နေ့စွဲ – 29 -11-2014၊(စနေနေ့) နေ့ (၂း၀၀)နာရီ အချိန် 14းPM
ထင်လင်းဦးအား ပတ္တနိက္ကုဇ္ဇနကံပြုခြင်း နှင့်ပတ်သက်၍ ချောင်းဦးမြို့နယ်ရှိ သံဃာတော်တို့က လျှောက်ထားခြင်း။
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်လုံးဆိုင်ရာ သံဃာတော်များက ရိုသေစွာ လျှောက်ထားအပ်ပါသည် သံဃာတော် အရှင်သူမြတ်တို့ ဘုရား။
ဧ၀ံ နိက္ကုဇ္ဇိတေ ပန ပတ္တေ တဿ ဂေဟေ ကောစိ ဒေယျ ဓမ္မော နဂဟေတဗ္ဗော အသုကဿ ဂေဟေ ဘိက္ခံ မာဂဏှိတ္ထာတိ အညေသု ၀ိဟာရေသုပိ ပေသေတဗ္ဗံ – ဟု စူဠ၀ဂ္ဂ အဋ္ဌကထာ ခုဒ္ဒက ခန္ဓက (၅၁-၅၂) လာရှိသည်နှင့် အညီ ထေရ၀ါဒ ဗုဒ္ဓသာသနာတော်ကြီးအား ရိုင်းစိုင်းစော်ကား ပြစ်မှား ပြုလုပ်ထားသောကြောင့် ပတ္တနိက္ကုဇ္ဇန(သပိတ်မှောက်)ကံပြုထားပါသည်။
သို့ပါ၍ ထင်လင်းဦးထံမှ သပိတ်မှောက်ကံမလှန်မှီ တစ်စုံတစ်ခုသော ဒေယျဓမ္မကို မျှ အလှူခံခြင်းမပြုဘဲ ရပ်စဲထားကြပါရန် ရိုသေစွာ လျှောက်ထားအပ်ပါသည် သံဃာတော် အရှင်သူမြတ်တို့ဘုရား။
——————————-
ချောင်းဦးမြို့နယ်လုံးဆိုင်ရာ
သံဃာတော်များ
ပတ္တနိက္ကုဇ္ဇနကံ ပြုရခြင်း၏ ရည်ရွယ်ချက်
၁။ ထင်လင်းဦးသည် ဗုဒ္ဓဘာသာကို တကယ်တန်းသက်ဝင်ယုံကြည်၍ သူတော်ကောင်းစိတ်ဓာတ်ဖြင့် မိမိ၏အပြစ်ကို သိရှိပြီး သံဃာတော်တို့အား ၀န်ချတောင်းပန်သောအားဖြင့် ကုစားနိုင်ရန်။
၂။. ထင်လင်းဦးသည် ရတနာမြတ်သုံးပါးအား ပုတ်ခတ်စော်ကား ပြောဆိုရေးသားခြင်းမှ ထာဝရရှောင်ကြဉ်နိုင်ရန်။
၃။ နောင်အနာဂတ်ကာလ၌ ရတနာမြတ်သုံးပါအား စော်ကား ပုတ်ခတ် ပြောဆို ရေးသားသူတို့ မပေါ်ပေါက်စေရန် ရည်ရွယ်၍ ဤ ပတ္တနိက္ကုဇ္ဇနကံကို ပြုရခြင်းဖြစ်ပါသည်
CR. Gandawin Luthar
You must be logged in to post a comment.