နာရေးကိစ္စရပ်များ ပေါ်ပေါက်လာချိန်၌ အခက်အခဲများ ကြုံတွေ့နေကြသည့် ကျန်ရစ်သူ မိသားစုများတို့၏ အပူမီးများအား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ တတ်အားသ၍ (အခမဲ့) ကူညီငြိမ်းသတ် ဖေးမလျှက်ရှိပါသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဈာပန ကူညီမှုများသည် နှစ်စဉ်နှစ်တိုင်း (တစ်သောင်း) ပြည့်မြောက်သည့် ကွယ်လွန်သူ ကျား/မ၊ ကြီး/ငယ်မရွေးတို့အား အထူးနိဗ္ဗာန်ယာဉ်၊ အခေါင်း၊ သင်္ကန်းပရိက္ခရာများနှင့် အလှူငွေများ ကူညီပေးသည့်အပြင် နာရေးကူညီမှုအသင်း(ရန်ကုန်) အထူးဧည့် အသင်းသား/သူများ၊ အသင်းသား/သူများ၊ ဧည့်အသင်းသား/သူများတို့ဖြင့် ကွယ်လွန်သူ၏ နောက်ဆုံးခရီးကို စည်းလုံးညီညွတ် စုံညီစွာ နေ့ချင်းမီးသင်္ဂြိုဟ်ခြင်းအား ပံ့ပိုးကူညီ ပေးခဲ့ရာ ၂ဝ၁၄ ခုနှစ်၊ နိုဝင်ဘာလ (၂၈) ရက်နေ့အထိ နာရေးကူညီမှု အမှတ်စဉ် (၉၉၆၆) အထိ ရောက်ရှိနေပြီ ဖြစ်ပါသည်။ မကြာမီရက်ပိုင်း ၂၉.၁၁.၂ဝ၁၄ (သို့) ၃ဝ.၁၁.၂ဝ၁၄ ရက်နေ့တွင် နာရေးကူညီမှု(၁ဝဝဝဝ) ပြည့်မည့် ကွယ်လွန်သူ၏ ဈာပနအား ယခင်နှစ်များကဲ့သို့ ကူညီဖေးမ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း . . . . ။
(၂၀၁၃ ခုနှစ် နာရေးကူညီမှု (တစ်သောင်း)ပြည့် ဈာပနကူညီမှု မှတ်တမ်းဓါတ်ပုံများ)
ဦးလှမျိုးနောင် (ခ) မှန်ကြီး အသက် (၄၆) နှစ်သည် ၂၈.၁၁.၂ဝ၁၄ ရက်နေ့ နံနက် (၈း၎ဝ) နာရီအချိန်တွင် ရန်ကုန်မြို့၊ စံပြဆေးရုံကြီး၌ ကွယ်လွန်သွားခဲ့ပြီး ၃ဝ.၁၁.
၂ဝ၁၄ ရက်နေ့ ညနေ (၅းဝဝ) နာရီအချိန်တွင် ရေဝေးသုဿန်၌ မီးသင်္ဂြိုဟ်ခြင်းအား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ စီစဉ်ဆောင်ရွက် ကူညီဖေးမခဲ့သည်။
GRAPHIC DESIGN KO MYOE
ဆုတောင်း
========
ကြယ်တစ်ပွင့်ကြွေသွားပြန်ပြီ
ကောင်းရာသုဂတိလားပါစေ
နောင်ဘ၀ဒီလို ခေတ်ဆိုး စနစ်ဆိုးအောက်မှာလူပြန်မဖြစ်ပါစေနဲ့
နိုင်ငံရေးအကျဉ်းသား(ဟောင်း)၊ ၁၉၈၈ အရေးတော်ပုံကြီးတွင် အရေးတော်ပုံ တပ်သားတစ်ဦးဖြစ်သူ ဦးလှမျိုးနောင်အသက် (၄၆) နှစ်သည် ၂၈.၁၁.၂ဝ၁၄ ရက်နေ့ နံနက် (၈း၎ဝ) နာရီအချိန်တွင် ရန်ကုန်မြို့၊ စံပြဆေးရုံကြီး၌ကွယ်လွန် သွားခဲ့ပြီ ဖြစ်ပါသည်။ ကွယ်လွန်သူ၏ ရုပ်ခန္ဓာအား နာရေးကူညီမှုအသင်း (ရန်ကုန်)မှ သွားရောက်၍ သယ်ဆောင်ပြီး ရေဝေးသုဿန် အအေးခန်းသို့ ပို့ဆောင် ကူညီ ဖေးမခဲ့သည်။ ဈာပနအခမ်းအနားအား ၃ဝ.၁၁.၂ဝ၁၄ ရက်နေ့ ညနေ (၅းဝဝ) နာရီအချိန်တွင် ရေဝေးသုဿန်၌ မီးသင်္ဂြိုဟ်မည်ဖြစ်ပါသည်။
credit>>>နာရေးကူညီမူအသင်း.(ရန်ကုန်)Kyaw Soe Naing
█ “ပြောမှသိ ထိမနာ သာမှသေ သေမှနာ”
ဤလေးရာ – လူတွင်မကျင့်ရာ။ crHlaing Bwa
ဒို့ စိုင်းတဲ့မြင်း တိမ်ယံခွင်းဖေါက်
မိုးသို့ ရောက်မှ နောက်တွန့် ကျန်ရင့်
မလွမ်းသင့်ဘူး ဆုတ်လို့ စူးတာစူးပေ့စေ။
လှမျိုးနောင် (၈၈)
(ခေတ်အဆက်ဆက် ကျောင်းသားပိုင်ခွပ်ဒေါင်းအလံတော်ကို
… လူယူသွားခဲ့သူများထံမှ ပြန်တောင်းခဲ့သူ)
နိုဝင်ဘာ (၂၈)၊ ၂၀၁၄၊ နံနက် ၈နာရီ ၄၀ တွင်ဘ၀တပါးသို့ 
ကူးပြောင်းသွားခဲ့သည်။
Ko Nyein Chan 28/11/
သူ၈.၄၀မိနစ်တွင်လက်ပြနှတ်ဆက်ထွက်ခွာသွားလေပြီ။
နိုင်ငံရေးအကျဉ်းသားဟောင်းလှမျိုးနောင်
စံပြဆေးရုံ အခြွေအရံအပေါင်းအသင်း
မဲ့ ။သတင်းမေးသူမရှိ။နတ္ထိ။ဘယ်မှာလဲ
Transitional justic။အရင်ကနိုင်ငံ
ရေးသမားတွေကိုဒေါက်ထောက်ကြည့် 
နေသူများအတွက်လည်းသတင်းပေး
လိုက်ပါတယ်။နောက်ဆုံးခရီးသွားတော့
မဲ့နိုင်ငံရေးသမားတစ်ယောက် cr. Chomyaoo Oo
█ ငယ်ငယ်က လှမျိုးနောင်နဲ့ (တင်လှ – RASU Geology)
ကျွန်တော့်ရှေ့ မှာထထိုးကြတယ်။ ဘန်ကောက်က
မစ္စတာယာဒ့်အိမ်မှာ ဆွဲချိန်တောင်မရလိုက်ဘူး။
တင်လှကလက်မြန်တော့ လှမျိုးနောင်မျက်မှန်ကွဲပြီး
မျက်လုံးတစ်ဘက်ကို မျက်မှန်စတွေစိုက်သွားတာ သွေး
ကမတိတ်တော့ဘူး။ သည်တော့ တင်လှနဲ့ ကျွန်တော်နဲ့ 
.ပြဿ . နာဆက်ဖြစ်ခဲ့ကြတယ်။ တင်လှက အော်ကြီး
ဟစ်ကျယ်ပြောနေပေမဲ့ ကျွန်တော့်ကို ဘာမှပြန်မလုပ်
ခဲ့ဘူး။ ကျွန်တော် Taxi ငှားပြီးလှမျိုးနောင်ကိုဆေးခန်း
ပို့ ပေးလိုက်တယ်။ နောက်တစ်ပတ်မှာ တော့
အန်တီဒေါ်အေးအေးသန့်  (ဦးသန့် သမီး) က
လှမျိုးနောင်ကို မျက်မှန်အသစ်ပြန်လုပ်ပေးခဲ့တယ်။
… နောက်နှစ်ပတ်ကြာတော့ လှမျိုးနောင်နဲ့  တင်လှ
အတူတူ ရီနေခဲ့ကြတယ်။ တင်လှကတော့ အဲ့သည်ကိစ္စ
.ဖြစ်ပြီး (၈) လအကြာမှာ အသတ်ခံလိုက်ရတယ်။
.(၈၈) တောခိုကျောင်းသားတွေထဲမှာ ပထမဆုံး
အသတ်ခံသွေးမြေကျခဲ့ရတဲ့ကျောင်း သားဟာ
ကျွန်တော့်ကို အစ်ကိုလိုချစ်တဲ့ တင်လှပဲ။ သေမဲ့နေ့ 
အထိ အမှတ်တယတွေ ပေးသွားခဲ့တယ်။ တင်လှဆုံးတော့
ကျွန်တော် မခံမရပ်နိုင်အောင်ခံစားခဲ့ရတယ်။
လှမျိုးနောင် ထောင်ထဲမှာ မျက်လုံးတစ်လုံးအခြေအနေ
မကောင်းတော့ဘူးဆိုတာသိရတုံးက ကျွန်တော်
တအားခံစားခဲ့ရတယ်။
အခုလှမျိုးနောင်ကို သည်လိုပုံနဲ့ မြင်ရတော့ ကျွန်တော်
မျက်ရည်လည်နေမိပါတယ်။ (သူရေးပေးခဲ့တဲ့ “ဆုတ်လို့ 
စူးတာ စူးပေ့စေ” ဆိုတဲ့ ကဗျာလေးကိုလည်း ကျွန်တော်
မှတ်မှတ်ယယရှိနေမိတယ်) ။ cr.Hlaing Bwa
#######
ဒီမိုကရေစီ သွေးသောက်ကြီး တစ်ယောက်ရဲ့ချို့ချို့တဲ့တဲ့
ရောဂါဝေဒနာ ခံစားနေရပုံက ဝမ်းနည်းကြေကွဲစရာကောင်းတယ်..
ဟိုတလောက မြအေး ဆိုတဲ့ မွတ်ခွေးကုလား ပန်းလှိုင်ဆေးရုံ
ကြီးပေါ်မှာ ဇိမ်ေကျကျ ဆေးကုတယ်ဆိုတုန်းက ၈၈ အာလူးစားကြသူတွေ ခွေးကုလားထံ အပြေးသွားပီး မျက်နှာလိုအားရလုပ်ကြဖို့ သတင်းမေးသွားဖားယားနေကြတာကို မှတ်မိနေသေးတယ် … cr.အာလူး စားကြ သူများ
########
စိတ်ထိခိုက်နေတယ်။အရှေ့ ကဦး၊ဒေါ်၊ကို၊မ စတဲ့ဟာတွေမထည့်တော့ဘူး။ကိုယ့်အချင်းချင်းလေးစားမှုရှိတာအားလုံးသိကြတယ်။
လှမျိုးနောင်ဆိုတာသူဘဲ။ ၀ဲမှယာ လှမျိုးနောင်၊ မင်းကိုနိုင်၊ဌေးကြွယ်
နိုင်ငံရေးလှုပ်ရှားမှုနောက်ခံ။ ။ ၁၉၈၈ မတ်လအရေးတော်ပုံမှာထိပ်တန်းခေါင်းဆောင်ဖြစ်ခဲ့တယ်။စီနီယာ၊ဂျူနီယာပြောစတမ်းဆိုရင်မင်းဇေယျ၊လှမျိုးနောင်၊ဇော်မင်း၊ဌေးကြွယ်စတဲ့သူတွေက မတ်လရဲ့ခေါင်းဆောင်တွေဖြစ်လို့ စီနီယာတွေဖြစ်တယ်။ ၁၉၈၅လောက်ကစပြီးမြေအောက်လှုပ်ရှားမှုလုပ်နေခဲ့တဲ့သူတွေကိုထည့်မပြောပါ။
အခုမင်းကိုနိုင်တို့ ရဲ့၈၈ပွင့်လင်းဆိုတဲ့အဖွဲ့ မှာ စီနီယာအကျဆုံးတွေဆိုရင် မင်းဇေယျ၊ဌေးကြွယ်၊လှမျိုးနောင်စတဲ့ မကဒ တွေကစီနီယာတွေ၊
လှမျိုးနောင်၁၉၈၈မှာဥပဒေကျောင်းသား၊နယ်ကလာတက်နေတာ၊သူက ကျောက်ပန်းတောင်းသား။၁၉၈၈မှာတောထဲရောက်တယ်၊၁၉၈၉မတ်လ၃၁ရက်မှာ ပြည်တော်ပြန်တယ်။ပြည်တွင်းမှာပြန်လှုပ်ရှားတယ်။၁၉၈၉မှာကျုပ်လည်းပြည်တော်ပြန်ရတယ်၊လိုရင်းပြောရ၇ရင် သူပုန်သတ်မယ့်အရေးကြောင့်ထွက်ပြေးရတယ်။
၁၉၈၉ဒီဇင်ဘာ၁၃ရက်မှာပါတီမှတ်ပုံမတင်ဘဲဆက်လက်လှုပ်ရှားနေတဲ့ ကျောင်းသားလူငယ်တပ်ဦးပေါင်း၃၅ခုပေါင်းပြီးကျောင်းသားလူငယ်များတပ်ပေါင်းစုဖွဲ့ တယ်။ နေရာတွေကိုမဲနဲ့ ရွေးတော့
ဥက္ကဌ—–မောင်မောင်ကျော်
အတွင်းရေးမှူး—လှမျိုးနောင်ဖြစ်တယ်။ နောက်ဆုံးခေါင်းဆောင်နေရာရွေးတော့မဲ၈မဲမှာမောင်မောင်ကျော်လှမျိုးနောင် ၃မဲစီသရေဖြစ်နေခဲ့ပြီး တိုးကျော်လှိုင်က သူပေးခွင့်ရထားတဲ့တပ်ဦးများအဖွဲ့ ချုပ်ရဲ့မဲနဲ့ သုံးရောင်ချယ်ကျောင်းသားအဖွဲ့ ရဲ့မဲ၂မဲ မောင်မောင်ကျော်ကိုပေးလိုက်တော့ မောင်မောင်ကျော်မဲနဲ့ ခေါင်းဆောင်ဖြစ်တယ်။(မှတ်ချက်။။။။။။မောင်မောင်ကျော်ကရင်နယ်မြေကနေပြန်ပြေးပြီးသတင်းပြတ်သွားသူမိတ်ဆွေအချို့အတွက်)အဲဒါဟာမောင်မောင်ကျော်လှမျိုးနောင်နောက်ဆုံးလက်တွဲခဲ့မှု။
(ကနဦး အေဘီအက်ဒီအက်ဖ် ပြန်လည်ဖွဲ့ စည်းရေးအတွက်လုပ်ဆောင်ခဲ့မှုတွေကတော့ကိုအောင်ဒင်ရဲ့နွေတညမှာပြည့်စုံဖော်ပြထားတယ်၊ကိုထွန်းအောင်ကျော်ရေးတဲ့ကိုယ်တွေ့ မှတ်တမ်းတွေထဲမှာလည်းပြည့်စုံစွာဖော်ပြထားတယ်။