Skip to content

#15/11 #၈၈ က #ကိုမြအေး လာ ရောက်အားပေး #Khant #Minn #Htet

November 15, 2014

၈၈ က ကိုမြအေး လာ ရောက်အားပေး Khant Minn Htet
1653601_858307900869763_4888207929432935347_n

 

အရေးကြီးပြီ ညီနောင်အပေါင်းတို့

 

 

ဒို့အရေး သံတွေ ညံနေတဲ့ လှည်းတန်း

10405617_858302274203659_4096261181318834606_n
မိုးထဲလေထဲက ခွပ်ဒေါင်းအလံတော်….

မိုးထဲလေထဲက ခွပ်ဒေါင်းအလံတော်....

မိုးထဲလေထဲက ခွပ်ဒေါင်းအလံတော်….

အလေးပြုကျောင်းသားများ…..
သမဂ္ဂရင်ပြင်မှာ

10409264_858294747537745_8068543535711455238_n
မိုးရင့် ကြယ်

စိန်ပန်းပွင့်လေးတွေ
===============


သူတို့ ဘာကြောင့်ရဲရဲနီခဲ့ကြသလဲ
ငါလေ တဖွဲဖွဲတွေးမိတယ်
ငယ်ငယ်က လွယ်အိတ်နီနီ
ကြီးလာတော့ ပင်နီအင်္ကျီအနီ
ခေတ်ကြီးက ငါတို့ကိုနီခဲ့စေသလား
သမိုင်းဟာ နီနီစွေးစွေး
တစ်ယောက်ပြီး တစ်ယောက် ရဲရဲကြွေလို့
အပင်မှာ ဓားထစ်ရာတွေ
ငါတို့ အခုတ်ခံရပြီးပြီ
ငါတို့ သွေးသံရဲရဲဆက်ပွင့်နေတုန်းပဲ
အမြစ်ပါမကျန် တူးဆွရင်
အပင်ဟာ ပြိုမှာပဲလို့
သူတို့ နှစ်ပေါင်းများစွာ တွေးခဲ့လိမ့်မယ်
သူတို့ အကြိမ်ပေါင်းများစွာ ခုတ်လှဲခဲ့ကြပြီးပြီ
ပေါက်တူးဟာ အရိပ်ကို မတူးဆွနိုင်ခဲ့သလို
ဓားဟာ ရေပြင်ကို ပြတ်အောင် မဖြတ်နိုင်ခဲ့သလို
ငါတို့ဟာ
အခုတ်ခံရင်း ဆက်ပွင့်နေတဲ့
တစ်ပင်ကို တစ်ပင်ယှက်ထားတဲ့ စိန်ပန်းပင်တွေလေ
ငွားငွားစွင့်စွင့်
ခေါင်းမာလွန်းတဲ့ ပွင့်ဖတ်တွေနဲ့ပေါ့
အကာလရဲ့ လွှသွားစက်ကြီး
ပြတ်အောင် မဖြတ်နိုင်ခဲ့တဲ့ ရနံ့တလှိုင်လှိုင်နဲ့
ကျောင်းတံခါးဝကို နေ့စဉ် တဒေါက်ဒေါက်ခေါက်လို့
အမြစ်ကနေ ပင်စည်
ပင်စည်ကနေ အကိုင်းအခက်
အကိုင်းအခက်မှသည် အပွင့်
အဲ့သလို ရဲရဲနီခဲ့တဲ့ မျိုးဆက်ကြီး
ဒေါင်းအလံကိုယ်စီနဲ့
သမိုင်းသင်ရိုးထဲ တဖွဲဖွဲရဲလို့ ။ ။
မိုးရင့်ကြယ်

#######

ကျောင်းတံခါးအဝ မှာ Thar Gyee

1780141_10203481892831635_3407900489600273648_o

1909388_10203481896991739_910866682039015835_o

 

10404241_968759783141279_534207562528191198_n

No comments yet

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: