာ စည်းလုံးညီညွတ်ရေးအဖွဲ့
RSO၊ အာရခန် ရိုဟင်ဂျာ ယူနီယံ(AJU)နဲ့
နယ်သာလန်အခြေစိုက်
ဂလိုဘယ် ရိုဟင်ဂျာစင်တာ GRC အဖွဲ့တွေနဲ့လည်း
ဆက်နွယ်ပတ်သက်နေတယ်လို့
စုံစမ်းထောက်လှမ်းရေး ဒုတိယ ကော်မရှင်နာ
ဆိုင်ဒူရ်ရာမန်က ပြောပါတယ်။

အသက် ၂၂ နှစ်၊ ၂၅ နှစ်နဲ့ ၂၆ နှစ် အသီးသီး ရှိကြတဲ့
အဲဒီ ၃ ယောက်ဟာ ဘာဒွမ်ပေါက်ကွဲမှုနဲ့ ဆက်စပ်ပြီး
မကြာသေးခင်က အိန္ဒိယနိုင်ငံမှာ ဖမ်းဆီးရမိခဲ့တဲ့
မြန်မာနိုင်ငံသား ခါလစ်မိုဟာမက်ဟာ
သူတို့ရဲ့အကြံပေးခေါင်းဆောင် ဖြစ်တယ်လို့
ဝန်ခံထွက်ဆိုကြကြောင်းလည်း ပြောပါတယ်။
ဓာတ်ပုံ – Dhaka Metropolitan Police
(dmpnews.org)
ဒီဗွီဘီ မှ ဘာသာပြန်သည် ။

မေးခွန်း နဲ့  သတိပေးချက်
မြန်မာနိုင်ငံသားလို့ ရေးထားပါတယ် ။
မြန်မာ အစိုးရ ဖက်က
တာဝန်ရှိသူတွေက
ဘယ်လို စီစစ်လက္ခံပြီး
ဘယ်လို လက်ခံမှာလဲ ။
ဘယ်လို အပြစ်ပေးမှာလဲ ။
မြန်မာနိုင်ငံသားဆိုရင်
သူတို့  နဲ့  ဆက်သွယ်နေတဲ့
ပြည်တွင်း အဖွဲ့ အစည်းတွေက
ဘယ်သူတွေလဲ ။
ဘယ်မိသားစု ဆွေမျိုး ကလဲ ။
ဘယ်မြို့ က လူတွေလဲ ။
တာဝန်ရှိသူတွေ
အမြန်ဆုံး စစ်ဆေးဖေါ်ထုတ်ပေးပါ ။
အချိန်ကြာသွားတာနဲ့ 
မုတ်ဆိပ် နဲ့  အကျီဖြူ ရှည် ဝတ်ထားရင်
ဖေါက်ခွဲရေးသမားလို့  မြင်လာပြီး
လူထုက အကြောက်လွန်လာရင်
မီးရှို့ မှုတွေ ထပ်ဖြစ်လာမယ် ။
အစိုးရကို အမုန်းတရားတွေနဲ့  စကားတွေ
အရေးမယူဖူးလို့  အော်နေ ပြောနေတဲ့ သူတွေ
ဒီလို လူတွေကို ဖမ်းပေးဖို့  အစီစဉ် လုပ်ပီလား ။ CR.U Htay Tint

No comments yet

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: