#တပ်မတော် #ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး #မင်းအောင်လှိုင်၊ #KNU

Senior General Min Aung Hlaing FB: တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ KNU ကရင် အမျိုးသား အစည်းအရုံး ဥက္ကဌနှင့် အဖွဲ့များအား တွေ့ဆုံ
နေပြည်တော်၊ နိုဝင်ဘာ ၂၉
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ KNU ကရင်အမျိုးသား အစည်းအရုံး ဥက္ကဌ စောမူတူးစေးဖိုး ခေါင်းေ ဆာင်သော အဖွဲ့အား တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်းနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး KNU ကရင်အမျိုးသား အစည်းအရုံး ဥက္ကဌနှင့် အတူ အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုကွယ်ထူးဝင်း၊ ဗဟို အလုပ်အမှုဆောင် အဖွဲ့များဖြစ်သော စောရာဂျာခင်၊ ပဒိုမန်းငြိမ်းမောင်၊ စစ်ထောက်ချုပ် အဆင့်ရှိ စောအိုင်းဇက်၊ ဥက္ကဌ၏ နိုင်ငံရေးနှင့် စစ်ရေး အကြံပေး စောထူးထူးလေး၊ ကော့ကရိတ် ခရိုင်ဥက္ကဌ ပဒိုရွှေမောင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
နှစ်ဖက်တွေ့ဆုံ ဆွေးနွေးမှုများအရ တပ်မတော်နှင့် KNU အဖွဲ့အကြား အပစ်အခတ် ရပ်စဲရေး ဆောင်ရွက်မှုများအပေါ် အားရကျေနပ်မှု ရှိကြောင်း၊ တပ်မတော်၏ ငြိမ်းချမ်းရေးမူ (၆) ချက်နှင့် ပတ်သက်၍ တိတိကျကျ လိုက်နာရန် ဆိုသည်ထက် အလေးထား ဆောင်ရွက်စေလိုကြောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍လည်း ပြင်ဆင်သင့်သည့် အချက်များကို ဥပဒေနှင့်အညီ ပြင်ဆင်သွားရန် လက်ခံကြကြောင်း၊ တပ်မတော်နှင့် KNU အဖွဲ့တို့အကြား ငြိမ်းချမ်းရေး ရရှိသည်အထိ ကြိုးပမ်းဆောင်ရွက်ရန် နှစ်ဦးနှစ်ဖက် သန္ဓိဌာန် ချမှတ်ခဲ့ကြောင်း သိရှိရသည်။
တွေ့ဆုံပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် KNU ကရင် အမျိုးသား အစည်းအရုံး ဥက္ကဌ စောမူတူးစေးဖိုး တို့သည် အဖွဲ့ဝင်များနှင့် အတူ အမှတ်တရ စုပေါင်းဓါတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်း ရရှိသည်။
မြဝတီ

CR.Senior General Min Aung Hlaing FB

10264975_905719302795892_6725010271448928345_n1725472_905719319462557_8892119500945947374_n10802085_905719339462555_2683531594452727487_n

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s