Skip to content

#Yangon #Police #ရန်ကုန်တိုင်းဒေသကြီး၊ #လှိုင်သာယာမြို့နယ်အတွင်း မူးယစ်ဆေးဝါးတရားမ၀င်

November 17, 2014

Yangon Police

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်အတွင်း မူးယစ်ဆေးဝါးတရားမ၀င်
ရောင်းဝယ်ပြီး အုပ်စုဖွဲ့ ကျူးလွန်သူများအား ဖမ်းဆီးရေးတပ်ဖွဲ့ဝင်များမှ ၀င်ရောက်ဖမ်းဆီးစဉ် ရဲတပ်ဖွဲ့ဝင်များကို ပြန်လည်ခုခံသည့် လူဆိုးဂိုဏ်းအား
ရန်ကုန်၊ နိုဝင်ဘာ ၁၇

ရန်ကုန်၊ နိုဝင်ဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်းရှိ ခရိုင်များအတွင်းမှုခင်းကျဆင်း
ရေး၊ ဒုစရိုက်မှုများဖော်ထုတ်ဖမ်းဆီးရေးနှင့်မှုခင်းကြိုတင်ကာကွယ်ရေးလုပ်ငန်း
များကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန် စီမံချက်များချမှတ်ကာ ဆောင်ရွက်လျက်ရှိ
ပါသည်။

ထိုသို့ဆောင်ရွက်ခဲ့ရာ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်အတွင်း၌ အုပ်စုဖွဲ့၍ ဗိုလ်ကျအနိုင်ကျင့်ခြင်း၊ မူးယစ်ဆေးဝါးရောင်း/၀ယ်ခြင်းများကို နှင်းဆီ
(ခ)မျိုးလွင်အောင် ခေါင်းဆောင်သည့်အဖွဲ့မှ ကျူးလွန်နေကြောင်းသတင်းအား အတည်ပြုစုံစမ်းရရှိခဲ့ပါသည်။

အဆိုပါသတင်းအရ ဖမ်းဆီးရမိနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူးမှ ဖမ်းဆီးရေးအဖွဲ့များအား စနစ်တကျစုဖွဲ့စေပြီး ဆောင်ရွက်စေခဲ့ရာ ၁၆.၁၁.၂၀၁၄ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်
များ၊ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဦးဆောင်သည့်တပ်ဖွဲ့ဝင်များ၊ အနောက် ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးဦးဆောင်သည့်တပ်ဖွဲ့ဝင်များမှ ယင်းသို့ကျူးလွန်သူများ
နေထိုင်ကြောင်း သတင်း အတည်ပြုရရှိသည့် လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်း
ရပ်ကွက်၊ မူကြိုလမ်းဆုံအိမ်ရာ၊ တိုက်(၄)၊ အခန်း(၀၀၂)သို့ သက်သေများနှင့်
အတူ ၀င်ရောက်ရှာဖွေဖမ်းဆီးခဲ့ပါသည်။

အဆိုပါနေအိမ်တွင်နေထိုင်သူ နှင်းဆီ(ခ)မျိုးလွင်အောင် (၃၅)နှစ်နှင့် ဇနီးဖြစ်သူ မမြအေး(ခ)မအေးစိုး (ခ)မအေးလေး (၃၆)နှစ်၊ လှိုင်သာယာမြို့နယ်၊ အလယ်ကျေးရွာနေ ဖိုးတုတ်(၃၈)နှစ်၊ (၇)ရပ်ကွက်နေ ဖိုးဇော်(ခ)သန်းဇော်ဦး (၂၀)နှစ်၊ (၁၄)ရပ်ကွက်နေ နေလင်းဦး (၂၀)နှစ်နှင့် ရဲကျော်သူ၊ (၁၆)နှစ်၊ (၁၉)ရပ်ကွက်နေ ရှိုင်းလေး(ခ)ရှိုင်းမင်းဦး၊ (၃)ရပ်ကွက်နေ ဘိုဘို(ခ)သူရစိုး (၂၆)နှစ် တို့(၈)ဦးအားတွေ့ရှိရပြီး ရှာဖွေဖမ်းဆီးစဉ် အသာတကြည်အဖမ်းမခံဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပြန်လည်ခုခံခဲ့ပါသည်။

ဖမ်းဆီးရေးအဖွဲ့မှ ၎င်းတို့(၈)ဦးအားဖမ်းဆီးရမိခဲ့ပြီး ဆက်လက်ရှာဖွေရာ
နေအိမ်အတွင်းမှ ဓါးတို/ရှည် (၃၄)ချောင်း၊ ဟွန်ဒါဟိုင်းဘတ်မော်တော်ယာဉ်(၁)စီး၊
၎င်းမော်တော်ယာဉ်အတွင်းမှ ဓါးမြှောင် (၃)ချောင်း၊ လိုင်စင်မဲ့ဆိုင်ကယ်(၅)စီး
တို့နှင့် ဆေးခြောက်ဟုယူဆရသောအရွက်ခြောက် အလေးချိန် (၂.၈၅)ဂရမ်
တို့အား သိမ်းဆည်းရမိခဲ့ပါသည်။

1743702_581267962002475_972761058456058983_n1505558_581267912002480_4686182937646085981_n

1450045_581268102002461_2180339886837364570_n

No comments yet

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: